ပါကစ္စတန်စစ်ဘက်သုံးရဟတ်ယာဉ်ပျက်ကျပြီး ရဟတ်ယာဉ်ပေါ်ပါသူအားလုံး သေဆုံး

 653

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

ပါကစ္စတန်နိုင်ငံ ဘလိုချီစတန်ပြည်နယ်ရှိ ဟာနိုင်းဒေသမှာ စစ်ဘက်သုံးရဟတ်ယာဉ်တစ်စီး စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ပစ်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာတဲ့ စစ်သား ၆ ဦးသေဆုံးသွားခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ ပျံသန်းချိန်အတွင်း ဟာနိုင်းဒေသမှာ ပျက်ကျသွားခဲ့တာဖြစ်ပြီး ပျက်ကျမှုကြောင့် သေဆုံးသူများထဲမှာ ရဟတ်ယာဉ်မှူး နှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ ဗိုလ်မှူးနှစ်ဦးပါ၀င်ခဲ့သလို စစ်ဘက်အရာရှိများသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပျက်ကျသွားခဲ့ပြီးနောက် အပျက်အစီး အပိုင်းအစများကို ပြန်လည်တွေ့ရှိခဲ့ပြီး ပျက်ကျရတဲ့အကြောင်းအရင်းကို အတိအကျမသိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ပါကစ္စတန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ပါကစ္စတန်မီဒီယာတွေကတော့ စစ်ဘက်သုံးရဟတ်ယာဉ်ဟာ Lasbela မြို့ကို ရေဘေးကယ်ဆယ်ရေးကိစ္စများ ကူညီဆောင်ရွက်ဖို့သွားရောက်ချိန်အတွင်း ပျက်ကျခဲ့ရခြင်းဖြစ် ကြောင်း ဆိုပါတယ်။

ထွက်ပေါ်နေတဲ့သတင်းများအရမှု ရဟတ်ယာဉ်ဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ပျက်ကျသွားခဲ့တာဖြစ်ပြီး၊ ရဟတ်ယာဉ်ပေါ်လိုက်လာခဲ့သူအားလုံးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဇွန်လကတည်းက မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုများဖြစ်ပွားခဲ့ရာ စစ်တပ်က ရေကြီးမှုများနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ကူညီကယ်ဆယ်မှုများလုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ပါကစ္စတန်ဗိုလ်မှူးချုပ် Babar Iftikhar က ရဟတ်ယာဉ်ပျက်မှုကြောင့် သေဆုံးသွားသူများဟာ သူရဲကောင်းတွေဖြစ်ပြီး ၎င်းတို့မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်း ဆိုထားပါတယ်။

Zawgyi Version;
ပါကစၥတန္စစ္ဘက္သုံးရဟတ္ယာဥ္ပ်က္က်ၿပီး ရဟတ္ယာဥ္ေပၚပါသူအားလုံး ေသဆုံး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

ပါကစၥတန္ႏိုင္ငံ ဘလိုခ်ီစတန္ျပည္နယ္ရွိ ဟာႏိုင္းေဒသမွာ စစ္ဘက္သုံးရဟတ္ယာဥ္တစ္စီး စက္တင္ဘာ ၂၅ ရက္ေန႔ ညပိုင္းမွာ ပစ္က်ခဲ့ရာ ရဟတ္ယာဥ္ေပၚလိုက္ပါလာတဲ့ စစ္သား ၆ ဦးေသဆုံးသြားခဲ့ပါတယ္။

ရဟတ္ယာဥ္ဟာ ပ်ံသန္းခ်ိန္အတြင္း ဟာႏိုင္းေဒသမွာ ပ်က္က်သြားခဲ့တာျဖစ္ၿပီး ပ်က္က်မႈေၾကာင့္ ေသဆုံးသူမ်ားထဲမွာ ရဟတ္ယာဥ္မႉး ႏွစ္ဦးလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေသဆုံးခဲ့သူေတြထဲမွာ ဗိုလ္မႉးႏွစ္ဦးပါ၀င္ခဲ့သလို စစ္ဘက္အရာရွိမ်ားေသဆုံးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ရဟတ္ယာဥ္ပ်က္က်သြားခဲ့ၿပီးေနာက္ အပ်က္အစီး အပိုင္းအစမ်ားကို ျပန္လည္ေတြ႕ရွိခဲ့ၿပီး ပ်က္က်ရတဲ့အေၾကာင္းအရင္းကို အတိအက်မသိေသးဘဲ စုံစမ္းေနဆဲျဖစ္ေၾကာင္း ပါကစၥတန္မီဒီယာေတြက ေဖာ္ျပထားပါတယ္။

ပါကစၥတန္မီဒီယာေတြကေတာ့ စစ္ဘက္သုံးရဟတ္ယာဥ္ဟာ Lasbela ၿမိဳ႕ကို ေရေဘးကယ္ဆယ္ေရးကိစၥမ်ား ကူညီေဆာင္႐ြက္ဖို႔သြားေရာက္ခ်ိန္အတြင္း ပ်က္က်ခဲ့ရျခင္းျဖစ္ ေၾကာင္း ဆိုပါတယ္။

ထြက္ေပၚေနတဲ့သတင္းမ်ားအရမႈ ရဟတ္ယာဥ္ဟာ စက္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ပ်က္က်သြားခဲ့တာျဖစ္ၿပီး၊ ရဟတ္ယာဥ္ေပၚလိုက္လာခဲ့သူအားလုံးေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။

ပါကစၥတန္ႏိုင္ငံမွာ ဇြန္လကတည္းက မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈမ်ားျဖစ္ပြားခဲ့ရာ စစ္တပ္က ေရႀကီးမႈမ်ားနဲ႔ပတ္သက္ၿပီး လိုအပ္တဲ့ ကူညီကယ္ဆယ္မႈမ်ားလုပ္ေဆာင္ေနရတယ္လို႔ သိရပါတယ္။

ပါကစၥတန္ဗိုလ္မႉးခ်ဳပ္ Babar Iftikhar က ရဟတ္ယာဥ္ပ်က္မႈေၾကာင့္ ေသဆုံးသြားသူမ်ားဟာ သူရဲေကာင္းေတြျဖစ္ၿပီး ၎တို႔မိသားစုနဲ႔အတူ ဝမ္းနည္းေၾကကြဲရေၾကာင္း ဆိုထားပါတယ္။

Related news

© 2021. All rights reserved.