ရုရှားကိုတုံ့ပြန်ရန်အတွက် နောက်ထပ်စစ်သားများကိုထပ်မံခေါ်ယူမည်မဟုတ်ကြောင်း ယူကရိန်းသမ္မတ အကြံပေး မီခေးလ်ပိုဒိုလီယက်ခ်ပြောဆို

 496

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၈

ယူကရိန်းသမ္မတဇီလန်စကီး၏ အကြံပေးပုဂ္ဂိုလ် မီခေးလ်ပိုဒိုလီယက်ခ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရုရှားက လက်ရှိဆောင်ရွက်နေသော လူထုဆန္ဒခံယူပွဲကို တုံ့ပြန်သည့်အနေဖြင့် နောက်ထပ် စစ်ရေးပြင်ခြင်းများကို ထုတ်ပြန်ကြေညာမည်မဟုတ်ကြောင်း စက်တင်ဘာ(၂၆)ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

မီခေးလ်ပိုဒိုလီယက်ခ် က “ကျွန်တော်တို့ဟာ နယ်မြေကာကွယ်ရေးစနစ်ကတစ်ဆင့် အခြားအရန်တပ်တွေကို စီစဉ်ထားပြီးသားပါ။ အဲဒီအရန်တပ်တွေကို အသုံးပြုသွားမှာပါ၊၊ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ နောက်ထပ် စစ်ရေးပြင်တာတွေကို ကြေညာတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အရာအားလုံးပြည့်စုံပြီးသားပါ။ ရုရှား တပ်ဖွဲ့ဝင်တွေကို တိုက်ထုတ်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ” ဟုပြောဆိုခဲ့သည်။

မီခေးလ်ပိုဒိုလီယက်ခ်က ယူကရိန်းသည် ရုရှားထက် စစ်သားများပိုမိုနည်းပါးနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။ ယူကရိန်းနှင့် ရုရှားတပ်ဖွဲ့များ ကျဆုံးမှုများနှင့်ပတ်သက်ပြီး အငြင်းပွားနေဆဲဖြစ်ကြောင်းသိရသည်။

သမ္မတဇီလန်စကီးက ၎င်း၏စစ်တပ်သည် တစ်ရက်လျှင် အနည်းဆုံးလူ(၅ဝ)ထက်မနည်း သေဆုံးကြောင်း ပြောကြားထားသလို ယူကရိန်းတွင်တိုက်ပွဲဝင်နေသည့် ရုရှားတပ်ဖွဲ့ဝင်များမှာ စစ်ပွဲမှာ ငါးပုံ ပုံတစ်ပုံခန့် ဆုံးရှုံး သွားခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။

သိုသော်လည်း ရုရှားကာကွယ်ရေးဝန်ကြီးက ယူကရိန်းနှင့် စစ်ပွဲစတင်ချိန်မှစ၍ ရုရှားတပ်ဖွဲ့ဝင်(၆ဝဝဝ) ဦး သေဆုံးခဲ့ပြီး ယူကရိန်းတပ်ဖွဲ့ဝင် (၆၁ဝဝဝ)နီးပါး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ ယူကရိန်း တပ်ဖွဲ့ဝင်များသည် ရုရှားတပ်ဖွဲ့ဝင် (၅၅ဝဝဝ)ခန့်ကို ရှင်းလင်းနိုင်ခဲ့သည်ဟု ယူကရိန်းဖက်က ပြောကြားခဲ့သည်။

စီအိုင်အေ၏ အဆိုအရ ဇူလိုင်လကုန်မှစ၍ ယူကရိန်းရှိ ရုရှား စစ်သားပေါင်း(၁၅ဝဝဝ)ခန့် ဆုံးရှုံးခဲ့ရကြောင်း ဆိုထား သလို ဗြိတိန်ထောက်လှမ်းရေးက ဇွန်လတွင် ယူကရိန်းရှိ ရုရှားစစ်သားပေါင်း(၂ဝဝဝဝ)ခန့် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖျက်ကာ အရပ်သားများကို လူသားဒိုင်းများအဖြစ် အသုံးပြုခဲ့ပြီး လူနေအဆောက်အအုံများ၊ ကျောင်းများနှင့် ဆေးရုံများ အတွင်းတွင် ၎င်း၏စစ်သားများ တပ်စွဲထားခြင်းတို့အတွက် ယူကရိန်းကို ပြစ်တင်ဝေဖန်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

မီခေးလ်ပိုဒိုလီယက်ခ်က ယူကရိန်းတွင် နောက်ထပ်လူအင်အား မလိုအပ်သေးသော်လည်း စစ်ပွဲတွင် အနိုင်ရရှိရန် တင့်ကားများ လိုအပ်မည်ဖြစ်ပြီး Leopard 2 ကဲ့သို့သော အနောက်တိုင်းပုံစံတင့်ကားများသာ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version;
႐ုရွားကိုတုံ႔ျပန္ရန္အတြက္ ေနာက္ထပ္စစ္သားမ်ားကိုထပ္မံေခၚယူမည္မဟုတ္ေၾကာင္း ယူကရိန္းသမၼတ အႀကံေပး မီေခးလ္ပိုဒိုလီယက္ခ္ေျပာဆို
ၿဖိဳးခန္႔ (NP News) - စက္တင္ဘာ ၂၈

ယူကရိန္းသမၼတဇီလန္စကီး၏ အႀကံေပးပုဂၢိဳလ္ မီေခးလ္ပိုဒိုလီယက္ခ္က ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္းတြင္ ႐ုရွားက လက္ရွိေဆာင္႐ြက္ေနေသာ လူထုဆႏၵခံယူပြဲကို တုံ႔ျပန္သည့္အေနျဖင့္ ေနာက္ထပ္ စစ္ေရးျပင္ျခင္းမ်ားကို ထုတ္ျပန္ေၾကညာမည္မဟုတ္ေၾကာင္း စက္တင္ဘာ(၂၆)ရက္ေန႔တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

မီေခးလ္ပိုဒိုလီယက္ခ္ က “ကြၽန္ေတာ္တို႔ဟာ နယ္ေျမကာကြယ္ေရးစနစ္ကတစ္ဆင့္ အျခားအရန္တပ္ေတြကို စီစဥ္ထားၿပီးသားပါ။ အဲဒီအရန္တပ္ေတြကို အသုံးျပဳသြားမွာပါ၊၊ ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ဟာ ေနာက္ထပ္ စစ္ေရးျပင္တာေတြကို ေၾကညာေတာ့မွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မွာ အရာအားလုံးျပည့္စုံၿပီးသားပါ။ ႐ုရွား တပ္ဖြဲ႕ဝင္ေတြကို တိုက္ထုတ္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနပါၿပီ” ဟုေျပာဆိုခဲ့သည္။

မီေခးလ္ပိုဒိုလီယက္ခ္က ယူကရိန္းသည္ ႐ုရွားထက္ စစ္သားမ်ားပိုမိုနည္းပါးေနေၾကာင္း ဝန္ခံေျပာဆိုခဲ့သည္။ ယူကရိန္းႏွင့္ ႐ုရွားတပ္ဖြဲ႕မ်ား က်ဆုံးမႈမ်ားႏွင့္ပတ္သက္ၿပီး အျငင္းပြားေနဆဲျဖစ္ေၾကာင္းသိရသည္။

သမၼတဇီလန္စကီးက ၎၏စစ္တပ္သည္ တစ္ရက္လွ်င္ အနည္းဆုံးလူ(၅ဝ)ထက္မနည္း ေသဆုံးေၾကာင္း ေျပာၾကားထားသလို ယူကရိန္းတြင္တိုက္ပြဲဝင္ေနသည့္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားမွာ စစ္ပြဲမွာ ငါးပုံ ပုံတစ္ပုံခန္႔ ဆုံးရႈံး သြားခဲ့ေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။

သိုေသာ္လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးက ယူကရိန္းႏွင့္ စစ္ပြဲစတင္ခ်ိန္မွစ၍ ႐ုရွားတပ္ဖြဲ႕ဝင္(၆ဝဝဝ) ဦး ေသဆုံးခဲ့ၿပီး ယူကရိန္းတပ္ဖြဲ႕ဝင္ (၆၁ဝဝဝ)နီးပါး ေသဆုံးခဲ့ေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။ ယူကရိန္း တပ္ဖြဲ႕ဝင္မ်ားသည္ ႐ုရွားတပ္ဖြဲ႕ဝင္ (၅၅ဝဝဝ)ခန္႔ကို ရွင္းလင္းႏိုင္ခဲ့သည္ဟု ယူကရိန္းဖက္က ေျပာၾကားခဲ့သည္။

စီအိုင္ေအ၏ အဆိုအရ ဇူလိုင္လကုန္မွစ၍ ယူကရိန္းရွိ ႐ုရွား စစ္သားေပါင္း(၁၅ဝဝဝ)ခန္႔ ဆုံးရႈံးခဲ့ရေၾကာင္း ဆိုထား သလို ၿဗိတိန္ေထာက္လွမ္းေရးက ဇြန္လတြင္ ယူကရိန္းရွိ ႐ုရွားစစ္သားေပါင္း(၂ဝဝဝဝ)ခန္႔ ေသဆုံးခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕က ႏိုင္ငံတကာလူသားခ်င္းစာနာေထာက္ထားမႈဥပေဒကို ခ်ိဳးဖ်က္ကာ အရပ္သားမ်ားကို လူသားဒိုင္းမ်ားအျဖစ္ အသုံးျပဳခဲ့ၿပီး လူေနအေဆာက္အအုံမ်ား၊ ေက်ာင္းမ်ားႏွင့္ ေဆး႐ုံမ်ား အတြင္းတြင္ ၎၏စစ္သားမ်ား တပ္စြဲထားျခင္းတို႔အတြက္ ယူကရိန္းကို ျပစ္တင္ေဝဖန္ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

မီေခးလ္ပိုဒိုလီယက္ခ္က ယူကရိန္းတြင္ ေနာက္ထပ္လူအင္အား မလိုအပ္ေသးေသာ္လည္း စစ္ပြဲတြင္ အႏိုင္ရရွိရန္ တင့္ကားမ်ား လိုအပ္မည္ျဖစ္ၿပီး Leopard 2 ကဲ့သို႔ေသာ အေနာက္တိုင္းပုံစံတင့္ကားမ်ားသာ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။

Picture

Ko Moe

28/09/2022 10:12

မြှောက်ပေး ရင် ကိုယ့်ဘောကို စုပ်မဲ့ ကောင် ရူးကြောင်ကြောင်ပေါ့။

Picture

Ko Moe

28/09/2022 10:31

အဖေ့သားကြီး ခွပ်စမ်းဟာဆိုရင် သေခါနီးအထိ ခွပ်မယ့်ကြက်မျိူး။ကြက်တိုက်သမားကတော့ ဖင်ပွတ်လိုက် ခေါင်းမှူတ်လိုက် ရေချလိုက်နဲ့ အလုပ်ဖြစ်နေတာ။ရုရှားပစ္စည်း မဝယ်အောင် သူ့ပစ္စည်းရောင်းရအောင် တနွယ်ငင် တစစင်ပါ တရုတ်ပစ္စည်းကိုပါ ပိတ်ပြစ်ဖို့ အကွက်ဆင်နေတာ ငါလိုကောင်တောင် သိနေရင် တရုတ် ရုရှား အိန္ဒိယ ပါကစ္စတန် တူရကီ ဘရာဇီး မသိပဲ နေပါ့မလား လူလည် ဘိုင်ဒန်နဲ့ အပေါင်းအပါ လူယုတ်မာတို့ရာ။မြန်မာမှာတော့ တရုတ်ကို ကာပြန်မဲ့ တရုတ်မုန်းတီးရေးသမား တွေကြောင့် တရုတ်ရဲ့ အငိုငြင်ခံရပြန်သေးတယ်။အဲတော့ အခု တဖက်နဲ့ တဖက် သံသယဖြစ်ကြရပြန်တော့၏။သံသယဖြစ်ရင် မငြိမ်းချမ်းဘူးလေ။

Related news

© 2021. All rights reserved.