ရက်(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဒေါ်နယ်ထရမ့် တိုက်တွန်း

53

Pika (NP News) - ဇူလိုင် ၃
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေမှုနဲ့အတူ ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အစ္စရေးဘက်ကလည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အပြီးသတ်ဖို့ သဘောတူညီခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
လာမယ့်သီတင်းပတ်မှာ အမေရိကန်ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု လာရောက်လည်ပတ်မှု မလုပ်ဆောင်ခင် အမေရိကန်အရာရှိတွေဟာ ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီး အစ္စရေးအရာရှိတွေနဲ့ တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အပြီးသတ်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို အစ္စရေးက သဘောတူခဲ့ပါတယ်။ ဒီစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ကာတာနဲ့ အီဂျစ်နိုင်ငံတို့ရဲ့ကိုယ်စားလှယ်တွေဟာ ဒီနောက်ဆုံးအဆိုပြုချက်ကိုပေးပို့မှုတွေ လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ၎င်းက “အရှေ့အလယ်ပိုင်းဒေသရဲ့ ကောင်းကျိုး အတွက် ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဒီသဘောတူညီချက်ကို လက်ခံဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ရက္(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးကို လက္ခံဖို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ေဒၚနယ္ထရမ့္ တိုက္တြန္း
Pika (NP News) - ဇူလိုင္ ၃
အစၥေရးက ဂါဇာကမ္းေျမာင္ေဒသကို ထိုးစစ္ဆင္မႈေတြ အရွိန္ျမႇင့္လုပ္ေဆာင္ေနမႈနဲ႔အတူ ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးကို လက္ခံဖို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အစၥေရးဘက္ကလည္း အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အၿပီးသတ္ဖို႔ သေဘာတူညီခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
လာမယ့္သီတင္းပတ္မွာ အေမရိကန္ကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု လာေရာက္လည္ပတ္မႈ မလုပ္ေဆာင္ခင္ အေမရိကန္အရာရွိေတြဟာ ဂါဇာပဋိပကၡနဲ႔ပတ္သက္ၿပီး အစၥေရးအရာရွိေတြနဲ႔ ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အၿပီးသတ္ဖို႔ လိုအပ္တဲ့ အေျခအေနေတြကို အစၥေရးက သေဘာတူခဲ့ပါတယ္။ ဒီစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ပါဝင္ပတ္သက္သူေတြ အားလုံးနဲ႔ ကြၽန္ေတာ္တို႔ လက္တြဲလုပ္ေဆာင္သြားမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ကာတာနဲ႔ အီဂ်စ္ႏိုင္ငံတို႔ရဲ႕ကိုယ္စားလွယ္ေတြဟာ ဒီေနာက္ဆုံးအဆိုျပဳခ်က္ကိုေပးပို႔မႈေတြ လုပ္ေဆာင္ သြားမွာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ၎က “အေရွ႕အလယ္ပိုင္းေဒသရဲ႕ ေကာင္းက်ိဳး အတြက္ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ဒီသေဘာတူညီခ်က္ကို လက္ခံဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။