အစ္စရေးတပ်များက ၂၄ နာရီအတွင်း နောက်ထပ် ပါလက်စတိုင်းသားတစ်ဦးကို ပစ်သတ်

 640

ရောင်နီ (NP News) - စက်တင်ဘာ ၂၆

အစ္စရေးတပ်များဟာ ယာဉ်မတော်တဆမှုကြောင့် လဲကျနေတဲ့ လက်နက်မဲ့ ပါလက်စတိုင်းအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း နက်ဘလက်မြို့မှာ နောက်ထပ် ပါလက်စတိုင်းအမျိုးသားတစ်ဦး ထပ်မံပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ဆိဒ်အဲလ်ကိုနီ အမည်ရှိ ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး နက်ဘလက် အယ်လ်-တာဝွန်ဒေသမှာ အစ္စရေးတပ်များနဲ့ စက်တင်ဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့ နံနက်အရုဏ်တက်ချိန်မှာ ထိပ်တိုက် တွေ့ခဲ့ပြီး ၄င်းနဲ့အတူပါတဲ့ အခြားနှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များအရ သိရပါ တယ်။

မကြာသေးမီ လများအတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေတဲ့ အနောက်ဘက်ကမ်းရှိ နက်ဘလက်အနီး ပုံမှန် ကင်းလှည့်နေစဉ်မှာ အစ္စရေးစစ်သားများဟာ ယာဉ်နဲ့မော်တော်ဆိုင်ကယ်များ မောင်းနှင်လာတဲ့ လက်နက်ကိုင် သံသယရှိသူများကို ပစ်ခတ်ခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့်လည်း နက်ဘလက်အနီးရှိ Joseph's ဂူသင်္ချိုင်းအတွင်းမှာ ဆိဒ်အဲလ်ကိုနီအပါအဝင် ပါလက်စတိုင်းသားသုံးဦးဟာ အစ္စရေးတို့ကို တိုက်ခိုက်ဖို့ စီစဉ်နေခဲ့ ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဈာပနအထိမ်းအမှတ်အဆောက်အအုံဟာ ပါလက်စတိုင်းအာဏာပိုင်တို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး အစ္စရေးတို့ဝင်ရောက်မယ်ဆိုရင် ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်တဲ့နေရာဖြစ်ပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက် ဘက်ကမ်းမှာ ပါလက်စတိုင်းတို့ရဲ့တိုက်ခိုက်မှုအရေအတွက် သိသိသာသာမြင့်တက်လာပြီးနောက် ပါလက်စတိုင်း တို့သိမ်းပိုက်ထားတဲ့နယ်မြေအတွင်း အစ္စရေးတို့ရဲ့ဝင်ရောက်စီးနင်းမှုတွေ နေ့စဉ်ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးသတင်း တွေအရ ဒီနှစ်တစ်နှစ်တည်းမှာပဲ ပစ်ခတ်တိုက်ခိုက်မှု ၆ဝ ကျော်ရှိခဲ့ပြီး အရင်နှစ်က တိုက်ခိုက်မှု ၅ဝ နဲ့ နှိုင်းယှဉ်ရင် ၁ဝ ကြိမ်ပိုများလာတယ်လို့ သိရပါတယ်။

Zawgyi Version;
အစၥေရးတပ္မ်ားက ၂၄ နာရီအတြင္း ေနာက္ထပ္ ပါလက္စတိုင္းသားတစ္ဦးကို ပစ္သတ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၆

အစၥေရးတပ္မ်ားဟာ ယာဥ္မေတာ္တဆမႈေၾကာင့္ လဲက်ေနတဲ့ လက္နက္မဲ့ ပါလက္စတိုင္းအမ်ိဳးသားတစ္ဦးကို ပစ္သတ္ခဲ့ၿပီးေနာက္ ၂၄ နာရီအတြင္း သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္း နက္ဘလက္ၿမိဳ႕မွာ ေနာက္ထပ္ ပါလက္စတိုင္းအမ်ိဳးသားတစ္ဦး ထပ္မံပစ္သတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ေသဆုံးသူဟာ ဆိဒ္အဲလ္ကိုနီ အမည္ရွိ ပါလက္စတိုင္းတိုက္ခိုက္ေရးသမားတစ္ဦးျဖစ္ၿပီး နက္ဘလက္ အယ္လ္-တာဝြန္ေဒသမွာ အစၥေရးတပ္မ်ားနဲ႔ စက္တင္ဘာလ ၂၅ ရက္၊ တနဂၤေႏြေန႔ နံနက္အ႐ုဏ္တက္ခ်ိန္မွာ ထိပ္တိုက္ ေတြ႕ခဲ့ၿပီး ၄င္းနဲ႔အတူပါတဲ့ အျခားႏွစ္ဦးလည္း ဒဏ္ရာရခဲ့ေၾကာင္း ပါလက္စတိုင္းသတင္းရင္းျမစ္မ်ားအရ သိရပါ တယ္။

မၾကာေသးမီ လမ်ားအတြင္း တိုက္ပြဲမ်ား ေန႔စဥ္ျဖစ္ပြားေနတဲ့ အေနာက္ဘက္ကမ္းရွိ နက္ဘလက္အနီး ပုံမွန္ ကင္းလွည့္ေနစဥ္မွာ အစၥေရးစစ္သားမ်ားဟာ ယာဥ္နဲ႔ေမာ္ေတာ္ဆိုင္ကယ္မ်ား ေမာင္းႏွင္လာတဲ့ လက္နက္ကိုင္ သံသယရွိသူမ်ားကို ပစ္ခတ္ခဲ့ပါတယ္။

အေသးစိတ္အခ်က္အလက္မ်ားကို ရွင္းရွင္းလင္းလင္းမသိရေသးေပမယ့္လည္း နက္ဘလက္အနီးရွိ Joseph's ဂူသခ်ႋဳင္းအတြင္းမွာ ဆိဒ္အဲလ္ကိုနီအပါအဝင္ ပါလက္စတိုင္းသားသုံးဦးဟာ အစၥေရးတို႔ကို တိုက္ခိုက္ဖို႔ စီစဥ္ေနခဲ့ ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ ဈာပနအထိမ္းအမွတ္အေဆာက္အအုံဟာ ပါလက္စတိုင္းအာဏာပိုင္တို႔ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိၿပီး အစၥေရးတို႔ဝင္ေရာက္မယ္ဆိုရင္ ခြင့္ျပဳခ်က္ေတာင္းခံဖို႔ လိုအပ္တဲ့ေနရာျဖစ္ပါတယ္။ သိမ္းပိုက္ထားတဲ့ အေနာက္ ဘက္ကမ္းမွာ ပါလက္စတိုင္းတို႔ရဲ႕တိုက္ခိုက္မႈအေရအတြက္ သိသိသာသာျမင့္တက္လာၿပီးေနာက္ ပါလက္စတိုင္း တို႔သိမ္းပိုက္ထားတဲ့နယ္ေျမအတြင္း အစၥေရးတို႔ရဲ႕ဝင္ေရာက္စီးနင္းမႈေတြ ေန႔စဥ္ျဖစ္ပြားခဲ့ပါတယ္။ အစၥေရးသတင္း ေတြအရ ဒီႏွစ္တစ္ႏွစ္တည္းမွာပဲ ပစ္ခတ္တိုက္ခိုက္မႈ ၆ဝ ေက်ာ္ရွိခဲ့ၿပီး အရင္ႏွစ္က တိုက္ခိုက္မႈ ၅ဝ နဲ႔ ႏႈိင္းယွဥ္ရင္ ၁ဝ ႀကိမ္ပိုမ်ားလာတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.