၁၉၈၈ ခုနှစ် နောက်ပိုင်း သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များမှ ပြန်လည်လျှောက်ထားနိုင်

628

Pearl (NP News) - ဇူလိုင် ၃
၁၉၈၈ ခုနှစ် နောက်ပိုင်း သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များမှ ပြန်လည်လျှောက်ထားနိုင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်း အဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းဆည်းခြင်းပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
ထို့ပြင် မြေသိမ်းဆည်းခြင်းအမှုတွဲများ စိစစ်ရာတွင် မှန်မှန် ကန်ကန်နှင့် အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားရန်နှင့် ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်(၅၂)ချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကာ အမှုတွဲများ အမြန်ဆုံးပြီးပြတ် ပိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကပြောသည်။
သိမ်းဆည်းခံ လယ်ယာမြေနှင့်အခြားမြေများ မူလပိုင်ရှင်များထံ အမြန်ဆုံးလက်ဝယ်ရောက်ရှိစေရေး လုပ်ငန်းစဉ်(၉)ရပ်နှင့်အညီ ဆောင်ရွက် ပေးမည် ဖြစ်ပြီး သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များမှ ပြန်လည်လျှောက်ထားရာတွင် (၁၈-၉- ၁၉၈၈)ရက် နေ့ နောက်ပိုင်း မြေသိမ်းဆည်းမှုများ ကိုသာ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပေးထားသည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီများအနေဖြင့် သိမ်းဆည်းခံမြေများ နှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်သွားရန်လည်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကပြောသည်။

Zawgyi Version:
၁၉၈၈ ခုႏွစ္ ေနာက္ပိုင္း သိမ္းဆည္းခံခဲ့ရသည့္ လယ္ယာေျမႏွင့္ အျခားေျမမ်ားကို မူလပိုင္ရွင္မ်ားမွ ျပန္လည္ေလွ်ာက္ထားႏိုင္
Pearl (NP News) - ဇူလိုင္ ၃
၁၉၈၈ ခုႏွစ္ ေနာက္ပိုင္း သိမ္းဆည္းခံခဲ့ရသည့္ လယ္ယာေျမႏွင့္ အျခားေျမမ်ားကို မူလပိုင္ရွင္မ်ားမွ ျပန္လည္ေလွ်ာက္ထားႏိုင္ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ အစည္းအေဝးခန္းမ၌ တိုင္းေဒသႀကီး လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ အစည္း အေဝးကို က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးကို လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းခံ ရမႈမ်ားေၾကာင့္ ျပည္သူမ်ားနစ္နာမႈမရွိေစေရးအတြက္ ေျမသိမ္းဆည္းျခင္းျပႆနာမ်ားကို လ်င္ျမန္စြာ ေျဖရွင္းေဆာင္႐ြက္ႏိုင္ရန္ က်င္းပရျခင္းျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီး လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ေကာ္မတီ ဥကၠ႒၊ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းက ေျပာသည္။
ထို႔ျပင္ ေျမသိမ္းဆည္းျခင္းအမႈတြဲမ်ား စိစစ္ရာတြင္ မွန္မွန္ ကန္ကန္ႏွင့္ အျမန္ဆုံးေျဖရွင္းေဆာင္႐ြက္သြားရန္ႏွင့္ ခ်မွတ္ထားသည့္ မူဝါဒ၊ လုပ္ငန္းစဥ္(၅၂)ခ်က္ႏွင့္အညီ ေဆာင္႐ြက္ရမည္ျဖစ္ကာ အမႈတြဲမ်ား အျမန္ဆုံးၿပီးျပတ္ ပိတ္သိမ္းႏိုင္မည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းကေျပာသည္။
သိမ္းဆည္းခံ လယ္ယာေျမႏွင့္အျခားေျမမ်ား မူလပိုင္ရွင္မ်ားထံ အျမန္ဆုံးလက္ဝယ္ေရာက္ရွိေစေရး လုပ္ငန္းစဥ္(၉)ရပ္ႏွင့္အညီ ေဆာင္႐ြက္ ေပးမည္ ျဖစ္ၿပီး သိမ္းဆည္းခံခဲ့ရသည့္ လယ္ယာေျမႏွင့္ အျခားေျမမ်ားကို မူလပိုင္ရွင္မ်ားမွ ျပန္လည္ေလွ်ာက္ထားရာတြင္ (၁၈-၉- ၁၉၈၈)ရက္ ေန႔ ေနာက္ပိုင္း ေျမသိမ္းဆည္းမႈမ်ား ကိုသာ ေျဖရွင္းေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ဖြဲ႕စည္းေပးထားသည့္ လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္း ခံရမႈမ်ား ျပန္လည္ စိစစ္ေရးေကာ္မတီမ်ားအေနျဖင့္ သိမ္းဆည္းခံေျမမ်ား ႏွင့္ပတ္သက္၍ အထူးအေလးထား ေဆာင္႐ြက္သြားရန္လည္း ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းကေျပာသည္။