စစ်ဘက်အသုံးစရိတ်မြှင့်တင်မှုက နေတိုးအဖွဲ့ကို ပြိုကွဲစေလိမ့်မယ်လို့ ရုရှားအစိုးရပြော
 150
Pika(NP News)-ဇူလိုင် ၃
နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာအသုံးစရိတ်မြှင့်တင်မှုဟာ ကြောက်မက်ဖွယ်ကောင်းပြီး နေတိုးအဖွဲ့ပြိုကွဲမှုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်မှုဟာ အစိုးရဖြုတ်ခံရမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorskiက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဆာဂေးလာရော့ဗ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လက လုပ်ဆောင်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးအတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့(၅)ရာခိုင်နှုန်းအထိ သုံးစွဲဖို့ ကတိပြုခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါပေမယ့်လည်း နေတိုးအဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာအသုံးစရိတ်မြှင့်တင်မှုက ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ရုရှားအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဆာဂေးလာရော့ဗ်က”နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်ဘက်ဆိုင်ရာအသုံးစရိတ်မြှင့်တင်မှုက နေတိုးအဖွဲ့ပြိုကွဲမှုကို ဖြစ်ပေါ်လာစေပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။
Zawgyi Version:
Pika(NP News)-ဇူလိုင် ၃
Related news
© 2021. All rights reserved.