နောက်ဆုံးပေါ် iPhone 14 စီးရီးကို အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်မည်ဟု Apple ကုမ္ပဏီဆို

 729

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၆

နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Apple ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ၎င်း၏ထုတ်လုပ်ခြင်းအချို့ကိုရပ်တန့်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် နောက်ဆုံးပေါ် iPhone 14 စီးရီးကို ထုတ်လုပ်မည်ဖြစ်ကြောင်း စက်တင်ဘာ(၂၆)ရက်နေ့တွင် ပြောကြားခဲ့သည်။

Apple ကုမ္ပဏီသည် နည်းပညာအသစ်များထက် ပိုပြီးကောင်းမွန်ပြီး အဆင့်မြင့်တင်မှုများပါဝင်သည့် နောက်ဆုံးပေါ် iPhone 14 စီးရီးကို ယခုလအစောပိုင်းက ပြပွဲတစ်ခုတွင် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

Apple ၏ နောက်ဆုံးပေါ် iPhone 14 စီးရီးတွင် SOS မက်ဆေ့ချ်များပို့နိုင်မည် feature အသစ်ကို ထည့်သွင်းထုတ်လုပ်ခဲ့ကြောင်းသိရသည်။ နောက်ဆုံးပေါ် iPhone 14 စီးရီး မိတ်ဆက်ခြင်းနှင့်အတူ Apple သည် iPhone 11 ထုတ်လုပ်ခြင်းကိုရပ်တန့်လိုက်ပြီဖြစ်ကြောင်း တစ်ခါတည်းကြေညာခဲ့ပြီး Apple တရားဝင် ဝက်ဘ်ဆိုက်များမှ ဝယ်ယူလို့မရရှိတော့ကြောင်းလည်း သိရသည်။

Apple ကုမ္ပဏီက "နောက်ဆုံးပေါ် iPhone 14 ဟာ ပိုပြီးကောင်းမွန်တဲ့နည်းပညာပိုင်းအသစ်တွေနဲ့ ထုတ်လုပ်ထားတာပါ၊၊ အိန္ဒိယမှာ နောက်ဆုံးပေါ် iPhone 14 ကိုထုတ်လုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့စိတ်လှုပ်ရှားမိပါတယ်” ဟု ဆိုသည်။

J.P.Morgan မှ လေ့လာသူများက Apple သည် ၂ဝ၂၂ ခုနှစ်နှောင်းပိုင်းမှ နောက်ဆုံးပေါ် iPhone 14 စီးရီးထုတ်လုပ်မှု၏ (၅)ရာခိုင်နှုန်းခန့်ကို တရုတ်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်သည့် အိန္ဒိယသို့ပြောင်းရွှေ့ထုတ်လုပ်နိုင်ဖွယ်ရှိနေသည်ဟု မှတ်ချက်ပေးခဲ့ကြသည်။

JPM မှ လေ့လာသုံးသပ်သူများက Apple သည် ၂ဝ၂၅ ခုနှစ်တွင် iPhone စီးရီးထဲတွင် ပါဝင်သည့် အမျိုးအစား ၄ ခုထဲမှ တစ်ခုကို အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်နိုင်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့ပါသည်။

Zawgyi Version;
ေနာက္ဆုံးေပၚ iPhone 14 စီးရီးကို အိႏၵိယႏိုင္ငံတြင္ ထုတ္လုပ္မည္ဟု Apple ကုမၸဏီဆို
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၆

နည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္သည့္ Apple ကုမၸဏီသည္ တ႐ုတ္ႏိုင္ငံတြင္ ၎၏ထုတ္လုပ္ျခင္းအခ်ိဳ႕ကိုရပ္တန႔္ခဲ့ၿပီး အိႏၵိယႏိုင္ငံတြင္ ေနာက္ဆုံးေပၚ iPhone 14 စီးရီးကို ထုတ္လုပ္မည္ျဖစ္ေၾကာင္း စက္တင္ဘာ(၂၆)ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

Apple ကုမၸဏီသည္ နည္းပညာအသစ္မ်ားထက္ ပိုၿပီးေကာင္းမြန္ၿပီး အဆင့္ျမင့္တင္မႈမ်ားပါဝင္သည့္ ေနာက္ဆုံးေပၚ iPhone 14 စီးရီးကို ယခုလအေစာပိုင္းက ျပပြဲတစ္ခုတြင္ မိတ္ဆက္ေပးခဲ့ျခင္းျဖစ္သည္။

Apple ၏ ေနာက္ဆုံးေပၚ iPhone 14 စီးရီးတြင္ SOS မက္ေဆ့ခ်္မ်ားပို႔ႏိုင္မည္ feature အသစ္ကို ထည့္သြင္းထုတ္လုပ္ခဲ့ေၾကာင္းသိရသည္။ ေနာက္ဆုံးေပၚ iPhone 14 စီးရီး မိတ္ဆက္ျခင္းႏွင့္အတူ Apple သည္ iPhone 11 ထုတ္လုပ္ျခင္းကိုရပ္တန႔္လိုက္ၿပီျဖစ္ေၾကာင္း တစ္ခါတည္းေၾကညာခဲ့ၿပီး Apple တရားဝင္ ဝက္ဘ္ဆိုက္မ်ားမွ ဝယ္ယူလို႔မရရွိေတာ့ေၾကာင္းလည္း သိရသည္။

Apple ကုမၸဏီက "ေနာက္ဆုံးေပၚ iPhone 14 ဟာ ပိုၿပီးေကာင္းမြန္တဲ့နည္းပညာပိုင္းအသစ္ေတြနဲ႔ ထုတ္လုပ္ထားတာပါ၊၊ အိႏၵိယမွာ ေနာက္ဆုံးေပၚ iPhone 14 ကိုထုတ္လုပ္မယ့္ကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔စိတ္လႈပ္ရွားမိပါတယ္” ဟု ဆိုသည္။

J.P.Morgan မွ ေလ့လာသူမ်ားက Apple သည္ ၂ဝ၂၂ ခုႏွစ္ေႏွာင္းပိုင္းမွ ေနာက္ဆုံးေပၚ iPhone 14 စီးရီးထုတ္လုပ္မႈ၏ (၅)ရာခိုင္ႏႈန္းခန႔္ကို တ႐ုတ္ၿပီးလွ်င္ ကမာၻ႔ဒုတိယအႀကီးဆုံး စမတ္ဖုန္းေဈးကြက္ျဖစ္သည့္ အိႏၵိယသို႔ေျပာင္းေ႐ႊ႕ထုတ္လုပ္ႏိုင္ဖြယ္ရွိေနသည္ဟု မွတ္ခ်က္ေပးခဲ့ၾကသည္။

JPM မွ ေလ့လာသုံးသပ္သူမ်ားက Apple သည္ ၂ဝ၂၅ ခုႏွစ္တြင္ iPhone စီးရီးထဲတြင္ ပါဝင္သည့္ အမ်ိဳးအစား ၄ ခုထဲမွ တစ္ခုကို အိႏၵိယႏိုင္ငံတြင္ ထုတ္လုပ္ႏိုင္မည္ဟု ၿပီးခဲ့သည့္ သီတင္းပတ္က ေျပာၾကားခဲ့ပါသည္။

Picture

Khin Win

27/09/2022 05:31

hope I can have these Ahmazing little. toys for an affectionate Octogenarian

Picture

Ko Moe

27/09/2022 07:06

စီးပွားရေးကစီးပွားရေးပါပဲ။ရန်တိုက်တဲ့ အငွေ့အသက် နဲ့ အတူ စစ်ပွဲစီတွန်းပို့နေသော အမေရိကန်၏ ရှေ့ပြေးသမန်တော်တွေထဲ တစ်ခုသော အိုင်ဖုန်းပါ။အိန္ဒိယသားတွေကို ပါကစ်တွေနဲ့ရော တရုတ်နဲ့ပါ ထိပ်တိုက်တွန်းပို့နေကြပါတယ်။

Related news

© 2021. All rights reserved.