ဝန်ကြီးချုပ်သက်တမ်းအငြင်းပွားမှုများကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံး အပြီးသတ် ဆုံးဖြတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးဟောင်း ချန်အိုချာဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခွင့်ရ

 610

ဂျန်ဇက် (NP News) - စက်တင်ဘာ ၃ဝ

ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ချန်အိုချာကို ဝန်ကြီးချုပ် အဖြစ် ဆက်လက်တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ချန်အိုချာရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှု ၈ နှစ်သက်တမ်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုများရှိနေခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ စက်တင်ဘာ ၃ဝ ရက်နေ့မှာ အမှုကို အပြီးသတ်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ချန်အိုချာရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှု ၈ နှစ်သက်တမ်းအငြင်းပွားမှုများကိုဆုံးဖြတ်ပေးဖို့ လက်ခံခဲ့ပြီးနောက် သြဂုတ်လ ၂၄ ရက်နေ့မှာ ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ်ကနေ ယာယီဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။

ချန်အိုချာဟာ ဝန်ကြီးချုပ်အဖြစ်က ဆိုင်းငံ့ခဲ့ရပြီးနောက် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့အပြီးသတ် အမိန့်ချမှတ်မှုကို စောင့်ဆိုင်းနေခဲ့ရသူဖြ်ပါတယ်။

ချန်အိုချာဟာ ဝန်ကြီးချုပ်အဖြစ်က ယာယီဆိုင်းငံခံရမှုသီတင်းပတ် ၅ ပတ်အကြာမှာဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဖို့ ဆုံးဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရေးအတိုက်ခံအုပ်စုများက ချန်အိုချာရဲ့ ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူမှုကို အာဏာ သိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က စတင်သတ်မှတ်ခဲ့ရာ ချန်အိုချာရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှုအချိန်ဟာ ၈ နှစ်ပြည့်နေပြီဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပြီးနောက် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပါတယ်။

ချန်အိုချာကတော့ သူရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှုသက်တမ်းက ၈ နှစ်မပြည့်သေးဘူးလို့ တုံ့ပြန်ခဲ့ပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့အပြီးသတ်ဆုံးဖြတ်ချက်မှာ ချန်အိုချာ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ပရာယွတ်ချန်အိုချာရဲ့ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူတဲ့နှစ်ကို ၂ဝ၁၇ ခုနှစ်လို့ သတ်မှတ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဝန္ႀကီးခ်ဳပ္သက္တမ္းအျငင္းပြားမႈမ်ားကို ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံး႐ုံး အၿပီးသတ္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ခ်န္အိုခ်ာဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ယူခြင့္ရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၃ဝ

ထိုင္း ဖြဲ႕စည္းပုံအေျခခံဥပေဒတရား႐ုံးဟာ ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္း ခ်န္အိုခ်ာကို ဝန္ႀကီးခ်ဳပ္ အျဖစ္ ဆက္လက္တာဝန္ယူဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

ထိုင္းႏိုင္ငံမွာ ခ်န္အိုခ်ာရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူမႈ ၈ ႏွစ္သက္တမ္းနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိေနခဲ့ရာ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ စက္တင္ဘာ ၃ဝ ရက္ေန႔မွာ အမႈကို အၿပီးသတ္ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ ခ်န္အိုခ်ာရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူမႈ ၈ ႏွစ္သက္တမ္းအျငင္းပြားမႈမ်ားကိုဆုံးျဖတ္ေပးဖို႔ လက္ခံခဲ့ၿပီးေနာက္ ၾသဂုတ္လ ၂၄ ရက္ေန႔မွာ ခ်န္အိုခ်ာကို ဝန္ႀကီးခ်ဳပ္အျဖစ္ကေန ယာယီဆိုင္းငံ့ခဲ့တယ္လို႔ သိရပါတယ္။

ခ်န္အိုခ်ာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္က ဆိုင္းငံ့ခဲ့ရၿပီးေနာက္ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးရဲ႕အၿပီးသတ္ အမိန႔္ခ်မွတ္မႈကို ေစာင့္ဆိုင္းေနခဲ့ရသူျဖ္ပါတယ္။

ခ်န္အိုခ်ာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္က ယာယီဆိုင္းငံခံရမႈသီတင္းပတ္ ၅ ပတ္အၾကာမွာဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ယူဖို႔ ဆုံးျဖတ္ခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။ ထိုင္းႏိုင္ငံေရးအတိုက္ခံအုပ္စုမ်ားက ခ်န္အိုခ်ာရဲ႕ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူမႈကို အာဏာ သိမ္းမႈျဖစ္ပြားခဲ့တဲ့ ၂ဝ၁၄ ခုႏွစ္က စတင္သတ္မွတ္ခဲ့ရာ ခ်န္အိုခ်ာရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူမႈအခ်ိန္ဟာ ၈ ႏွစ္ျပည့္ေနၿပီျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ၿပီးေနာက္ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးမွာ တရားစြဲဆိုတင္ပို႔ခဲ့တာျဖစ္ပါတယ္။

ခ်န္အိုခ်ာကေတာ့ သူရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူမႈသက္တမ္းက ၈ ႏွစ္မျပည့္ေသးဘူးလို႔ တုံ႔ျပန္ခဲ့ၿပီး ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးရဲ႕အၿပီးသတ္ဆုံးျဖတ္ခ်က္မွာ ခ်န္အိုခ်ာ အႏိုင္ရသြားခဲ့တာျဖစ္ပါတယ္။

ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ ပရာယြတ္ခ်န္အိုခ်ာရဲ႕ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ယူတဲ့ႏွစ္ကို ၂ဝ၁၇ ခုႏွစ္လို႔ သတ္မွတ္ဆုံးျဖတ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.