တောင်ကိုရီးယား ရှော့ပင်းမောလ်မှာ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး ၇ ဦးသေဆုံး

 508

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

တောင်ကိုရီးယားနိုင်ငံ Daejeon မြို့ရှိ ရှောပင်းမောလ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၇ ဦးသေဆုံးသွားခဲ့ကြောင်း တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။

မီးသတ်သမားများဟာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ပိတ်မိနေသူများနဲ့ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကယ်ဆယ်လျက်ရှိနေကြောင်း မီးသတ်ဌာနပြောရေးဆိုခွင့်ရှိသူ Go Seung-cheol က ပြောပါတယ်။

အဆိုပါမီးလောင်မှုကြောင့် ရှော့ပင်းမောလ်အတွင်း ပိတ်မိပျောက်ဆုံးနေသူ ဘယ်လောက်ရှိမလဲဆိုတာကို လက်ရှိအချိန်မှာ အတိအကျမပြောနိုင်သေးကြောင်း၊ မီးလောင်မှုကြောင့်ထွက်ပေါ်လာတဲ့မီးခိုးလုံးများဟာ အဆောက်အဦးထဲ ပြည့်နှက်နေကြောင်း မီးသတ်တာဝန်ရှိသူများက ပြောပါတယ်။

မီးလောင်မှုဟာ စက်တင်ဘာ ၂၆ ရက်နေ့၊ နံနက် ၈ နာရီခန့်မှာဖြစ်ပွားခဲ့ပြီးနောက် လျင်မြန်စွာ မီးကူးစက်လောင်ကျွမ်းမှုများကြောင့် ရှော့ပင်းမောလ်ဝန်ထမ်းများ၊ စျေးဝယ်သူများအပါအဝင် လူပေါင်း ၁၁ဝ ကို ဘေးလွတ်ရာကိုရွှေ့ပြောင်းနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရကြောင်း တောင်ကိုရီးယားမီးသတ်တာဝန်ရှိသူများက ပြောပါတယ်။

မီးသတ်သမား ၅ဝဝ ကျော်၊ မီးသတ်ယာဉ်ပေါင်း ၉ဝ ကျော်နဲ့ မီးငြိမ်းသတ်နိုင်ဖို့ကြိုးပမ်းနေရကြောင်း တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။ မီးသတ်ဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်တဲ့ လီဆန်ဟန်က မီးလောင်မှုဖြစ်ပွားတဲ့အဆောက်အဦးအတွင်းမှာ သေဆုံးနေသူ ၆ ဦးကို တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူများဟာ ရှော့ပင်းမောလ်ဝန်ထမ်းများဖြစ်တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် သေဆုံးရသူများ ဘာကြောင့်သေဆုံးခဲ့ရသလဲဆိုတဲ့အချက်ကို မီးသတ်သမားများက ပြောပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား ေရွာ့ပင္းေမာလ္မွာ မီးေလာင္မႈျဖစ္ပြားၿပီး အနည္းဆုံး ၇ ဦးေသဆုံး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

ေတာင္ကိုရီးယားႏိုင္ငံ Daejeon ၿမိဳ႕ရွိ ေရွာပင္းေမာလ္မွာ စက္တင္ဘာ ၂၆ ရက္ေန႔က မီးေလာင္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး ၇ ဦးေသဆုံးသြားခဲ့ေၾကာင္း ေတာင္ကိုရီးယားအာဏာပိုင္ေတြက ေျပာပါတယ္။

မီးသတ္သမားမ်ားဟာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ပိတ္မိေနသူမ်ားနဲ႔ အသက္ရွင္က်န္ရစ္သူမ်ားကို ရွာေဖြကယ္ဆယ္လ်က္ရွိေနေၾကာင္း မီးသတ္ဌာနေျပာေရးဆိုခြင့္ရွိသူ Go Seung-cheol က ေျပာပါတယ္။

အဆိုပါမီးေလာင္မႈေၾကာင့္ ေရွာ့ပင္းေမာလ္အတြင္း ပိတ္မိေပ်ာက္ဆုံးေနသူ ဘယ္ေလာက္ရွိမလဲဆိုတာကို လက္ရွိအခ်ိန္မွာ အတိအက်မေျပာႏိုင္ေသးေၾကာင္း၊ မီးေလာင္မႈေၾကာင့္ထြက္ေပၚလာတဲ့မီးခိုးလုံးမ်ားဟာ အေဆာက္အဦးထဲ ျပည့္ႏွက္ေနေၾကာင္း မီးသတ္တာဝန္ရွိသူမ်ားက ေျပာပါတယ္။

မီးေလာင္မႈဟာ စက္တင္ဘာ ၂၆ ရက္ေန႔၊ နံနက္ ၈ နာရီခန႔္မွာျဖစ္ပြားခဲ့ၿပီးေနာက္ လ်င္ျမန္စြာ မီးကူးစက္ေလာင္ကြၽမ္းမႈမ်ားေၾကာင့္ ေရွာ့ပင္းေမာလ္ဝန္ထမ္းမ်ား၊ ေစ်းဝယ္သူမ်ားအပါအဝင္ လူေပါင္း ၁၁ဝ ကို ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းႏိုင္ဖို႔ အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ရေၾကာင္း ေတာင္ကိုရီးယားမီးသတ္တာဝန္ရွိသူမ်ားက ေျပာပါတယ္။

မီးသတ္သမား ၅ဝဝ ေက်ာ္၊ မီးသတ္ယာဥ္ေပါင္း ၉ဝ ေက်ာ္နဲ႔ မီးၿငိမ္းသတ္ႏိုင္ဖို႔ႀကိဳးပမ္းေနရေၾကာင္း ေတာင္ကိုရီးယားအာဏာပိုင္ေတြက ေျပာပါတယ္။ မီးသတ္ဌာနမွ ေျပာေရးဆိုခြင့္ ရွိသူတစ္ဦးျဖစ္တဲ့ လီဆန္ဟန္က မီးေလာင္မႈျဖစ္ပြားတဲ့အေဆာက္အဦးအတြင္းမွာ ေသဆုံးေနသူ ၆ ဦးကို ေတြ႕ရွိခဲ့ေၾကာင္း၊ ေသဆုံးသူမ်ားဟာ ေရွာ့ပင္းေမာလ္ဝန္ထမ္းမ်ားျဖစ္တယ္လို႔ ဆိုပါတယ္။ မီးေလာင္မႈေၾကာင့္ ေသဆုံးရသူမ်ား ဘာေၾကာင့္ေသဆုံးခဲ့ရသလဲဆိုတဲ့အခ်က္ကို မီးသတ္သမားမ်ားက ေျပာပါတယ္။

Related news

© 2021. All rights reserved.