ရုရှားမှာ ပူတင် သမ္မတဖြစ်နေရင် ငြိမ်းချမ်းရေးဆွေးနွေးမှုဘယ်တော့မှလုပ်ဆောင်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတပြော

 443

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁

ရုရှားနိုင်ငံမှာ ပူတင် သမ္မတအဖြစ်ရှိနေတဲ့ကာလပတ်လုံး ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေး နွေးမှုများလုပ်ဆောင်မှာမဟုတ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီး ဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းပိုင်နက် လေးခုကို ရုရှားနဲ့ တရားဝင်ပူးပေါင်းမှုအ ဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ယူကရိန်းနဲ့ ဆွေးနွေးဖို့ အဆင့်သင့်ရှိနေကြောင်း ဆိုပါတယ်။

ယူကရိန်းသမ္မတက "ကျွန်တော့်အနေနဲ့ ရုရှားအစိုးရကို မျှတမှု၊ ရိုးသားမှုတွေ၊ ဂုဏ် သိက္ခာရှိမှုများအတွက် ပြောဆိုတာမျိုးတွေရှိခဲ့တယ်။ ရုရှားဟာ စစ်ပွဲနဲ့ပတ်သက်ပြီး စေ့စပ်ဆွေးနွေးဖို့ပျက်ကွက်ခဲ့တယ်။ ရုရှားမှာ ပူတင် သမ္မတအဖြစ်ဆက်ရှိနေမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ဟာ ရုရှားနဲ့စေ့စပ်ဆွေး နွေးဖို့ အဆင့်သင့်ရှိတယ်။ ဒါပေမယ့်ရုရှား သမ္မတအသစ်လက်ထက်ကျမှ ဆွေးနွေးမှုဖြစ်လာနိုင်တယ်"လို့ပြောပါတယ်။

ယူကရိန်းသမ္မတဟာ ရုရှားအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးမှု ကမ်းလှမ်းချက်များကို ထပ်မံပယ်ချခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနိုင်ငံကို ပိုမိုအားကောင်းစေဖို့ နဲ့ ယူကရိန်းနယ်မြေများကို သိမ်းပိုက်ထားသူများကို နှင်ထုတ်နိုင်မှသာ ယူကရိန်းနိုင်ငံမှာ ငြိမ်းချမ်းမှုများ ပြန်လည်ဖြစ်လာမှာဖြစ်ကြောင်း သမ္မတဇီလန်စကီးကပြောပါတယ်။

ယူကရိန်းအစိုးရအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့အတွင်း ဝင်ရောက်ခွင့်ရရှိရေးကိုထပ်မံလျှောက်ထားသွားမှာဖြစ်ကြောင်း၊ နေတိုးမဟာမိတ်အဖွဲ့အတွင်း ဝင်ရောက်မှာမဟုတ်ဘူးလို့အရင်တုန်းကပြောခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်အောင် လျှောက်ထားတော့မှာဖြစ်ကြောင်း ဇီလန်စကီးကပြောပါတယ်။ ရုရှားဟာ Mink သဘောတူညီချက်တွေ အကောင်ထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄ ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့ရက် ပိုင်းမှာ ယူကရိန်းနိုင်ငံအတွင်းရှိ ထိန်းချုပ်ထားတဲ့ ဒေသလေးခုမှာဆန္ဒခံယူပွဲကျင်းပကာ ရုရှားနဲ့တရားဝင်ပူးပေါင်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ပွဲစတင်ပြီးနောက် မကြာမီ ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုများအဆုံးသတ်သွားခဲ့ကြောင်းသိရပါတယ်။

zawgyi verison
႐ုရွားမွာ ပူတင္ သမၼတျဖစ္ေနရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈဘယ္ေတာ့မွလုပ္ေဆာင္မွာမဟုတ္ေၾကာင္း ယူကရိန္းသမၼတေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁

႐ုရွားႏိုင္ငံမွာ ပူတင္ သမၼတအျဖစ္ရွိေနတဲ့ကာလပတ္လုံး ႐ုရွားနဲ႔ ၿငိမ္းခ်မ္းေရး ေဆြး ေႏြးမႈမ်ားလုပ္ေဆာင္မွာမဟုတ္ေၾကာင္း ယူကရိန္းသမၼတဇီလန္စကီး ဘက္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားသမၼတပူတင္ဟာ ယူကရိန္းပိုင္နက္ ေလးခုကို ႐ုရွားနဲ႔ တရားဝင္ပူးေပါင္းမႈအ ျဖစ္ လက္မွတ္ေရးထိုးပြဲအခမ္းအနားမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ယူကရိန္းနဲ႔ ေဆြးေႏြးဖို႔ အဆင့္သင့္ရွိေနေၾကာင္း ဆိုပါတယ္။

ယူကရိန္းသမၼတက "ကြၽန္ေတာ့္အေနနဲ႔ ႐ုရွားအစိုးရကို မွ်တမႈ၊ ႐ိုးသားမႈေတြ၊ ဂုဏ္ သိကၡာရွိမႈမ်ားအတြက္ ေျပာဆိုတာမ်ိဳးေတြရွိခဲ့တယ္။ ႐ုရွားဟာ စစ္ပြဲနဲ႔ပတ္သက္ၿပီး ေစ့စပ္ေဆြးေႏြးဖို႔ပ်က္ကြက္ခဲ့တယ္။ ႐ုရွားမွာ ပူတင္ သမၼတအျဖစ္ဆက္ရွိေနမယ္ဆိုရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြ မျဖစ္ႏိုင္ဘူး၊ ကြၽန္ေတာ္တို႔ဟာ ႐ုရွားနဲ႔ေစ့စပ္ေဆြး ေႏြးဖို႔ အဆင့္သင့္ရွိတယ္။ ဒါေပမယ့္႐ုရွား သမၼတအသစ္လက္ထက္က်မွ ေဆြးေႏြးမႈျဖစ္လာႏိုင္တယ္"လို႔ေျပာပါတယ္။

ယူကရိန္းသမၼတဟာ ႐ုရွားအစိုးရက ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ကမ္းလွမ္းခ်က္မ်ားကို ထပ္မံပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။ ယူကရိန္းႏိုင္ငံကို ပိုမိုအားေကာင္းေစဖို႔ နဲ႔ ယူကရိန္းနယ္ေျမမ်ားကို သိမ္းပိုက္ထားသူမ်ားကို ႏွင္ထုတ္ႏိုင္မွသာ ယူကရိန္းႏိုင္ငံမွာ ၿငိမ္းခ်မ္းမႈမ်ား ျပန္လည္ျဖစ္လာမွာျဖစ္ေၾကာင္း သမၼတဇီလန္စကီးကေျပာပါတယ္။

ယူကရိန္းအစိုးရအေနနဲ႔ ေနတိုးမဟာမိတ္အဖြဲ႕အတြင္း ဝင္ေရာက္ခြင့္ရရွိေရးကိုထပ္မံေလွ်ာက္ထားသြားမွာျဖစ္ေၾကာင္း၊ ေနတိုးမဟာမိတ္အဖြဲ႕အတြင္း ဝင္ေရာက္မွာမဟုတ္ဘူးလို႔အရင္တုန္းကေျပာခဲ့ဖူးေပမယ့္ လက္ရွိအခ်ိန္မွာ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေအာင္ ေလွ်ာက္ထားေတာ့မွာျဖစ္ေၾကာင္း ဇီလန္စကီးကေျပာပါတယ္။ ႐ုရွားဟာ Mink သေဘာတူညီခ်က္ေတြ အေကာင္ထည္ေဖာ္ဖို႔ ပ်က္ကြက္တဲ့အတြက္ ယူကရိန္းကို ေဖေဖာ္ဝါရီလ ၂၄ ရက္မွာစတင္တိုက္ခိုက္ခဲ့ၿပီး ၿပီးခဲ့တဲ့ရက္ ပိုင္းမွာ ယူကရိန္းႏိုင္ငံအတြင္းရွိ ထိန္းခ်ဳပ္ထားတဲ့ ေဒသေလးခုမွာဆႏၵခံယူပြဲက်င္းပကာ ႐ုရွားနဲ႔တရားဝင္ပူးေပါင္းဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။

စစ္ပြဲစတင္ၿပီးေနာက္ မၾကာမီ ယူကရိန္းနဲ႔ ႐ုရွားၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားအဆုံးသတ္သြားခဲ့ေၾကာင္းသိရပါတယ္။

Picture

eiei aye

01/10/2022 21:59

ယူကရိန်းမှာ ဇလန်စကီးသမတ လုပ်နေသ၍ ကသောင်းကနင်းဖြစ်နေမှာပဲ

Related news

© 2021. All rights reserved.