ဂျပန်သံတမန်ကိစ္စနှင့်ပတ်သက်ပြီး ရုရှား၏ကိုင်တွယ်မှုကို ဂျပန်အစိုးရ ကန့်ကွက်

 772

ဖြိုးခန့်(NP News) - စက်တင်ဘာ ၂၇

ရုရှားနိုင်ငံသည် ဗလာဒီဗော့စတော့မြို့ရှိ ဂျပန်သံအမတ်တစ်ဦးကို သူလျှိုလုပ်သည်ဟု စွပ်စွဲကာ နိုင်ငံတွင်းမှထွက်သွားရန် အမိန့်ထုတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာ က အဆိုပါလုပ်ရပ်နှင့်ပတ်သက်ပြီး ရုရှားကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်သံတမန်သည် လျှို့ဝှက်စုံစမ်းထောက်လှမ်းမှုများနှင့်သတင်းအချက်အလက်များ စုဆောင်းသည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတွင်းမှ ထွက်သွားရမည်ဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်သံရုံးကို အကြောင်းကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟာ ယာရှီယိုရှီမာဆာက စက်တင်ဘာ(၂၇)ရက်နေ့တွင် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ယာရှီယိုရှီမာဆာက ကောင်စစ်ဝန်အရာရှိသည် ရုရှားက စွပ်စွဲထားသည့်အတိုင်း တရားမဝင်လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး အဆိုပါသံတမန်သည် အတင်းအကြပ်မေးမြန်းခြင်းခံခဲ့ရကြောင်း ထပ်မံပြောဆိုခဲ့သည်။

အဆိုပါသံတမန်သည် ဖမ်းဆီးခံရချိန်တွင် တာဝန်ရှိသူများက မျက်စိပိတ်ကာ ချုပ်နှောင်ထားကြောင်း ဟာယာရှီယိုရှီမာဆာ က ပြောကြားခဲ့သည်။

ဂျပန်သံတမန်ကိစ္စအား ရုရှား၏ကိုယ်တွယ်မှုသည် ဗီယင်နာကွန်ဗန်းရှင်း နှင့် နှစ်နိုင်ငံကြား ကောင်စစ်ဝန်ကွန်ဗန်းရှင်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဟာယာရှီယိုရှီမာဆာ က ပြောဆိုခဲ့သည်၊၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ယာရှီယိုရှီမာဆာက အဆိုပါကိစ္စသည် အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး လက်မခံနိုင်စရာကိစ္စတစ်ခုဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မိုရီတာကီအိုသည် ရုရှားသံအမတ်ကြီး Mikhail Galuzin ကို ဂျပန်သို့ဆင့်ခေါ်ခဲ့ပြီးနောက် အဆိုပါကိစ္စကို ကန့်ကွက်ခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီး မိုရီတာကီအိုက ရုရှားကို တရားဝင်တောင်းပန်ချက်ထုတ်ပေးရန်တောင်းဆိုခဲ့ပြီး ယခုကဲ့သို့အဖြစ်အပျက်မျိုး နောက်တစ်ကြိမ်ထပ်မဖြစ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

ဂျပန်အစိုးရသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်စရာရှိသည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မိုရီတာကီအိုက ဆိုသည်။

Zawgyi Version;
ဂ်ပန္သံတမန္ကိစၥႏွင့္ပတ္သက္ၿပီး ႐ုရွား၏ကိုင္တြယ္မႈကို ဂ်ပန္အစိုးရ ကန္႔ကြက္
ၿဖိဳးခန္႔(NP News) - စက္တင္ဘာ ၂၇

႐ုရွားႏိုင္ငံသည္ ဗလာဒီေဗာ့စေတာ့ၿမိဳ႕ရွိ ဂ်ပန္သံအမတ္တစ္ဦးကို သူလွ်ိဳလုပ္သည္ဟု စြပ္စြဲကာ ႏိုင္ငံတြင္းမွထြက္သြားရန္ အမိန္႔ထုတ္ခဲ့ၿပီးေနာက္ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ဟာယာရွီ ယိုရွီမာဆာ က အဆိုပါလုပ္ရပ္ႏွင့္ပတ္သက္ၿပီး ႐ုရွားကို ျပင္းျပင္းထန္ထန္ကန္႔ကြက္ေၾကာင္း ေျပာၾကားခဲ့သည္။

ဂ်ပန္သံတမန္သည္ လွ်ိဳ႕ဝွက္စုံစမ္းေထာက္လွမ္းမႈမ်ားႏွင့္သတင္းအခ်က္အလက္မ်ား စုေဆာင္းသည့္ လႈပ္ရွားမႈမ်ားတြင္ ပါဝင္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံတြင္းမွ ထြက္သြားရမည္ျဖစ္ ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဂ်ပန္သံ႐ုံးကို အေၾကာင္းၾကားခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဟာ ယာရွီယိုရွီမာဆာက စက္တင္ဘာ(၂၇)ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ယာရွီယိုရွီမာဆာက ေကာင္စစ္ဝန္အရာရွိသည္ ႐ုရွားက စြပ္စြဲထားသည့္အတိုင္း တရားမဝင္လုပ္ေဆာင္မႈမ်ားတြင္ ပါဝင္ပတ္သက္ျခင္းမရွိေၾကာင္း ျငင္းဆိုခဲ့ၿပီး အဆိုပါသံတမန္သည္ အတင္းအၾကပ္ေမးျမန္းျခင္းခံခဲ့ရေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။

အဆိုပါသံတမန္သည္ ဖမ္းဆီးခံရခ်ိန္တြင္ တာဝန္ရွိသူမ်ားက မ်က္စိပိတ္ကာ ခ်ဳပ္ေႏွာင္ထားေၾကာင္း ဟာယာရွီယိုရွီမာဆာ က ေျပာၾကားခဲ့သည္။

ဂ်ပန္သံတမန္ကိစၥအား ႐ုရွား၏ကိုယ္တြယ္မႈသည္ ဗီယင္နာကြန္ဗန္းရွင္း ႏွင့္ ႏွစ္ႏိုင္ငံၾကား ေကာင္စစ္ဝန္ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း ဟာယာရွီယိုရွီမာဆာ က ေျပာဆိုခဲ့သည္၊၊ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ယာရွီယိုရွီမာဆာက အဆိုပါကိစၥသည္ အလြန္ဝမ္းနည္းဖြယ္ေကာင္းၿပီး လက္မခံႏိုင္စရာကိစၥတစ္ခုျဖစ္ေၾကာင္း ထပ္မံေျပာဆိုခဲ့သည္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး မိုရီတာကီအိုသည္ ႐ုရွားသံအမတ္ႀကီး Mikhail Galuzin ကို ဂ်ပန္သို႔ဆင့္ေခၚခဲ့ၿပီးေနာက္ အဆိုပါကိစၥကို ကန္႔ကြက္ခဲ့ေၾကာင္းသိရသည္။

ဂ်ပန္ႏိုင္ငံျခားေရးဒုဝန္ႀကီး မိုရီတာကီအိုက ႐ုရွားကို တရားဝင္ေတာင္းပန္ခ်က္ထုတ္ေပးရန္ေတာင္းဆိုခဲ့ၿပီး ယခုကဲ့သို႔အျဖစ္အပ်က္မ်ိဳး ေနာက္တစ္ႀကိမ္ထပ္မျဖစ္ရန္ ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။

ဂ်ပန္အစိုးရသည္ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ေဆာင္႐ြက္စရာရွိသည္မ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး မိုရီတာကီအိုက ဆိုသည္။

Related news

© 2021. All rights reserved.