အီရန်-ပါကစ္စတန် ဆက်ဆံရေး အချိုးအကွေ့၊ အတက်အကျများ (ဘာသာပြန်ဆောင်းပါး)

985

သန်းထိုက်စိုး (NP News) - မေ ၁၇
အီရန်-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၄၇ ခုနှစ် ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာချိန်က တည်းက စတင်ခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံသည် ပါကစ္စတန်နိုင်ငံကို လွတ်လပ်သည့်နိုင်ငံအဖြစ် ပထမဆုံး အသိအ မှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သည်။ ပါကစ္စတန် အစိုးရကလည်း အီရန်အစ္စလာမ္မစ်နိုင်ငံအဖြစ် ပထမဆုံးအသိအမှတ်ပြုခဲ့သည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ အီရန်နှင့်ပါကစ္စတန်နိုင်ငံတို့သည် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC)အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး ၎င်းတို့၏ ဘုံဘာသာရေး အမှတ်သရုပ်မှာလည်း တူညီကြသည်။ ယခုနှစ်တွင် အီရန်-ပါကစ္စတန်ဆက်ဆံရေး ကာလမှာ ခပ်ကြမ်းကြမ်းဆွဲဖွင့်ခြင်းဖြင့် စတင်ခဲ့သည်။ အရှေ့အလယ်ပိုင်းအကြောင်း လေ့လာရာတွင် အီရန်-ဆော်ဒီ အားပြိုင်မှု၊ အီရန်-အစ္စရေးအားပြိုင်မှု၊ ဟားမတ်စ်-အစ္စရေးပဋိပက္ခတို့သည် အာရုံစိုက်လေ့လာ စရာ အကြောင်းအရာများ ဖြစ်သည်။ အီရန်-အစ္စရေးပဋိပက္ခတင်းမာနေသည့် အချိန်မှာပင် အီရန်သမ္မတ Ebrahim Raisi သည် အိမ်နီးချင်း ပါက္စတန်နိုင်ငံသို့ တရားဝင်သွားရောက် လည်ပတ်ခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်မှု၊ စွမ်းအင်နှင့် စိုက်ပျိုး ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေး ဆွေးနွေးရန်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ နှစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ တို့ကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီရန်အစိုးရသည် နှစ်ပေါင်းများစွာ ကတည်းကပင် Jaish al-Adl ကဲ့သို့သော ဆူနီ စစ်သွေးကြွ အဖွဲ့ကို ကြီးမားသည့်ခြိမ်းခြောက်မှု အဖြစ်ရှုမြင်ထားသည်။ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်များကလည်း အဆိုပါအဖွဲ့ကို ထောက်ပံ့ပေးလေ့ရှိသည်။ သို့သော် ဆော်ဒီ-အီရန် ဆက်ဆံရေး တင်းမာမှု လျော့နည်းလာသည့် အချိန်တွင် ထောက်ပံ့ပေးမှုရပ်တန့်သွားခဲ့သည်။ အလားတူ ပါကစ္စတန်နိုင်ငံကလည်း အီရန်နိုင်ငံ အတွင်းရှိ Balochistan Liberation Front (BLF) နှင့် Balochistan Liberation Army(BLA) အဖွဲ့တို့သည် အီရန်နိုင်ငံ Sistan ပြည်နယ်နှင့် Baluchistan ပြည်နယ်တို့မှနေ၍ ပါကစ္စတန်နိုင်ငံကိုတိုက်ခိုက်နေသည့် အန္တရာယ်ကြီးသော ခွဲထွက်ရေးအဖွဲ့များအဖြစ် ရှုမြင်ထားသည်။
အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ၉၀ဝ ကီလိုမီတာအထိ နယ်မြေထိစပ်နေကြသည်။ နှစ်နိုင်ငံ ရှိ စစ်သွေးကြွများသည် မှောင်ခိုကူးခြင်းနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းတို့ ပြုလုပ်နေကြသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံလည်း စစ်သွေးကြွများ တစ်ဖက်နိုင်ငံသို့ မဝင်ရောက်နိုင်စေရန်နှင့် နယ်စပ် ဖြတ်ကျော်တိုက်ခိုက်နေခြင်းကို တားဆီးခြင်းမရှိကြောင်း အပြန်အလှန် စွပ်စွဲတတ်ကြသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက အီရန်လုံခြုံရေးတပ်ဖွဲ့များသည် ပါကစ္စတန်အနောက်တောင်ပိုင်း နယ်စပ်ရှိ ဘယ်လူချီစတန် ပြည်နယ်တွင် ခိုအောင်းနေသည်ဆိုသည့် အီရန်ဆန့်ကျင်ရေး စစ်သွေးကြွများရှိသည့် နေရာကို မစ်ဆိုင်းဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အီရန်တို့၏ အဆိုပါတိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး အီရန်နိုင်ငံရှိ ပါကစ္စ တန် ဆန့်ကျင်ရေး စစ်သွေးကြွများရှိသည့်နေရာကိုလက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးခေါင်းစဉ်ဖြင့် မွတ်စလင်နှစ်နိုင်ငံကြား မျှော်လင့်မထား သည့် အပြန်အလှန်တိုက်ခိုက်မှုသည် ဒေသတွင်းမတည်ငြိမ်မှု ဖြစ်လာလေမည်လားဟု စိုးရိမ်ခဲ့ကြသည်။ သို့သော် နှစ်နိုင်ငံတို့သည် ဆက်ဆံရေးတင်းမာမှုကို လျှော့ချရန် သံတမန်ရေးနည်းလမ်းဖြင့် အရေး တကြီး ကြိုးပမ်းအားထုတ်ခဲ့ပြီး တစ်နိုင်ငံချင်းစီ၏ အချုပ်အခြာနှင့် နယ်မြေပိုင်ဆိုင်မှုကိုလေးစားရန်၊ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်လည်း ကတိပြုခဲ့ကြသည်။ အီရန်သမ္မတ Ebrahim Raisi ၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား ယိုယွင်းသွားခဲ့သည့် ဆက်ဆံရေး ကို ပြန်လည်တည့်မတ်နိုင်ရေး အပြန်အလှန် ကြိုးပမ်းအားထုတ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်တို့ အာဏာရလာသည့်အချိန်တွင် ပါကစ္စတန် နိုင်ငံသည် တာလီဘန်အစိုးရအား အသိအမှတ်ပြုသည့် နိုင်ငံသုံး နိုင်ငံထဲတွင် တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ အခြားတစ် ဖက်တွင်လည်း အီရန်နိုင်ငံသည် နိုင်ငံအတွင်းရှိ Northern Alliance အဖွဲ့ကို ထောက်ပံ့ပေးခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံအတွင်း အီရန်နိုင်ငံ၏ မဟာဗျူဟာမြောက်အကျိုးစီးပွားမှာ ရံဖန်ရံခါတွင် အိန္ဒိယ နိုင်ငံနှင့် ယှဉ်တွဲနေခဲ့သည်။ ယင်းသို့ ဖြစ်ခြင်းသည် ပါကစ္စတန်နိုင်ငံ၏ မယုံကြည်မှုကို မြင့်တက်စေ ခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် အမေရိကန်နိုင်ငံသည် အာဖဂန် နစ္စတန် တွင် အရေးပါသည့် ပလေယာတစ်ခုဖြစ်လာခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း အီရန်-ပါကစ္စတန် ဆက်ဆံရေး တင်းမာမှုကို လောင်စာထိုးပေး သကဲ့သို့ ဖြစ်စေခဲ့သည်။ ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ နှင့်လည်း ကောင်း၊ အာဖဂန်နစ္စတန်နိုင်ငံ နှင့်လည်းကောင်း နယ်စပ်ပြဿနာများရှိသည်။ ပါကစ္စတန်နိုင်ငံ အတွက် အီရန်နိုင်ငံနှင့် ပုံမှန်ဆက်ဆံ ရေးတစ်ရပ် ရှိရန်မှာ အထူးအရေးကြီးသည်။
အီရန်နှင့်ပါကစ္စတန် နှစ်နိုင်ငံကြားတွင် သဘောတူထားသည့်ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက် ရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့်ဥပဒေဆိုင်ရာကိစ္စရပ်များလည်း ရှိနေပုံရသည်။ အီရန်နိုင်ငံ ဘက် ၎င်း၏နယ်စပ်ဘက်တွင် ပိုက်လိုင်းအရှည် ၁၁၀ဝ ကီလိုမီတာ ဆောက်လုပ်ပြီးစီးပြီဖြစ်သော်လည်း ပါကစ္စတန်နိုင်ငံဘက်တွင်မူ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်ခြင်းပင်မရှိသေးဟုဆိုသည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း ပါကစ္စတန်နိုင်ငံအနေဖြင့် အီရန် ဓာတ်ငွေ့များ တင်သွင်းခြင်းကြောင့် အမေရိကန် တို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ကျရောက်လာမည်ကိုလည်း စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။ အီရန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် ၎င်း၏ နျူကလီးယားအစီအစဉ်ကြောင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ကြုံတွေ့နေရသည်။ အီရန်နိုင်ငံအနေဖြင့် ပါကစ္စတန် နိုင်ငံကို နှစ်နိုင်ငံချုပ်ဆိုထားသည့်စာချုပ်ကို လိုက်နာမှုမရှိခြင်းကြောင့် နိုင်ငံတကာဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းနှင့် စာချုပ် ဖောက်ဖျက်ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁၈ ဘီလျံ ဒဏ်ငွေချမှတ်နိုင်ကြောင်း အီရန်အရာရှိများက ထပ်ဖန်တလဲလဲ ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံကလည်း ပါကစ္စတန်နိုင်ငံ ကို မကြာသေးမီကပင် ဒဏ်ခတ်ပိတ်ဆို့မှု ကင်းလွတ်သည့် စီမံကိန်းများကိုသာ လုပ်ဆောင်ရန် ထပ်မံ၍သတိပေးထားသည်။ အီရန်နိုင်ငံကလည်း မကြာသေးမီကပင် အစ္စရေးနိုင်ငံကို မောင်းသူမဲ့ယာဉ်နှင့် မစ်ဆိုင်းဒုံးကျည်ပေါင်း ၃၀ဝ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်နိုင်ငံအတွက် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် ပို၍ပင်ခက်ခဲစေခဲ့သည် ဟု Washington’s Wilson Center ရှိ South Asia Institute ၏ ညွှန်ကြားရေးမှူး Michael Kugelman က သုံးသပ် သည်။ အီရန် သမ္မတ Ebrahim Raisi ၏ ခရီးစဉ်မှာ လက်ရှိ အရှေ့အလယ်ပိုင်း အကျပ်အတည်းများ မဖြစ်မီကပင် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး အီရန်အပါအဝင် ဒေသအတွင်း အကြပ်အတည်းကာလနှင့် တိုက်ဆိုင်သွားခဲ့ခြင်းသာ ဖြစ်သည်ဟုလည်း အရှေ့အလယ်ပိုင်းရေးရာကျွမ်းကျင်သူ ပါကစ္စတန်ပညာရှင် တစ်ဦးဖြစ်သည့် Ahmed Quraishi က သုံးသပ်သည်။
ပါကစ္စတန်နိုင်ငံအတွင်း အီရန်တို့၏ လေကြောင်းတိုက်ခိုက်မှုအပေါ် အံ့အားသင့်နေကြသည်။ စစ်သွေးကြွများကို ရည်ရွယ်တိုက်ခိုက်ခြင်း ဖြစ်သော်လည်း နှစ်နိုင်ငံကြားတွင် အဆင့်မြင့်အရာရှိများ အစည်းအဝေးကျင်းပခြင်းနှင့် ပူးတွဲရေတပ်လေ့ကျင့်ခန်းများပြုလုပ်နေချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။ ထိုကဲ့သို့ အီရန်နိုင်ငံ၏ မိုက်ရူးရဲဆန်ဆန် တိုက်ခိုက်မှုသည် အီရန်-ပါကစ္စတန်ဆက်ဆံရေးကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့ကြောင်း အီရန်အစိုးရကို တိုက်ခိုက်နေသည့် စစ်သွေးကြွများအား နှိမ်နှင်းရာတွင် ပါကစ္စတန်အစိုးရ၏ အကူအညီလိုအပ်ကြောင်း Iran Project at the International Crisis Group ၏ ညွှန်ကြားရေးမှူး Dr Ali Vaez က သုံးသပ်သည်။
အီရန်အစိုးရ၏တိုက်ခိုက်မှုသည် Jaish al-Adl စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ခြင်းဆိုသော်လည်း အီရန်နိုင်ငံအပေါ် ပါကစ္စတန်နိုင်ငံ၏ အမြင်မှာကောင်းလှသည် မဟုတ်ပါ။ ယခင်ကမူ ပါကစ္စတန်ပြည်သူ များကြားတွင် အီရန်တို့၏ ဂုဏ်သိက္ခာမှာ တောက်ပြောင်သည်။ အီရန်နိုင်ငံကို အမေရိကန်ဆန့်ကျင်ရေး အင်အားစု မီးပြတိုက် တစ်ခုအဖြစ်လည်း ရှုမြင်ထားသည်။ သို့သော် အီရန် တို့၏ လေကြောင်း တိုက်ခိုက် မှုသည် အီရန်တို့၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေခဲ့သည်။ ပါကစ္စတန် ပြည်သူများကလည်း အီရန်နိုင်ငံကို အခွင့်ရလျှင် တိုက်ခိုက်တတ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ယူကြသည်ဟု Centre for Security, Strategy and Policy Research at the University of Lahore မှ ညွှန်ကြားရေးမှူး Dr Rabia Akhtar က ယူဆသည်။ ပါကစ္စတန်ပြည်သူများကြားတွင် အီရန်တို့သည် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာကို ချိုးဖောက်ခဲ့သည်ဟု ယုံကြည်သွားပြီး အီရန်တို့၏ ဂုဏ်သတင်းကောင်းကိုလည်းထိခိုက်စေခဲ့သည်။ ထို့ပြင် ပါကစ္စတန်တို့၏ အလျင်အမြန်တုံ့ပြန်တိုက်ခိုက်မှုကလည်း အီရန်တို့၏ ခုခံနိုင်စွမ်းအားနှင့် အားနည်းချက်ကို လှစ်ဟပြလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။
နှစ်ဖက်တိုက်ခိုက်မှုအပြီးတွင် ၎င်းတို့၏ သံတမန်များကို ပြန်လည်ခေါ်ယူခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ပြန်လည်စေလွှတ်ခဲ့ကြသည်။ ပါကစ္စတန်နိုင်ငံက အီရန်နိုင်ငံ၏ တိုက်ခိုက်မှုကို လက်စားချေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများကြား သံတမန်ရေးထိတွေ့မှု ပြုလုပ်ပြီး စစ်ရေးအရထပ်မံတိုက်ခိုက်မှုမျိုးကို ဆန့်ကျင်ကြောင်းနှင့် စေ့စပ်ဆွေးနွေးမှုကိုသာ လိုလား ကြောင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ မည်သည့်ဘက်ကမှ တင်းမာမှုအရှိန် မြင့်လာခြင်းကို မလိုလားကြသည့် အတွက် ချောက်ကမ်းပါးအတွင်း ကျရောက်မည့်အရေးမှ နောက်ပြန်ဆုတ်နိုင်ခဲ့သည် ဟုလည်း လေ့လာသူများကဆိုသည်။ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်ဆိုသော်လည်း တစ်ဖက်စီရှိ တရားဝင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တပ်မတော်များကို တိုက်ခိုက်ခဲ့ကြခြင်းမဟုတ်ဘဲ စစ်သွေးကြွများကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အခြားအချက်တစ်ချက်မှာ နှစ်နိုင်ငံ စီးပွားရေးပြဿနာနှင့် အခြားပြည်တွင်းရေး အကျပ်အတည်းဖြစ်သည်။ နှစ်နိုင်ငံ စစ်ဖြစ်နေခြင်း သည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ ကပ်ဘေးဆိုက်မှု ဖြစ်လာမည်ဖြစ်ကြောင်း အီရန်နှင့် ပါကစ္စတန်အရာရှိများက ကောင်းစွာနားလည်ထားကြသည်။ ထို့ပြင် Shanghai Cooperation Organization (SCO) ခေါင်းဆောင်များဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကလည်း အီရန်နှင့် ပါကစ္စတန်တို့၏ဆက်ဆံရေး ပိုမိုတင်းမာမှု ဖြစ်မလာစေရန် ဇက်သတ်ခဲ့ကြသည်။ တရုတ်နှင့် ရုရှား တို့သည် အီရန်နှင့်ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုဖြစ်မလာစေရန် တားမြစ်ခြင်းဖြင့် အကျိုးအမြတ် ရရှိကြသည်။ အီရန်နှင့် ပါကစ္စတန် နှစ်နိုင်ငံတို့သည်လည်း SCO အဖွဲ့ဝင်များ ဖြစ်ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် အပြန်အလှန်ဆက်ဆံရေး အားကောင်းစေရန် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ အီရန်သမ္မတ Ebrahim Raisi url ဂါဇာတွင် လူမျိုးတုံး သတ်ဖြတ်မှု ပုံစံမျိုးဖြစ်နေခြင်းအတွက် အစ္စရေးနိုင်ငံကို ပြစ်တင် ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif ကလည်း ဂါဇာတွင် ရန်လိုမှုများ အဆုံးသတ်ရေး OIC အပါအဝင် နိုင်ငံတကာ ပလက်ဖောင်းအသီးသီးတွင် အတူလက်တွဲလုပ်ကိုင်ကြရန် မွတ်စလင်နိုင်ငံများကို တိုက်တွန်း သွားခဲ့သည်။ သို့သော် အီရန် သဘာဝဓာတ်ငွေ့များ ပါကစ္စတန်နိုင်ငံသို့ တင်ပို့နိုင်ရေး အချိန်ကာလကြာမြင့်စွာ နှောင့်နှေးကြန့်ကြာနေ့သည့် ပိုက်လိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။
အနောက်အာရှနိုင်ငံများကို ၎င်းတို့၏ အငြင်းပွားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ညှိနှိုင်း ဖြေရှင်းပေးနိုင်စွမ်းမှာ နိုင်ငံတကာစင်မြင့်တွင် တရုတ်နိုင်ငံ၏ပုံရိပ် မြင့်တက်လာရန်အတွက် အရေး ကြီးသည်။ နိုင်ငံတကာကလည်း တရုတ်နိုင်ငံ၏ ညှိနှိုင်းဖြေရှင်းပေးနိုင်စွမ်းအပေါ် အာရုံစိုက်နေ ကြသည်။ အီရန်နှင့်ပါကစ္စတန်တို့သည် နှစ်နိုင်ငံ တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အခက်အခဲတချို့ရှိ နိုင်ရာ တရုတ်နိုင်ငံ၏ ကြားဝင်ပေးနိုင်စွမ်းအပေါ် ကမ္ဘာအာရုံစိုက်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် နှစ်နိုင်ငံလုံးသည် နီးစပ်သည့်ဆက်ဆံရေးရှိသည့် နိုင်ငံဖြစ်ရာ ကြားဝင်စေ့စပ်ပေးရန်အတွက် အကောင်း ဆုံးနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။

zawgyi version
အီရန္-ပါကစၥတန္ ဆက္ဆံေရး အခ်ိဳးအေကြ႕၊ အတက္အက်မ်ား (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ေမ ၁၇
အီရန္-ပါကစၥတန္ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ၁၉၄၇ ခုႏွစ္ ပါကစၥတန္ႏိုင္ငံ ေပၚေပါက္လာခ်ိန္က တည္းက စတင္ခဲ့ျခင္းျဖစ္သည္။ အီရန္ႏိုင္ငံသည္ ပါကစၥတန္ႏိုင္ငံကို လြတ္လပ္သည့္ႏိုင္ငံအျဖစ္ ပထမဆုံး အသိအ မွတ္ျပဳခဲ့သည့္ ႏိုင္ငံျဖစ္သည္။ ပါကစၥတန္ အစိုးရကလည္း အီရန္အစၥလာမၼစ္ႏိုင္ငံအျဖစ္ ပထမဆုံးအသိအမွတ္ျပဳခဲ့သည့္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္သည္။ အီရန္ႏွင့္ပါကစၥတန္ႏိုင္ငံတို႔သည္ အစၥလာမ္ပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕ (OIC)အဖြဲ႕ဝင္ႏိုင္ငံမ်ား ျဖစ္ၾကၿပီး ၎တို႔၏ ဘုံဘာသာေရး အမွတ္သ႐ုပ္မွာလည္း တူညီၾကသည္။ ယခုႏွစ္တြင္ အီရန္-ပါကစၥတန္ဆက္ဆံေရး ကာလမွာ ခပ္ၾကမ္းၾကမ္းဆြဲဖြင့္ျခင္းျဖင့္ စတင္ခဲ့သည္။ အေရွ႕အလယ္ပိုင္းအေၾကာင္း ေလ့လာရာတြင္ အီရန္-ေဆာ္ဒီ အားၿပိဳင္မႈ၊ အီရန္-အစၥေရးအားၿပိဳင္မႈ၊ ဟားမတ္စ္-အစၥေရးပဋိပကၡတို႔သည္ အာ႐ုံစိုက္ေလ့လာ စရာ အေၾကာင္းအရာမ်ား ျဖစ္သည္။ အီရန္-အစၥေရးပဋိပကၡတင္းမာေနသည့္ အခ်ိန္မွာပင္ အီရန္သမၼတ Ebrahim Raisi သည္ အိမ္နီးခ်င္း ပါကၥတန္ႏိုင္ငံသို႔ တရားဝင္သြားေရာက္ လည္ပတ္ခဲ့သည္။ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ကုန္သြယ္ေရး၊ ခ်ိတ္ဆက္ေဆာင္႐ြက္မႈ၊ စြမ္းအင္ႏွင့္ စိုက္ပ်ိဳး ေရးက႑တို႔တြင္ ပူးေပါင္းေဆာင္႐ြက္မႈခိုင္မာေစေရး ေဆြးေႏြးရန္ျဖစ္ေၾကာင္း ပါကစၥတန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။ ႏွစ္ႏိုင္ငံလုံး ႀကဳံေတြ႕ေနရသည့္ ၿခိမ္းေျခာက္မႈကို တိုက္ဖ်က္ရန္ ေဒသတြင္းႏွင့္ ကမာၻလုံးဆိုင္ရာ ျဖစ္ေပၚတိုးတက္မႈ၊ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္အေျခအေန တို႔ကိုလည္း ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အီရန္အစိုးရသည္ ႏွစ္ေပါင္းမ်ားစြာ ကတည္းကပင္ Jaish al-Adl ကဲ့သို႔ေသာ ဆူနီ စစ္ေသြးႂကြ အဖြဲ႕ကို ႀကီးမားသည့္ၿခိမ္းေျခာက္မႈ အျဖစ္ရႈျမင္ထားသည္။ ပင္လယ္ေကြ႕ ပူးေပါင္းေဆာင္႐ြက္ေရး ေကာင္စီ (GCC) အဖြဲ႕ဝင္မ်ားကလည္း အဆိုပါအဖြဲ႕ကို ေထာက္ပံ့ေပးေလ့ရွိသည္။ သို႔ေသာ္ ေဆာ္ဒီ-အီရန္ ဆက္ဆံေရး တင္းမာမႈ ေလ်ာ့နည္းလာသည့္ အခ်ိန္တြင္ ေထာက္ပံ့ေပးမႈရပ္တန႔္သြားခဲ့သည္။ အလားတူ ပါကစၥတန္ႏိုင္ငံကလည္း အီရန္ႏိုင္ငံ အတြင္းရွိ Balochistan Liberation Front (BLF) ႏွင့္ Balochistan Liberation Army(BLA) အဖြဲ႕တို႔သည္ အီရန္ႏိုင္ငံ Sistan ျပည္နယ္ႏွင့္ Baluchistan ျပည္နယ္တို႔မွေန၍ ပါကစၥတန္ႏိုင္ငံကိုတိုက္ခိုက္ေနသည့္ အႏၲရာယ္ႀကီးေသာ ခြဲထြက္ေရးအဖြဲ႕မ်ားအျဖစ္ ရႈျမင္ထားသည္။
အီရန္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ ၉၀ဝ ကီလိုမီတာအထိ နယ္ေျမထိစပ္ေနၾကသည္။ ႏွစ္ႏိုင္ငံ ရွိ စစ္ေသြးႂကြမ်ားသည္ ေမွာင္ခိုကူးျခင္းႏွင့္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ျခင္းတို႔ ျပဳလုပ္ေနၾကသည္။ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံလည္း စစ္ေသြးႂကြမ်ား တစ္ဖက္ႏိုင္ငံသို႔ မဝင္ေရာက္ႏိုင္ေစရန္ႏွင့္ နယ္စပ္ ျဖတ္ေက်ာ္တိုက္ခိုက္ေနျခင္းကို တားဆီးျခင္းမရွိေၾကာင္း အျပန္အလွန္ စြပ္စြဲတတ္ၾကသည္။ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလအတြင္းက အီရန္လုံၿခဳံေရးတပ္ဖြဲ႕မ်ားသည္ ပါကစၥတန္အေနာက္ေတာင္ပိုင္း နယ္စပ္ရွိ ဘယ္လူခ်ီစတန္ ျပည္နယ္တြင္ ခိုေအာင္းေနသည္ဆိုသည့္ အီရန္ဆန႔္က်င္ေရး စစ္ေသြးႂကြမ်ားရွိသည့္ ေနရာကို မစ္ဆိုင္းဒုံးက်ည္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ အီရန္တို႔၏ အဆိုပါတိုက္ခိုက္မႈသည္ ပါကစၥတန္ႏိုင္ငံ၏ အခ်ဳပ္အျခာကို ခ်ိဳးေဖာက္ျခင္း ျဖစ္ေၾကာင္း ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အီရန္ႏိုင္ငံရွိ ပါကစၥ တန္ ဆန႔္က်င္ေရး စစ္ေသြးႂကြမ်ားရွိသည့္ေနရာကိုလက္စားေခ် တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။
အၾကမ္းဖက္မႈ တန္ျပန္တိုက္ခိုက္ေရးေခါင္းစဥ္ျဖင့္ မြတ္စလင္ႏွစ္ႏိုင္ငံၾကား ေမွ်ာ္လင့္မထား သည့္ အျပန္အလွန္တိုက္ခိုက္မႈသည္ ေဒသတြင္းမတည္ၿငိမ္မႈ ျဖစ္လာေလမည္လားဟု စိုးရိမ္ခဲ့ၾကသည္။ သို႔ေသာ္ ႏွစ္ႏိုင္ငံတို႔သည္ ဆက္ဆံေရးတင္းမာမႈကို ေလွ်ာ့ခ်ရန္ သံတမန္ေရးနည္းလမ္းျဖင့္ အေရး တႀကီး ႀကိဳးပမ္းအားထုတ္ခဲ့ၿပီး တစ္ႏိုင္ငံခ်င္းစီ၏ အခ်ဳပ္အျခာႏွင့္ နယ္ေျမပိုင္ဆိုင္မႈကိုေလးစားရန္၊ အၾကမ္းဖက္မႈတန္ျပန္တိုက္ဖ်က္ေရး ပူးေပါင္းေဆာင္႐ြက္မႈကိုျမႇင့္တင္ရန္လည္း ကတိျပဳခဲ့ၾကသည္။ အီရန္သမၼတ Ebrahim Raisi ၏ ခရီးစဥ္သည္ ႏွစ္ႏိုင္ငံၾကား ယိုယြင္းသြားခဲ့သည့္ ဆက္ဆံေရး ကို ျပန္လည္တည့္မတ္ႏိုင္ေရး အျပန္အလွန္ ႀကိဳးပမ္းအားထုတ္မႈ၏ အစိတ္အပိုင္းတစ္ခု ျဖစ္ပုံရသည္။
အာဖဂန္နစၥတန္ႏိုင္ငံ၌ တာလီဘန္တို႔ အာဏာရလာသည့္အခ်ိန္တြင္ ပါကစၥတန္ ႏိုင္ငံသည္ တာလီဘန္အစိုးရအား အသိအမွတ္ျပဳသည့္ ႏိုင္ငံသုံး ႏိုင္ငံထဲတြင္ တစ္ႏိုင္ငံ ျဖစ္လာခဲ့သည္။ အျခားတစ္ ဖက္တြင္လည္း အီရန္ႏိုင္ငံသည္ ႏိုင္ငံအတြင္းရွိ Northern Alliance အဖြဲ႕ကို ေထာက္ပံ့ေပးခဲ့သည္။ အာဖဂန္နစၥတန္ ႏိုင္ငံအတြင္း အီရန္ႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္အက်ိဳးစီးပြားမွာ ရံဖန္ရံခါတြင္ အိႏၵိယ ႏိုင္ငံႏွင့္ ယွဥ္တြဲေနခဲ့သည္။ ယင္းသို႔ ျဖစ္ျခင္းသည္ ပါကစၥတန္ႏိုင္ငံ၏ မယုံၾကည္မႈကို ျမင့္တက္ေစ ခဲ့သည္။ ၂၀၁၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ေန႔ တိုက္ခိုက္မႈအၿပီးတြင္ အေမရိကန္ႏိုင္ငံသည္ အာဖဂန္ နစၥတန္ တြင္ အေရးပါသည့္ ပေလယာတစ္ခုျဖစ္လာခဲ့သည္။ ပါကစၥတန္ႏိုင္ငံ၏ အေမရိကန္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈသည္လည္း အီရန္-ပါကစၥတန္ ဆက္ဆံေရး တင္းမာမႈကို ေလာင္စာထိုးေပး သကဲ့သို႔ ျဖစ္ေစခဲ့သည္။ ပါကစၥတန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ ႏွင့္လည္း ေကာင္း၊ အာဖဂန္နစၥတန္ႏိုင္ငံ ႏွင့္လည္းေကာင္း နယ္စပ္ျပႆနာမ်ားရွိသည္။ ပါကစၥတန္ႏိုင္ငံ အတြက္ အီရန္ႏိုင္ငံႏွင့္ ပုံမွန္ဆက္ဆံ ေရးတစ္ရပ္ ရွိရန္မွာ အထူးအေရးႀကီးသည္။
အီရန္ႏွင့္ပါကစၥတန္ ႏွစ္ႏိုင္ငံၾကားတြင္ သေဘာတူထားသည့္ဓာတ္ေငြ႕ပိုက္လိုင္း တည္ေဆာက္ ေရးႏွင့္ပတ္သက္၍ ဘ႑ာေရးႏွင့္ဥပေဒဆိုင္ရာကိစၥရပ္မ်ားလည္း ရွိေနပုံရသည္။ အီရန္ႏိုင္ငံ ဘက္ ၎၏နယ္စပ္ဘက္တြင္ ပိုက္လိုင္းအရွည္ ၁၁၀ဝ ကီလိုမီတာ ေဆာက္လုပ္ၿပီးစီးၿပီျဖစ္ေသာ္လည္း ပါကစၥတန္ႏိုင္ငံဘက္တြင္မူ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား စတင္ႏိုင္ျခင္းပင္မရွိေသးဟုဆိုသည္။ ထိုသို႔ ျဖစ္ရျခင္းမွာလည္း ပါကစၥတန္ႏိုင္ငံအေနျဖင့္ အီရန္ ဓာတ္ေငြ႕မ်ား တင္သြင္းျခင္းေၾကာင့္ အေမရိကန္ တို႔၏ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား က်ေရာက္လာမည္ကိုလည္း စိုးရိမ္ေနျခင္းေၾကာင့္ျဖစ္သည္။ အီရန္ႏိုင္ငံ၏ စြမ္းအင္က႑သည္ ၎၏ န်ဴကလီးယားအစီအစဥ္ေၾကာင့္ အေမရိကန္ႏိုင္ငံ၏ ဒဏ္ခတ္ပိတ္ဆို႔မႈကို ႀကဳံေတြ႕ေနရသည္။ အီရန္ႏိုင္ငံအေနျဖင့္ ပါကစၥတန္ ႏိုင္ငံကို ႏွစ္ႏိုင္ငံခ်ဳပ္ဆိုထားသည့္စာခ်ဳပ္ကို လိုက္နာမႈမရွိျခင္းေၾကာင့္ ႏိုင္ငံတကာဥပေဒေၾကာင္းအရ တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္းႏွင့္ စာခ်ဳပ္ ေဖာက္ဖ်က္ျခင္းေၾကာင့္ အေမရိကန္ေဒၚလာ ၁၈ ဘီလ်ံ ဒဏ္ေငြခ်မွတ္ႏိုင္ေၾကာင္း အီရန္အရာရွိမ်ားက ထပ္ဖန္တလဲလဲ ေျပာဆိုခဲ့သည္။
အေမရိကန္ႏိုင္ငံကလည္း ပါကစၥတန္ႏိုင္ငံ ကို မၾကာေသးမီကပင္ ဒဏ္ခတ္ပိတ္ဆို႔မႈ ကင္းလြတ္သည့္ စီမံကိန္းမ်ားကိုသာ လုပ္ေဆာင္ရန္ ထပ္မံ၍သတိေပးထားသည္။ အီရန္ႏိုင္ငံကလည္း မၾကာေသးမီကပင္ အစၥေရးႏိုင္ငံကို ေမာင္းသူမဲ့ယာဥ္ႏွင့္ မစ္ဆိုင္းဒုံးက်ည္ေပါင္း ၃၀ဝ ေက်ာ္ျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ ပါကစၥတန္ႏိုင္ငံအတြက္ ဓာတ္ေငြ႕ပိုက္လိုင္း တည္ေဆာက္ရန္ ပို၍ပင္ခက္ခဲေစခဲ့သည္ ဟု Washington’s Wilson Center ရွိ South Asia Institute ၏ ၫႊန္ၾကားေရးမႉး Michael Kugelman က သုံးသပ္ သည္။ အီရန္ သမၼတ Ebrahim Raisi ၏ ခရီးစဥ္မွာ လက္ရွိ အေရွ႕အလယ္ပိုင္း အက်ပ္အတည္းမ်ား မျဖစ္မီကပင္ စီစဥ္ထားခဲ့ျခင္းျဖစ္ၿပီး အီရန္အပါအဝင္ ေဒသအတြင္း အၾကပ္အတည္းကာလႏွင့္ တိုက္ဆိုင္သြားခဲ့ျခင္းသာ ျဖစ္သည္ဟုလည္း အေရွ႕အလယ္ပိုင္းေရးရာကြၽမ္းက်င္သူ ပါကစၥတန္ပညာရွင္ တစ္ဦးျဖစ္သည့္ Ahmed Quraishi က သုံးသပ္သည္။
ပါကစၥတန္ႏိုင္ငံအတြင္း အီရန္တို႔၏ ေလေၾကာင္းတိုက္ခိုက္မႈအေပၚ အံ့အားသင့္ေနၾကသည္။ စစ္ေသြးႂကြမ်ားကို ရည္႐ြယ္တိုက္ခိုက္ျခင္း ျဖစ္ေသာ္လည္း ႏွစ္ႏိုင္ငံၾကားတြင္ အဆင့္ျမင့္အရာရွိမ်ား အစည္းအေဝးက်င္းပျခင္းႏွင့္ ပူးတြဲေရတပ္ေလ့က်င့္ခန္းမ်ားျပဳလုပ္ေနခ်ိန္တြင္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ သည္။ ထိုကဲ့သို႔ အီရန္ႏိုင္ငံ၏ မိုက္႐ူးရဲဆန္ဆန္ တိုက္ခိုက္မႈသည္ အီရန္-ပါကစၥတန္ဆက္ဆံေရးကို အတိုင္းအတာတစ္ခုအထိ ထိခိုက္ေစခဲ့ေၾကာင္း အီရန္အစိုးရကို တိုက္ခိုက္ေနသည့္ စစ္ေသြးႂကြမ်ားအား ႏွိမ္ႏွင္းရာတြင္ ပါကစၥတန္အစိုးရ၏ အကူအညီလိုအပ္ေၾကာင္း Iran Project at the International Crisis Group ၏ ၫႊန္ၾကားေရးမႉး Dr Ali Vaez က သုံးသပ္သည္။
အီရန္အစိုးရ၏တိုက္ခိုက္မႈသည္ Jaish al-Adl စစ္ေသြးႂကြအဖြဲ႕ကို တိုက္ခိုက္ျခင္းဆိုေသာ္လည္း အီရန္ႏိုင္ငံအေပၚ ပါကစၥတန္ႏိုင္ငံ၏ အျမင္မွာေကာင္းလွသည္ မဟုတ္ပါ။ ယခင္ကမူ ပါကစၥတန္ျပည္သူ မ်ားၾကားတြင္ အီရန္တို႔၏ ဂုဏ္သိကၡာမွာ ေတာက္ေျပာင္သည္။ အီရန္ႏိုင္ငံကို အေမရိကန္ဆန႔္က်င္ေရး အင္အားစု မီးျပတိုက္ တစ္ခုအျဖစ္လည္း ရႈျမင္ထားသည္။ သို႔ေသာ္ အီရန္ တို႔၏ ေလေၾကာင္း တိုက္ခိုက္ မႈသည္ အီရန္တို႔၏ ဂုဏ္သိကၡာကို မ်ားစြာထိခိုက္ေစခဲ့သည္။ ပါကစၥတန္ ျပည္သူမ်ားကလည္း အီရန္ႏိုင္ငံကို အခြင့္ရလွ်င္ တိုက္ခိုက္တတ္သည့္ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ မွတ္ယူၾကသည္ဟု Centre for Security, Strategy and Policy Research at the University of Lahore မွ ၫႊန္ၾကားေရးမႉး Dr Rabia Akhtar က ယူဆသည္။ ပါကစၥတန္ျပည္သူမ်ားၾကားတြင္ အီရန္တို႔သည္ ပါကစၥတန္ႏိုင္ငံ၏ အခ်ဳပ္အျခာကို ခ်ိဳးေဖာက္ခဲ့သည္ဟု ယုံၾကည္သြားၿပီး အီရန္တို႔၏ ဂုဏ္သတင္းေကာင္းကိုလည္းထိခိုက္ေစခဲ့သည္။ ထို႔ျပင္ ပါကစၥတန္တို႔၏ အလ်င္အျမန္တုံ႔ျပန္တိုက္ခိုက္မႈကလည္း အီရန္တို႔၏ ခုခံႏိုင္စြမ္းအားႏွင့္ အားနည္းခ်က္ကို လွစ္ဟျပလိုက္သကဲ့သို႔ ျဖစ္ေစခဲ့သည္။
ႏွစ္ဖက္တိုက္ခိုက္မႈအၿပီးတြင္ ၎တို႔၏ သံတမန္မ်ားကို ျပန္လည္ေခၚယူခဲ့ၾကသည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ ျပန္လည္ေစလႊတ္ခဲ့ၾကသည္။ ပါကစၥတန္ႏိုင္ငံက အီရန္ႏိုင္ငံ၏ တိုက္ခိုက္မႈကို လက္စားေခ် တိုက္ခိုက္မႈ ျပဳလုပ္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံ အဆင့္ျမင့္အရာရွိမ်ားၾကား သံတမန္ေရးထိေတြ႕မႈ ျပဳလုပ္ၿပီး စစ္ေရးအရထပ္မံတိုက္ခိုက္မႈမ်ိဳးကို ဆန႔္က်င္ေၾကာင္းႏွင့္ ေစ့စပ္ေဆြးေႏြးမႈကိုသာ လိုလား ေၾကာင္း အျမင္ခ်င္းဖလွယ္ခဲ့ၾကသည္။ မည္သည့္ဘက္ကမွ တင္းမာမႈအရွိန္ ျမင့္လာျခင္းကို မလိုလားၾကသည့္ အတြက္ ေခ်ာက္ကမ္းပါးအတြင္း က်ေရာက္မည့္အေရးမွ ေနာက္ျပန္ဆုတ္ႏိုင္ခဲ့သည္ ဟုလည္း ေလ့လာသူမ်ားကဆိုသည္။ ႏွစ္ဖက္အျပန္အလွန္ တိုက္ခိုက္ခဲ့ၾကသည္ဆိုေသာ္လည္း တစ္ဖက္စီရွိ တရားဝင္ လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ တပ္မေတာ္မ်ားကို တိုက္ခိုက္ခဲ့ၾကျခင္းမဟုတ္ဘဲ စစ္ေသြးႂကြမ်ားကိုသာ ပစ္မွတ္ထားၿပီး တိုက္ခိုက္ခဲ့ၾကျခင္းျဖစ္သည္။ အျခားအခ်က္တစ္ခ်က္မွာ ႏွစ္ႏိုင္ငံ စီးပြားေရးျပႆနာႏွင့္ အျခားျပည္တြင္းေရး အက်ပ္အတည္းျဖစ္သည္။ ႏွစ္ႏိုင္ငံ စစ္ျဖစ္ေနျခင္း သည္ ႏွစ္ႏိုင္ငံအတြက္သာမက ေဒသတြင္းအတြက္ပါ ကပ္ေဘးဆိုက္မႈ ျဖစ္လာမည္ျဖစ္ေၾကာင္း အီရန္ႏွင့္ ပါကစၥတန္အရာရွိမ်ားက ေကာင္းစြာနားလည္ထားၾကသည္။ ထို႔ျပင္ Shanghai Cooperation Organization (SCO) ေခါင္းေဆာင္မ်ားျဖစ္ၾကသည့္ တ႐ုတ္ႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔ကလည္း အီရန္ႏွင့္ ပါကစၥတန္တို႔၏ဆက္ဆံေရး ပိုမိုတင္းမာမႈ ျဖစ္မလာေစရန္ ဇက္သတ္ခဲ့ၾကသည္။ တ႐ုတ္ႏွင့္ ႐ုရွား တို႔သည္ အီရန္ႏွင့္ပါကစၥတန္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးတင္းမာမႈျဖစ္မလာေစရန္ တားျမစ္ျခင္းျဖင့္ အက်ိဳးအျမတ္ ရရွိၾကသည္။ အီရန္ႏွင့္ ပါကစၥတန္ ႏွစ္ႏိုင္ငံတို႔သည္လည္း SCO အဖြဲ႕ဝင္မ်ား ျဖစ္ၾကသည္။
ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားသည္ အျပန္အလွန္ဆက္ဆံေရး အားေကာင္းေစရန္ နားလည္မႈ စာခြၽန္လႊာမ်ားကို လက္မွတ္ေရးထိုးႏိုင္ခဲ့ၾကသည္။ အီရန္သမၼတ Ebrahim Raisi url ဂါဇာတြင္ လူမ်ိဳးတုံး သတ္ျဖတ္မႈ ပုံစံမ်ိဳးျဖစ္ေနျခင္းအတြက္ အစၥေရးႏိုင္ငံကို ျပစ္တင္ ရႈတ္ခ်ေၾကာင္း ေျပာဆိုခဲ့သည္။ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Shehbaz Sharif ကလည္း ဂါဇာတြင္ ရန္လိုမႈမ်ား အဆုံးသတ္ေရး OIC အပါအဝင္ ႏိုင္ငံတကာ ပလက္ေဖာင္းအသီးသီးတြင္ အတူလက္တြဲလုပ္ကိုင္ၾကရန္ မြတ္စလင္ႏိုင္ငံမ်ားကို တိုက္တြန္း သြားခဲ့သည္။ သို႔ေသာ္ အီရန္ သဘာဝဓာတ္ေငြ႕မ်ား ပါကစၥတန္ႏိုင္ငံသို႔ တင္ပို႔ႏိုင္ေရး အခ်ိန္ကာလၾကာျမင့္စြာ ေႏွာင့္ေႏွးၾကန႔္ၾကာေန႔သည့္ ပိုက္လိုင္းတည္ေဆာက္ေရးႏွင့္ပတ္သက္၍ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ Shehbaz Sharif က တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း မရွိခဲ့ပါ။
အေနာက္အာရွႏိုင္ငံမ်ားကို ၎တို႔၏ အျငင္းပြားမႈႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံ၏ ညႇိႏႈိင္း ေျဖရွင္းေပးႏိုင္စြမ္းမွာ ႏိုင္ငံတကာစင္ျမင့္တြင္ တ႐ုတ္ႏိုင္ငံ၏ပုံရိပ္ ျမင့္တက္လာရန္အတြက္ အေရး ႀကီးသည္။ ႏိုင္ငံတကာကလည္း တ႐ုတ္ႏိုင္ငံ၏ ညႇိႏႈိင္းေျဖရွင္းေပးႏိုင္စြမ္းအေပၚ အာ႐ုံစိုက္ေန ၾကသည္။ အီရန္ႏွင့္ပါကစၥတန္တို႔သည္ ႏွစ္ႏိုင္ငံ တိုက္႐ိုက္ထိေတြ႕ဆက္ဆံရန္ အခက္အခဲတခ်ိဳ႕ရွိ ႏိုင္ရာ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေပးႏိုင္စြမ္းအေပၚ ကမာၻအာ႐ုံစိုက္ေနျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ ႏွစ္ႏိုင္ငံလုံးသည္ နီးစပ္သည့္ဆက္ဆံေရးရွိသည့္ ႏိုင္ငံျဖစ္ရာ ၾကားဝင္ေစ့စပ္ေပးရန္အတြက္ အေကာင္း ဆုံးႏိုင္ငံ တစ္ႏိုင္ငံလည္း ျဖစ္သည္။