အမေရိကန်နဲ့ အိန္ဒိယတို့ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ပေမယ့် ရုရှားရဲ့စွမ်းအင်ဝယ်ယူရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲဆဲ

 533

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉

အမေရိကန် နဲ့ အိန္ဒိယအစိုးရတာဝန်ရှိသူများဟာ လုံခြုံရေးနဲ့ စီးပွားရေးမှာ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပေမယ့် ရုရှားရဲ့ရေနံဆီဈေးနှုန်းကိုကန့်သတ်ဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲလျက်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယပြည်ပရေးရာဝန်ကြီး Subrahmanyam Jaishankar နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ရုရှားရဲ့စွမ်းအင်ကိုကန့်သတ်မှုများလုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေတယ်လို့သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၂ နိုင်ငံရဲ့ မိတ်ဖက်ဆက်ဆံရေးဟာ “ကမ္ဘာပေါ်မှာ အရေးကြီးဆုံး ဆက်ဆံရေးတစ်ခုဖြစ်တယ်" လို့ ခေါ်ဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာအရေးကိစ္စတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ ဒါဟာ တရုတ်ကိုရင်ဆိုင်ဖို့အတွက် ရည်ရွယ်တာလည်းဖြစ်နိုင်တယ်" လို့ပြောပါတယ်။

ရုရှားရဲ့ရေနံဆီဈေးနှုန်းကိုကန့်သတ်ဖို့ အဆိုပြုထားတာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးနေခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့အပေါ်တုံ့ပြန်ရာမှာ အမေရိကန်၊ ဂျပန်နဲ့ တခြား G-7 အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပြီး လက်ရှိအချိန်မှာ ရုရှားရဲ့စွမ်းအင်စျေးနှုန်းကိုကန့်သတ်ဖို့ စီစဉ်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ အိန္ဒိယကို ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ခြင်းများမလုပ်ဖို့ ဖိအားပေးခဲ့ပေမယ့် အိန္ဒိယဟာ ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး ရုရှားထံကနေ စွမ်းအင်နဲ့ လောင်စာဆီများ တိုးမြှင့်ဝယ်ယူခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ရုရှားထံကနေ စွမ်းအင် နဲ့လောင်စာပစ္စည်းများ အများဆုံးဝယ်ယူနေတဲ့နိုင်ငံများဖြစ်နေပြီး အနောက်အုပ်စုနိုင်ငံများရဲ့ ပိတ်ဆို့မှုတွေက ထိရောက်မှုမရှိသလိုဖြစ်စေခဲ့ကြောင်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ အိႏၵိယတို႔ ပိုမိုနက္ရႈိင္းစြာ ပူးေပါင္းေဆာင္႐ြက္ဖို႔သေဘာတူခဲ့ေပမယ့္ ႐ုရွားရဲ႕စြမ္းအင္ဝယ္ယူေရးနဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲဆဲ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၉

အေမရိကန္ နဲ႔ အိႏၵိယအစိုးရတာဝန္ရွိသူမ်ားဟာ လုံၿခဳံေရးနဲ႔ စီးပြားေရးမွာ ပိုမိုနက္ရႈိင္းစြာ ပူးေပါင္းေဆာင္႐ြက္ဖို႔သေဘာတူခဲ့ၾကေပမယ့္ ႐ုရွားရဲ႕ေရနံဆီေဈးႏႈန္းကိုကန႔္သတ္ဖို႔ အစီအစဥ္နဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲလ်က္ရွိေနတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အိႏၵိယျပည္ပေရးရာဝန္ႀကီး Subrahmanyam Jaishankar နဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ႐ုရွားရဲ႕စြမ္းအင္ကိုကန႔္သတ္မႈမ်ားလုပ္ေဆာင္ဖို႔နဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲေနတယ္လို႔သိရပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ၂ ႏိုင္ငံရဲ႕ မိတ္ဖက္ဆက္ဆံေရးဟာ “ကမာၻေပၚမွာ အေရးႀကီးဆုံး ဆက္ဆံေရးတစ္ခုျဖစ္တယ္" လို႔ ေခၚဆိုလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက "လုံၿခဳံေရးနဲ႔ စီးပြားေရးဆိုင္ရာအေရးကိစၥေတြမွာ ပိုမိုပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူခဲ့ပါတယ္။ ဒါဟာ တ႐ုတ္ကိုရင္ဆိုင္ဖို႔အတြက္ ရည္႐ြယ္တာလည္းျဖစ္ႏိုင္တယ္" လို႔ေျပာပါတယ္။

႐ုရွားရဲ႕ေရနံဆီေဈးႏႈန္းကိုကန႔္သတ္ဖို႔ အဆိုျပဳထားတာနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးတို႔ ေဆြးေႏြးေနခဲ့တယ္လို႔ သိရပါတယ္။

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္ခဲ့တဲ့အေပၚတုံ႔ျပန္ရာမွာ အေမရိကန္၊ ဂ်ပန္နဲ႔ တျခား G-7 အဖြဲ႕ဝင္ႏိုင္ငံေတြဟာ ႐ုရွားအေပၚ စီးပြားေရးပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ႐ုရွားရဲ႕စြမ္းအင္ေစ်းႏႈန္းကိုကန႔္သတ္ဖို႔ စီစဥ္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ အိႏၵိယကို ႐ုရွားနဲ႔ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားမလုပ္ဖို႔ ဖိအားေပးခဲ့ေပမယ့္ အိႏၵိယဟာ ၾကားေနႏိုင္ငံအျဖစ္ရပ္တည္ခဲ့ၿပီး ႐ုရွားထံကေန စြမ္းအင္နဲ႔ ေလာင္စာဆီမ်ား တိုးျမႇင့္ဝယ္ယူခဲ့ပါတယ္။

ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ နဲ႔ အိႏၵိယႏိုင္ငံတို႔ဟာ ႐ုရွားထံကေန စြမ္းအင္ နဲ႔ေလာင္စာပစၥည္းမ်ား အမ်ားဆုံးဝယ္ယူေနတဲ့ႏိုင္ငံမ်ားျဖစ္ေနၿပီး အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕ ပိတ္ဆို႔မႈေတြက ထိေရာက္မႈမရွိသလိုျဖစ္ေစခဲ့ေၾကာင္း သုံးသပ္မႈမ်ားရွိေနခဲ့ပါတယ္။

Picture

Ko Moe

29/09/2022 17:25

ဘိုင်ဒန်ရာ မင်းဘာလုပ်မလဲ ဒီခောတ်ကြီးထဲမှာ မင်းက လိမ်စားလို့ ရအုံးမယ် ထင်နေတယ်နော်။ဇာလန်စကီးလို့ နိုင်ငံရေးနားမလည် ဟာသလောက်ပြောပြီး လူပြိန်းကြိုက်အဆင့်ပဲ မင်းတို့ခိုင်းတာလုပ်မှာပေါ့။ငါပြောမယ် မြန်မာပြည်အာဏာသိမ်းမှူ့အဓိကအချက်ထဲမှာ မင်းတို့ပါတယ်။တရုတ်က မြန့်မာ့ ဒိမိုကရေစီကို လက်ခံပြီး ဒေါင်းမေမေနဲ့ လက်တွဲပြလိုက်ချိန်မှာ ရိုဟင်ဂျာတို့ရဲ့ ဖန်ဆင်းရှင်အမေရိကန်ရော အိုအိုင်စီကပါ ဘီးလူးသံပရာသီးကိုက်ရသလို အီသွားတယ်။တပ်ကိုတင်မကဘူး ဒေါင်းမေမေပါ သတ်ဖို့ ကြံစည်ကြတော့တာ ဖြစ်ပါ၏။

Related news

© 2021. All rights reserved.