ယူကရိန်းကိုတိုက်ခိုက်ဖို့ ပူတင်ရဲ့စည်းရုံးမှုအပြီးမှာ ဖင်လန်နိုင်ငံက ရုရှားနိုင်ငံသားများအပေါ် ပြည်ဝင်ခွင့်များ ကန့်သတ်လာ

 511

ရောင်နီ (NP News) - စက်တင်ဘာ ၃ဝ

ယူကရိန်းကိုတိုက်ခိုက်ရာမှာ အင်အားဖြည့်တင်းဖို့အတွက် မော်စကိုရဲ့စည်းရုံးမှုအပြီးမှာ
ဖင်လန်နိုင်ငံဟာ Schengen ခရီးသွားဗီဇာနဲ့ဝင်ရောက်လာသမျှ ရုရှားနိုင်ငံသားများကို ငြင်းဆိုသွားမယ်လို့ ဆိုခဲ့ပါတယ်။

"ဆုံးဖြတ်ချက်ဟာ ဖင်လန်ရဲ့ရုရှားခရီးသွားလုပ်ငန်းရဲ့လက်ရှိအခြေအနေနဲ့ ဖင်လန်မှတဆင့် ဆက်စပ်သွားလာမှုများကို လုံးဝဟန့်တားဖို့ ရည်ရွယ်တယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Pekka Haavisto က စက်တင်ဘာလ ၂၉ ရက်၊ ကြသပတေးနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းတပ်များ မော်စကိုတပ်များကိုတန်ပြန်တိုက်ခိုက်ရာမှာ အောင်မြင်ခဲ့တဲ့အတွက် စက်တင်ဘာ ၂၁ ရက်က ရုရှားနိုင်ငံမှာ တစ်စိတ်တစ်ပိုင်း စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခဲ့ပါတယ်။ ပူတင်က သူဟာ ရုရှားနယ်မြေများကို ခုခံကာကွယ်နေတာဖြစ်ပြီး အနောက်အုပ်စုက မိမိတို့နိုင်ငံကို ဖျက်ဆီးလိုနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဖင်လန်နိုင်ငံရဲ့စည်းမျဉ်းအသစ်အရ အလုပ်၊ ကျောင်းတက်ရန်နဲ့ ဖင်လန်မှာရှိနေတဲ့ သားသမီး၊ မြေး၊ မိသားစုဝင်များထံ အလည်အပတ်လာရောက်တဲ့ ရုရှားနိုင်ငံသား ခရီးသည်များအတွက်ကိုတော့ ပြည်ဝင်ခွင့်ပေးထားမှာဖြစ်ပြီး ယူကရိန်းနဲ့ ထပ်တူစည်းလုံးညီညွတ်ကြောင်း ဖော်ပြတဲ့အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့မှစ ရုရှားနိုင်ငံသားတွေရဲ့ခရီးသွားလာရေး ရည်ရွယ်ချက်များအပါအဝင် ဗီဇာအရေအတွက်ကို ပုံမှန်အရေအတွက်ရဲ့ ဆယ်ပုံတစ်ပုံခန့်အထိ လျှော့ချသွားမှာဖြစ်တယ်လို့ ပြည်တွင်းသတင်းစာ Helsingin Sanomat မှာ ဖော်ပြခဲ့ပါတယ်။

အခြားဥရောပသမဂ္ဂအဖွဲ့ဝင် လတ်ဗီးယားနိုင်ငံကလည်း ပူတင်ရဲ့ကြေညာချက်အပြီး မော်စကိုရဲ့ တပ်များစုဆောင်းရာမှာ မပါဝင်ဘဲ ထွက်ပြေးလာတဲ့ ရုရှားနိုင်ငံသားများကို ခိုလှုံခွင့်ပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့အဆိုအရ ရုရှားနိုင်ငံတစ်ဝှမ်း စည်းရုံးလှုံ့ဆော်မှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲများမှာ စစ်ဆန့်ကျင်ရေးဆန္ဒပြသူ အနည်းဆုံး ၂၄ဝဝ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မော်စကိုတပ်များဟာ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသလေးခုရှိ ဇာပိုရစ်ဇီရာမြို့မှာ ၉၃ ရာခိုင်နှုန်း၊ ခါဆွန်ဒေသမှာ ၈၇ ရာခိုင်နှုန်း၊ လူဟန့်ခ်ဒေသမှာ ၉၈ ရာခိုင်နှုန်းနဲ့ ဒိုနက်စ် ဒေသမှာ ၉၉ ရာခိုင်နှုန်းက သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

Zawgyi Vesion;
ယူကရိန္းကိုတိုက္ခိုက္ဖို႔ ပူတင္ရဲ႕စည္း႐ုံးမႈအၿပီးမွာ ဖင္လန္ႏိုင္ငံက ႐ုရွားႏိုင္ငံသားမ်ား အေပၚ ျပည္ဝင္ခြင့္မ်ား ကန႔္သတ္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၃ဝ

ယူကရိန္းကိုတိုက္ခိုက္ရာမွာ အင္အားျဖည့္တင္းဖို႔အတြက္ ေမာ္စကိုရဲ႕စည္း႐ုံးမႈအၿပီးမွာ
ဖင္လန္ႏိုင္ငံဟာ Schengen ခရီးသြားဗီဇာနဲ႔ဝင္ေရာက္လာသမွ် ႐ုရွားႏိုင္ငံသားမ်ားကို ျငင္းဆိုသြားမယ္လို႔ ဆိုခဲ့ပါတယ္။

"ဆုံးျဖတ္ခ်က္ဟာ ဖင္လန္ရဲ႕႐ုရွားခရီးသြားလုပ္ငန္းရဲ႕လက္ရွိအေျခအေနနဲ႔ ဖင္လန္မွတဆင့္ ဆက္စပ္သြားလာမႈမ်ားကို လုံးဝဟန႔္တားဖို႔ ရည္႐ြယ္တယ္" လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Pekka Haavisto က စက္တင္ဘာလ ၂၉ ရက္၊ ၾကသပေတးေန႔က ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

႐ုရွားသမၼတဗလာဒီမာပူတင္က ယူကရိန္းတပ္မ်ား ေမာ္စကိုတပ္မ်ားကိုတန္ျပန္တိုက္ခိုက္ရာမွာ ေအာင္ျမင္ခဲ့တဲ့အတြက္ စက္တင္ဘာ ၂၁ ရက္က ႐ုရွားႏိုင္ငံမွာ တစ္စိတ္တစ္ပိုင္း စည္း႐ုံးလႈံ႕ေဆာ္မႈျပဳလုပ္ခဲ့ပါတယ္။ ပူတင္က သူဟာ ႐ုရွားနယ္ေျမမ်ားကို ခုခံကာကြယ္ေနတာျဖစ္ၿပီး အေနာက္အုပ္စုက မိမိတို႔ႏိုင္ငံကို ဖ်က္ဆီးလိုေနတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဖင္လန္ႏိုင္ငံရဲ႕စည္းမ်ဥ္းအသစ္အရ အလုပ္၊ ေက်ာင္းတက္ရန္နဲ႔ ဖင္လန္မွာရွိေနတဲ့ သားသမီး၊ ေျမး၊ မိသားစုဝင္မ်ားထံ အလည္အပတ္လာေရာက္တဲ့ ႐ုရွားႏိုင္ငံသား ခရီးသည္မ်ားအတြက္ကိုေတာ့ ျပည္ဝင္ခြင့္ေပးထားမွာျဖစ္ၿပီး ယူကရိန္းနဲ႔ ထပ္တူစည္းလုံးညီၫြတ္ေၾကာင္း ေဖာ္ျပတဲ့အေနနဲ႔ စက္တင္ဘာ ၁ ရက္ေန႔မွစ ႐ုရွားႏိုင္ငံသားေတြရဲ႕ခရီးသြားလာေရး ရည္႐ြယ္ခ်က္မ်ားအပါအဝင္ ဗီဇာအေရအတြက္ကို ပုံမွန္အေရအတြက္ရဲ႕ ဆယ္ပုံတစ္ပုံခန႔္အထိ ေလွ်ာ့ခ်သြားမွာျဖစ္တယ္လို႔ ျပည္တြင္းသတင္းစာ Helsingin Sanomat မွာ ေဖာ္ျပခဲ့ပါတယ္။

အျခားဥေရာပသမဂၢအဖြဲ႕ဝင္ လတ္ဗီးယားႏိုင္ငံကလည္း ပူတင္ရဲ႕ေၾကညာခ်က္အၿပီး ေမာ္စကိုရဲ႕ တပ္မ်ားစုေဆာင္းရာမွာ မပါဝင္ဘဲ ထြက္ေျပးလာတဲ့ ႐ုရွားႏိုင္ငံသားမ်ားကို ခိုလႈံခြင့္ေပးမည္ မဟုတ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး႐ုံးရဲ႕အဆိုအရ ႐ုရွားႏိုင္ငံတစ္ဝွမ္း စည္း႐ုံးလႈံ႕ေဆာ္မႈကိုဆန႔္က်င္တဲ့ ဆႏၵျပပြဲမ်ားမွာ စစ္ဆန႔္က်င္ေရးဆႏၵျပသူ အနည္းဆုံး ၂၄ဝဝ ထက္မနည္း ဖမ္းဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။

ေမာ္စကိုတပ္မ်ားဟာ ယူကရိန္းေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္းေဒသေလးခုရွိ ဇာပိုရစ္ဇီရာၿမိဳ႕မွာ ၉၃ ရာခိုင္ႏႈန္း၊ ခါဆြန္ေဒသမွာ ၈၇ ရာခိုင္ႏႈန္း၊ လူဟန႔္ခ္ေဒသမွာ ၉၈ ရာခိုင္ႏႈန္းနဲ႔ ဒိုနက္စ္ ေဒသမွာ ၉၉ ရာခိုင္ႏႈန္းက သိမ္းပိုက္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.