ဓါတ်ငွေ့စျေးနှုန်းမြင့်တက်ခြင်းနဲ့ပတ်သက်ပြီး အမေရိကန်ကို ဂျာမနီအစိုးရ ဝေဖန်ပြစ်တင်

 965

ဂျန်ဇက် (NP News) - အောက်တိုဘာ ၆

ဂျာမနီစီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်ဟာ ဂျာမနီနိုင်ငံကို ရေနံနဲ့ဓါတ်ငွေ့များ ပံ့ပိုးပေးနေတဲ့ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့အပေါ် ဓါတ်ငွေ့အတွက် စျေးပေးချေးမှုမြင့်မားနေရခြင်းကို ဝေဖန်ပြစ်တင်လိုက်တယ်လို့ သိရပါတယ်။

ဂျာမနီစီးပွားရေးဝန်ကြီးက "မိတ်ဆွေနိုင်ငံအချို့ကို ဓါတ်ငွေ့တင်သွင်းမှုများနဲ့ပတ်သက်ပြီး စျေးနှုန်းမြင့်မားစွာပေးနေရတယ်။ ဒါဟာ ဂျာမနီနိုင်ငံအတွက် အခက်အခဲပြဿနာဖြစ်လာစေပြီး ဆွေးနွေးရဖွယ်ရှိနေပါတယ်" လို့ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဥရောပတိုက်မှာ ဓါတ်ငွေ့စျေးနှုန်း နှစ်ဆမြင့်တက်သွားခဲ့ပါတယ်။ ဂျာမနီစီးပွားရေးဝန်ကြီးက "အမေရိကန်ဟာ ဓါတ်ငွေ့နဲ့ ရေနံရောင်းချဖို့ ဂျာမနီနိုင်ငံဘက်ကိုလှည့်လာတယ်။ ဥရောပမှာ ရေနံစျေးနှုန်းမြင့်တက်မှုများနဲ့ သိုလှောင်ထားတဲ့အရန် ရေနံများထုတ်ယူသုံးစွဲမှုမြင့်တက်လာချိန်မှာ အမေရိကန်ဟာ ဂျာမနီကို စွမ်းအင်ရောင်းချဖို့ လုပ်ဆောင်လာခဲ့တယ်။ ဂျာမနီနဲ့ အမေရိကန်နိုင်ငံကြား စုစည်းညီညွတ်မှုများပြသဖို့ စျေးနှုန်းလျော့ချပြီး ရောင်းချမယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် အမေရိကန်ဟာ မျှော်လင့်ထားသလို မဟုတ်ခဲ့ဘူး" လို့ပြောပါတယ်။

ရုရှားဟာ ဂျာမနီကို ဓါတ်ငွေ့များ ပေးပို့နေခဲ့ပေမယ့် စက်တင်ဘာလနောက်ပိုင်းကတည်းက Nord Stream 1 ဓါတ်ငွေ့ပိုက်လိုင်းကိုဖြတ်သန်းပြီး ဂျာမနီထံ ဓါတ်ငွေ့ပို့လွှတ်မှုများ မရှိတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်မှာ ဥရောပကိုပို့လွှတ်နေတဲ့ ရုရှားရဲ့ဓါတ်ငွေ့ပိုက်လိုင်းတွေဖြစ်တဲ့ Nord Stream 1 နဲ့ Nord Stream 1 တို့မှာ ဓါတ်ငွေ့ယိုစိမ့်မှုများတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ဟာ ဓါတ်ငွေ့ပိုက်လိုင်းပျက်စီးအောင်၊ ယို့စိမ့်အောင်လုပ်ဆောင်ခဲ့တယ်လို့ အပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေရှိနေခဲ့ပါတယ်။ ဥရောပတိုက်ရဲ့ စီးပွားရေး အကောင်းဆုံးဖြစ်တဲ့ ဂျာမနီနိုင်ငံဟာ အခြားနိုင်ငံများထံမှ ဓါတ်ငွေ့ကိုအလွန်အမင်း မှီခိုနေရကြောင်း ပြီးခဲ့တဲ့နှစ်က ဂျာမနီမှာ အသုံးပြုခဲ့တဲ့ ဓါတ်ငွေ့အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ ပြည်ပနိုင်ငံများကနေ တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဓါတ္ေငြ႕ေစ်းႏႈန္းျမင့္တက္ျခင္းနဲ႔ပတ္သက္ၿပီး အေမရိကန္ကို ဂ်ာမနီအစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၆

ဂ်ာမနီစီးပြားေရးဝန္ႀကီး ေရာဘတ္ဟာဘက္ဟာ ဂ်ာမနီႏိုင္ငံကို ေရနံနဲ႔ဓါတ္ေငြ႕မ်ား ပံ့ပိုးေပးေနတဲ့ အေမရိကန္ႏိုင္ငံအပါအဝင္ ႏိုင္ငံအခ်ိဳ႕အေပၚ ဓါတ္ေငြ႕အတြက္ ေစ်းေပးေခ်းမႈျမင့္မားေနရျခင္းကို ေဝဖန္ျပစ္တင္လိုက္တယ္လို႔ သိရပါတယ္။

ဂ်ာမနီစီးပြားေရးဝန္ႀကီးက "မိတ္ေဆြႏိုင္ငံအခ်ိဳ႕ကို ဓါတ္ေငြ႕တင္သြင္းမႈမ်ားနဲ႔ပတ္သက္ၿပီး ေစ်းႏႈန္းျမင့္မားစြာေပးေနရတယ္။ ဒါဟာ ဂ်ာမနီႏိုင္ငံအတြက္ အခက္အခဲျပႆနာျဖစ္လာေစၿပီး ေဆြးေႏြးရဖြယ္ရွိေနပါတယ္" လို႔ေျပာပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ဥေရာပတိုက္မွာ ဓါတ္ေငြ႕ေစ်းႏႈန္း ႏွစ္ဆျမင့္တက္သြားခဲ့ပါတယ္။ ဂ်ာမနီစီးပြားေရးဝန္ႀကီးက "အေမရိကန္ဟာ ဓါတ္ေငြ႕နဲ႔ ေရနံေရာင္းခ်ဖို႔ ဂ်ာမနီႏိုင္ငံဘက္ကိုလွည့္လာတယ္။ ဥေရာပမွာ ေရနံေစ်းႏႈန္းျမင့္တက္မႈမ်ားနဲ႔ သိုေလွာင္ထားတဲ့အရန္ ေရနံမ်ားထုတ္ယူသုံးစြဲမႈျမင့္တက္လာခ်ိန္မွာ အေမရိကန္ဟာ ဂ်ာမနီကို စြမ္းအင္ေရာင္းခ်ဖို႔ လုပ္ေဆာင္လာခဲ့တယ္။ ဂ်ာမနီနဲ႔ အေမရိကန္ႏိုင္ငံၾကား စုစည္းညီၫြတ္မႈမ်ားျပသဖို႔ ေစ်းႏႈန္းေလ်ာ့ခ်ၿပီး ေရာင္းခ်မယ္လို႔ထင္ခဲ့တယ္။ ဒါေပမယ့္ အေမရိကန္ဟာ ေမွ်ာ္လင့္ထားသလို မဟုတ္ခဲ့ဘူး" လို႔ေျပာပါတယ္။

႐ုရွားဟာ ဂ်ာမနီကို ဓါတ္ေငြ႕မ်ား ေပးပို႔ေနခဲ့ေပမယ့္ စက္တင္ဘာလေနာက္ပိုင္းကတည္းက Nord Stream 1 ဓါတ္ေငြ႕ပိုက္လိုင္းကိုျဖတ္သန္းၿပီး ဂ်ာမနီထံ ဓါတ္ေငြ႕ပို႔လႊတ္မႈမ်ား မရွိေတာ့ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဥေရာပကိုပို႔လႊတ္ေနတဲ့ ႐ုရွားရဲ႕ဓါတ္ေငြ႕ပိုက္လိုင္းေတြျဖစ္တဲ့ Nord Stream 1 နဲ႔ Nord Stream 1 တို႔မွာ ဓါတ္ေငြ႕ယိုစိမ့္မႈမ်ားေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားနဲ႔ အေမရိကန္တို႔ဟာ ဓါတ္ေငြ႕ပိုက္လိုင္းပ်က္စီးေအာင္၊ ယို႔စိမ့္ေအာင္လုပ္ေဆာင္ခဲ့တယ္လို႔ အျပန္အလွန္ေဝဖန္ျပစ္တင္မႈေတြရွိေနခဲ့ပါတယ္။ ဥေရာပတိုက္ရဲ႕ စီးပြားေရး အေကာင္းဆုံးျဖစ္တဲ့ ဂ်ာမနီႏိုင္ငံဟာ အျခားႏိုင္ငံမ်ားထံမွ ဓါတ္ေငြ႕ကိုအလြန္အမင္း မွီခိုေနရေၾကာင္း ၿပီးခဲ့တဲ့ႏွစ္က ဂ်ာမနီမွာ အသုံးျပဳခဲ့တဲ့ ဓါတ္ေငြ႕အားလုံးရဲ႕ ၉၅ ရာခိုင္ႏႈန္းဟာ ျပည္ပႏိုင္ငံမ်ားကေန တင္ပို႔ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Picture

win myint soe

06/10/2022 17:32

အမေရိကန်ကိုယုံရင်မှားမယ်ဂျာမဏီရေ

Related news

© 2021. All rights reserved.