အီသီယိုးပီးယားမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရခြင်းကြောင့် ကယ်ဆယ်ရေး စားနပ်ရိက္ခာထရပ်ကားများ ထိခိုက်ပျက်စီးခဲ့

 425

ရောင်နီ (NP News) - စက်တင်ဘာ ၂၇

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း တီဂရေးဒေသမှာ လူသားချင်း စာနာထောက်ထားမှုအကူအညီများ သယ်ဆောင် လာတဲ့ ထရပ်ကားတစ်စီး ဒရုန်းနဲ့တိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ထရပ်ကားယာဉ်မောင်း ဒဏ်ရာရခဲ့ ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ကုလသမဂ္ဂအေဂျင်စီက စက်တင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါထရပ်ကားဟာ နှစ်နှစ်နီးပါးကြာ နိုင်ငံရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာသွားခဲ့ရတဲ့ ဒုက္ခသည် မိသားစုတွေ ကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ပေးနေတဲ့ ထရပ်ကားနှစ်စီးမှ တစ်စီးဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့က တီဂရေး အနောက်မြောက်ပိုင်း ဇာနာဝိုရာဒါ (ခေါ်) ဧရိယာအနီးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ WFP က ပြောပါတယ်။

အဆိုပါ "တိုက်ခိုက်မှုကြောင့် WFP မှ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထရပ်ကားတစ်စီး ထိခိုက်မှု အနည်းငယ်ဖြစ်ပွားခဲ့တာကြောင့် ယင်းဒေသအတွက် နောက်ထပ် စားနပ်ရိက္ခာတင်ပို့နိုင်စွမ်း ရှိ၊ မရှိ မပြောနိုင်သေး ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို လေးစားလိုက်နာဖို့ နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားများ၊ အဆောက်အအုံပိုင်ဆိုင်မှုများကို အကာအကွယ်ပေး ဖို့အတွက် ကတိကဝတ်ပြုရန် WFP မှ ပါတီအားလုံးကို တောင်းဆိုထားပါတယ်။ အီသီယိုးပီးယားအစိုးရနဲ့ Tigray People's Liberation Front (TPLF) အကြား ငါးလကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားသွားပြီး နောက် သြဂုတ်လ ၂၄ ရက်နေ့မှစ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ တီဂရေးနဲ့ မန်ဟာရာ၊ အာဖာ အိမ်နီးချင်းဒေသများမှာ ခန့်မှန်းခြေလူဦးရေ ၁၃ သန်းခန့် စားနပ်ရိက္ခာ အကူအညီ အလွန်အမင်း လိုအပ်နေတယ်လို့ သိရပါတယ်။

ပဋိပက္ခဟာ ဝန်ကြီးချုပ်အေဘေးအာဟန်ရဲ့ အစိုးရက အီသီယိုးပီးယားရဲ့ အာဏာရညွန့်ပေါင်းကို လွှမ်းမိုးထားခဲ့ဖူး တဲ့ TPLF ကို ဆန့်ကျင်ခဲ့ခြင်းကြောင့် TPLF ဟာ တီဂရာယန် စိုးမိုးမှုပြန်လည်အတည်ပြုနိုင်ရန် ကြိုးပမ်းနေတာဖြစ် တယ်လို့ အေဘေးအစိုးရက စွပ်စွဲထားပါတယ်။ TPLF ကလည်း အေဘေးအစိုးရဟာ ဗဟိုချုပ်ကိုင်မှုလွန်ကဲပြီး တီဂရေးတွေအပေါ် များစွာဖိနှိပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဩဂုတ်လ ၂၄ ရက်က တိုက်ပွဲများ ပြန်လည် စတင် ခဲ့ချိန်မှာ တီဂရေးရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး တိုက်ပွဲပြင်းထန်တဲ့ မြောက်ပိုင်းဒေသသို့ အကူအညီများ ရပ်ဆိုင်းခဲ့ရပါတယ်။

Zawgyi Version;
အီသီယိုးပီးယားမွာ ဒ႐ုန္းနဲ႔ တိုက္ခိုက္ခံရျခင္းေၾကာင့္ ကယ္ဆယ္ေရး စားနပ္ရိကၡာထရပ္ကားမ်ား ထိခိုက္ပ်က္စီးခဲ့
ေရာင္နီ (NP News) - စက္တင္ဘာ ၂၇

အီသီယိုးပီးယားႏိုင္ငံ ေျမာက္ပိုင္း တီဂေရးေဒသမွာ လူသားခ်င္း စာနာေထာက္ထားမႈအကူအညီမ်ား သယ္ေဆာင္ လာတဲ့ ထရပ္ကားတစ္စီး ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရျခင္းေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ၿပီး ထရပ္ကားယာဥ္ေမာင္း ဒဏ္ရာရခဲ့ ေၾကာင္း ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) မွ ကုလသမဂၢေအဂ်င္စီက စက္တင္ဘာလ ၂၆ ရက္၊ တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါထရပ္ကားဟာ ႏွစ္ႏွစ္နီးပါးၾကာ ႏိုင္ငံေရးပဋိပကၡေၾကာင့္ အိုးအိမ္စြန႔္ခြာသြားခဲ့ရတဲ့ ဒုကၡသည္ မိသားစုေတြ ကို ကယ္ဆယ္ေရးပစၥည္းေတြ ေပးပို႔ေပးေနတဲ့ ထရပ္ကားႏွစ္စီးမွ တစ္စီးျဖစ္ၿပီး စက္တင္ဘာလ ၂၅ ရက္၊ တနဂၤေႏြေန႔က တီဂေရး အေနာက္ေျမာက္ပိုင္း ဇာနာဝိုရာဒါ (ေခၚ) ဧရိယာအနီးမွာ တိုက္ခိုက္မႈျဖစ္ပြားခဲ့တာ ျဖစ္တယ္လို႔ WFP က ေျပာပါတယ္။

အဆိုပါ "တိုက္ခိုက္မႈေၾကာင့္ WFP မွ ယာဥ္ေမာင္းတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ၿပီး ထရပ္ကားတစ္စီး ထိခိုက္မႈ အနည္းငယ္ျဖစ္ပြားခဲ့တာေၾကာင့္ ယင္းေဒသအတြက္ ေနာက္ထပ္ စားနပ္ရိကၡာတင္ပို႔ႏိုင္စြမ္း ရွိ၊ မရွိ မေျပာႏိုင္ေသး ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားပါတယ္။

ယင္းျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒမ်ားကို ေလးစားလိုက္နာဖို႔ နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အလုပ္သမားမ်ား၊ အေဆာက္အအုံပိုင္ဆိုင္မႈမ်ားကို အကာအကြယ္ေပး ဖို႔အတြက္ ကတိကဝတ္ျပဳရန္ WFP မွ ပါတီအားလုံးကို ေတာင္းဆိုထားပါတယ္။ အီသီယိုးပီးယားအစိုးရနဲ႔ Tigray People's Liberation Front (TPLF) အၾကား ငါးလၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ပ်က္ျပားသြားၿပီး ေနာက္ ၾသဂုတ္လ ၂၄ ရက္ေန႔မွစ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာခဲ့ပါတယ္။ တီဂေရးနဲ႔ မန္ဟာရာ၊ အာဖာ အိမ္နီးခ်င္းေဒသမ်ားမွာ ခန႔္မွန္းေျခလူဦးေရ ၁၃ သန္းခန္႔ စားနပ္ရိကၡာ အကူအညီ အလြန္အမင္း လိုအပ္ေနတယ္လို႔ သိရပါတယ္။

ပဋိပကၡဟာ ဝန္ႀကီးခ်ဳပ္ေအေဘးအာဟန္ရဲ႕ အစိုးရက အီသီယိုးပီးယားရဲ႕ အာဏာရၫြန႔္ေပါင္းကို လႊမ္းမိုးထားခဲ့ဖူး တဲ့ TPLF ကို ဆန႔္က်င္ခဲ့ျခင္းေၾကာင့္ TPLF ဟာ တီဂရာယန္ စိုးမိုးမႈျပန္လည္အတည္ျပဳႏိုင္ရန္ ႀကိဳးပမ္းေနတာျဖစ္ တယ္လို႔ ေအေဘးအစိုးရက စြပ္စြဲထားပါတယ္။ TPLF ကလည္း ေအေဘးအစိုးရဟာ ဗဟိုခ်ဳပ္ကိုင္မႈလြန္ကဲၿပီး တီဂေရးေတြအေပၚ မ်ားစြာဖိႏွိပ္ခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။ ဩဂုတ္လ ၂၄ ရက္က တိုက္ပြဲမ်ား ျပန္လည္ စတင္ ခဲ့ခ်ိန္မွာ တီဂေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ အနည္းဆုံး လူ ၁၇ ဦး ေသဆုံးခဲ့ၿပီး တိုက္ပြဲျပင္းထန္တဲ့ ေျမာက္ပိုင္းေဒသသို႔ အကူအညီမ်ား ရပ္ဆိုင္းခဲ့ရပါတယ္။

Related news

© 2021. All rights reserved.