မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံသား (၃) ဦး ပြန်ပေးဆွဲခံရပြီး ပြန်လွှတ်ပေးရန် ရွေးငွေတောင်းခံနေရ

 147

ALynn (NP News)- ဒီဇင်ဘာ ၁၇

မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံသား (၃) ဦး ပြန်ပေးဆွဲခံခဲ့ရပြီး ဖမ်းဆီးထားသူများက ၎င်းတို့အား ပြန်လွှတ်ပေးရန်အတွက် ရွေးငွေတောင်းခံလျက်ရှိကြောင်း ရုရှားသံရုံး၊ ကောင်စစ်ဝန်ဌာန၏ ဖော်ပြချက်ကို ကိုးကား၍ ရုရှားမီဒီယာများက ဒီဇင်ဘာလ (၁၆) ရက်တွင် ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။

ရန်ကုန်မြို့ရှိ ရုရှားသံရုံးအနေဖြင့် ယင်းအမှု (၃) ခုကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း အတည်ပြုခဲ့သော်လည်း ပြန်ပေးဆွဲမှုများ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့သည်ကိုမူ အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

"လက်ရှိမှာ ရုရှားနိုင်ငံသားတွေရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေဆီက အလားတူ အကူအညီတောင်းခံမှု ၃ ခုကို ကျွန်တော်တို့ ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ဒီဖြစ်စဉ်အားလုံးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို စာပေးပို့ထားပြီးပါပြီ။ ရုရှားနိုင်ငံသားတွေကို အမြန်ဆုံး ရှာဖွေတွေ့ရှိပြီး ကူညီပေးနိုင်ဖို့ သံရုံးအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း အဆက်အသွယ် လုပ်ဆောင်နေပါတယ်" ဟု သံရုံးက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က မြန်မာနိုင်ငံတွင် ရုရှားဓာတ်ပုံမော်ဒယ်တစ်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲသွားခဲ့ကြောင်း ပြည်ပရောက် ရုရှားနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး ဗဟိုညှိနှိုင်းရေးစင်တာ၏ ဒုတိယဥက္ကဋ္ဌ Ivan Melnikov က ပြောကြားခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြန်ပေးဆွဲသူများက သူမကို ပြန်လွှတ်ပေးရန်အတွက် အမေရိကန်ဒေါ်လာ (၁၀,၀၀၀) ခန့် တောင်းခံခဲ့ကြောင်းနှင့် ပြန်ပေးဆွဲခံရသူများကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တတိယမြောက် အာရှရေးရာဌာနထံမှ အကူအညီရယူထားကြောင်း Melnikov က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်အတွင်း မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းခွင်များမှ ရုရှားနိုင်ငံသား အနည်းဆုံး (၆) ဦး လွတ်မြောက်လာခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းတို့အနက် (၃) ဦးကို ထိုင်းအာဏာပိုင်များနှင့် ဘန်ကောက်မြို့ရှိ ရုရှားသံရုံးတို့၏ အကူအညီဖြင့် နေရပ်ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။ အခြား နှစ်ဦးမှာ ကိုယ်တိုင် ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် ပြည်နှင်ဒဏ်ပေးခံခဲ့ရကြောင်းလည်း ဖော်ပြထားသည်။ ဆဋ္ဌမမြောက် ရုရှားအမျိုးသမီးတစ်ဦးမှာမူ တရုတ်နိုင်ငံမှတစ်ဆင့် နေရပ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့သော အွန်လိုင်းလိမ်လည်လုပ်ငန်းများတွင် ရုရှားနိုင်ငံသား ဒါဇင်ပေါင်းများစွာသည် ၎င်းတို့၏ ဆန္ဒမပါဘဲ ထိန်းသိမ်းခံထားရနိုင်ပြီး အများစုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှတစ်ဆင့် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Iskander Azizov က သတိပေးပြောကြားခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သူ များပြားသည့်အတွက် ထိခိုက်ခံစားရသူ အရေအတွက် အတိအကျကို အတည်ပြုရန် ခက်ခဲကြောင်း ၎င်းက ပြောခဲ့သည်။

Zawgyi Version:
ျမန္မာႏိုင္ငံတြင္ ႐ုရွားႏိုင္ငံသား (၃) ဦး ျပန္ေပးဆြဲခံရၿပီး ျပန္လႊတ္ေပးရန္ ေ႐ြးေငြေတာင္းခံေနရ
ALynn (NP News)- ဒီဇင္ဘာ ၁၇

ျမန္မာႏိုင္ငံတြင္ ႐ုရွားႏိုင္ငံသား (၃) ဦး ျပန္ေပးဆြဲခံခဲ့ရၿပီး ဖမ္းဆီးထားသူမ်ားက ၎တို႔အား ျပန္လႊတ္ေပးရန္အတြက္ ေ႐ြးေငြေတာင္းခံလ်က္ရွိေၾကာင္း ႐ုရွားသံ႐ုံး၊ ေကာင္စစ္ဝန္ဌာန၏ ေဖာ္ျပခ်က္ကို ကိုးကား၍ ႐ုရွားမီဒီယာမ်ားက ဒီဇင္ဘာလ (၁၆) ရက္တြင္ ေဖာ္ျပခဲ့ေၾကာင္း ေတြ႕ရွိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ႐ုရွားသံ႐ုံးအေနျဖင့္ ယင္းအမႈ (၃) ခုကို ကိုင္တြယ္ေဆာင္႐ြက္ေနေၾကာင္း အတည္ျပဳခဲ့ေသာ္လည္း ျပန္ေပးဆြဲမႈမ်ား မည္သည့္ေနရာ၊ မည္သည့္အခ်ိန္တြင္ ျဖစ္ပြားခဲ့သည္ကိုမူ အတိအက် ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေပ။

"လက္ရွိမွာ ႐ုရွားႏိုင္ငံသားေတြရဲ႕ ေဆြမ်ိဳးေတြနဲ႔ မိတ္ေဆြေတြဆီက အလားတူ အကူအညီေတာင္းခံမႈ ၃ ခုကို ကြၽန္ေတာ္တို႔ ကိုင္တြယ္ေဆာင္႐ြက္ေနပါတယ္။ ဒီျဖစ္စဥ္အားလုံးနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနကို စာေပးပို႔ထားၿပီးပါၿပီ။ ႐ုရွားႏိုင္ငံသားေတြကို အျမန္ဆုံး ရွာေဖြေတြ႕ရွိၿပီး ကူညီေပးႏိုင္ဖို႔ သံ႐ုံးအေနနဲ႔ ေဒသဆိုင္ရာ အာဏာပိုင္ေတြနဲ႔လည္း အဆက္အသြယ္ လုပ္ေဆာင္ေနပါတယ္" ဟု သံ႐ုံးက ေဖာ္ျပခဲ့သည္။

ၿပီးခဲ့သည့္သီတင္းပတ္က ျမန္မာႏိုင္ငံတြင္ ႐ုရွားဓာတ္ပုံေမာ္ဒယ္တစ္ဦးကို အမည္မသိအဖြဲ႕တစ္ဖြဲ႕က ျပန္ေပးဆြဲသြားခဲ့ေၾကာင္း ျပည္ပေရာက္ ႐ုရွားႏိုင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရး ဗဟိုညႇိႏႈိင္းေရးစင္တာ၏ ဒုတိယဥကၠ႒ Ivan Melnikov က ေျပာၾကားခဲ့ၿပီးေနာက္ ယခုသတင္း ထြက္ေပၚလာျခင္းျဖစ္သည္။

ျပန္ေပးဆြဲသူမ်ားက သူမကို ျပန္လႊတ္ေပးရန္အတြက္ အေမရိကန္ေဒၚလာ (၁၀,၀၀၀) ခန႔္ ေတာင္းခံခဲ့ေၾကာင္းႏွင့္ ျပန္ေပးဆြဲခံရသူမ်ားကို ေနရပ္ျပန္ပို႔ႏိုင္ေရးအတြက္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ တတိယေျမာက္ အာရွေရးရာဌာနထံမွ အကူအညီရယူထားေၾကာင္း Melnikov က ေျပာၾကားခဲ့သည္။

လြန္ခဲ့သည့္ တစ္ႏွစ္အတြင္း ျမန္မာႏိုင္ငံရွိ အြန္လိုင္းလိမ္လည္သည့္ လုပ္ငန္းခြင္မ်ားမွ ႐ုရွားႏိုင္ငံသား အနည္းဆုံး (၆) ဦး လြတ္ေျမာက္လာခဲ့ေၾကာင္း ႐ုရွားမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ၎တို႔အနက္ (၃) ဦးကို ထိုင္းအာဏာပိုင္မ်ားႏွင့္ ဘန္ေကာက္ၿမိဳ႕ရွိ ႐ုရွားသံ႐ုံးတို႔၏ အကူအညီျဖင့္ ေနရပ္ျပန္ပို႔ေပးခဲ့ေၾကာင္း သိရသည္။ အျခား ႏွစ္ဦးမွာ ကိုယ္တိုင္ ထြက္ေျပးလြတ္ေျမာက္လာခဲ့ေသာ္လည္း တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈျဖင့္ ထိုင္းစစ္တပ္၏ ဖမ္းဆီးျခင္းခံခဲ့ရၿပီး ေနာက္ပိုင္းတြင္ ျပည္ႏွင္ဒဏ္ေပးခံခဲ့ရေၾကာင္းလည္း ေဖာ္ျပထားသည္။ ဆ႒မေျမာက္ ႐ုရွားအမ်ိဳးသမီးတစ္ဦးမွာမူ တ႐ုတ္ႏိုင္ငံမွတစ္ဆင့္ ေနရပ္ျပန္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုကဲ့သို႔ေသာ အြန္လိုင္းလိမ္လည္လုပ္ငန္းမ်ားတြင္ ႐ုရွားႏိုင္ငံသား ဒါဇင္ေပါင္းမ်ားစြာသည္ ၎တို႔၏ ဆႏၵမပါဘဲ ထိန္းသိမ္းခံထားရႏိုင္ၿပီး အမ်ားစုမွာ အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွတစ္ဆင့္ လူကုန္ကူးခံရျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး Iskander Azizov က သတိေပးေျပာၾကားခဲ့သည္။ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္လမ္းေၾကာင္းမွ ဝင္ေရာက္သူ မ်ားျပားသည့္အတြက္ ထိခိုက္ခံစားရသူ အေရအတြက္ အတိအက်ကို အတည္ျပဳရန္ ခက္ခဲေၾကာင္း ၎က ေျပာခဲ့သည္။

Related news

© 2021. All rights reserved.