သေနတ်ပစ်ခတ်မှုကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံများထဲ အမေရိကန်နိုင်ငံ ထိပ်ဆုံးမှာ ရပ်တည်နေ

 572

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲ သေနတ်ပစ်ခတ်မှုကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံများထဲ ထိပ်ဆုံးမှာရပ်တည်နေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ သေနတ်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိနေရာ သေနတ်ပစ်ခံရမှုများကြောင့် လူသေဆုံးမှုနှုန်းမြင့်တက်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂ဝ၂၁ ခုနှစ်အတွင်း သေနတ်ပစ်ခတ်ခံရမှုများကြောင့် သေဆုံးသူအရေအတွက် ၄၈၈၃၂ ဦးရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှာ ၂ဝ၂၂ ခုနှစ်ရက်ပေါင်း ၃ဝဝ နီးပါးအတွင်း လူအများအပြားသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုပေါင်း ၄၆၄ မှုဖြစ်ပွားခဲ့ကြောင်း Gun Violence Archive အဖွဲ့က ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ သေနတ်ပစ်ခတ်မှုတွေမြင့်တက်နေခြင်းဟာ အစိုးရက သေနတ်ကိုင်ဆောင်ခွင့်များကို ထိရောက်စွာထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက်ဖြစ်ကြောင်း ဝေဖန်မှုများလည်းမြင့်တက်နေပါတယ်။

သတင်းအရင်းမြစ်တစ်ခုက "အမေရိကန်နိုင်ငံအတွင်းမှာ အစိုးရဟာ သေနတ်ကိုင်ဆောင်ခွင့်ကို ထိရောက်စွာထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘူး။ ဒါကြောင့် သေနတ်ပစ်ခတ်ခံရမှုများကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့တယ်" လို့ပြောပါတယ်။

အမေရိကန်နိုင်ငံရှိ လူပေါင်း ၁ဝဝ မှာ အနည်းဆုံးသေနတ် အလက်ပေါင်း ၁၂ဝ ခန့် ပိုင်ဆိုင်မှုများရှိနေကြောင်း၊ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲ သေနတ်ပိုင်ဆိုင်မှုအများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှာရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ လူတစ်သိန်းမှာ ၁၂ ဦးဟာ သေနတ်ပစ်ခတ်ခံရမှုများကြောင့် သေဆုံးလျက်ရှိနေပြီး အမေရိကန်နိုင်ငံမှာ သေနတ်ပစ်ခတ်ခံရမှုများကြောင့် နှစ်စဉ်တစ်နှစ်ကို လူပေါင်း ၄ဝဝဝဝ ကျော် ပျှမ်းမျှသေဆုံးလျက်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ သေနတ်ပစ်ခတ်မှုများဟာ နေ့တိုင်းလိုလိုဖြစ်ပွားနေပြီး စက်တင်ဘာ ၂၉ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်ရှိစာသင်ကျောင်းမှာ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၆ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ ယခု ၂ဝ၂၂ ခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုပေါင်းအနည်းဆုံး အကြိမ် ၅ဝဝ ခန့်ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းတွေ၊ ရှော့ပင်းမောလ်နဲ့ လူအများသွားလာနေတဲ့နေရာတွေမှာလည်း ပစ်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ေသနတ္ပစ္ခတ္မႈေၾကာင့္ လူေသဆုံးမႈအမ်ားဆုံးႏိုင္ငံမ်ားထဲ အေမရိကန္ႏိုင္ငံ ထိပ္ဆုံးမွာ ရပ္တည္ေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉

အေမရိကန္ႏိုင္ငံဟာ ကမာၻ႔ႏိုင္ငံေတြထဲ ေသနတ္ပစ္ခတ္မႈေၾကာင့္ လူေသဆုံးမႈအမ်ားဆုံးႏိုင္ငံမ်ားထဲ ထိပ္ဆုံးမွာရပ္တည္ေနတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံအတြင္းမွာ ေသနတ္ပစ္ခတ္မႈမ်ား မၾကာခဏျဖစ္ပြားလ်က္ရွိေနရာ ေသနတ္ပစ္ခံရမႈမ်ားေၾကာင့္ လူေသဆုံးမႈႏႈန္းျမင့္တက္လာခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ၂ဝ၂၁ ခုႏွစ္အတြင္း ေသနတ္ပစ္ခတ္ခံရမႈမ်ားေၾကာင့္ ေသဆုံးသူအေရအတြက္ ၄၈၈၃၂ ဦးရွိခဲ့ေၾကာင္း၊ အေမရိကန္ႏိုင္ငံမွာ ၂ဝ၂၂ ခုႏွစ္ရက္ေပါင္း ၃ဝဝ နီးပါးအတြင္း လူအမ်ားအျပားေသဆုံးေစခဲ့တဲ့ ေသနတ္ပစ္ခတ္မႈေပါင္း ၄၆၄ မႈျဖစ္ပြားခဲ့ေၾကာင္း Gun Violence Archive အဖြဲ႕က ဆိုပါတယ္။

အေမရိကန္ႏိုင္ငံမွာ ေသနတ္ပစ္ခတ္မႈေတြျမင့္တက္ေနျခင္းဟာ အစိုးရက ေသနတ္ကိုင္ေဆာင္ခြင့္မ်ားကို ထိေရာက္စြာထိန္းခ်ဳပ္ႏိုင္ျခင္းမရွိတဲ့အတြက္ျဖစ္ေၾကာင္း ေဝဖန္မႈမ်ားလည္းျမင့္တက္ေနပါတယ္။

သတင္းအရင္းျမစ္တစ္ခုက "အေမရိကန္ႏိုင္ငံအတြင္းမွာ အစိုးရဟာ ေသနတ္ကိုင္ေဆာင္ခြင့္ကို ထိေရာက္စြာထိန္းခ်ဳပ္ႏိုင္ျခင္းမရွိခဲ့ဘူး။ ဒါေၾကာင့္ ေသနတ္ပစ္ခတ္ခံရမႈမ်ားေၾကာင့္ ေသဆုံးသူအေရအတြက္ ျမင့္တက္လာခဲ့တယ္" လို႔ေျပာပါတယ္။

အေမရိကန္ႏိုင္ငံရွိ လူေပါင္း ၁ဝဝ မွာ အနည္းဆုံးေသနတ္ အလက္ေပါင္း ၁၂ဝ ခန႔္ ပိုင္ဆိုင္မႈမ်ားရွိေနေၾကာင္း၊ အေမရိကန္ႏိုင္ငံဟာ ကမာၻ႔ႏိုင္ငံမ်ားထဲ ေသနတ္ပိုင္ဆိုင္မႈအမ်ားဆုံးႏိုင္ငံအျဖစ္ ထိပ္ဆုံးမွာရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံမွာ လူတစ္သိန္းမွာ ၁၂ ဦးဟာ ေသနတ္ပစ္ခတ္ခံရမႈမ်ားေၾကာင့္ ေသဆုံးလ်က္ရွိေနၿပီး အေမရိကန္ႏိုင္ငံမွာ ေသနတ္ပစ္ခတ္ခံရမႈမ်ားေၾကာင့္ ႏွစ္စဥ္တစ္ႏွစ္ကို လူေပါင္း ၄ဝဝဝဝ ေက်ာ္ ပွ်မ္းမွ်ေသဆုံးလ်က္ရွိေနတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံမွာ ေသနတ္ပစ္ခတ္မႈမ်ားဟာ ေန႔တိုင္းလိုလိုျဖစ္ပြားေနၿပီး စက္တင္ဘာ ၂၉ ရက္ေန႔က ကယ္လီဖိုးနီးယားျပည္နယ္ရွိစာသင္ေက်ာင္းမွာ ပစ္ခတ္မႈေၾကာင့္ အနည္းဆုံး ၆ ဦး ဒဏ္ရာရသြားခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံမွာ ယခု ၂ဝ၂၂ ခုႏွစ္အတြင္း ေသနတ္ပစ္ခတ္မႈေပါင္းအနည္းဆုံး အႀကိမ္ ၅ဝဝ ခန႔္ျဖစ္ပြားခဲ့ၿပီး စာသင္ေက်ာင္းေတြ၊ ေရွာ့ပင္းေမာလ္နဲ႔ လူအမ်ားသြားလာေနတဲ့ေနရာေတြမွာလည္း ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.