(၂၀၂၈)ခုနှစ်တွင် ရုရှားနှင့်စစ်ပွဲဖြစ်လာဖွယ်ရှိနေသည့်အတွက် ပြင်ဆင်ရမည်ဟု ပြင်သစ်ဗိုလ်ချုပ်ကြီး တစ်ဦးပြော

 1960

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၇

ပြင်သစ်တပ်ဖွဲ့ဝင်များအနေဖြင့် (၂၀၂၈)ခုနှစ်တွင် ရုရှားနှင့်စစ်ပွဲဖြစ်လာဖွယ်ရှိနေကြောင်း ပြင်သစ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဖာဘီယမ်မန်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ရုရှားအစိုးရက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်ရန်စီစဉ်နေသည်ဟူ သောစွပ်စွဲချက်များကို မကြာသေးမီက ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။ ရုရှား အစိုးရက ယူကရိန်းစစ် ရေးပဋိပက္ခသည် မိမိနိုင်ငံကိုကာကွယ်ခြင်းဖြစ်ပြီး နေတိုးအဖွဲ့က ရုရှားနိုင်ငံအပေါ် ရန်လိုခြင်း များလုပ်ဆောင်နေဆဲဖြစ်ကြောင်းပြောသည်။ ပြင်သစ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး မန်ဒန်သည် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော ပြင်သစ်လွှတ်တော်၏ကာကွယ်ရေးဆိုင်ရာကော်မတီအစည်းအဝေးသို့ လာရောက်ဖြေ ကြားချိန်အတွင်း ရုရှားနိုင်ငံသည် ဥရောပတိုက်အ တွင်း စစ်ပွဲများဆက်လက်ဖြစ်ပွားစေရန် ကြိုးပမ်းဖွယ် ရှိနေကြောင်းပြောသည်။
ပြင်သစ်ဗိုလ်ချုပ်ကြီး မန်ဒန်က ‘ကျွန်တော်တို့ဟာ လာမယ့်သုံးနှစ်သို့မဟုတ် လေးနှစ်အတွင်း ရုရှားနိုင်ငံရဲ့ စမ်းသပ်မှုတွေကို အံ့အားသင့်ဖွယ်ရင်ဆိုင်နိုင်ခြေရှိပါတယ်။ ရုရှားနိုင်ငံဟာ အနောက်ဥရောပနိုင်ငံတွေ ကို အားနည်း အောင်လုပ် ဆောင်ဖွယ်ရှိနေပါတယ်။ ပြင်သစ်နိုင်ငံနဲ့ အနောက်ဥရောပနိုင်ငံတွေဟာ ကာကွယ်ရေးအသုံး စရိတ်ပိုမိုတိုး မြှင့်ဖို့လိုအပ်တယ်။ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ အတွင်းမှာပါဝင်နေတဲ့ ဥရောပတိုက်အတွင်းကနိုင်ငံ တွေဟာ ကိုယ့် ကိုယ်ကိုယ် ကာကွယ်ဖို့ဆန္ဒရှိနေမယ်ဆိုရင် ရုရှားနိုင်ငံက ကျွန်တော်တို့ကို ကြောက်ရွံ့အောင် လုပ်လို့မရပါဘူး’ ဟု ပြောသည်။
ပြင်သစ်ကာကွယ်ရေးဝန်ကြီးသည် နိုင်ငံကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲရန်ပြင်ဆင် ထားကြောင်း သိရသည်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ကက်သရင်းက လာမည့်နှစ်တွင် ကာကွယ်ရေးအသုံးစ ရိတ်ကို အမေရိကန် ဒေါ်လာ (၆၆ ဒသမ ၃) ဘီလျံအ ထိတိုးမြှင့်သုံးစွဲမည်ဖြစ်ပြီး ပြီးခဲ့သော (၂၀၂၅)ခုနှစ် နှင့်နှိုင်းယှဉ်လျှင် (၁၃)ရာခိုင်နှုန်း အထိ မြင့်တက်လာ ဖွယ်ရှိနေသလို နိုင်ငံစုစုပေါင်းဂျီဒီပီ၏ (၂ ဒသမ ၂) ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည် ဖြစ်ကြောင်း သိရသည်။ ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံ သည် ရုရှားနှင့်အငြင်းပွားမှုများရှိနေခဲ့ပြီး ရုရှားနိုင်ငံအ ပေါ် ပိတ်ဆို့မှုများချမှတ်ထားသောနိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေပြီး အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင် လျက်ရှိနေကြောင်းသိရသည်။

Zawgyi Version:
(၂၀၂၈)ခုႏွစ္တြင္ ႐ုရွားႏွင့္စစ္ပြဲျဖစ္လာဖြယ္ရွိေနသည့္အတြက္ ျပင္ဆင္ရမည္ဟု ျပင္သစ္ဗိုလ္ခ်ဳပ္ႀကီး တစ္ဦးေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၇
ျပင္သစ္တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ (၂၀၂၈)ခုႏွစ္တြင္ ႐ုရွားႏွင့္စစ္ပြဲျဖစ္လာဖြယ္ရွိေနေၾကာင္း ျပင္သစ္စစ္တပ္မွ ဗိုလ္ခ်ဳပ္ႀကီး ဖာဘီယမ္မန္ဒန္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ႐ုရွားအစိုးရက ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမ်ားကို တိုက္ခိုက္ရန္စီစဥ္ေနသည္ဟူ ေသာစြပ္စြဲခ်က္မ်ားကို မၾကာေသးမီက ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ ႐ုရွား အစိုးရက ယူကရိန္းစစ္ ေရးပဋိပကၡသည္ မိမိႏိုင္ငံကိုကာကြယ္ျခင္းျဖစ္ၿပီး ေနတိုးအဖြဲ႕က ႐ုရွားႏိုင္ငံအေပၚ ရန္လိုျခင္း မ်ားလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္းေျပာသည္။ ျပင္သစ္စစ္တပ္မွ ဗိုလ္ခ်ဳပ္ႀကီး မန္ဒန္သည္ ၿပီးခဲ့သည့္ရက္ပိုင္းက က်င္းပခဲ့ေသာ ျပင္သစ္လႊတ္ေတာ္၏ကာကြယ္ေရးဆိုင္ရာေကာ္မတီအစည္းအေဝးသို႔ လာေရာက္ေျဖ ၾကားခ်ိန္အတြင္း ႐ုရွားႏိုင္ငံသည္ ဥေရာပတိုက္အ တြင္း စစ္ပြဲမ်ားဆက္လက္ျဖစ္ပြားေစရန္ ႀကိဳးပမ္းဖြယ္ ရွိေနေၾကာင္းေျပာသည္။
ျပင္သစ္ဗိုလ္ခ်ဳပ္ႀကီး မန္ဒန္က ‘ကြၽန္ေတာ္တို႔ဟာ လာမယ့္သုံးႏွစ္သို႔မဟုတ္ ေလးႏွစ္အတြင္း ႐ုရွားႏိုင္ငံရဲ႕ စမ္းသပ္မႈေတြကို အံ့အားသင့္ဖြယ္ရင္ဆိုင္ႏိုင္ေျခရွိပါတယ္။ ႐ုရွားႏိုင္ငံဟာ အေနာက္ဥေရာပႏိုင္ငံေတြ ကို အားနည္း ေအာင္လုပ္ ေဆာင္ဖြယ္ရွိေနပါတယ္။ ျပင္သစ္ႏိုင္ငံနဲ႔ အေနာက္ဥေရာပႏိုင္ငံေတြဟာ ကာကြယ္ေရးအသုံး စရိတ္ပိုမိုတိုး ျမႇင့္ဖို႔လိုအပ္တယ္။ ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕ အတြင္းမွာပါဝင္ေနတဲ့ ဥေရာပတိုက္အတြင္းကႏိုင္ငံ ေတြဟာ ကိုယ့္ ကိုယ္ကိုယ္ ကာကြယ္ဖို႔ဆႏၵရွိေနမယ္ဆိုရင္ ႐ုရွားႏိုင္ငံက ကြၽန္ေတာ္တို႔ကို ေၾကာက္႐ြံ႕ေအာင္ လုပ္လို႔မရပါဘူး’ ဟု ေျပာသည္။
ျပင္သစ္ကာကြယ္ေရးဝန္ႀကီးသည္ ႏိုင္ငံကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲရန္ျပင္ဆင္ ထားေၾကာင္း သိရသည္။ ျပင္သစ္ကာကြယ္ေရးဝန္ႀကီး ကက္သရင္းက လာမည့္ႏွစ္တြင္ ကာကြယ္ေရးအသုံးစ ရိတ္ကို အေမရိကန္ ေဒၚလာ (၆၆ ဒသမ ၃) ဘီလ်ံအ ထိတိုးျမႇင့္သုံးစြဲမည္ျဖစ္ၿပီး ၿပီးခဲ့ေသာ (၂၀၂၅)ခုႏွစ္ ႏွင့္ႏႈိင္းယွဥ္လွ်င္ (၁၃)ရာခိုင္ႏႈန္း အထိ ျမင့္တက္လာ ဖြယ္ရွိေနသလို ႏိုင္ငံစုစုေပါင္းဂ်ီဒီပီ၏ (၂ ဒသမ ၂) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲမည္ ျဖစ္ေၾကာင္း သိရသည္။ ယူကရိန္းစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ျပင္သစ္ႏိုင္ငံ သည္ ႐ုရွားႏွင့္အျငင္းပြားမႈမ်ားရွိေနခဲ့ၿပီး ႐ုရွားႏိုင္ငံအ ေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ထားေသာႏိုင္ငံမ်ားထဲတြင္ ပါဝင္လ်က္ရွိေနၿပီး အျပန္အလွန္ေဝဖန္ျပစ္တင္မႈမ်ား လုပ္ေဆာင္ လ်က္ရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.