အဆုံးသတ်ကင်းမဲ့လာသော ခေတ်သစ်စစ်ပွဲများ (‌‌ဘာသာပြန်ဆောင်းပါး)

 1341

ALynn (NP News) - မေ ၁၁

လူ့လောကတွင် အများက ယုံကြည်လက်ခံထားသော အကြောင်းအရာ၊ အတွေးအခေါ် အယူအဆပင်လျှင် တစ်ချိန်ချိန်တွင် ၎င်း၏ အားနည်းချက်များ၊ မမှန်ကန်မှုများက ပေါ်ပေါက်လာ တတ်လေ့ရှိသည်။ ထို့ကြောင့် အကြောင်းအရာတစ်ခု၊ အယူအဆတစ်ခုကို လူအများက တစ်ထစ်ချ တရားသေ စွဲကိုင်ယုံကြည်လက်ခံအောင်လုပ်ရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။

သို့သော် နိုင်ငံရေးနယ်ပယ်တွင် ယနေ့အချိန်ထိ အများစုယုံကြည်လက်ခံထားသည့်အရာ တစ်ခုမှာ ‘ စစ်ပွဲသည် အပြည်ပြည်ဆိုင်ရာစည်းမျဉ်းများ၊ စနစ်များကိုပေါ်ပေါက်လာအောင်၊ ပိုမိုကျယ် ပြန့်လာအောင် သို့တည်းမဟုတ် လက်ရှိအခြေအနေကို ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းရာတွင် အ‌ရေးပါ သည့်အခန်းကဏ္ဍမှ ပါဝင်သည်’ ဆိုသောအချက်ပင် ဖြစ်ပါသည်။
Nation-state စနစ်များ ပေါ်ပေါက်လာခြင်းသည်ပင်လျှင် နှစ် (၃၀) စစ်ပွဲ (၁၆၁၈-၁၆၄၈) ၏ ရလဒ် ဟု သုံးသပ်ထားကြသည်။ ထို့ပြင် စစ်ပွဲကြီး အဆုံးသတ်ရေး ချုပ်ဆိုခဲ့သည့် Westphalia စာချုပ်ကြောင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခွင့် မရှိရေး စသော အယူအဆအသစ်များကို ကျယ်ပြန့်လာစေပါသည်။

ထို့ကြောင့် စစ်ပွဲသည် လူသားများ၏ အမုန်းတရား၊ မတူကွဲပြားမှုအပေါ် လက်ခံနိုင်ခြင်းမ ရှိသော အခြေအနေများ၊ အကျိုးစီးပွားအတွက် ရယူလိုမှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သော်ငြား အသစ်အသစ်သော နိုင်ငံတကာစနစ်များကို ပေါ်ပေါက်လာစေခြင်း၊ ကျယ်ပြန့်လာစေခြင်း၊ ထိန်းသိမ်း ထားနိုင်ခြင်းစသော အကျိုးများကို ဖြစ်ထွန်းစေကြောင်း တွေ့ရသည်။
၂၁ ရာစု၏ ပထမ ဆယ်စုနှစ် ၃ ခုအတွင်း အဖြစ်အပျက်များသည် ၂၀ ရာစုနှစ်က အခြေအနေ များနှင့် ဆင်တူလျက်ရှိနေပါသည်။ အစောပိုင်းနှစ် များတွင် နိုင်ငံရေးတည်ငြိမ်မှုရှိပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်ခြင်းနှင့်အတူ နိုင်ငံများ၏ ဥပဒေစည်းမျဉ်း လိုက်နာမှုများကြောင့် အေးအေးချမ်းချမ်း ဖြစ်ခဲ့ သော်လည်း နောက်ပိုင်းတွင် စီးပွားရေးပျက်ကပ်များ၊ ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါဆိုးများ နှင့် ဒေသတွင်း ပဋိပက္ခများကြောင့် ကမ္ဘာကြီးတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့ပါသည်။

စစ်အေးကာလနောက်ပိုင်း ပဋိပက္ခများသည် ယခင်နိုင်ငံများအကြားတိုက်ခိုက်သော ပဋိပက္ခ များနှင့်မတူ ကွဲထွက်နေသည်။ ဆိုလိုသည်မှာ ပထဝီနိုင်ငံရေးအရ သို့တည်းမဟုတ် အယူဝါဒအရ တိုက်ခိုက်လေ့ရှိကြသော ယခင်စစ်ပွဲများနှင့်မတူ ခေတ်သစ်စစ်ပွဲများသည် အကျိုးအမြတ်တွက်လေ့ ရှိကြပြီး ဝိသေသလက္ခဏာ (Identity) တစ်ရပ်အတွက် တိုက်ပွဲဝင်ကြကြောင်းအမည်ခံလေ့ရှိကြသည်။

ခေတ်ဟောင်းနှင့် ခေတ်သစ်စစ်ပွဲများအကြား အဓိကကွာခြားချက်မှာ နျူကလီးယားဗုံးများပင် ဖြစ်သည်။ ထူးဆန်းသည်မှာ နျူကလီးယားတင်းမာမှုများလျှော့ချရန်အတွက် သမားရိုးကျစစ်ပွဲများ၊ နယ်ခြားတိုက်ပွဲများ၊ ပြည်တွင်းစစ်များ၊ စူပါ ပါဝါ များအကြား ပြိုင်ဆိုင်မှုများနှင့် ဒေသတွင်း ပဋိပက္ခ များကို တိုးပွားလာစေသည်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကိုရီးယားစစ်ပွဲ (၁၉၄၅)၊ အိန္ဒိယခွဲ ထွက်ရေးပဋိပက္ခ (၁၉၄၇-၄၈)၊ အာရပ်-အစ္စရေးစစ် (၁၉၄၈)၊ ဗီယက်နမ်စစ်ပွဲ (၁၉၅၅-၇၅)၊ ဝက် ပင်လယ်အော် ကျူးကျော်စစ်ပွဲ (၁၉၆၁)၊ အီရစ်ထရီယန် တို့၏ လွတ်လပ်ရေးတိုက်ပွဲများ (၁၉၆၁-၁၉၉၁)၊ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲ (၁၉၇၁)၊ ယွန်ကစ်ပါစစ်ပွဲ (၁၉၇၃)၊ လက်ဘနွန် ပြည်တွင်းစစ် (၁၉၇၅-)၊ ကဒ်-တူရကီပဋိပက္ခ (၁၉၇၈-)၊ ဆိုဗီယက်-အာဖဂန်စစ်ပွဲ (၁၉၇၈-၁၉၈၈)၊ အီရန်-အီရတ်စစ်ပွဲ (၁၉၈၀-၈၈)၊ ပြည်တွင်းစစ်ပွဲများ၊ အာဏာသိမ်းမှုများအပါအဝင် မရေမတွက်နိုင် သော ပဋိပက္ခများ အရေအတွက်အားဖြင့် ၁၀ဝ၀ နီးပါး ရှိမည်ထင်ရပြီး လွန်ခဲ့သော နှစ်ပေါင်း ၈၀ လောက် ကတည်းက ဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲရှိနေသည်။

ထို့ပြင် လတ်တလောဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်းပဋိပက္ခနှင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲတို့သည် လူသားမျိုးနွယ်အတွက် စိုးရိမ်ဖွယ် ခေတ်သစ်ပဋိပက္ခများ ဖြစ်လာသည်။ နာဂိုနို-ကာ ရာဘတ်အရေးကိစ္စအပါအဝင် ဆူဒန်၊ အမ်ဟာရာ၊ နိုင်ဂျာ၊ နိုင်ဂျီးရီးယား၊ ဆိုမာလီနှင့် မြန်မာစသည့် နိုင်ငံများတွင်လည်း ပြည်တွင်းစစ်များ၊ အုပ်ချုပ်ရေး အပြောင်းအလဲများဖြင့် ကမ္ဘာတစ်ခုလုံးကို အကြား အလပ်မရှိ ဂယက်ရိုက်လျက်ရှိနေသည်။

ပဋိပက္ခထောက်လှမ်းရေးမီဒီယာများ၏ ထုတ်ပြန်ချက်အရ ဥရောပ၊ အနောက်အာရှ၊ တောင် တရုတ်ပင်လယ်နှင့် အရှေ့မြောက်အာဖရိက တို့သည် ထိလွယ်ရှလွယ်ရပ်ဝန်းများဖြစ်နေပေသည်။ ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအတွင်း အမေရိကန်နှင့် နေတိုးနိုင်ငံများသည် ဝင်ရောက် စွက်ဖက်ခြင်း သို့တည်းမဟုတ် အားပေးထောက်ပံ့ခြင်းဖြင့် ပြဿနာကို ကြီးမားအောင် လှုံ့ဆော်သကဲ့သို့ ရှိနေသည်ကိုတော့ လျစ်လျူရှု၍ မရပါ။

Identity အပေါ်အခြေခံလာတဲ့ ခေတ်သစ်စစ်ပွဲ
ယနေ့ခေတ်စစ်ပွဲများသည် အထက်တွင် ဆိုခဲ့သည့်အတိုင်း ကိုယ်ပိုင်ဝိသေသလက္ခဏာများကို ကာကွယ်ထိန်းသိမ်းရန်အတွက် တိုက်ခိုက်ကြခြင်းဖြစ်ပြီး ယခင်ကလို နယ်မြေရလိုမှုအတွက် ပြိုင်ဆိုင် ကြခြင်း မဟုတ်တော့ပါ။ တစ်နည်းဆိုရသော် Geopo­litics မှသည် Identity politics သို့ ကူးပြောင်းလာ ခြင်းဖြစ်သည်။

အတိတ်က နာဇီဂျာမနီတို့နှင့် ဆိုဗီယက် ပြည်ထောင်စုတို့ စစ်အတွင်း ပါဝင်ခဲ့ခြင်းမှာ နယ်မြေ အကျယ်အပြန့်ပိုင်ဆိုင်လိုခြင်း ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ၂၀ ရာစုအတွင်း ဆိုဗီ ယက်အင်ပါယာကြီး ကြီးမားကျယ်ပြန့်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ရုရှား၏ ၂၀၁၄ ခုနှစ် ခရိုင်းမီးယား ကို တိုက်ခိုက်ခြင်းနှင့် တရုတ်၏ တောင်တရုတ်ပင်လယ်အတွင်း ကျွန်းများတည်ဆောက်ခြင်းတို့သည် ထိုလမ်းစဉ်အတိုင်း စီးမျောခြင်းသာဖြစ်သည်။

သို့သော် ရုရှား-ယူကရိန်းစစ်ပွဲအပါအဝင် အစ္စရေး-ဟားမတ်စ်အရေးတို့ကဲ့သို့ ၂၁ ရာစု ပဋိပက္ခ များသည် ဒေသတွင်းသို့ပါ ပျံ့နှံ့လာပြီး နှစ်ဖက်စလုံးတွင် ငွေကြေးအားဖြင့်သော်လည်း ကောင်း၊ လက် နက်ပစ္စည်းအားဖြင့်သော်လည်းကောင်း ထောက်ပံ့ပေးမည့်သူများရှိနေပေသည်။ ၂၁ ရာစု စစ်ပွဲအခင်း အကျင်းသည် လူမျိုးရေးဝါဒအပေါ် အခြေခံလာမည် ဖြစ်ကြောင်း Samuel Huntington ၏ “ The Clash of Civilizations and the Remaking of the World Order ” စာအုပ်တွင်ဖော်ပြထားဖူးသည်။

၎င်း၏ ခန့်မှန်းချက်များက မှန်ကန်သည်ဟု ဆိုရမည်။ စစ်အေးကာလပြီးနောက် ကမ္ဘာကြီးတွင် ဘာသာရေးနှင့် လူမျိုးရေးလက္ခဏာများအပေါ် အခြေခံသည့် ပဋိပက္ခများသာ တရိပ်ရိပ်တိုးပွားလာ နေသည်။ သို့သော် ယနေ့ခေတ်ပဋိပက္ခများသည် ယခင်ကလို အားကြီးသူသာ အနိုင်ရမည်ဆိုသည့် သဘောတရားက မမှန်ကန်နိုင်တော့ပါ။ ပါဝင်ပတ်သက်နေသော ကျူးလွန်သူ- ထိခိုက်ခံစားရသူ-အားပေးအားမြှောက်ပြုသူတို့အတွက် အရှုံး-အရှုံး-အရှုံး ရလဒ်သာ ဖြစ်ပေါ်စေမည့် ခေတ်သစ်စစ် ပွဲများသာဖြစ်နေတတ်သည်။ ဤသို့သော စစ်ပွဲများတွင် အောင်နိုင်သူများမှာ လက်နက်ခဲယမ်းထုတ်လုပ် သည့် ကုမ္ပဏီများသာ ဖြစ်နေသည်။

ခေတ်သစ်စစ်ပွဲများ၏ ဦးတည်ချက်နှင့်လားရာ
Identity politics ကိုအခြေခံ၍ ဖြစ်ပေါ်လာသော ခေတ်သစ်စစ်ပွဲများ၏ ရည်ရွယ်ချက်မှာ အုပ်စုတစ်ခု၏ အကျိုးအမြတ်အတွက် ဦးတည်နေပြီး အများအကျိုးကို ရှေးရှုခြင်းမျိုးတော့ မဟုတ်ပါ။ Identity politics ကို အခြေခံသည့် စစ်ပွဲများကို ဥပမာပြရမည်ဆိုပါက ၁၉၇၁ ဘင်္ဂလားဒေ့ရှ် လွတ် လပ်ရေးစစ်ပွဲကို ထင်သာမြင်သာဖြစ်အောင် ရည်ညွှန်းလိုပါသည်။
ပါကစ္စတန်တို့သည် အနောက်ပိုင်းရှိ အထက်တန်းလွှာလူနည်းစု ပြောဆိုကြသည့် အူရဒူ ဘာသာစကားကို နိုင်ငံတော် ဘာသာစကားအဖြစ်ကြေညာခြင်းကြောင့် အရှေ့ပါကစ္စတန်ရှိ ဘင်္ဂါလီဘာသာ စကားပြော လူအများစုအတွက် နစ်နာမှုတစ်ခုဖြစ်လာခဲ့သည်။ ထို့ပြင် ဘင်္ဂါလီ စကားပြောပါကစ္စတန်များကို နိုင်ငံရေး၊ စစ်တပ်နှင့် ပြည်သူ့ရေးရာကဏ္ဍတို့တွင် နေရာမပေးခြင်းတို့က လူမျိုးရေးအရ နှိပ်ကွပ်ခြင်းဖြစ်လာခဲ့သည်။ ဤသို့ဖြင့် လူမျိုးစုနှင့် ဘာသာစကားဆိုင်ရာ မကျေနပ်ချက် များသည် တဖြည်းဖြည်း သွေးထွက်သံယိုများသည့် ပြည်တွင်းစစ်အသွင်သို့ကူးပြောင်းလာပြီး အဆုံးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ခွဲထွက်တည်ထောင်လာနိုင်ခဲ့သည်။ ထိုနည်းတူစွာပင် သီရိလင်္ကာ နိုင်ငံတွင် လည်း တမီးလ် လူမျိုးစုကို အုပ်ချုပ်သူလူနည်းစု ဆင်ဟာလီ လူမျိုးတို့က ခွဲခြားဆက်ဆံခြင်းကြောင့် Liberation Tigers of Tamil Eelam (LTTE) အဖွဲ့၏ ခွဲထွက်ရေးလှုပ်ရှားမှုများကို ပေါ်ပေါက်လာစေခဲ့ သည်။ ဤသို့ဖြင့် သီရိလင်္ကာတွင် လူမျိုးရေးကို အခြေခံသော ပြည်တွင်းစစ်ပွဲ ၁၉၈၃ ခုနှစ်၌ စတင်ခဲ့ပြီး ၂၀ဝ၉ ခုနှစ်တွင် အစိုးရက LTTE အဖွဲ့ကို ရက်ရက်စက်စက်ထိုးစစ်များ ဆင်နွှဲ၍ ဖြိုခွင်းနိုင်ခဲ့ပါသည်။ သို့သော် ဆယ်စုနှစ်တစ်ခုအကြာ ၂၀၁၉ ခုနှစ်တွင် ကိုလံဘို၌ Easter Sunday ဗုံးပေါက်ကွဲမှုများကြောင့် သီရိလင်္ကာတွင် လူမျိုးရေးအကြမ်းဖက်မှုများ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်ကြောင်း သတိပြု စရာဖြစ်လာပါသည်။

၂၁ ရာစု ပဋိပက္ခများသည် အင်အားကြီး နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုများနှင့်အတူ ဒေသ တွင်းသာမက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းမှုများကို ပျက်ပြားစေပြီး အကြမ်းဖက်မှုများကိုသာ ဦးတည်သွားစေကြောင်း တွေ့မြင်နေရသည်။ ထိုကဲ့သို့ အင်အားကြီးနိုင်ငံများ၏ ပါဝါသာလွန်မှုကို ပြသရန် ပြဿနာအတွင်းပါဝင်ပတ်သက်လာကြခြင်းသည် အဆုံးတွင် ဖြေရှင်း၍မရသော နာတာရှည်ပဋိ ပက္ခများကိုသာ ဦးတည်သွားစေတတ်သည်။ ယင်းမှာ အင်အားကြီးနိုင်ငံများအနေဖြင့် ကြားဝင် စွက်ဖက် ရာတွင် ပြဿနာ၏ မူလဇာစ်မြစ်ကို ရှာဖွေခြင်းထက် အကျိုးသက်ရောက်မှုကိုသာ ဦးစားပေး ဖြေရှင်း ခြင်း အလေ့အထများကြောင့်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေး ကိုသာ ရှေးရှုလေ့ရှိကြသောကြောင့် အဆုံးတွင် အမှန်တကယ် စစ်မက်ဖြစ်ပွားသည့် နိုင်ငံများမှာ ဖရိုဖရဲဖြင့် အဆုံးသတ်မလှဖြစ်တတ်ကြသည်။

အဆုံးမရှိသော စစ်ပွဲများအတွက် အောင်နိုင်‌ခြင်းဟူသည်ကား
စစ်ပွဲများတွင် စွမ်းဆောင်ရည်နယ်ပယ် ထက် စိတ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍက ပိုမိုအား ကောင်းသည်ဟု ဆိုရမည်။ စစ်ပွဲများသည် အနိုင်/ အရှုံး နှစ်မျိုးသာ ရှိသည်ဟုဆိုသော်လည်း ကြားဝင် စွက်ဖက်သည့်စစ်ပွဲများတွင်ကား အနိုင်အရှုံး ဆုံးဖြတ်ရန်ခက်သည်။
ယနေ့ခေတ်တွင် ဒေသ၏ ပထဝီနိုင်ငံရေး အနေအထားအရ ပြင်ပက ကြားဝင်စွက်ဖက်တတ် ကြပြီး အကျိုးအမြတ် ရှာဖွေပြီးသည့်အခါ ပြန်လည် ထွက်ခွာသွားတတ်ကြသည်။ ထို့ကြောင့် ကြားဝင် စွက်ဖက်သည့် စစ်ပွဲများတွင်ကား အနိုင်/အရှုံးထက် အကျိုးအမြတ်နှင့် ကုန်ကျစရိတ်ကိုပိုမိုတွက်ချက် နေတတ်ကြသည်။ ထို့ကြောင့် ဤသို့သောစစ်ပွဲများတွင် ပြိုင်ဘက်ကို စစ်ရေးအရ အောင်နိုင်ခြင်းသည် အမှန်တကယ် အောင်နိုင်ခြင်းမျိုး ဟု သတ်မှတ်၍မရတော့ပါ။

ယနေ့ခေတ်တွင် “Jus ad Bellum” ဟု ခေါ်သည့် တရားသောစစ်အမည်ခံ ကြားဝင်စွက်ဖက် သည့်စစ်ပွဲများကို ဆင်နွှဲနေကြပြီး ၎င်းစစ်ပွဲများ၏ ရလဒ်ကို သုံးသပ်ဖို့ဆိုလျှင် သာမန်စစ်ပွဲများထက် ကျော်လွန်၍ ရှုမြင်တတ်ရန်လိုအပ်လာသည်။ အီရတ် နှင့် အာဖဂန်နစ္စတန်တို့တွင် အစိုးရအပြောင်းအလဲ အတွက် စစ်ကိုစတင်ခဲ့ကြသော်လည်း အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအုပ်စု၏ ကြားဝင်ခြင်း ကြောင့် စစ်က ပိုမိုကျယ်ပြန့်သွားခဲ့ရသည်။

အမှန်အတိုင်းဆိုရလျှင် ထိုစစ်ပွဲများကို အဆုံးသတ်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပြီး အကျိုး ဆက်သည်လည်း ကိုယ်တိုင်တိုက်ခိုက်ကြခြင်းထက်ပင် ဆိုးရွားသည့်အနေအထားကို ရောက်ခဲ့ရသည်။ အထူးသဖြင့် ထိုစစ်ပွဲများတွင် ပြိုင်ဘက်က ၎င်းတို့၏ အရှုံးကို လက်မခံသလို ငြိမ်းချမ်းရေးလည်း ရရှိမည်မဟုတ်ဘဲ စစ်ရေးအရသာ အောင်နိုင်မှုရှိသော်လည်း တစ်ချိန်လုံး အကြမ်းဖက်မှုများ မချုပ်ငြိမ်းဘဲရှိနေတတ်ပါသည်။

သို့ဖြစ်ပါ၍ ယနေ့ခေတ် စစ်ပွဲများတွင် အောင်နိုင်ခြင်းဟူသည်ကား အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူနိုင်ပြီး ရလဒ်မှာကား ဆိုးရွားသော ရေရှည်ကံကြမ္မာကို ကြံ့ကြံ့ခံနိုင်ခြင်းထက် မပိုပေ။ ဆိုလိုသည်မှာ အနိုင်/အရှုံးသတ်မှတ်ပြီးသည့်တိုင်အောင် မပြီးဆုံးနိုင်သောစစ်ပွဲများက ဆက်လက် ဖြစ်ပွားနေမည်သာဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ခေတ်သစ် စစ်ပွဲများဖြစ်သော ရုရှား-ယူကရိန်း၊ အစ္စရေး-ဟားမတ်စ်တို့ကို နမူနာကြည့်ခြင်းအားဖြင့် ခေတ်သစ် စစ်ပွဲများမှာ ညတာရှည်တစ်ခုအတွင်း အိပ်မက်ဆိုး မက်နေခြင်းနှင့် အလားသဏ္ဌာန်တူသည်။ ကနဦး ပိုင်းရည်ရွယ်ချက်က မိမိတို့ တန်ဖိုးထားမြတ်နိုးသော ဝိသေသလက္ခဏာတစ်ခုအတွက် စစ်ကိုစတင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် အကြမ်းဖက်သော၊ ညှာတာ မှုမရှိသော စစ်ပွဲများအဖြစ် ပြောင်းလဲလာခဲ့သည်။

ယင်းအခြေအနေများကို ပိုမိုဆိုးရွားအောင် မီးစာထိုးပေးသည်က အင်အားကြီးနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုများ၊ ကျောထောက်နောက်ခံပြုပေးခြင်းများပင် ဖြစ်သည်။ ထို့ကြောင့်လည်း စစ်သည် အနိုင်/ အရှုံး ဝေခွဲဆုံးဖြတ်ရန် ကာလ ကြာမြင့်နေပြီး အဆုံးမရှိစစ်ပွဲများအဖြစ်သို့သာ တဖြည်းဖြည်း ဦးတည်လာပါကြောင်း ရေးသားလိုက်ရပါသည်။

zawgyi version
အဆုံးသတ္ကင္းမဲ့လာေသာ ေခတ္သစ္စစ္ပြဲမ်ား (‌‌ဘာသာျပန္ေဆာင္းပါး)
ALynn (NP News) - ေမ ၁၁

လူ႔ေလာကတြင္ အမ်ားက ယုံၾကည္လက္ခံထားေသာ အေၾကာင္းအရာ၊ အေတြးအေခၚ အယူအဆပင္လွ်င္ တစ္ခ်ိန္ခ်ိန္တြင္ ၎၏ အားနည္းခ်က္မ်ား၊ မမွန္ကန္မႈမ်ားက ေပၚေပါက္လာ တတ္ေလ့ရွိသည္။ ထို႔ေၾကာင့္ အေၾကာင္းအရာတစ္ခု၊ အယူအဆတစ္ခုကို လူအမ်ားက တစ္ထစ္ခ် တရားေသ စြဲကိုင္ယုံၾကည္လက္ခံေအာင္လုပ္ရန္မွာ မျဖစ္ႏိုင္သည့္ အေျခအေနျဖစ္ပါသည္။

သို႔ေသာ္ ႏိုင္ငံေရးနယ္ပယ္တြင္ ယေန႔အခ်ိန္ထိ အမ်ားစုယုံၾကည္လက္ခံထားသည့္အရာ တစ္ခုမွာ ‘ စစ္ပြဲသည္ အျပည္ျပည္ဆိုင္ရာစည္းမ်ဥ္းမ်ား၊ စနစ္မ်ားကိုေပၚေပါက္လာေအာင္၊ ပိုမိုက်ယ္ ျပန႔္လာေအာင္ သို႔တည္းမဟုတ္ လက္ရွိအေျခအေနကို ထိန္းသိမ္းႏိုင္ေအာင္ ႀကိဳးပမ္းရာတြင္ အ‌ေရးပါ သည့္အခန္းက႑မွ ပါဝင္သည္’ ဆိုေသာအခ်က္ပင္ ျဖစ္ပါသည္။
Nation-state စနစ္မ်ား ေပၚေပါက္လာျခင္းသည္ပင္လွ်င္ ႏွစ္ (၃၀) စစ္ပြဲ (၁၆၁၈-၁၆၄၈) ၏ ရလဒ္ ဟု သုံးသပ္ထားၾကသည္။ ထို႔ျပင္ စစ္ပြဲႀကီး အဆုံးသတ္ေရး ခ်ဳပ္ဆိုခဲ့သည့္ Westphalia စာခ်ဳပ္ေၾကာင့္ လြတ္လပ္စြာ ကိုးကြယ္ယုံၾကည္ခြင့္၊ ႏိုင္ငံတစ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ဝင္ေရာက္စြက္ဖက္ခြင့္ မရွိေရး စေသာ အယူအဆအသစ္မ်ားကို က်ယ္ျပန႔္လာေစပါသည္။

ထို႔ေၾကာင့္ စစ္ပြဲသည္ လူသားမ်ား၏ အမုန္းတရား၊ မတူကြဲျပားမႈအေပၚ လက္ခံႏိုင္ျခင္းမ ရွိေသာ အေျခအေနမ်ား၊ အက်ိဳးစီးပြားအတြက္ ရယူလိုမႈမ်ားေၾကာင့္ ျဖစ္ေပၚလာရျခင္း ျဖစ္ေသာ္ျငား အသစ္အသစ္ေသာ ႏိုင္ငံတကာစနစ္မ်ားကို ေပၚေပါက္လာေစျခင္း၊ က်ယ္ျပန႔္လာေစျခင္း၊ ထိန္းသိမ္း ထားႏိုင္ျခင္းစေသာ အက်ိဳးမ်ားကို ျဖစ္ထြန္းေစေၾကာင္း ေတြ႕ရသည္။
၂၁ ရာစု၏ ပထမ ဆယ္စုႏွစ္ ၃ ခုအတြင္း အျဖစ္အပ်က္မ်ားသည္ ၂၀ ရာစုႏွစ္က အေျခအေန မ်ားႏွင့္ ဆင္တူလ်က္ရွိေနပါသည္။ အေစာပိုင္းႏွစ္ မ်ားတြင္ ႏိုင္ငံေရးတည္ၿငိမ္မႈရွိၿပီး စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ျခင္းႏွင့္အတူ ႏိုင္ငံမ်ား၏ ဥပေဒစည္းမ်ဥ္း လိုက္နာမႈမ်ားေၾကာင့္ ေအးေအးခ်မ္းခ်မ္း ျဖစ္ခဲ့ ေသာ္လည္း ေနာက္ပိုင္းတြင္ စီးပြားေရးပ်က္ကပ္မ်ား၊ ကမာၻလုံး ဆိုင္ရာ ကပ္ေရာဂါဆိုးမ်ား ႏွင့္ ေဒသတြင္း ပဋိပကၡမ်ားေၾကာင့္ ကမာၻႀကီးတစ္ခုလုံး လႈပ္လႈပ္ခတ္ခတ္ျဖစ္လာခဲ့ပါသည္။

စစ္ေအးကာလေနာက္ပိုင္း ပဋိပကၡမ်ားသည္ ယခင္ႏိုင္ငံမ်ားအၾကားတိုက္ခိုက္ေသာ ပဋိပကၡ မ်ားႏွင့္မတူ ကြဲထြက္ေနသည္။ ဆိုလိုသည္မွာ ပထဝီႏိုင္ငံေရးအရ သို႔တည္းမဟုတ္ အယူဝါဒအရ တိုက္ခိုက္ေလ့ရွိၾကေသာ ယခင္စစ္ပြဲမ်ားႏွင့္မတူ ေခတ္သစ္စစ္ပြဲမ်ားသည္ အက်ိဳးအျမတ္တြက္ေလ့ ရွိၾကၿပီး ဝိေသသလကၡဏာ (Identity) တစ္ရပ္အတြက္ တိုက္ပြဲဝင္ၾကေၾကာင္းအမည္ခံေလ့ရွိၾကသည္။

ေခတ္ေဟာင္းႏွင့္ ေခတ္သစ္စစ္ပြဲမ်ားအၾကား အဓိကကြာျခားခ်က္မွာ န်ဴကလီးယားဗုံးမ်ားပင္ ျဖစ္သည္။ ထူးဆန္းသည္မွာ န်ဴကလီးယားတင္းမာမႈမ်ားေလွ်ာ့ခ်ရန္အတြက္ သမား႐ိုးက်စစ္ပြဲမ်ား၊ နယ္ျခားတိုက္ပြဲမ်ား၊ ျပည္တြင္းစစ္မ်ား၊ စူပါ ပါဝါ မ်ားအၾကား ၿပိဳင္ဆိုင္မႈမ်ားႏွင့္ ေဒသတြင္း ပဋိပကၡ မ်ားကို တိုးပြားလာေစသည္။ ဒုတိယကမာၻစစ္ၿပီးကတည္းက ကိုရီးယားစစ္ပြဲ (၁၉၄၅)၊ အိႏၵိယခြဲ ထြက္ေရးပဋိပကၡ (၁၉၄၇-၄၈)၊ အာရပ္-အစၥေရးစစ္ (၁၉၄၈)၊ ဗီယက္နမ္စစ္ပြဲ (၁၉၅၅-၇၅)၊ ဝက္ ပင္လယ္ေအာ္ က်ဴးေက်ာ္စစ္ပြဲ (၁၉၆၁)၊ အီရစ္ထရီယန္ တို႔၏ လြတ္လပ္ေရးတိုက္ပြဲမ်ား (၁၉၆၁-၁၉၉၁)၊ ဘဂၤလားေဒ့ရွ္ လြတ္ေျမာက္ေရးစစ္ပြဲ (၁၉၇၁)၊ ယြန္ကစ္ပါစစ္ပြဲ (၁၉၇၃)၊ လက္ဘႏြန္ ျပည္တြင္းစစ္ (၁၉၇၅-)၊ ကဒ္-တူရကီပဋိပကၡ (၁၉၇၈-)၊ ဆိုဗီယက္-အာဖဂန္စစ္ပြဲ (၁၉၇၈-၁၉၈၈)၊ အီရန္-အီရတ္စစ္ပြဲ (၁၉၈၀-၈၈)၊ ျပည္တြင္းစစ္ပြဲမ်ား၊ အာဏာသိမ္းမႈမ်ားအပါအဝင္ မေရမတြက္ႏိုင္ ေသာ ပဋိပကၡမ်ား အေရအတြက္အားျဖင့္ ၁၀ဝ၀ နီးပါး ရွိမည္ထင္ရၿပီး လြန္ခဲ့ေသာ ႏွစ္ေပါင္း ၈၀ ေလာက္ ကတည္းက ျဖစ္ပြားခဲ့၊ ျဖစ္ပြားဆဲရွိေနသည္။

ထို႔ျပင္ လတ္တေလာျဖစ္ပြားလ်က္ရွိေသာ ႐ုရွား-ယူကရိန္းပဋိပကၡႏွင့္ အစၥေရး-ဟားမတ္စ္ စစ္ပြဲတို႔သည္ လူသားမ်ိဳးႏြယ္အတြက္ စိုးရိမ္ဖြယ္ ေခတ္သစ္ပဋိပကၡမ်ား ျဖစ္လာသည္။ နာဂိုႏို-ကာ ရာဘတ္အေရးကိစၥအပါအဝင္ ဆူဒန္၊ အမ္ဟာရာ၊ ႏိုင္ဂ်ာ၊ ႏိုင္ဂ်ီးရီးယား၊ ဆိုမာလီႏွင့္ ျမန္မာစသည့္ ႏိုင္ငံမ်ားတြင္လည္း ျပည္တြင္းစစ္မ်ား၊ အုပ္ခ်ဳပ္ေရး အေျပာင္းအလဲမ်ားျဖင့္ ကမာၻတစ္ခုလုံးကို အၾကား အလပ္မရွိ ဂယက္႐ိုက္လ်က္ရွိေနသည္။

ပဋိပကၡေထာက္လွမ္းေရးမီဒီယာမ်ား၏ ထုတ္ျပန္ခ်က္အရ ဥေရာပ၊ အေနာက္အာရွ၊ ေတာင္ တ႐ုတ္ပင္လယ္ႏွင့္ အေရွ႕ေျမာက္အာဖရိက တို႔သည္ ထိလြယ္ရွလြယ္ရပ္ဝန္းမ်ားျဖစ္ေနေပသည္။ ကမာၻအႏွံ႔ျဖစ္ပြားလ်က္ရွိေသာ ပဋိပကၡမ်ားအတြင္း အေမရိကန္ႏွင့္ ေနတိုးႏိုင္ငံမ်ားသည္ ဝင္ေရာက္ စြက္ဖက္ျခင္း သို႔တည္းမဟုတ္ အားေပးေထာက္ပံ့ျခင္းျဖင့္ ျပႆနာကို ႀကီးမားေအာင္ လႈံ႕ေဆာ္သကဲ့သို႔ ရွိေနသည္ကိုေတာ့ လ်စ္လ်ဴရႈ၍ မရပါ။

Identity အေပၚအေျခခံလာတဲ့ ေခတ္သစ္စစ္ပြဲ
ယေန႔ေခတ္စစ္ပြဲမ်ားသည္ အထက္တြင္ ဆိုခဲ့သည့္အတိုင္း ကိုယ္ပိုင္ဝိေသသလကၡဏာမ်ားကို ကာကြယ္ထိန္းသိမ္းရန္အတြက္ တိုက္ခိုက္ၾကျခင္းျဖစ္ၿပီး ယခင္ကလို နယ္ေျမရလိုမႈအတြက္ ၿပိဳင္ဆိုင္ ၾကျခင္း မဟုတ္ေတာ့ပါ။ တစ္နည္းဆိုရေသာ္ Geopo­litics မွသည္ Identity politics သို႔ ကူးေျပာင္းလာ ျခင္းျဖစ္သည္။

အတိတ္က နာဇီဂ်ာမနီတို႔ႏွင့္ ဆိုဗီယက္ ျပည္ေထာင္စုတို႔ စစ္အတြင္း ပါဝင္ခဲ့ျခင္းမွာ နယ္ေျမ အက်ယ္အျပန႔္ပိုင္ဆိုင္လိုျခင္း ရည္႐ြယ္ခ်က္ေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္လည္း ၂၀ ရာစုအတြင္း ဆိုဗီ ယက္အင္ပါယာႀကီး ႀကီးမားက်ယ္ျပန႔္ခဲ့ျခင္းျဖစ္သည္။ ထို႔အတူ ႐ုရွား၏ ၂၀၁၄ ခုႏွစ္ ခ႐ိုင္းမီးယား ကို တိုက္ခိုက္ျခင္းႏွင့္ တ႐ုတ္၏ ေတာင္တ႐ုတ္ပင္လယ္အတြင္း ကြၽန္းမ်ားတည္ေဆာက္ျခင္းတို႔သည္ ထိုလမ္းစဥ္အတိုင္း စီးေမ်ာျခင္းသာျဖစ္သည္။

သို႔ေသာ္ ႐ုရွား-ယူကရိန္းစစ္ပြဲအပါအဝင္ အစၥေရး-ဟားမတ္စ္အေရးတို႔ကဲ့သို႔ ၂၁ ရာစု ပဋိပကၡ မ်ားသည္ ေဒသတြင္းသို႔ပါ ပ်ံ႕ႏွံ႔လာၿပီး ႏွစ္ဖက္စလုံးတြင္ ေငြေၾကးအားျဖင့္ေသာ္လည္း ေကာင္း၊ လက္ နက္ပစၥည္းအားျဖင့္ေသာ္လည္းေကာင္း ေထာက္ပံ့ေပးမည့္သူမ်ားရွိေနေပသည္။ ၂၁ ရာစု စစ္ပြဲအခင္း အက်င္းသည္ လူမ်ိဳးေရးဝါဒအေပၚ အေျခခံလာမည္ ျဖစ္ေၾကာင္း Samuel Huntington ၏ “ The Clash of Civilizations and the Remaking of the World Order ” စာအုပ္တြင္ေဖာ္ျပထားဖူးသည္။

၎၏ ခန႔္မွန္းခ်က္မ်ားက မွန္ကန္သည္ဟု ဆိုရမည္။ စစ္ေအးကာလၿပီးေနာက္ ကမာၻႀကီးတြင္ ဘာသာေရးႏွင့္ လူမ်ိဳးေရးလကၡဏာမ်ားအေပၚ အေျခခံသည့္ ပဋိပကၡမ်ားသာ တရိပ္ရိပ္တိုးပြားလာ ေနသည္။ သို႔ေသာ္ ယေန႔ေခတ္ပဋိပကၡမ်ားသည္ ယခင္ကလို အားႀကီးသူသာ အႏိုင္ရမည္ဆိုသည့္ သေဘာတရားက မမွန္ကန္ႏိုင္ေတာ့ပါ။ ပါဝင္ပတ္သက္ေနေသာ က်ဴးလြန္သူ- ထိခိုက္ခံစားရသူ-အားေပးအားေျမႇာက္ျပဳသူတို႔အတြက္ အရႈံး-အရႈံး-အရႈံး ရလဒ္သာ ျဖစ္ေပၚေစမည့္ ေခတ္သစ္စစ္ ပြဲမ်ားသာျဖစ္ေနတတ္သည္။ ဤသို႔ေသာ စစ္ပြဲမ်ားတြင္ ေအာင္ႏိုင္သူမ်ားမွာ လက္နက္ခဲယမ္းထုတ္လုပ္ သည့္ ကုမၸဏီမ်ားသာ ျဖစ္ေနသည္။

ေခတ္သစ္စစ္ပြဲမ်ား၏ ဦးတည္ခ်က္ႏွင့္လားရာ
Identity politics ကိုအေျခခံ၍ ျဖစ္ေပၚလာေသာ ေခတ္သစ္စစ္ပြဲမ်ား၏ ရည္႐ြယ္ခ်က္မွာ အုပ္စုတစ္ခု၏ အက်ိဳးအျမတ္အတြက္ ဦးတည္ေနၿပီး အမ်ားအက်ိဳးကို ေရွးရႈျခင္းမ်ိဳးေတာ့ မဟုတ္ပါ။ Identity politics ကို အေျခခံသည့္ စစ္ပြဲမ်ားကို ဥပမာျပရမည္ဆိုပါက ၁၉၇၁ ဘဂၤလားေဒ့ရွ္ လြတ္ လပ္ေရးစစ္ပြဲကို ထင္သာျမင္သာျဖစ္ေအာင္ ရည္ၫႊန္းလိုပါသည္။
ပါကစၥတန္တို႔သည္ အေနာက္ပိုင္းရွိ အထက္တန္းလႊာလူနည္းစု ေျပာဆိုၾကသည့္ အူရဒူ ဘာသာစကားကို ႏိုင္ငံေတာ္ ဘာသာစကားအျဖစ္ေၾကညာျခင္းေၾကာင့္ အေရွ႕ပါကစၥတန္ရွိ ဘဂၤါလီဘာသာ စကားေျပာ လူအမ်ားစုအတြက္ နစ္နာမႈတစ္ခုျဖစ္လာခဲ့သည္။ ထို႔ျပင္ ဘဂၤါလီ စကားေျပာပါကစၥတန္မ်ားကို ႏိုင္ငံေရး၊ စစ္တပ္ႏွင့္ ျပည္သူ႔ေရးရာက႑တို႔တြင္ ေနရာမေပးျခင္းတို႔က လူမ်ိဳးေရးအရ ႏွိပ္ကြပ္ျခင္းျဖစ္လာခဲ့သည္။ ဤသို႔ျဖင့္ လူမ်ိဳးစုႏွင့္ ဘာသာစကားဆိုင္ရာ မေက်နပ္ခ်က္ မ်ားသည္ တျဖည္းျဖည္း ေသြးထြက္သံယိုမ်ားသည့္ ျပည္တြင္းစစ္အသြင္သို႔ကူးေျပာင္းလာၿပီး အဆုံးတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအျဖစ္ ခြဲထြက္တည္ေထာင္လာႏိုင္ခဲ့သည္။ ထိုနည္းတူစြာပင္ သီရိလကၤာ ႏိုင္ငံတြင္ လည္း တမီးလ္ လူမ်ိဳးစုကို အုပ္ခ်ဳပ္သူလူနည္းစု ဆင္ဟာလီ လူမ်ိဳးတို႔က ခြဲျခားဆက္ဆံျခင္းေၾကာင့္ Liberation Tigers of Tamil Eelam (LTTE) အဖြဲ႕၏ ခြဲထြက္ေရးလႈပ္ရွားမႈမ်ားကို ေပၚေပါက္လာေစခဲ့ သည္။ ဤသို႔ျဖင့္ သီရိလကၤာတြင္ လူမ်ိဳးေရးကို အေျခခံေသာ ျပည္တြင္းစစ္ပြဲ ၁၉၈၃ ခုႏွစ္၌ စတင္ခဲ့ၿပီး ၂၀ဝ၉ ခုႏွစ္တြင္ အစိုးရက LTTE အဖြဲ႕ကို ရက္ရက္စက္စက္ထိုးစစ္မ်ား ဆင္ႏႊဲ၍ ၿဖိဳခြင္းႏိုင္ခဲ့ပါသည္။ သို႔ေသာ္ ဆယ္စုႏွစ္တစ္ခုအၾကာ ၂၀၁၉ ခုႏွစ္တြင္ ကိုလံဘို၌ Easter Sunday ဗုံးေပါက္ကြဲမႈမ်ားေၾကာင့္ သီရိလကၤာတြင္ လူမ်ိဳးေရးအၾကမ္းဖက္မႈမ်ား ျပန္လည္ေပၚေပါက္လာၿပီျဖစ္ေၾကာင္း သတိျပဳ စရာျဖစ္လာပါသည္။

၂၁ ရာစု ပဋိပကၡမ်ားသည္ အင္အားႀကီး ႏိုင္ငံမ်ား၏ ၾကားဝင္စြက္ဖက္မႈမ်ားႏွင့္အတူ ေဒသ တြင္းသာမက ကမာၻလုံးဆိုင္ရာ တည္ၿငိမ္ေအးခ်မ္းမႈမ်ားကို ပ်က္ျပားေစၿပီး အၾကမ္းဖက္မႈမ်ားကိုသာ ဦးတည္သြားေစေၾကာင္း ေတြ႕ျမင္ေနရသည္။ ထိုကဲ့သို႔ အင္အားႀကီးႏိုင္ငံမ်ား၏ ပါဝါသာလြန္မႈကို ျပသရန္ ျပႆနာအတြင္းပါဝင္ပတ္သက္လာၾကျခင္းသည္ အဆုံးတြင္ ေျဖရွင္း၍မရေသာ နာတာရွည္ပဋိ ပကၡမ်ားကိုသာ ဦးတည္သြားေစတတ္သည္။ ယင္းမွာ အင္အားႀကီးႏိုင္ငံမ်ားအေနျဖင့္ ၾကားဝင္ စြက္ဖက္ ရာတြင္ ျပႆနာ၏ မူလဇာစ္ျမစ္ကို ရွာေဖြျခင္းထက္ အက်ိဳးသက္ေရာက္မႈကိုသာ ဦးစားေပး ေျဖရွင္း ျခင္း အေလ့အထမ်ားေၾကာင့္ျဖစ္သည္။ ၎တို႔သည္ မိမိတို႔၏ အက်ိဳးစီးပြားျဖစ္ထြန္းေရး ကိုသာ ေရွးရႈေလ့ရွိၾကေသာေၾကာင့္ အဆုံးတြင္ အမွန္တကယ္ စစ္မက္ျဖစ္ပြားသည့္ ႏိုင္ငံမ်ားမွာ ဖ႐ိုဖရဲျဖင့္ အဆုံးသတ္မလွျဖစ္တတ္ၾကသည္။

အဆုံးမရွိေသာ စစ္ပြဲမ်ားအတြက္ ေအာင္ႏိုင္‌ျခင္းဟူသည္ကား
စစ္ပြဲမ်ားတြင္ စြမ္းေဆာင္ရည္နယ္ပယ္ ထက္ စိတ္ပိုင္းဆိုင္ရာ အခန္းက႑က ပိုမိုအား ေကာင္းသည္ဟု ဆိုရမည္။ စစ္ပြဲမ်ားသည္ အႏိုင္/ အရႈံး ႏွစ္မ်ိဳးသာ ရွိသည္ဟုဆိုေသာ္လည္း ၾကားဝင္ စြက္ဖက္သည့္စစ္ပြဲမ်ားတြင္ကား အႏိုင္အရႈံး ဆုံးျဖတ္ရန္ခက္သည္။
ယေန႔ေခတ္တြင္ ေဒသ၏ ပထဝီႏိုင္ငံေရး အေနအထားအရ ျပင္ပက ၾကားဝင္စြက္ဖက္တတ္ ၾကၿပီး အက်ိဳးအျမတ္ ရွာေဖြၿပီးသည့္အခါ ျပန္လည္ ထြက္ခြာသြားတတ္ၾကသည္။ ထို႔ေၾကာင့္ ၾကားဝင္ စြက္ဖက္သည့္ စစ္ပြဲမ်ားတြင္ကား အႏိုင္/အရႈံးထက္ အက်ိဳးအျမတ္ႏွင့္ ကုန္က်စရိတ္ကိုပိုမိုတြက္ခ်က္ ေနတတ္ၾကသည္။ ထို႔ေၾကာင့္ ဤသို႔ေသာစစ္ပြဲမ်ားတြင္ ၿပိဳင္ဘက္ကို စစ္ေရးအရ ေအာင္ႏိုင္ျခင္းသည္ အမွန္တကယ္ ေအာင္ႏိုင္ျခင္းမ်ိဳး ဟု သတ္မွတ္၍မရေတာ့ပါ။

ယေန႔ေခတ္တြင္ “Jus ad Bellum” ဟု ေခၚသည့္ တရားေသာစစ္အမည္ခံ ၾကားဝင္စြက္ဖက္ သည့္စစ္ပြဲမ်ားကို ဆင္ႏႊဲေနၾကၿပီး ၎စစ္ပြဲမ်ား၏ ရလဒ္ကို သုံးသပ္ဖို႔ဆိုလွ်င္ သာမန္စစ္ပြဲမ်ားထက္ ေက်ာ္လြန္၍ ရႈျမင္တတ္ရန္လိုအပ္လာသည္။ အီရတ္ ႏွင့္ အာဖဂန္နစၥတန္တို႔တြင္ အစိုးရအေျပာင္းအလဲ အတြက္ စစ္ကိုစတင္ခဲ့ၾကေသာ္လည္း အေမရိကန္ ဦးေဆာင္သည့္ ၫြန႔္ေပါင္းအုပ္စု၏ ၾကားဝင္ျခင္း ေၾကာင့္ စစ္က ပိုမိုက်ယ္ျပန႔္သြားခဲ့ရသည္။

အမွန္အတိုင္းဆိုရလွ်င္ ထိုစစ္ပြဲမ်ားကို အဆုံးသတ္ရန္ ခက္ခက္ခဲခဲႀကိဳးပမ္းခဲ့ရၿပီး အက်ိဳး ဆက္သည္လည္း ကိုယ္တိုင္တိုက္ခိုက္ၾကျခင္းထက္ပင္ ဆိုး႐ြားသည့္အေနအထားကို ေရာက္ခဲ့ရသည္။ အထူးသျဖင့္ ထိုစစ္ပြဲမ်ားတြင္ ၿပိဳင္ဘက္က ၎တို႔၏ အရႈံးကို လက္မခံသလို ၿငိမ္းခ်မ္းေရးလည္း ရရွိမည္မဟုတ္ဘဲ စစ္ေရးအရသာ ေအာင္ႏိုင္မႈရွိေသာ္လည္း တစ္ခ်ိန္လုံး အၾကမ္းဖက္မႈမ်ား မခ်ဳပ္ၿငိမ္းဘဲရွိေနတတ္ပါသည္။

သို႔ျဖစ္ပါ၍ ယေန႔ေခတ္ စစ္ပြဲမ်ားတြင္ ေအာင္ႏိုင္ျခင္းဟူသည္ကား အဓိပၸာယ္အမ်ိဳးမ်ိဳး ေကာက္ယူႏိုင္ၿပီး ရလဒ္မွာကား ဆိုး႐ြားေသာ ေရရွည္ကံၾကမၼာကို ႀကံ့ႀကံ့ခံႏိုင္ျခင္းထက္ မပိုေပ။ ဆိုလိုသည္မွာ အႏိုင္/အရႈံးသတ္မွတ္ၿပီးသည့္တိုင္ေအာင္ မၿပီးဆုံးႏိုင္ေသာစစ္ပြဲမ်ားက ဆက္လက္ ျဖစ္ပြားေနမည္သာျဖစ္သည္။

အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ေခတ္သစ္ စစ္ပြဲမ်ားျဖစ္ေသာ ႐ုရွား-ယူကရိန္း၊ အစၥေရး-ဟားမတ္စ္တို႔ကို နမူနာၾကည့္ျခင္းအားျဖင့္ ေခတ္သစ္ စစ္ပြဲမ်ားမွာ ညတာရွည္တစ္ခုအတြင္း အိပ္မက္ဆိုး မက္ေနျခင္းႏွင့္ အလားသဏၭာန္တူသည္။ ကနဦး ပိုင္းရည္႐ြယ္ခ်က္က မိမိတို႔ တန္ဖိုးထားျမတ္ႏိုးေသာ ဝိေသသလကၡဏာတစ္ခုအတြက္ စစ္ကိုစတင္ခဲ့ေသာ္လည္း တျဖည္းျဖည္းႏွင့္ အၾကမ္းဖက္ေသာ၊ ညႇာတာ မႈမရွိေသာ စစ္ပြဲမ်ားအျဖစ္ ေျပာင္းလဲလာခဲ့သည္။
ယင္းအေျခအေနမ်ားကို ပိုမိုဆိုး႐ြားေအာင္ မီးစာထိုးေပးသည္က အင္အားႀကီးႏိုင္ငံမ်ား၏ ၾကားဝင္စြက္ဖက္မႈမ်ား၊ ေက်ာေထာက္ေနာက္ခံျပဳေပးျခင္းမ်ားပင္ ျဖစ္သည္။ ထို႔ေၾကာင့္လည္း စစ္သည္ အႏိုင္/ အရႈံး ေဝခြဲဆုံးျဖတ္ရန္ ကာလ ၾကာျမင့္ေနၿပီး အဆုံးမရွိစစ္ပြဲမ်ားအျဖစ္သို႔သာ တျဖည္းျဖည္း ဦးတည္လာပါေၾကာင္း ေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.