ဂါဇာမှာ အစားအစာဖြန့်ဖြူးမှုဘေးကင်းဖို့အတွက် ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြင်သစ်ပြော

100

Pika (NP News) - ဇွန် ၃ဝ
ဂါဇာကမ်းမြောင်ဒေသမှာ အစားအစာတွေ ဖြန့်ဖြူးရာမှာ ဘေးကင်းစေဖို့အတွက် ကူညီပေးဖို့ ပြင်သစ်နဲ့ ဥရောပ တို့က အဆင်သင့်ရှိတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသက အစ္စရေးကျောထောက်နောက်ခံပြု စားနပ်ရိက္ခာဖြန့်ဖြူးရေးစင်တာတွေမှာ လူသေဆုံး မှုတွေ တိုးလာတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေမြင့်တက်နေချိန်မှာပဲ Jean-Noel Barrot ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အဲဒီလိုအကူအညီတွေဟာ ဟားမက်လက်နက်ကိုင်အဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ကိုင်ဆောင်ထားမှုကြောင့် စိုးရိမ်ပူပန်နေတဲ့အစ္စရေးရဲ့စိုးရိမ်မှုတွေကိုလည်း ဖြေရှင်းပေးလိမ့်မှာ ဖြစ်တယ်လို့ Jean-Noel Barrot က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဂါဇာကမ်းမြောင်ဒေသက စားနပ်ရိက္ခာဖြန့်ဖြူးရေးစင်တာတွေမှာ လူ(၅၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရတာနဲ့ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်မှုတွေကို Jean-Noel Barrot က ထုတ်ဖော်ပြသခဲ့ တယ်လို့ လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်ဖို့ အလွန်နီးကပ်နေပြီလို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ Jean-Noel Barrot ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။

Zawgyi Version:
ဂါဇာမွာ အစားအစာျဖန႔္ျဖဴးမႈေဘးကင္းဖို႔အတြက္ ကူညီေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ျပင္သစ္ေျပာ
Pika (NP News) - ဇြန္ ၃ဝ
ဂါဇာကမ္းေျမာင္ေဒသမွာ အစားအစာေတြ ျဖန႔္ျဖဴးရာမွာ ေဘးကင္းေစဖို႔အတြက္ ကူညီေပးဖို႔ ျပင္သစ္နဲ႔ ဥေရာပ တို႔က အဆင္သင့္ရွိတယ္လို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Noel Barrot က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသက အစၥေရးေက်ာေထာက္ေနာက္ခံျပဳ စားနပ္ရိကၡာျဖန႔္ျဖဴးေရးစင္တာေတြမွာ လူေသဆုံး မႈေတြ တိုးလာတာနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြျမင့္တက္ေနခ်ိန္မွာပဲ Jean-Noel Barrot ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ အဲဒီလိုအကူအညီေတြဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕က လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြကို ကိုင္ေဆာင္ထားမႈေၾကာင့္ စိုးရိမ္ပူပန္ေနတဲ့အစၥေရးရဲ႕စိုးရိမ္မႈေတြကိုလည္း ေျဖရွင္းေပးလိမ့္မွာ ျဖစ္တယ္လို႔ Jean-Noel Barrot က ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ဂါဇာကမ္းေျမာင္ေဒသက စားနပ္ရိကၡာျဖန႔္ျဖဴးေရးစင္တာေတြမွာ လူ(၅၀၀) ေက်ာ္ အသက္ဆုံးရႈံးခဲ့ရတာနဲ႔ပတ္သက္ၿပီး စိတ္ဆိုးေဒါသျဖစ္မႈေတြကို Jean-Noel Barrot က ထုတ္ေဖာ္ျပသခဲ့ တယ္လို႔ လည္း သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးကို ရယူႏိုင္ဖို႔ အလြန္နီးကပ္ေနၿပီလို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ Jean-Noel Barrot ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။