အမေရိကန်အစိုးရက အီရန်နိုင်ငံကို မတည်ငြိမ်အောင်လုပ်ဆောင်နေကြောင်း ဆို

 575

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၇

အမေရိကန်အစိုးရဟာ အီရန်နိုင်ငံကို မတည်ငြိမ်အောင်လုပ်ဆောင်နေကြောင်း အီရန်အစိုးရ က စွပ်စွဲပြောဆိုလိုက်တယ်လို့ သိရပါတယ်။

အီရန်ရဲအချုပ်ခန်းမှာ အသက် ၂၂ နှစ်အရွယ် အီရန်နိုင်ငံသား ကဒ်လူမျိုးအမျိုးသမီး Mahsa Amini သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး အီရန်အစိုးရဟာ ပြည်သူတွေရဲ့ဆန္ဒပြမှုများကို ရင်ဆိုင်နေရသလို နိုင်ငံတကာရဲ့ဖိအာပေးမှုတွေ ပြစ်တင်ဝေဖန်မှုများနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အီရန်အစိုးရဟာ Mahsa Amini အမည်ရှိအမျိုးသမီးကို အီရန်နိုင်ငံမှာ အမျိုးသမီးများ ဝတ်ဆင်ရမယ့် ကန့်သတ်ထားတဲ့အဝတ်အစားများ ဝတ်ဆင်မှုမရှိတဲ့အတွက် ဥပဒေချိုးဖောက်တယ်စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ ရဲတပ်ဖွဲ့ရဲ့ထိန်းသိမ်းခံရပြီးနောက် ရက်ပိုင်းအကြာမှာ အချုပ်ခန်းအတွင်း သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ ကနေဒါအစိုးရက အီရန်အမျိုးသမီးသေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ယူခြင်းတာဝန်ခံခြင်းရှိအောင် ပိတ်ဆို့မှုများချမှတ်မယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အဆိုပါအမျိုးသမီး သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အီရန်နိုင်ငံတဝှမ်းမှာ ကြီးမားတဲ့ ဆန္ဒပြပွဲများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရတပ်ဖွဲ့တွေဟာ ၂ဝ၁၉ ခုနှစ်နောက်ပိုင်း ဖြစ်ပွားလာခဲ့တဲ့ ကြီးမားတဲ့ဆန္ဒပြပွဲများကို နှိမ်နှင်းဖြိုခွင်းနေခဲ့တယ်လို့ သိရပါတယ်။ အီရန်ဆန္ဒပြပွဲများမှာ အမျိုးသမီးတွေဟာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ၎င်းတို့ရဲ့မျက်နှာဖုံးများကိုဝှေ့ယမ်းကာ မီးရှို့ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

အီရန်အစိုးရ က "အမေရိကန်အစိုးရဟာ အီရန်နိုင်ငံရဲ့တည်ငြိမ်မှုတွေမရှိအောင် အမြဲတမ်းကြိုးပမ်းနေတယ်။ အကြမ်းဖက်ဆန္ဒပြသမားတွေကို ထောက်ပံ့ပေးနေတယ်။ အမေရိကန်အစိုးရဟာ အီရန်နိုင်ငံကို တည်ငြိမ်မှုမရှိအောင်လုပ်ဖို့ကြိုးပမ်းတာ မအောင်မြင်ခဲ့ပေမယ့် ဆူပူအကြမ်းဖက်သူတွေကို ကူညီပေးနေဆဲဖြစ်တယ်" လို့ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကာနာနီက အမေရိကန် နဲ့ ဥရောပနိုင်ငံအချို့ဟာ အကြမ်းဖက်သမားတွေကို ကူညီထောက်ပံ့ပြီး လမ်းပေါ်မှာလူတွေ သန်းချီရှိနေတာတွေကို မသိကျိူးကျွံပြုလျက်ရှိနေတယ်လို့ ဆိုပါတယ်။

Zawgyi Version;
အေမရိကန္အစိုးရက အီရန္ႏိုင္ငံကို မတည္ၿငိမ္ေအာင္လုပ္ေဆာင္ေနေၾကာင္း ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၇

အေမရိကန္အစိုးရဟာ အီရန္ႏိုင္ငံကို မတည္ၿငိမ္ေအာင္လုပ္ေဆာင္ေနေၾကာင္း အီရန္အစိုးရ က စြပ္စြဲေျပာဆိုလိုက္တယ္လို႔ သိရပါတယ္။

အီရန္ရဲအခ်ဳပ္ခန္းမွာ အသက္ ၂၂ ႏွစ္အ႐ြယ္ အီရန္ႏိုင္ငံသား ကဒ္လူမ်ိဳးအမ်ိဳးသမီး Mahsa Amini ေသဆုံးခဲ့မႈနဲ႔ပတ္သက္ၿပီး အီရန္အစိုးရဟာ ျပည္သူေတြရဲ႕ဆႏၵျပမႈမ်ားကို ရင္ဆိုင္ေနရသလို ႏိုင္ငံတကာရဲ႕ဖိအာေပးမႈေတြ ျပစ္တင္ေဝဖန္မႈမ်ားနဲ႔ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။

အီရန္အစိုးရဟာ Mahsa Amini အမည္ရွိအမ်ိဳးသမီးကို အီရန္ႏိုင္ငံမွာ အမ်ိဳးသမီးမ်ား ဝတ္ဆင္ရမယ့္ ကန္႔သတ္ထားတဲ့အဝတ္အစားမ်ား ဝတ္ဆင္မႈမရွိတဲ့အတြက္ ဥပေဒခ်ိဳးေဖာက္တယ္စြပ္စြဲကာ ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါအမ်ိဳးသမီးဟာ ရဲတပ္ဖြဲ႕ရဲ႕ထိန္းသိမ္းခံရၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အခ်ဳပ္ခန္းအတြင္း ေသဆုံးသြားခဲ့ရတယ္လို႔ သိရပါတယ္။ ကေနဒါအစိုးရက အီရန္အမ်ိဳးသမီးေသဆုံးမႈနဲ႔ပတ္သက္ၿပီး တာဝန္ယူျခင္းတာဝန္ခံျခင္းရွိေအာင္ ပိတ္ဆို႔မႈမ်ားခ်မွတ္မယ္လို႔ ကေနဒါဝန္ႀကီးခ်ဳပ္က ေျပာခဲ့ပါတယ္။

အဆိုပါအမ်ိဳးသမီး ေသဆုံးခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အီရန္ႏိုင္ငံတဝွမ္းမွာ ႀကီးမားတဲ့ ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ အီရန္အစိုးရတပ္ဖြဲ႕ေတြဟာ ၂ဝ၁၉ ခုႏွစ္ေနာက္ပိုင္း ျဖစ္ပြားလာခဲ့တဲ့ ႀကီးမားတဲ့ဆႏၵျပပြဲမ်ားကို ႏွိမ္ႏွင္းၿဖိဳခြင္းေနခဲ့တယ္လို႔ သိရပါတယ္။ အီရန္ဆႏၵျပပြဲမ်ားမွာ အမ်ိဳးသမီးေတြဟာ အဓိကအခန္းက႑က ပါဝင္ခဲ့ၿပီး ၎တို႔ရဲ႕မ်က္ႏွာဖုံးမ်ားကိုေဝွ႔ယမ္းကာ မီးရႈိ႕ဆႏၵျပခဲ့တယ္လို႔ သိရပါတယ္။

အီရန္အစိုးရ က "အေမရိကန္အစိုးရဟာ အီရန္ႏိုင္ငံရဲ႕တည္ၿငိမ္မႈေတြမရွိေအာင္ အၿမဲတမ္းႀကိဳးပမ္းေနတယ္။ အၾကမ္းဖက္ဆႏၵျပသမားေတြကို ေထာက္ပံ့ေပးေနတယ္။ အေမရိကန္အစိုးရဟာ အီရန္ႏိုင္ငံကို တည္ၿငိမ္မႈမရွိေအာင္လုပ္ဖို႔ႀကိဳးပမ္းတာ မေအာင္ျမင္ခဲ့ေပမယ့္ ဆူပူအၾကမ္းဖက္သူေတြကို ကူညီေပးေနဆဲျဖစ္တယ္" လို႔ေျပာပါတယ္။

အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ကာနာနီက အေမရိကန္ နဲ႔ ဥေရာပႏိုင္ငံအခ်ိဳ႕ဟာ အၾကမ္းဖက္သမားေတြကို ကူညီေထာက္ပံ့ၿပီး လမ္းေပၚမွာလူေတြ သန္းခ်ီရွိေနတာေတြကို မသိက်ိဴးကြၽံျပဳလ်က္ရွိေနတယ္လို႔ ဆိုပါတယ္။

Picture

Ko Moe

27/09/2022 17:34

မိန်းမတွေကို မြှောက်ပေးပြီး လုပ်ကြံနေတာ အမေရိကန်ပါပဲ။အမျိူးသမီးအခွင့်အရေးဆိုပြီးတော့ မူစလင်တို့ရဲ့ အဓိက အားနည်းချက် အညှာကို ကိုင်ပြီး မညှာမတာ နှိမ်နင်းလာတာ အီရတ် လစ်ဗျား အာဖဂန်နဲ့ မူစလင်ကမ္ဘာဟာ အမေရိကန်လို့ နာမည်ကြားတာနဲ့တင် ချီးပါ ပါနေအောင် ဆော်ထားတာပါ။အခု အီရန်က နောက်ဆုံးပြစ်မှတ်ဖြစ်နေပါပြီ။ရုရှားကို ထောင်ချောက်ဆင်တယ် မြန်မာကို ထောင်ချောက်ဆင်တယ် သီရိလင်္ကာကို ထောင်ချောက်ဆင်တယ် အခြေအနေအတော်ဆိုးအောင် လုပ်လိုက်ရတာ ပျော်နေရှာပါတယ်။တရုတ်က အကောင်ကြီးတော့ ပိုက်ကြီးကြီးရှာနေတယ်။ပြဿနာ ကြီးကြီးရှာနေတာ။ဒါပေမဲ့ ရှာနေတာ ကြာပါပြီ။ဟောင်ကောင်က နေ ကိုဗစ်ကိစ္စပါ။ဆောက်စိမှာ တရုတ်အတွက် အနေရ‌‌ကြပအောင်လုပ်ထားသလို မူစလင်နဲ့ပါ ရန်တိုက်နေကြတယ်။

Related news

© 2021. All rights reserved.