တာမွေမြို့နယ်ရှိ “TK” ရွှေဆိုင် ဓားပြတိုက်ခံရ

 3856

Pearl (NP News) - မေ ၁၂

တာမွေမြို့နယ်ရှိ “TK” ရွှေဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း (၆၀၀)ကျော်နှင့် ရွှေ (၁၉)ကျပ်သားခန့် ဆုံးရှုံးသွားခဲ့ ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၁၁ ရက်)၊ ညနေ (၃)နာရီခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ TK ရွှေဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရပ်ကွက်ရှိ TK ရွှေဆိုင်သို့ အမျိုးသား(၃)ဦးက သေနတ် (၂)လတ်ဖြင့် ဝင်ရောက်လာခဲ့ပြီး ဆိုင်ရှင် အပါအဝင် အမျိုးသား (၂)ဦးအား သေနတ်ဖြင့်ထောက်ကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဓားပြတိုက်မှုဖြစ်စဉ်အတွင်း ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ၁၉ ကျပ်သား နှင့် ငွေကျပ်သိန်း ၆၅ဝ တို့ကို အထက်ပါ အမျိုးသား(၃)ဦးက ဓားပြတိုက်ယူဆောင်သွားကာ သေနတ်တစ်ချက်ပစ်ဖောက်ပြီး ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်၍ မြို့ကြီးများရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်များ နှင့် ဘဏ်များ၌ ဓါးပြတိုက်ခံရသည့်ဖြစ်စဉ်များ မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလာသည်ကို တွေ့ရသည်။

Zawgyi Version;
တာေမြၿမိဳ႕နယ္ရွိ “TK” ေ႐ႊဆိုင္ ဓားျပတိုက္ခံရ
Pearl (NP News) - ေမ ၁၂

တာေမြၿမိဳ႕နယ္ရွိ “TK” ေ႐ႊဆိုင္ ဓားျပတိုက္ခံရၿပီး ေငြက်ပ္သိန္း (၆၀၀)ေက်ာ္ႏွင့္ ေ႐ႊ (၁၉)က်ပ္သားခန႔္ ဆုံးရႈံးသြားခဲ့ ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၁၁ ရက္)၊ ညေန (၃)နာရီခန႔္တြင္ ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္၊ ေမတၱာၫြန႔္ရပ္ကြက္ရွိ TK ေ႐ႊဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ရပ္ကြက္ရွိ TK ေ႐ႊဆိုင္သို႔ အမ်ိဳးသား(၃)ဦးက ေသနတ္ (၂)လတ္ျဖင့္ ဝင္ေရာက္လာခဲ့ၿပီး ဆိုင္ရွင္ အပါအဝင္ အမ်ိဳးသား (၂)ဦးအား ေသနတ္ျဖင့္ေထာက္ကာ ဓားျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ဓားျပတိုက္မႈျဖစ္စဥ္အတြင္း ေ႐ႊထည္လက္ဝတ္ရတနာမ်ိဳးစုံ ၁၉ က်ပ္သား ႏွင့္ ေငြက်ပ္သိန္း ၆၅ဝ တို႔ကို အထက္ပါ အမ်ိဳးသား(၃)ဦးက ဓားျပတိုက္ယူေဆာင္သြားကာ ေသနတ္တစ္ခ်က္ပစ္ေဖာက္ၿပီး ထြက္ေျပးသြားခဲ့ ေၾကာင္း သိရသည္။

လက္ရွိတြင္ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ တာဝန္ရွိသူမ်ားက လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစတင္၍ ၿမိဳ႕ႀကီးမ်ားရွိ ေ႐ႊဆိုင္မ်ား၊ ဖုန္းဆိုင္မ်ား ႏွင့္ ဘဏ္မ်ား၌ ဓါးျပတိုက္ခံရသည့္ျဖစ္စဥ္မ်ား မၾကာခဏဆိုသကဲ့သို႔ ျဖစ္ပြားလာသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.