ရွေးကောက်ပွဲကသာ လက်ရှိပြဿနာကို ဖြေရှင်းနိုင်မည်ဟု SSPP ပြော

 527

သက်ပိုင်(NP News) - ဇွန် ၃ဝ
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အာမခံနိုင်သော ရွေးကောက်ပွဲကသာ လက်ရှိပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP အဖွဲ့) ဗဟိုကော်မတီဝင် စဝ်နော်လိတ် က NP News သို့ပြောသည်။
မကြာမီပြုလုပ်ကျင်းပမည့် ပြည်ထောင်စုရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA အဖွဲ့)၏ သဘောထားအမြင်ကို မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို လက်ခံပါတယ်။ ရွေးကောက်ပွဲလုပ်ပြီး တိုင်းပြည်တည်ငြိမ်ရေး ရှာဖွေတည်ဆောက်မယ်ဆိုတာ ရွေးချယ်စရာနည်းလမ်းတွေထဲက နည်းလမ်းတစ်ခုပေါ့။ ဒါကိုရွေးရာမှာလည်း ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲ မဖြစ်မနေလုပ်ရပါမယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို အာမခံနိုင်တဲ့ ရွေးကောက်ပွဲကသာ လက်ရှိပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ရှုမြင်ပါတယ်” ဟု စဝ်နော်လိတ်က ပြောသည်။
ထို့အပြင် အဆိုပါရွေးကောက်ပွဲမပြုလုပ်မှီ အားလုံးပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပရန်လိုအပ်ကြောင်းနှင့် ထိုမှတစ်ဆင့် လွတ်ငြိမ်းချမ်းသာခွင့်များ၊ အကြမ်းဖက်စာရင်းမှ ပယ်ဖျက်သင့်သူများကို ပယ်ဖျက်ခြင်းများကိုလည်း ပြုလုပ်သင့်ကြောင်း ၎င်းကဆိုသည်။
“အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ဖို့ ဆိုတဲ့အတွက် အားလုံးပါဝင်နိုင်အောင် လုပ်ရပါမယ်၊ လူစုံတက်စုံပါဝင်နိုင်အောင် လွတ်ငြိမ်းချမ်းသာခွင့်လုပ်တာ၊ အကြမ်းဖက်စာရင်းကနေ ပယ်ဖျက်တာစသဖြင့် ရင်ဘတ်ကြီးကြီးနဲ့ လုပ်ရပါမယ်” ဟု စဝ်နော်လိတ်က ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA အဖွဲ့)ကို ၁၉၇၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို လက်ကိုင်ထားကာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဖြေရှင်းရေးကို ပထမဦးစားပေးနည်းလမ်းအဖြစ် ကိုင်စွဲထားသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကသာ လက္ရွိျပႆနာကို ေျဖရွင္းႏိုင္မည္ဟု SSPP ေျပာ
သက္ပိုင္(NP News) - ဇြန္ ၃ဝ
တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးကို အာမခံႏိုင္ေသာ ေ႐ြးေကာက္ပြဲကသာ လက္ရွိျပႆနာကို ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္း ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP အဖြဲ႕) ဗဟိုေကာ္မတီဝင္ စဝ္ေနာ္လိတ္ က NP News သို႔ေျပာသည္။
မၾကာမီျပဳလုပ္က်င္းပမည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA အဖြဲ႕)၏ သေဘာထားအျမင္ကို ေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ကြၽန္ေတာ္တို႔အေနနဲ႔ ေ႐ြးေကာက္ပြဲကို လက္ခံပါတယ္။ ေ႐ြးေကာက္ပြဲလုပ္ၿပီး တိုင္းျပည္တည္ၿငိမ္ေရး ရွာေဖြတည္ေဆာက္မယ္ဆိုတာ ေ႐ြးခ်ယ္စရာနည္းလမ္းေတြထဲက နည္းလမ္းတစ္ခုေပါ့။ ဒါကိုေ႐ြးရာမွာလည္း ေ႐ြးေကာက္ပြဲမတိုင္ခင္ ႏိုင္ငံေရးေဆြးေႏြးပြဲ မျဖစ္မေနလုပ္ရပါမယ္။ တိုင္းျပည္ရဲ႕ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးကို အာမခံႏိုင္တဲ့ ေ႐ြးေကာက္ပြဲကသာ လက္ရွိျပႆနာကို ေျဖရွင္းႏိုင္မယ္လို႔ ရႈျမင္ပါတယ္” ဟု စဝ္ေနာ္လိတ္က ေျပာသည္။
ထို႔အျပင္ အဆိုပါေ႐ြးေကာက္ပြဲမျပဳလုပ္မွီ အားလုံးပါဝင္ေသာ ေဆြးေႏြးပြဲတစ္ရပ္ကို က်င္းပရန္လိုအပ္ေၾကာင္းႏွင့္ ထိုမွတစ္ဆင့္ လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ား၊ အၾကမ္းဖက္စာရင္းမွ ပယ္ဖ်က္သင့္သူမ်ားကို ပယ္ဖ်က္ျခင္းမ်ားကိုလည္း ျပဳလုပ္သင့္ေၾကာင္း ၎ကဆိုသည္။
“အားလုံးပါဝင္တဲ့ေဆြးေႏြးပြဲျဖစ္ဖို႔ ဆိုတဲ့အတြက္ အားလုံးပါဝင္ႏိုင္ေအာင္ လုပ္ရပါမယ္၊ လူစုံတက္စုံပါဝင္ႏိုင္ေအာင္ လြတ္ၿငိမ္းခ်မ္းသာခြင့္လုပ္တာ၊ အၾကမ္းဖက္စာရင္းကေန ပယ္ဖ်က္တာစသျဖင့္ ရင္ဘတ္ႀကီးႀကီးနဲ႔ လုပ္ရပါမယ္” ဟု စဝ္ေနာ္လိတ္က ဆိုသည္။
ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA အဖြဲ႕)ကို ၁၉၇၁ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ေဒသတြင္း ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူကို လက္ကိုင္ထားကာ ႏိုင္ငံေရးျပႆနာအား ႏိုင္ငံေရးနည္းျဖင့္ ေတြ႕ဆုံေျဖရွင္းေရးကို ပထမဦးစားေပးနည္းလမ္းအျဖစ္ ကိုင္စြဲထားေသာ အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.