အီရန်အတွက် လန်ဒန်နဲ့ ပါရီမြို့များက ဆန္ဒပြသူတွေ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့

 468

ရောင်နီ (NP News) - စက်တင်ဘာ ၂၇

ပြင်သစ်နိုင်ငံ၊ ပါရီမှာ အီရန်အရေးကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့က လူထုစုရုံး ချီတက်ဆန္ဒပြခဲ့ကြရာ ၎င်းတို့ကိုတားဆီးဖို့အတွက် ရဲတပ်ဖွဲ့က အဓိကရုဏ်း နှိမ်နင်းရေးနည်းဗျူဟာကို အသုံးပြုခဲ့ပြီး မျက်ရည်ယိုဗုံးများနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လန်ဒန်၊ အီရန် သံရုံးမှာလည်း ယင်းကဲ့သို့ အီရန်ပြည်သူတွေအတွက် ရည်ရွယ်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရာ သံရုံးကို ကာကွယ်ထားတဲ့ အတားအဆီးများကို ဖြတ်ကျော်ဖို့ ကြိုးပမ်းနေစဉ် လူ ၁၂ ဦး အဖမ်းခံရပြီး အရာရှိ ၅ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အီရန်မှာ အသက် ၂၂ နှစ်အရွယ် မက်ဆာအမီနီအမည်ရှိ အမျိုးသမီးငယ်တစ်ဦး စာရိတ္တနဲ့ ဝတ်စားဆင်ယဥ်မှု စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးသွားခဲ့ခြင်းနဲ့ပတ်သက်ပြီး ဒေါသထွက်နေတဲ့ ပါရီနဲ့လန်ဒန်မှ ဆန္ဒပြသူများဟာ အချင်းချင်းစုရုံးကာ ၎င်းတို့ရဲ့ စည်းလုံးညီညွတ်မှုကိုပြသခဲ့ကြပါတယ်။

အီရန်အမျိုးသမီးတွေကိုထောက်ခံအားပေးတဲ့ ဆန္ဒပြမှုတွေ ကမ္ဘာတဝန်းမှာ အလားတူ ဖြစ်ပွားခဲ့ပါတယ်။ ပြင်သစ်မှာ ဆန္ဒပြပွဲကို မြို့တော်အလယ်ဗဟိုရှိ Trocadero ရင်ပြင်မှာ ငြိမ်းချမ်းစွာ စတင်ခဲ့ပြီး အချို့သော ဆန္ဒပြသူများဟာ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို ဆန့်ကျင်ကြွေးကြော်သံများနဲ့ အော်ဟစ်ခဲ့ပါတယ်။

သို့ပေမယ့် အီရန်သံရုံးအနီးသို့ချဉ်းကပ်ဖို့ကြိုးပမ်းစဉ် ဗင်ကားတန်းများ ရောက်ရှိလာပြီး အဓိကရုဏ်းနှိမ်နင်းရေး သံချပ်ကာအပြည့်နဲ့ ရဲများက ပိတ်ဆို့ကာ မျက်ရည်ယိုဗုံးများနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပါရီရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ “ဆန္ဒပြအုပ်စုများဟာ အီရန်သံရုံးအနီးမှာ တည်ဆောက်ထားတဲ့ လမ်းပိတ်ဆို့မှုကိုဖောက်ဖျက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာကြောင့် ၄င်းတို့ကိုနှိမ်နင်းဖို့ မျက်ရည်ယိုဗုံးတွေ သုံးခဲ့တယ်”လို့ ဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲအတွက် စုဝေးခဲ့တဲ့ လူပေါင်း ၄ဝဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။ ပုန်ကန်မှုနဲ့ လူတစ်ဦးဖမ်းဆီးခံရပြီး အရာရှိတစ်ဦး အနည်းငယ် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အီရန္အတြက္ လန္ဒန္နဲ႔ ပါရီၿမိဳ႕မ်ားက ဆႏၵျပသူေတြ ရဲတပ္ဖြဲ႕နဲ႔ ထိပ္တိုက္ေတြ႕
ေရာင္နီ (NP News) - စက္တင္ဘာ ၂၇

ျပင္သစ္ႏိုင္ငံ၊ ပါရီမွာ အီရန္အေရးကိစၥနဲ႔ပတ္သက္ၿပီး စက္တင္ဘာလ ၂၅ ရက္၊ တနဂၤေႏြေန႔က လူထုစု႐ုံး ခ်ီတက္ဆႏၵျပခဲ့ၾကရာ ၎တို႔ကိုတားဆီးဖို႔အတြက္ ရဲတပ္ဖြဲ႕က အဓိက႐ုဏ္း ႏွိမ္နင္းေရးနည္းဗ်ဴဟာကို အသုံးျပဳခဲ့ၿပီး မ်က္ရည္ယိုဗုံးမ်ားနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။

လန္ဒန္၊ အီရန္ သံ႐ုံးမွာလည္း ယင္းကဲ့သို႔ အီရန္ျပည္သူေတြအတြက္ ရည္႐ြယ္တဲ့ ဆႏၵျပမႈေတြ ျဖစ္ပြားခဲ့ရာ သံ႐ုံးကို ကာကြယ္ထားတဲ့ အတားအဆီးမ်ားကို ျဖတ္ေက်ာ္ဖို႔ ႀကိဳးပမ္းေနစဥ္ လူ ၁၂ ဦး အဖမ္းခံရၿပီး အရာရွိ ၅ ဦး ထိခိုက္ဒဏ္ရာ အျပင္းအထန္ရခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

အီရန္မွာ အသက္ ၂၂ ႏွစ္အ႐ြယ္ မက္ဆာအမီနီအမည္ရွိ အမ်ိဳးသမီးငယ္တစ္ဦး စာရိတၱနဲ႔ ဝတ္စားဆင္ယဥ္မႈ စည္းကမ္းထိန္းသိမ္းေရး ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ဖမ္းဆီးထိန္းသိမ္းခံထားရစဥ္ ေသဆုံးသြားခဲ့ျခင္းနဲ႔ပတ္သက္ၿပီး ေဒါသထြက္ေနတဲ့ ပါရီနဲ႔လန္ဒန္မွ ဆႏၵျပသူမ်ားဟာ အခ်င္းခ်င္းစု႐ုံးကာ ၎တို႔ရဲ႕ စည္းလုံးညီၫြတ္မႈကိုျပသခဲ့ၾကပါတယ္။

အီရန္အမ်ိဳးသမီးေတြကိုေထာက္ခံအားေပးတဲ့ ဆႏၵျပမႈေတြ ကမာၻတဝန္းမွာ အလားတူ ျဖစ္ပြားခဲ့ပါတယ္။ ျပင္သစ္မွာ ဆႏၵျပပြဲကို ၿမိဳ႕ေတာ္အလယ္ဗဟိုရွိ Trocadero ရင္ျပင္မွာ ၿငိမ္းခ်မ္းစြာ စတင္ခဲ့ၿပီး အခ်ိဳ႕ေသာ ဆႏၵျပသူမ်ားဟာ ထိပ္တန္းေခါင္းေဆာင္ အယာတိုလာ အလီခါေမနီကို ဆန႔္က်င္ေႂကြးေၾကာ္သံမ်ားနဲ႔ ေအာ္ဟစ္ခဲ့ပါတယ္။

သို႔ေပမယ့္ အီရန္သံ႐ုံးအနီးသို႔ခ်ဥ္းကပ္ဖို႔ႀကိဳးပမ္းစဥ္ ဗင္ကားတန္းမ်ား ေရာက္ရွိလာၿပီး အဓိက႐ုဏ္းႏွိမ္နင္းေရး သံခ်ပ္ကာအျပည့္နဲ႔ ရဲမ်ားက ပိတ္ဆို႔ကာ မ်က္ရည္ယိုဗုံးမ်ားနဲ႔ ပစ္ခတ္ခဲ့ပါတယ္။ ပါရီရဲတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္မွာ “ဆႏၵျပအုပ္စုမ်ားဟာ အီရန္သံ႐ုံးအနီးမွာ တည္ေဆာက္ထားတဲ့ လမ္းပိတ္ဆို႔မႈကိုေဖာက္ဖ်က္ဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့တာေၾကာင့္ ၄င္းတို႔ကိုႏွိမ္နင္းဖို႔ မ်က္ရည္ယိုဗုံးေတြ သုံးခဲ့တယ္”လို႔ ဆိုခဲ့ပါတယ္။

ဆႏၵျပပြဲအတြက္ စုေဝးခဲ့တဲ့ လူေပါင္း ၄ဝဝဝ ခန႔္ ရွိတယ္လို႔ သိရပါတယ္။ ပုန္ကန္မႈနဲ႔ လူတစ္ဦးဖမ္းဆီးခံရၿပီး အရာရွိတစ္ဦး အနည္းငယ္ ဒဏ္ရာရခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

Picture

Ko Moe

27/09/2022 21:51

ဒေါ်နယ်ထရမ့်ကို ဆန္ဒပြတာပါ အပေါ်ပုံကြီးက

Related news

© 2021. All rights reserved.