ယူဂန်ဒါမှာ အီဘိုလာရောဂါ ကူးစက်ခံရသူ ၁၆ ဦးထိ မြင့်တက်လာ

 479

ရောင်နီ (NP News) - စက်တင်ဘာ ၂၆

ယူဂန်ဒါနိုင်ငံမှာ ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံထားရသူ စုစုပေါင်း ၁၆ ဦးရှိနေပြီး နောက်ထပ် ကူးစက်မှု သံသယရှိသူမှာ ၁၈ ဦးထိ ရှိလာကြောင်း နိုင်ငံကျန်းမာရေးအရာရှိများက ပြောကြားခဲ့ပါတယ်။

အီဘိုလာမျိုးကွဲကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီဖြစ်ကာ ယင်းရောဂါမျိုးကွဲများ အဆမတန် ကူးစက် ပြန့်ပွားလာနိုင် မလားဆိုတဲ့စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ယခုကူးစက်ဖြစ်ပွားမှုဟာ ယူဂန်ဒါအလယ်ပိုင်းရှိ ခရိုင်သုံးခု မှာ ပျံ့နှံ့နေပါတယ်။

"ကျန်းမာရေးဝန်ကြီးဌာနရဲ့အဖွဲ့များဟာ အတည်ပြုလူနာများနဲ့အဆက်အသွယ်များကို စာရင်းပြုစုဖို့ ဆောင်ရွက် နေတယ်" လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံမှာ စက်တင်ဘာလအစပိုင်း ဝန်းကျင်လောက်က မူဘန်ဒဲ အလယ်ပိုင်းခရိုင်မှာ ရှားပါးသော အီဘိုလာ ဆူဒန်မျိုး စိတ်လို့ယူဆရတဲ့ ရောဂါဖြစ်ပွားမှုကို ပထမဆုံးကြေညာခဲ့ပြီး ယခုသီတင်းပတ်အစောပိုင်းမှာ ယင်းရောဂါကြောင့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပါတယ်။

ယင်းနောက် မူဘန်ဒဲမှာ ခရီးသွားလာမှုကန့်သတ်ချက်များ၊ လူထုစုဝေးပွဲများ ပြုလုပ်ခြင်းကို တားမြစ်ခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ်က အိမ်နီးချင်းကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ကူးစက်လာခြင်းဖြစ်တယ်လို့ယူဆရတဲ့ အီဘိုလာ ဇိုင်ရီကူးစက်မှု ယူဂန်ဒါမှာ ဖြစ်ပွားခဲ့ပါတယ်။ အီဘိုလာရောဂါလက္ခဏာများမှာ ခန္ဓာကိုယ်အားနည်းခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အနီကွက်ထခြင်း များ ပါဝင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ အချို့သောရောဂါဖြစ်ပွားမှုမှာ သေဆုံးနိုင်ချေ ၉ဝ ရာခိုင် နှုန်းအထိ မြင့်မားတယ်လို့ သိရပါတယ်။

၁၉၇၆ ခုနှစ်အတွင်း DRC မှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ လင်းနို့မှတစ်ဆင့်ကူးစက်တဲ့ ဇိုင်ရီအီဘိုလာဗိုင်းရပ်စ် မျိုးကွဲ ကြောင့် အာဖရိကမှာ လူပေါင်း ၁၅ဝဝဝ ခန့်သေဆုံးခဲ့ပါတယ်။ အထူးသဖြင့် မြို့ပြပတ်ဝန်းကျင်မှာ ရောဂါ ဖြစ်ပွား မှုကိုထိန်းချုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ရောဂါပိုးရှိသူများဟာ အနည်းဆုံး ၂ ရက်မှ အများဆုံး ၂၁ ရက်အထိအတွင်း အခြားလူတစ်ဦးကို ကူးစက်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အီဘိုလာရောဂါကို ကာကွယ်ဖို့ (သို့မဟုတ်) ကုသဖို့ လိုင်စင်ရဆေးဝါးများ မရှိသေးဘူးလို့ သိရပါတယ်။ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး အီဘိုလာကပ်ရောဂါကြောင့် အနောက်အာဖရိကမှာ လူပေါင်း ၁၁၃ဝဝ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ယူဂန္ဒါမွာ အီဘိုလာေရာဂါ ကူးစက္ခံရသူ ၁၆ ဦးထိ ျမင့္တက္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၆

ယူဂန္ဒါႏိုင္ငံမွာ ကူးစက္ျမန္ အီဘိုလာဗိုင္းရပ္စ္မ်ိဳးကြဲ ကူးစက္ခံထားရသူ စုစုေပါင္း ၁၆ ဦးရွိေနၿပီး ေနာက္ထပ္ ကူးစက္မႈ သံသယရွိသူမွာ ၁၈ ဦးထိ ရွိလာေၾကာင္း ႏိုင္ငံက်န္းမာေရးအရာရွိမ်ားက ေျပာၾကားခဲ့ပါတယ္။

အီဘိုလာမ်ိဳးကြဲေၾကာင့္ လူ ၄ ဦး ေသဆုံးခဲ့ၿပီျဖစ္ကာ ယင္းေရာဂါမ်ိဳးကြဲမ်ား အဆမတန္ ကူးစက္ ျပန႔္ပြားလာႏိုင္ မလားဆိုတဲ့စိုးရိမ္မႈေတြလည္း ျမင့္တက္လာခဲ့ပါတယ္။ ယခုကူးစက္ျဖစ္ပြားမႈဟာ ယူဂန္ဒါအလယ္ပိုင္းရွိ ခ႐ိုင္သုံးခု မွာ ပ်ံ႕ႏွံ႔ေနပါတယ္။

"က်န္းမာေရးဝန္ႀကီးဌာနရဲ႕အဖြဲ႕မ်ားဟာ အတည္ျပဳလူနာမ်ားနဲ႔အဆက္အသြယ္မ်ားကို စာရင္းျပဳစုဖို႔ ေဆာင္႐ြက္ ေနတယ္" လို႔ ဝန္ႀကီးဌာနက ဆိုပါတယ္။

ႏိုင္ငံမွာ စက္တင္ဘာလအစပိုင္း ဝန္းက်င္ေလာက္က မူဘန္ဒဲ အလယ္ပိုင္းခ႐ိုင္မွာ ရွားပါးေသာ အီဘိုလာ ဆူဒန္မ်ိဳး စိတ္လို႔ယူဆရတဲ့ ေရာဂါျဖစ္ပြားမႈကို ပထမဆုံးေၾကညာခဲ့ၿပီး ယခုသီတင္းပတ္အေစာပိုင္းမွာ ယင္းေရာဂါေၾကာင့္ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ပါတယ္။

ယင္းေနာက္ မူဘန္ဒဲမွာ ခရီးသြားလာမႈကန႔္သတ္ခ်က္မ်ား၊ လူထုစုေဝးပြဲမ်ား ျပဳလုပ္ျခင္းကို တားျမစ္ခဲ့ပါတယ္။ ၂ဝ၁၉ ခုႏွစ္က အိမ္နီးခ်င္းကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံမွ ကူးစက္လာျခင္းျဖစ္တယ္လို႔ယူဆရတဲ့ အီဘိုလာ ဇိုင္ရီကူးစက္မႈ ယူဂန္ဒါမွာ ျဖစ္ပြားခဲ့ပါတယ္။ အီဘိုလာေရာဂါလကၡဏာမ်ားမွာ ခႏၶာကိုယ္အားနည္းျခင္း၊ ႂကြက္သားနာက်င္ျခင္း၊ ေခါင္းကိုက္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေအာ့အန္ျခင္း၊ ဝမ္းေလွ်ာျခင္းနဲ႔ အနီကြက္ထျခင္း မ်ား ပါဝင္ပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕အဆိုအရ အခ်ိဳ႕ေသာေရာဂါျဖစ္ပြားမႈမွာ ေသဆုံးႏိုင္ေခ် ၉ဝ ရာခိုင္ ႏႈန္းအထိ ျမင့္မားတယ္လို႔ သိရပါတယ္။

၁၉၇၆ ခုႏွစ္အတြင္း DRC မွာ ပထမဆုံးေတြ႕ရွိခဲ့တဲ့ လင္းႏို႔မွတစ္ဆင့္ကူးစက္တဲ့ ဇိုင္ရီအီဘိုလာဗိုင္းရပ္စ္ မ်ိဳးကြဲ ေၾကာင့္ အာဖရိကမွာ လူေပါင္း ၁၅ဝဝဝ ခန႔္ေသဆုံးခဲ့ပါတယ္။ အထူးသျဖင့္ ၿမိဳ႕ျပပတ္ဝန္းက်င္မွာ ေရာဂါ ျဖစ္ပြား မႈကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ခက္ခဲပါတယ္။ ေရာဂါပိုးရွိသူမ်ားဟာ အနည္းဆုံး ၂ ရက္မွ အမ်ားဆုံး ၂၁ ရက္အထိအတြင္း အျခားလူတစ္ဦးကို ကူးစက္ႏိုင္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ အီဘိုလာေရာဂါကို ကာကြယ္ဖို႔ (သို႔မဟုတ္) ကုသဖို႔ လိုင္စင္ရေဆးဝါးမ်ား မရွိေသးဘူးလို႔ သိရပါတယ္။ ၂ဝ၁၃ ခုႏွစ္မွ ၂ဝ၁၆ ခုႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့ အဆိုး႐ြားဆုံး အီဘိုလာကပ္ေရာဂါေၾကာင့္ အေနာက္အာဖရိကမွာ လူေပါင္း ၁၁၃ဝဝ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.