နေတိုးမဟာမိတ်အဖွဲ့ ပိုင်နက်အားလုံးကို ကာကွယ်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတပြော

 572

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁

အမေရိကန်နိုင်ငံအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့ ပိုင်နက်များကို ကာကွယ်သွားမှာဖြစ်ပြီး တစ်လက်မမှကျူးကျော်ခံမှာမဟုတ်ဘဲ ကာကွယ်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတိပေးပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှား သမ္မတပူတင်ကိုရည်ရွယ်ပြောဆိုခြင်းဖြစ် ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဟာ ၄င်းတို့ ပိုင်နက် တစ်လက်မကိုလည်း ကာကွယ်သွားဖို့ အဆင့်သင့်ရှိနေကြောင်း အမေရိကန်သမ္မတက ပြောပါတယ်။ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းပိုင်နက် ဒေသလေးခုကို ရုရှားပိုင်နက်အဖြစ် ပူးပေါင်းဝင်ရောက်ဖို့ စာချုပ်လက်မှတ်ရေးထိုးပွဲမတိုင်ခင် အမေရိကန်သမ္မတက သတိပေးပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။

ရုရှားသမ္မတက"အမေရိကန်နိုင်ငံဟာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ပိုင်နက်တစ်လက်မှမကျန်ပိုင်နက်အားလုံးကို ကာကွယ်သွားဖို့ ပြင်ဆင်နေတယ်" လို့ပြောပါတယ်။

အမေရိကန်သမ္မတက ရုရှား သမ္မတပူတင်ဟာ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံများကို မဆင်မခြင်စကားတွေပြောဆိုနေကြောင်း၊ ရုရှားသမ္မတပူတင်ရဲ့ခြိမ်းခြောက်မှုတွေက အမေရိကန်နဲ့မဟာမိတ်များကို ခြိမ်းခြောက်လို့ရနိုင်မှာမဟုတ်ကြောင်း အမေရိကန်သမ္မတကဆိုပါတယ်။

အမေရိကန်သမ္မတက "ရုရှားသမ္မတပူတင်ရဲ့ လုပ်ဆောင်ချက်တွေက သူရုန်းကန်နေရတာတွေကို ပြသလိုက်တဲ့အမှတ်သားတွေဖြစ်တယ်"လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ယူကရိန်းဒေသအတွင်းရှိနေရာလေးခုမှာဆန္ဒခံယူပွဲလုပ်ခဲ့တဲ့ ရုရှားရဲ့လုပ်ရပ်များ နဲ့ ရလဒ်များကို အသိမှတ်ပြုမှာမဟုတ်ကြောင်း၊ ရုရှားအနေနဲ့ သူ့နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့ပိုင်နက်တွေကို သိမ်းပိုက်လို့ရမှာမဟုတ်ဘဲ သိမ်းပိုက်ဖို့ ကြိုးပမ်းမှုတွေကနေ ခပ်ဝေးဝေးနေထိုင်စေလိုကြောင်းအမေရိကန်သမ္မတကပြောပါတယ်။

zawgyi verison
ေနတိုးမဟာမိတ္အဖြဲ႕ ပိုင္နက္အားလုံးကို ကာကြယ္သြားမွာျဖစ္ေၾကာင္း အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁

အေမရိကန္ႏိုင္ငံအေနနဲ႔ ေနတိုးမဟာမိတ္အဖြဲ႕ ပိုင္နက္မ်ားကို ကာကြယ္သြားမွာျဖစ္ၿပီး တစ္လက္မမွက်ဴးေက်ာ္ခံမွာမဟုတ္ဘဲ ကာကြယ္သြားမွာျဖစ္ေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က သတိေပးေျပာဆိုလိုက္ပါတယ္။

အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ႐ုရွား သမၼတပူတင္ကိုရည္႐ြယ္ေျပာဆိုျခင္းျဖစ္ ေၾကာင္း သတင္းေတြက ေဖာ္ျပပါတယ္။ ေနတိုးမဟာမိတ္အဖြဲ႕ဟာ ၄င္းတို႔ ပိုင္နက္ တစ္လက္မကိုလည္း ကာကြယ္သြားဖို႔ အဆင့္သင့္ရွိေနေၾကာင္း အေမရိကန္သမၼတက ေျပာပါတယ္။ ႐ုရွားသမၼတပူတင္ဟာ ယူကရိန္းပိုင္နက္ ေဒသေလးခုကို ႐ုရွားပိုင္နက္အျဖစ္ ပူးေပါင္းဝင္ေရာက္ဖို႔ စာခ်ဳပ္လက္မွတ္ေရးထိုးပြဲမတိုင္ခင္ အေမရိကန္သမၼတက သတိေပးေျပာဆိုခဲ့ျခင္းလည္းျဖစ္ပါတယ္။

႐ုရွားသမၼတက"အေမရိကန္ႏိုင္ငံဟာ ေနတိုးမဟာမိတ္အဖြဲ႕ရဲ႕ ပိုင္နက္တစ္လက္မွမက်န္ပိုင္နက္အားလုံးကို ကာကြယ္သြားဖို႔ ျပင္ဆင္ေနတယ္" လို႔ေျပာပါတယ္။

အေမရိကန္သမၼတက ႐ုရွား သမၼတပူတင္ဟာ အေမရိကန္ နဲ႔ မဟာမိတ္ႏိုင္ငံမ်ားကို မဆင္မျခင္စကားေတြေျပာဆိုေနေၾကာင္း၊ ႐ုရွားသမၼတပူတင္ရဲ႕ၿခိမ္းေျခာက္မႈေတြက အေမရိကန္နဲ႔မဟာမိတ္မ်ားကို ၿခိမ္းေျခာက္လို႔ရႏိုင္မွာမဟုတ္ေၾကာင္း အေမရိကန္သမၼတကဆိုပါတယ္။

အေမရိကန္သမၼတက "႐ုရွားသမၼတပူတင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြက သူ႐ုန္းကန္ေနရတာေတြကို ျပသလိုက္တဲ့အမွတ္သားေတြျဖစ္တယ္"လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ယူကရိန္းေဒသအတြင္းရွိေနရာေလးခုမွာဆႏၵခံယူပြဲလုပ္ခဲ့တဲ့ ႐ုရွားရဲ႕လုပ္ရပ္မ်ား နဲ႔ ရလဒ္မ်ားကို အသိမွတ္ျပဳမွာမဟုတ္ေၾကာင္း၊ ႐ုရွားအေနနဲ႔ သူ႔ႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ပိုင္နက္ေတြကို သိမ္းပိုက္လို႔ရမွာမဟုတ္ဘဲ သိမ္းပိုက္ဖို႔ ႀကိဳးပမ္းမႈေတြကေန ခပ္ေဝးေဝးေနထိုင္ေစလိုေၾကာင္းအေမရိကန္သမၼတကေျပာပါတယ္။

Related news

© 2021. All rights reserved.