အီရန်နိုင်ငံတွင် ဆန္ဒပြပွဲများ အရှိန်မြင့်တက်လျက်ရှိနေ

 470

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၇

အီရန်နိုင်ငံတစ်ဝှမ်းတွင် ပေါ်ပေါက်လာသောဆန္ဒပြပွဲများကြောင့် တရားစီရင်ရေးဌာနမှ သတိပေးချက်များ ထုတ်ပြန်ထားခဲ့သော်လည်း အီရန်နိုင်ငံသားများသည် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ညှဉ်းပန်းနှိပ်စက်မှုနှင့် ကိုယ်ထိလက်ရောက်စော်ကားမှုများကြောင့် အချုပ်ခန်းထဲတွင် သေဆုံးသွားခဲ့သည့် Mahsa Amini အတွက် (၁ဝ) ညဆက်တိုက် လမ်းမများပေါ်ထွက်ကာ ဆန္ဒပြခဲ့ရာ ဆန္ဒပြပွဲအရှိန်မြင့်တက်လာခဲ့ကြောင်းသိရသည်။

သတင်းရင်းမြစ်များ၏ပြောကြားချက်အရ ဆန္ဒပြပွဲများစတင်ခဲ့သည့် စက်တင်ဘာလ(၁၆)ရက်နေ့မှစ၍ လက်ရှိ အချိန်အထိ သေဆုံးသူအနည်းဆုံး (၄၁)ဦးအထိ ရှိကြောင်းပြောကြားခဲ့ပြီး သေဆုံးသူများမှာ ယခုထက် ပိုမိုများပြား ကြောင်းသိရသည်။

အဆိုပါသေဆုံးသူများထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အများစုမှာ ဆန္ဒပြသူများဖြစ်ကြောင်း သိရသည်။ နော်ဝေးအခြေစိုက် Iran Human Rights (IHR)က စက်တင်ဘာ(၂၅)ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူဦးရေမှာ အနည်းဆုံး(၅၇)အထိရှိပြီဖြစ်ကြောင်း ဆက်လက်ဖြစ်ပွားနေသော အင်တာနက်ပြတ်တောက်မှုများကြောင့် သေဆုံးသူများကို အတည်ပြုရန် ပိုမိုခက်ခဲလာကြောင်းပြောကြားခဲ့သည်။

အမျိုးသမီးများဦးဆောင်သောဆန္ဒပြပွဲများသည် မြို့အများအပြားသို့ပျံ့နှံ့သွားခဲ့ပြီးနောက် နေရာအနှံ့အပြားတွင် ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ကြောင်းသိရသည်။

ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာ လလယ်ပိုင်းမှစ၍ ညအချိန် ဆန္ဒပြပွဲများအတွင်း ရာနှင့်ချီသော ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။ စက်တင်ဘာ (၂၅)ရက်နေ့၊ ညကဖြစ်ခဲ့သည့် ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက “အာဏာရှင်များ ကျရှုံးပါစေ” ဟု ကြွေးကြော်ခဲ့ကြ ကြောင်း သိရသည်။

ဆန္ဒပြပွဲများတွင် အချို့ဆန္ဒပြသူအမျိုးသမီးများသည် ၎င်းတို့၏ဘူခါများကို ဖယ်ပစ်ကာ မီးရှို့ခဲ့ပြီး ဆံပင်များကို လည်း ဖြတ်ပစ်ခဲ့ကြကြောင်းသိရသည်။ မျက်မြင်သက်သေများ၏ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဖြိုခွင်းရန်အတွက် လေသေနတ်ကျည်ဆံများ နှင့် တခြားကျည်ဆန်များကို အသုံးပြုခဲ့ ကြောင်း သိရသည်။

Kamyaran မြို့မှ မျက်မြင်သက်သေများ၏ပြောကြားချက်အရ “အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေဟာ မီတာ(၁ဝဝ) အကွာလောက်ကနေပြီးတော့ ဆန္ဒပြသူတွေကို အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်။ သတ္တုကျည်ဆန်တွေနဲ့ ပစ်သတ်ခံခဲ့ရတဲ့ အနည်းဆုံးလူ(၁ဝ) ဦးကနေ (၂ဝ)လောက်အထိကို ကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်၊၊ တချို့လူတွေက ထွက်ပြေးရင်း နောက်ကျောဘက်တွေကို ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်” ဟု ပြောဆိုခဲ့ သည်၊၊

Mahsa Amini သေဆုံးမှုနှင့်ပတ်သက်ပြီး လန်ဒန်နှင့်ပဲရစ်တို့တွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကာ အီရန်သံရုံးများ ဆီသို့ ဦးတည်သွားနေသော ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြကြောင်းသိရသည်။

လန်ဒန်တွင် ဆန္ဒပြသူများသည် အီရန်နိုင်ငံရှိ ဗြိတိန်သံရုံးကို ကာကွယ်သည့်အတားအဆီးများကို ဖြတ်ကျော်ရန် ကြိုးပမ်းပြီးဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူ ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း အခြားအရာရှိ ၅ ဦးမှာ ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ၏ ထိပ်တန်းနိုင်ငံခြားရေးသံတမန်သည် အီရန်နိုင်ငံအား ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းမှုများ ချက်ချင်းရပ်တန့်ရန်တောင်းဆိုခဲ့ပြီး အင်အားသုံးဖြေရှင်းရန် မသင့်တော်ကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာကိုယ်စားလှယ် ဂျိုးဆက်ဘော်ရဲလ်က အီရန်နိုင်ငံသည် Mahsa Amini နှင့်ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအားလုံးကို အပြည့်အဝ စုံစမ်းစစ်ဆေးပေးရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version;
အီရန္ႏိုင္ငံတြင္ ဆႏၵျပပြဲမ်ား အရွိန္ျမင့္တက္လ်က္ရွိေန
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၇

အီရန္ႏိုင္ငံတစ္ဝွမ္းတြင္ ေပၚေပါက္လာေသာဆႏၵျပပြဲမ်ားေၾကာင့္ တရားစီရင္ေရးဌာနမွ သတိေပးခ်က္မ်ား ထုတ္ျပန္ထားခဲ့ေသာ္လည္း အီရန္ႏိုင္ငံသားမ်ားသည္ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီးေနာက္ ညႇဥ္းပန္းႏွိပ္စက္မႈႏွင့္ ကိုယ္ထိလက္ေရာက္ေစာ္ကားမႈမ်ားေၾကာင့္ အခ်ဳပ္ခန္းထဲတြင္ ေသဆုံးသြားခဲ့သည့္ Mahsa Amini အတြက္ (၁ဝ) ညဆက္တိုက္ လမ္းမမ်ားေပၚထြက္ကာ ဆႏၵျပခဲ့ရာ ဆႏၵျပပြဲအရွိန္ျမင့္တက္လာခဲ့ေၾကာင္းသိရသည္။

သတင္းရင္းျမစ္မ်ား၏ေျပာၾကားခ်က္အရ ဆႏၵျပပြဲမ်ားစတင္ခဲ့သည့္ စက္တင္ဘာလ(၁၆)ရက္ေန႔မွစ၍ လက္ရွိ အခ်ိန္အထိ ေသဆုံးသူအနည္းဆုံး (၄၁)ဦးအထိ ရွိေၾကာင္းေျပာၾကားခဲ့ၿပီး ေသဆုံးသူမ်ားမွာ ယခုထက္ ပိုမိုမ်ားျပား ေၾကာင္းသိရသည္။

အဆိုပါေသဆုံးသူမ်ားထဲတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအပါအဝင္ အမ်ားစုမွာ ဆႏၵျပသူမ်ားျဖစ္ေၾကာင္း သိရသည္။ ေနာ္ေဝးအေျခစိုက္ Iran Human Rights (IHR)က စက္တင္ဘာ(၂၅)ရက္ေန႔ ညေနပိုင္းအထိ ေသဆုံးသူဦးေရမွာ အနည္းဆုံး(၅၇)အထိရွိၿပီျဖစ္ေၾကာင္း ဆက္လက္ျဖစ္ပြားေနေသာ အင္တာနက္ျပတ္ေတာက္မႈမ်ားေၾကာင့္ ေသဆုံးသူမ်ားကို အတည္ျပဳရန္ ပိုမိုခက္ခဲလာေၾကာင္းေျပာၾကားခဲ့သည္။

အမ်ိဳးသမီးမ်ားဦးေဆာင္ေသာဆႏၵျပပြဲမ်ားသည္ ၿမိဳ႕အမ်ားအျပားသို႔ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ေနရာအႏွံ႔အျပားတြင္ ဆႏၵျပပြဲမ်ားေပၚေပါက္လာခဲ့ေၾကာင္းသိရသည္။

ဆႏၵျပမႈမ်ား စတင္ျဖစ္ပြားခဲ့သည့္ စက္တင္ဘာ လလယ္ပိုင္းမွစ၍ ညအခ်ိန္ ဆႏၵျပပြဲမ်ားအတြင္း ရာႏွင့္ခ်ီေသာ ဆႏၵျပသူမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ သတင္းေထာက္မ်ား ဖမ္းဆီးခံခဲ့ရေၾကာင္းသိရသည္။ စက္တင္ဘာ (၂၅)ရက္ေန႔၊ ညကျဖစ္ခဲ့သည့္ ဆႏၵျပပြဲတြင္ ဆႏၵျပသူမ်ားက “အာဏာရွင္မ်ား က်ရႈံးပါေစ” ဟု ေႂကြးေၾကာ္ခဲ့ၾက ေၾကာင္း သိရသည္။

ဆႏၵျပပြဲမ်ားတြင္ အခ်ိဳ႕ဆႏၵျပသူအမ်ိဳးသမီးမ်ားသည္ ၎တို႔၏ဘူခါမ်ားကို ဖယ္ပစ္ကာ မီးရႈိ႕ခဲ့ၿပီး ဆံပင္မ်ားကို လည္း ျဖတ္ပစ္ခဲ့ၾကေၾကာင္းသိရသည္။ မ်က္ျမင္သက္ေသမ်ား၏ေျပာၾကားခ်က္အရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ၿငိမ္းခ်မ္းစြာဆႏၵျပသူမ်ားကို ၿဖိဳခြင္းရန္အတြက္ ေလေသနတ္က်ည္ဆံမ်ား ႏွင့္ တျခားက်ည္ဆန္မ်ားကို အသုံးျပဳခဲ့ ေၾကာင္း သိရသည္။

Kamyaran ၿမိဳ႕မွ မ်က္ျမင္သက္ေသမ်ား၏ေျပာၾကားခ်က္အရ “အဓိက႐ုဏ္းႏွိမ္ႏွင္းေရးရဲေတြဟာ မီတာ(၁ဝဝ) အကြာေလာက္ကေနၿပီးေတာ့ ဆႏၵျပသူေတြကို အႀကိမ္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့ပါတယ္။ သတၱဳက်ည္ဆန္ေတြနဲ႔ ပစ္သတ္ခံခဲ့ရတဲ့ အနည္းဆုံးလူ(၁ဝ) ဦးကေန (၂ဝ)ေလာက္အထိကို ကြၽန္ေတာ္ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရပါတယ္၊၊ တခ်ိဳ႕လူေတြက ထြက္ေျပးရင္း ေနာက္ေက်ာဘက္ေတြကို ပစ္ခတ္ခံခဲ့ရၿပီး ဒဏ္ရာရရွိခဲ့ၾကပါတယ္” ဟု ေျပာဆိုခဲ့ သည္၊၊

Mahsa Amini ေသဆုံးမႈႏွင့္ပတ္သက္ၿပီး လန္ဒန္ႏွင့္ပဲရစ္တို႔တြင္လည္း ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ကာ အီရန္သံ႐ုံးမ်ား ဆီသို႔ ဦးတည္သြားေနေသာ ဆႏၵျပသူမ်ားႏွင့္ ရဲမ်ားအၾကား ပဋိပကၡမ်ားျဖစ္ပြားခဲ့ၾကေၾကာင္းသိရသည္။

လန္ဒန္တြင္ ဆႏၵျပသူမ်ားသည္ အီရန္ႏိုင္ငံရွိ ၿဗိတိန္သံ႐ုံးကို ကာကြယ္သည့္အတားအဆီးမ်ားကို ျဖတ္ေက်ာ္ရန္ ႀကိဳးပမ္းၿပီးဆႏၵျပခဲ့ရာ ရဲတပ္ဖြဲ႕ဝင္မ်ားက ဆႏၵျပသူ ၁၂ ဦးကို ဖမ္းဆီးခဲ့ေၾကာင္း အျခားအရာရွိ ၅ ဦးမွာ ဒဏ္ရာ အျပင္းအထန္ရခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ဥေရာပသမဂၢ၏ ထိပ္တန္းႏိုင္ငံျခားေရးသံတမန္သည္ အီရန္ႏိုင္ငံအား ဆႏၵျပပြဲမ်ားကို အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ား ခ်က္ခ်င္းရပ္တန႔္ရန္ေတာင္းဆိုခဲ့ၿပီး အင္အားသုံးေျဖရွင္းရန္ မသင့္ေတာ္ေၾကာင္း ေျပာၾကားခဲ့သည္။ ဥေရာပသမဂၢ၏ ႏိုင္ငံျခားေရးႏွင့္ လုံၿခဳံေရးဆိုင္ရာကိုယ္စားလွယ္ ဂ်ိဳးဆက္ေဘာ္ရဲလ္က အီရန္ႏိုင္ငံသည္ Mahsa Amini ႏွင့္ပတ္သက္ၿပီး ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရာအားလုံးကို အျပည့္အဝ စုံစမ္းစစ္ေဆးေပးရမည္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.