မက္ကဆီကိုနိုင်ငံတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မြို့တော်ဝန်အပါအဝင် လူ(၁၈)ဦးသေဆုံး

 814

ဖြိုးခန့် (NP News) - အောက်တိုဘာ ၆

မက္ကဆီကိုနိုင်ငံ အနောက်တောင်ဘက်ရှိ မြို့ငယ်လေးတစ်ခုတွင် သေနတ်သမားများသည် မြို့တော်ဝန်အပါအဝင် အခြားလူ(၁၇)ဦးကို သတ်ဖြတ်ခဲ့ကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်၊၊

သေနတ်သမားများသည် အောက်တိုဘာ(၅)ရက်နေ့တွင် ဆန်မီဂူရယ်လ်တိုတိုလာပန် မြို့တော်ခန်းမကို ဝင်ရောက် စီးနင်းခဲ့ပြီး မြို့တော်ဝန်အပါအဝင် အခြားလူ(၁၇)ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများက ဆိုသည်။ မြို့တော်ဝန်ကွန်ရာဒိုမန်ဒိုဇာအယ်လ်မီဒါ၏ ပါတီ PRD မှ အဖွဲ့ဝင်များသည် အဆိုပါလုပ်ရပ်ကို သူရဲဘော ကြောင်သော လုပ်ကြံသတ်ဖြတ်မှုအဖြစ်ပြစ်တင်ရှုတ်ချခဲ့ပြီး တရားမျှတမှုရရှိအောင်ပြုလုပ်ပေးရန် တောင်းဆိုခဲ့ ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို အင်အားကြီးမူးယစ်ဂိုဏ်းတစ်ခုနှင့် ဆက်နွယ်နေသည့် Los Tequileros ရာဇဝတ်ဂိုဏ်းမှ လုပ်ခြင်းဖြစ်သည်ဟု စွပ်စွဲမှုမှုများလည်းရှိနေသည်။

အဆိုပါလူအများအပြားသေဆုံးစေခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲအရာရှိများနှင့် ကောင်စီဝင်များပါ အသတ်ခံခဲ့ ရပြီး လူမှုကွန်ရက်ပေါ်တွင် မြေပြင်ပေါ်မှာ လဲကျနေသည့် သွေးများပေနေသော ရုပ်အလောင်းများ၏ ဓာတ်ပုံများ ပျံ့နှံ့နေခဲ့ကြောင်းသိရသည်။ မြို့တော်ခန်းမတွင် တိုက်ခိုက်မှုမဖြစ်ပွားမီ ကွန်ရာဒိုမန်ဒိုဇာအယ်လ်မီဒါ၏ဖခင်ဖြစ်သူ မြို့တော်ဝန်ဟောင်း ဂျူယန်မန်ဒိုဇာအေကိုစတာသည် ၎င်း၏နေအိမ်တွင် အသတ်ခံခဲ့ရကြောင်းလည်းသိရသည်။

Guerrero ပြည်နယ်တွင် တိုက်ခိုက်မှုများရှိခဲ့သော်လည်း ယခုအကြိမ်တိုက်ခိုက်မှုသည် ယခင်တိုက်ခိုက်မှုများထက် ပိုမိုဆိုးရွားခဲ့ကြောင်း သိရသည်။ Guerrero ပြည်နယ်၏ ရှေ့နေချုပ်က အဆိုပါတိုက်ခိုက်မှုတွင် သေဆုံးသူ (၁၈) ဦး အထိရှိခဲ့ပြီး အခြား (၃) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအပြီးတွင် သေနတ်သမားများကိုရှာဖွေရန်အတွက် စစ်တပ်နှင့် ရေတပ်တပ်ဖွဲ့များကို တပ်ဖြန့် ထားကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ Guerrero ပြည်နယ်အုပ်ချုပ်ရေးမှူး အိဗ်လင်းဆယ်လ်ဂါဒိုက သေဆုံးသူများအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း တွစ်တာပေါ်တွင် တင်ခဲ့သည်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံတြင္ ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္အပါအဝင္ လူ(၁၈)ဦးေသဆုံး
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၆

မကၠဆီကိုႏိုင္ငံ အေနာက္ေတာင္ဘက္ရွိ ၿမိဳ႕ငယ္ေလးတစ္ခုတြင္ ေသနတ္သမားမ်ားသည္ ၿမိဳ႕ေတာ္ဝန္အပါအဝင္ အျခားလူ(၁၇)ဦးကို သတ္ျဖတ္ခဲ့ေၾကာင္း ရဲအရာရွိမ်ားက ေျပာၾကားခဲ့သည္၊၊

ေသနတ္သမားမ်ားသည္ ေအာက္တိုဘာ(၅)ရက္ေန႔တြင္ ဆန္မီဂူရယ္လ္တိုတိုလာပန္ ၿမိဳ႕ေတာ္ခန္းမကို ဝင္ေရာက္ စီးနင္းခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္အပါအဝင္ အျခားလူ(၁၇)ဦးကို ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲအရာရွိမ်ားက ဆိုသည္။ ၿမိဳ႕ေတာ္ဝန္ကြန္ရာဒိုမန္ဒိုဇာအယ္လ္မီဒါ၏ ပါတီ PRD မွ အဖြဲ႕ဝင္မ်ားသည္ အဆိုပါလုပ္ရပ္ကို သူရဲေဘာ ေၾကာင္ေသာ လုပ္ႀကံသတ္ျဖတ္မႈအျဖစ္ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး တရားမွ်တမႈရရွိေအာင္ျပဳလုပ္ေပးရန္ ေတာင္းဆိုခဲ့ ေၾကာင္းသိရသည္။ အဆိုပါတိုက္ခိုက္မႈကို အင္အားႀကီးမူးယစ္ဂိုဏ္းတစ္ခုႏွင့္ ဆက္ႏြယ္ေနသည့္ Los Tequileros ရာဇဝတ္ဂိုဏ္းမွ လုပ္ျခင္းျဖစ္သည္ဟု စြပ္စြဲမႈမႈမ်ားလည္းရွိေနသည္။

အဆိုပါလူအမ်ားအျပားေသဆုံးေစခဲ့သည့္ ပစ္ခတ္တိုက္ခိုက္မႈတြင္ ရဲအရာရွိမ်ားႏွင့္ ေကာင္စီဝင္မ်ားပါ အသတ္ခံခဲ့ ရၿပီး လူမႈကြန္ရက္ေပၚတြင္ ေျမျပင္ေပၚမွာ လဲက်ေနသည့္ ေသြးမ်ားေပေနေသာ ႐ုပ္အေလာင္းမ်ား၏ ဓာတ္ပုံမ်ား ပ်ံ႕ႏွံ႔ေနခဲ့ေၾကာင္းသိရသည္။ ၿမိဳ႕ေတာ္ခန္းမတြင္ တိုက္ခိုက္မႈမျဖစ္ပြားမီ ကြန္ရာဒိုမန္ဒိုဇာအယ္လ္မီဒါ၏ဖခင္ျဖစ္သူ ၿမိဳ႕ေတာ္ဝန္ေဟာင္း ဂ်ဴယန္မန္ဒိုဇာေအကိုစတာသည္ ၎၏ေနအိမ္တြင္ အသတ္ခံခဲ့ရေၾကာင္းလည္းသိရသည္။

Guerrero ျပည္နယ္တြင္ တိုက္ခိုက္မႈမ်ားရွိခဲ့ေသာ္လည္း ယခုအႀကိမ္တိုက္ခိုက္မႈသည္ ယခင္တိုက္ခိုက္မႈမ်ားထက္ ပိုမိုဆိုး႐ြားခဲ့ေၾကာင္း သိရသည္။ Guerrero ျပည္နယ္၏ ေရွ႕ေနခ်ဳပ္က အဆိုပါတိုက္ခိုက္မႈတြင္ ေသဆုံးသူ (၁၈) ဦး အထိရွိခဲ့ၿပီး အျခား (၃) ဦးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

အဆိုပါတိုက္ခိုက္မႈအၿပီးတြင္ ေသနတ္သမားမ်ားကိုရွာေဖြရန္အတြက္ စစ္တပ္ႏွင့္ ေရတပ္တပ္ဖြဲ႕မ်ားကို တပ္ျဖန႔္ ထားေၾကာင္း အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ Guerrero ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အိဗ္လင္းဆယ္လ္ဂါဒိုက ေသဆုံးသူမ်ားအတြက္ အလြန္စိတ္မေကာင္းျဖစ္မိေၾကာင္း တြစ္တာေပၚတြင္ တင္ခဲ့သည္။

Related news

© 2021. All rights reserved.