အမေရိကန်နှင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းလာအောင်လုပ်ဆောင်ရန် တရုတ်(တိုင်ပေ)အစိုးရ စီစဉ်နေ

 50

Pika (NP News) - အောက်တိုဘာ ၂၇

ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုထိန်းသိမ်းရာတွင် အကူအညီဖြစ်စေရန်အတွက် အပြန်အလှန်လည် ပတ်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများကို စောင့်ကြည့်လေ့လာခြင်းတို့အပါအဝင် အမေရိကန်နှင့် ပူးပေါင်းဆောင် ရွက်မှု များကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်သွားရန်ရည်ရွယ်ထားကြောင်း တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
အခြားနိုင်ငံများကဲ့သို့ပင် အမေရိကန်နိုင်ငံသည် တရုတ်(တိုင်ပေ)ကျွန်းနှင့် တရားဝင်သံတမန် ဆက်ဆံရေး များမရှိသော်လည်း ကျွန်း၏အရေးအပါဆုံးနိုင်ငံတကာကျောထောက်နောက်ခံနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်းသိရ သည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် တရုတ်(တိုင်ပေ)အစိုးရက ကိုယ့်ကိုယ် ကိုယ်ခုခံကာကွယ်နိုင်ရန်ဆိုသည့် ပြောဆိုချက်များနှင့် အတူ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ အမေရိကန်နိုင်ငံသည် တရုတ်(တိုင်ပေ)ကျွန်းအတွက် အရေးကြီးသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပြောဆိုခဲ့သည်။ တရုတ်(တိုင်ပေ)ကာကွယ် ရေးဝန်ကြီး ဝယ်လင်တန် ကူးလ်က “ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေဟာ တရုတ် (တိုင်ပေ)-အမေရိကန်ဆက်သွယ်ရေးလမ်း ကြောင်းတွေ ပိုမိုအားကောင်းလာစေဖို့၊ ကာကွယ်ရေးနဲ့လုံခြုံ ရေးပိုင်းတို့မှာ အဆင့်ပေါင်းစုံမဟာဗျူဟာမြောက်ပူး ပေါင်းဆောင်ရွက်မှုတွေ ပိုမိုအဆင့်မြင့်လာစေဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို နက်နက်ရှိုင်းရှိုင်းချဲ့ ထွင်နိုင်ဖို့ ကျွန်တော်တို့စီစဉ်နေပါတယ်”ဟုပြော ကြားခဲ့သည်။
အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်သွားမည့်နယ်ပယ်များတွင် အဆင့် မြင့်မဟာဗျူဟာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ဆွေးနွေးမှုများ၊ အပြန်အလှန်လည်ပတ်မှုများ၊ စစ်ရေး လေ့ကျင့်ခန်းများကို စောင့်ကြည့်လေ့လာခြင်းနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခြင်းတို့အပါအဝင် ထိုင်ဝမ်ရေ လက်ကြားတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းရန်တို့ပါ ဝင်ကြောင်း တရုတ်(တိုင်ပေ)ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာ န၏ပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေး ရန်တောင်းဆိုမှု များကို အမေရိကန်စစ်ဌာနချုပ်ပင် တဂွန်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္ႏွင့္စစ္ဘက္ဆိုင္ရာဆက္ဆံေရးမ်ားကို ပိုမိုနက္ရႈိင္းလာေအာင္လုပ္ေဆာင္ရန္ တ႐ုတ္(တိုင္ေပ)အစိုးရ စီစဥ္ ေန
Pika (NP News) - ေအာက္တိုဘာ ၂၇
ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကိုထိန္းသိမ္းရာတြင္ အကူအညီျဖစ္ေစရန္အတြက္ အျပန္အလွန္လည္ ပတ္မႈမ်ားႏွင့္ စစ္ေရးေလ့က်င့္မႈမ်ားကို ေစာင့္ၾကည့္ေလ့လာျခင္းတို႔အပါအဝင္ အေမရိကန္ႏွင့္ ပူးေပါင္းေဆာင္ ႐ြက္မႈ မ်ားကို နက္နက္ရႈိင္းရႈိင္းလုပ္ေဆာင္သြားရန္ရည္႐ြယ္ထားေၾကာင္း တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။
အျခားႏိုင္ငံမ်ားကဲ့သို႔ပင္ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္(တိုင္ေပ)ကြၽန္းႏွင့္ တရားဝင္သံတမန္ ဆက္ဆံေရး မ်ားမရွိေသာ္လည္း ကြၽန္း၏အေရးအပါဆုံးႏိုင္ငံတကာေက်ာေထာက္ေနာက္ခံႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိေၾကာင္းသိရ သည္။ ထို႔ျပင္ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္(တိုင္ေပ)အစိုးရက ကိုယ့္ကိုယ္ ကိုယ္ခုခံကာကြယ္ႏိုင္ရန္ဆိုသည့္ ေျပာဆိုခ်က္မ်ားႏွင့္ အတူ စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္(တိုင္ေပ)ကြၽန္းအတြက္ အေရးႀကီးေသာ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ေၾကာင္း တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာနက ေဖာ္ျပေျပာဆိုခဲ့သည္။ တ႐ုတ္(တိုင္ေပ)ကာကြယ္ ေရးဝန္ႀကီး ဝယ္လင္တန္ ကူးလ္က “ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ေတြဟာ တ႐ုတ္ (တိုင္ေပ)-အေမရိကန္ဆက္သြယ္ေရးလမ္း ေၾကာင္းေတြ ပိုမိုအားေကာင္းလာေစဖို႔၊ ကာကြယ္ေရးနဲ႔လုံၿခဳံ ေရးပိုင္းတို႔မွာ အဆင့္ေပါင္းစုံမဟာဗ်ဴဟာေျမာက္ပူး ေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုအဆင့္ျမင့္လာေစဖို႔ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ အေမရိကန္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ေတြကို နက္နက္ရႈိင္းရႈိင္းခ်ဲ႕ ထြင္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔စီစဥ္ေနပါတယ္”ဟုေျပာ ၾကားခဲ့သည္။
အေမရိကန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို နက္နက္ရႈိင္းရႈိင္းလုပ္ေဆာင္သြားမည့္နယ္ပယ္မ်ားတြင္ အဆင့္ ျမင့္မဟာဗ်ဴဟာႏွင့္ လုံၿခဳံေရးမူဝါဒဆိုင္ရာ ေဆြးေႏြးမႈမ်ား၊ အျပန္အလွန္လည္ပတ္မႈမ်ား၊ စစ္ေရး ေလ့က်င့္ခန္းမ်ားကို ေစာင့္ၾကည့္ေလ့လာျခင္းႏွင့္ စစ္ဆင္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြး ျခင္းတို႔အပါအဝင္ ထိုင္ဝမ္ေရ လက္ၾကားတြင္ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို ပူးတြဲထိန္းသိမ္းရန္တို႔ပါ ဝင္ေၾကာင္း တ႐ုတ္(တိုင္ေပ)ကာကြယ္ေရး ဝန္ႀကီး ဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။
တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးဌာ န၏ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပး ရန္ေတာင္းဆိုမႈ မ်ားကို အေမရိကန္စစ္ဌာနခ်ဳပ္ပင္ တဂြန္က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.