ရုရှားမှဂျာမနီသို့ ဆက်သွယ်ထားတဲ့ Nord Stream ဓာတ်ငွေ့ပိုက်လိုင်းအနီး ရေအောက်ပေါက်ကွဲမှုများဖြစ်ပွား

 808

ရောင်နီ (NP News) - အောက်တိုဘာ ၁

ဘောလ်တစ်ပင်လယ်ရှိ Nord Stream ဓာတ်ငွေ့ပိုက်လိုင်းအနီးမှာ ကီလိုဂရမ်ရာနဲ့ချီရှိတဲ့ ဖောက်ခွဲရေးပစ္စည်းများကို အသုံးပြုထားတဲ့ ရေအောက် ပေါက်ကွဲမှု (၄) ကြိမ် သောကြာနေ့ (အောက်တိုဘာလ ၃ဝ ရက်)က ဖြစ်ပွားခဲ့ကြောင်း ဒိန်းမတ်-ဆွီဒင် အစီရင်ခံစာအရ သိရပါတယ်။

"ပေါက်ကွဲမှုပြင်းအား ၂.၃ နဲ့ ၂.၁ ရစ်ခ်ျတာစကေး အသီးသီးတိုင်းတာရရှိခဲ့ပြီး ယင်းပြင်းအားဟာ ကီလိုရာပေါင်းများစွာရှိတဲ့ ပေါက်ကွဲစေတတ်သော ဖောက်ခွဲရေးပစ္စည်း အလေးချိန်နဲ့ ဆက်စပ်မှု ရှိနိုင်တယ်"လို့ နှစ်နိုင်ငံ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ပေးပို့တဲ့ ပူးတွဲအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားထံမှ တောင်းဆိုမှုအရ လုံခြုံရေးကောင်စီဟာ သောကြာနေ့နှောင်းပိုင်းမှာ ပေါက်ကွဲမှုများနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ရရှိထားတဲ့ အချက်အလက်တွေ အားလုံးဟာ တမင်တကာ ဖောက်ခွဲမှုဖြစ်တယ်လို့ ညွှန်ပြနေတယ်လို့ နိုင်ငံများက ပြောကြားပါတယ်။ သို့ သော်လည်း ဝါရှင်တန်နဲ့မော်စကိုတို့က ၎င်းတို့လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ငြင်းဆိုထားတာကြောင့် ဖောက်ခွဲမှု ဘယ်သူလုပ်တယ်ဆိုတာဟာ ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

"ဒါဟာ ဥရောပရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို မဆင်မခြင် တိုက်ခိုက်မှုဖြစ်ပြီး တင်းမာနေတဲ့ လုံခြုံရေးအခြေအနေတွေကို မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းမှုလို့ ဆိုနိုင်ပါတယ်"လို့ နော်ဒစ်နိုင်ငံများ ဖြစ်တဲ့ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေး၊ ဖင်လန်နဲ့ အိုက်စလန်တို့က သောကြာနေ့ ထုတ်ပြန်ချက်မှာ ပူးတွဲဖော်ပြခဲ့ပါတယ်။

၎င်းတို့ရဲ့ အစီရင်ခံစာမှာ "ပေါက်ကွဲမှုဟာ ဘောလ်တစ်ပင်လယ်ရှိ ရေကြောင်းသွား လာမှုအပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် စိုးရိမ်စရာဖြစ်ပြီး ရာသီဥတုအပေါ်လည်း သက်ရောက်မှုများစွာ ဖြစ်နိုင်ဖွယ်ရှိတယ်"လို့ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုနှစ်ကြိမ်မှာ ဆွီဒင်သီးသန့် စီးပွားရေးဇုန်မှာဖြစ်ပွားခဲ့ပြီး ကျန် ၂ ကြိမ်မှာ ဒိန်းမတ် အဝန်းအဝိုင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံနဲ့ ဂျာမနီကို ဆက်သွယ်ထားတဲ့ Nord Stream 1 နဲ့ 2 ပိုက်လိုင်းဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဥရောပသို့ ဓာတ်ငွေ့ထောက် ပံ့မှု ဖြတ်တောက်လိုက်ခြင်းကြောင့် ပထဝီနိုင်ငံရေး တင်းမာမှုဗဟိုချက်မှာ ရှိနေပါတယ်။ ပိုက်လိုင်းများ လောလောဆယ် မလည်ပတ်နိုင်သေးသော်လည်း ပိုက်လိုင်း နှစ်ခုလုံးမှာ ဓာတ်ငွေ့များရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပိုက်လိုင်းအော်ပရေ တာဟာ ယခုအချိန်အထိ ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်နိုင်ခြင်း မရှိသေးသော်လည်း လိုအပ်တဲ့ တရားဝင် ခွင့်ပြုချက် ရရှိတာနဲ့ တပြိုင်နက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

zawgyi version
႐ုရွားမွဂ်ာမနီသို႔ ဆက္သြယ္ထားတဲ့ Nord Stream ဓာတ္ေငြ႕ပိုက္လိုင္းအနီး ေရေအာက္ေပါက္ကြဲမႈမ်ားျဖစ္ပြား
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁

ေဘာလ္တစ္ပင္လယ္ရွိ Nord Stream ဓာတ္ေငြ႕ပိုက္လိုင္းအနီးမွာ ကီလိုဂရမ္ရာနဲ႔ခ်ီရွိတဲ့ ေဖာက္ခြဲေရးပစၥည္းမ်ားကို အသုံးျပဳထားတဲ့ ေရေအာက္ ေပါက္ကြဲမႈ (၄) ႀကိမ္ ေသာၾကာေန႔ (ေအာက္တိုဘာလ ၃ဝ ရက္)က ျဖစ္ပြားခဲ့ေၾကာင္း ဒိန္းမတ္-ဆြီဒင္ အစီရင္ခံစာအရ သိရပါတယ္။

"ေပါက္ကြဲမႈျပင္းအား ၂.၃ နဲ႔ ၂.၁ ရစ္ခ္်တာစေကး အသီးသီးတိုင္းတာရရွိခဲ့ၿပီး ယင္းျပင္းအားဟာ ကီလိုရာေပါင္းမ်ားစြာရွိတဲ့ ေပါက္ကြဲေစတတ္ေသာ ေဖာက္ခြဲေရးပစၥည္း အေလးခ်ိန္နဲ႔ ဆက္စပ္မႈ ရွိႏိုင္တယ္"လို႔ ႏွစ္ႏိုင္ငံ ကုလသမဂၢ လုံၿခဳံေရးေကာင္စီသို႔ေပးပို႔တဲ့ ပူးတြဲအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

႐ုရွားထံမွ ေတာင္းဆိုမႈအရ လုံၿခဳံေရးေကာင္စီဟာ ေသာၾကာေန႔ေႏွာင္းပိုင္းမွာ ေပါက္ကြဲမႈမ်ားနဲ႔ပတ္သက္ၿပီး အေရးေပၚ အစည္းအေဝးတစ္ခု က်င္းပဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။ ရရွိထားတဲ့ အခ်က္အလက္ေတြ အားလုံးဟာ တမင္တကာ ေဖာက္ခြဲမႈျဖစ္တယ္လို႔ ၫႊန္ျပေနတယ္လို႔ ႏိုင္ငံမ်ားက ေျပာၾကားပါတယ္။ သို႔ ေသာ္လည္း ဝါရွင္တန္နဲ႔ေမာ္စကိုတို႔က ၎တို႔လုပ္ေဆာင္ျခင္း မဟုတ္ေၾကာင္း ျငင္းဆိုထားတာေၾကာင့္ ေဖာက္ခြဲမႈ ဘယ္သူလုပ္တယ္ဆိုတာဟာ ပေဟဠိတစ္ခုအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

"ဒါဟာ ဥေရာပရဲ႕ စြမ္းအင္အေျခခံ အေဆာက္အအုံေတြကို မဆင္မျခင္ တိုက္ခိုက္မႈျဖစ္ၿပီး တင္းမာေနတဲ့ လုံၿခဳံေရးအေျခအေနေတြကို မတည္မၿငိမ္ျဖစ္ေအာင္ ႀကိဳးပမ္းမႈလို႔ ဆိုႏိုင္ပါတယ္"လို႔ ေနာ္ဒစ္ႏိုင္ငံမ်ား ျဖစ္တဲ့ ဆြီဒင္၊ ဒိန္းမတ္၊ ေနာ္ေဝး၊ ဖင္လန္နဲ႔ အိုက္စလန္တို႔က ေသာၾကာေန႔ ထုတ္ျပန္ခ်က္မွာ ပူးတြဲေဖာ္ျပခဲ့ပါတယ္။

၎တို႔ရဲ႕ အစီရင္ခံစာမွာ "ေပါက္ကြဲမႈဟာ ေဘာလ္တစ္ပင္လယ္ရွိ ေရေၾကာင္းသြား လာမႈအေပၚ သက္ေရာက္မႈရွိႏိုင္တာေၾကာင့္ စိုးရိမ္စရာျဖစ္ၿပီး ရာသီဥတုအေပၚလည္း သက္ေရာက္မႈမ်ားစြာ ျဖစ္ႏိုင္ဖြယ္ရွိတယ္"လို႔ ေဖာ္ျပထားပါတယ္။

ေပါက္ကြဲမႈႏွစ္ႀကိမ္မွာ ဆြီဒင္သီးသန႔္ စီးပြားေရးဇုန္မွာျဖစ္ပြားခဲ့ၿပီး က်န္ ၂ ႀကိမ္မွာ ဒိန္းမတ္ အဝန္းအဝိုင္းမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ႐ုရွားႏိုင္ငံနဲ႔ ဂ်ာမနီကို ဆက္သြယ္ထားတဲ့ Nord Stream 1 နဲ႔ 2 ပိုက္လိုင္းဟာ ႐ုရွားရဲ႕ ယူကရိန္းအေပၚ က်ဴးေက်ာ္မႈကို လက္တုံ႔ျပန္တဲ့ အေနနဲ႔ ဥေရာပသို႔ ဓာတ္ေငြ႕ေထာက္ ပံ့မႈ ျဖတ္ေတာက္လိုက္ျခင္းေၾကာင့္ ပထဝီႏိုင္ငံေရး တင္းမာမႈဗဟိုခ်က္မွာ ရွိေနပါတယ္။ ပိုက္လိုင္းမ်ား ေလာေလာဆယ္ မလည္ပတ္ႏိုင္ေသးေသာ္လည္း ပိုက္လိုင္း ႏွစ္ခုလုံးမွာ ဓာတ္ေငြ႕မ်ားရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ပိုက္လိုင္းေအာ္ပေရ တာဟာ ယခုအခ်ိန္အထိ ပ်က္စီးဆုံးရႈံးမႈကို အကဲျဖတ္ႏိုင္ျခင္း မရွိေသးေသာ္လည္း လိုအပ္တဲ့ တရားဝင္ ခြင့္ျပဳခ်က္ ရရွိတာနဲ႔ တၿပိဳင္နက္ ေဆာင္႐ြက္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.