အောက်တိုဘာ ၂၇ ရက်မှစ တောင်ကိုရီးယားမှာ အပူချိန် သုညအောက်ထိ ကျဆင်းနိုင်

505

ရောင်နီ (NP News) - အောက်တိုဘာ ၂၇
အောက်တိုဘာ ၂၇ ရက်မှစ တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာ ဆောင်းရာသီ အပူချိန်နဲ့အတူ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်လာမယ်လို့ ခန့်မှန်းထားပြီး နိုင်ငံတစ်ဝှမ်း ဆောင်းရာသီ အစောပိုင်းအခြေအနေတွေ စတင်တော့မယ်လို့ ခန့်မှန်းထားကြပါတယ်။
အနောက်မြောက်ဘက်မှာ လက်ရှိတည်ရှိနေတဲ့ မြင့်မားတဲ့လေဖိအားစနစ်ဟာ ကိုရီးယားကျွန်းဆွယ် တစ်လျှောက် ကျယ်ပြန့်လာတာကြောင့် အောက်တိုဘာ ၂၇ ရက်မှစ တောင်ကိုရီးယားကို မြောက်လေအေးတွေ တိုက်ခတ်လာမယ်လို့ မျှော်လင့်ရပြီး ယေဘုယျအပူချိန်တွေ သိသိသာသာ လျော့ကျစေမယ်လို့ ပြည်နယ် မိုးလေဝသအေဂျင်စီက ပြောကြားပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိမ့်ဆုံးအပူချိန် အနုတ် ၇ ဒီဂရီစင်တီဂရိတ်မှ အနုတ် ၁၁ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်ဟာ ၉ ဒီဂရီစင်တီဂရိတ်မှ ၁၇ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင် တယ်လို့ ကိုရီးယားမိုးလေဝသစီမံခန့်ခွဲရေးဌာန (KMA) က ခန့်မှန်းထားပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် အပူချိန်ဟာ ပုံမှန်ထက် သိသိသာသာ နိမ့်ကျနေမယ်လို့ ခန့်မှန်းထားပါတယ်။ ရာသီဥတုအေဂျင်စီက အောက်တိုဘာ ၂၆ ရက် ည ၉ နာရီမှစ ဂျောင်ဂီ၊ ဂန်ဝန်၊ မြောက်ချွန်ချောင်းနဲ့ မြောက်ဂျောင်ဆန်ပြည်နယ်အချို့မှာ အအေးလှိုင်းသတိပေးချက် ထုတ်ပြန်မှာဖြစ်ပြီး ယခုနှစ်ဆောင်းဦးရာသီရဲ့ပထမဆုံးအအေးလှိုင်း သတိပေးချက် လည်းဖြစ်မယ်လို့ သိရပါတယ်။
ဂယောင်ဂီပြည်နယ်ရှိ ယွန်ချွန်းနဲ့ မြောက်ချုံချွန်းပြည်နယ်၊ ဂျင်ချွန်းတို့မှာလည်း အနုတ် ၂ ဒီဂရီစင်တီဂရိတ် အထိ အပူချိန် ကျဆင်းနိုင်ဖွယ်ရှိပြီး မြောက်ဂယောင်ဆန်းပြည်နယ်ရှိ မွန်ယောင်းမှာလည်း မနက်ခင်း အပူချိန်တွေ ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version:
ေအာက္တိုဘာ ၂၇ ရက္မွစ ေတာင္ကိုရီးယားမွာ အပူခ်ိန္ သုညေအာက္ထိ က်ဆင္းႏိုင္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၇
ေအာက္တိုဘာ ၂၇ ရက္မွစ ေတာင္ကိုရီးယားႏိုင္ငံ အလယ္ပိုင္းနဲ႔ေတာင္ပိုင္းေဒသေတြမွာ ေဆာင္းရာသီ အပူခ်ိန္နဲ႔အတူ ေလျပင္းတိုက္ခတ္မႈေတြျဖစ္ေပၚလာမယ္လို႔ ခန႔္မွန္းထားၿပီး ႏိုင္ငံတစ္ဝွမ္း ေဆာင္းရာသီ အေစာပိုင္းအေျခအေနေတြ စတင္ေတာ့မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
အေနာက္ေျမာက္ဘက္မွာ လက္ရွိတည္ရွိေနတဲ့ ျမင့္မားတဲ့ေလဖိအားစနစ္ဟာ ကိုရီးယားကြၽန္းဆြယ္ တစ္ေလွ်ာက္ က်ယ္ျပန႔္လာတာေၾကာင့္ ေအာက္တိုဘာ ၂၇ ရက္မွစ ေတာင္ကိုရီးယားကို ေျမာက္ေလေအးေတြ တိုက္ခတ္လာမယ္လို႔ ေမွ်ာ္လင့္ရၿပီး ေယဘုယ်အပူခ်ိန္ေတြ သိသိသာသာ ေလ်ာ့က်ေစမယ္လို႔ ျပည္နယ္ မိုးေလဝသေအဂ်င္စီက ေျပာၾကားပါတယ္။
ေအာက္တိုဘာ ၂၇ ရက္မွာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အနိမ့္ဆုံးအပူခ်ိန္ အႏုတ္ ၇ ဒီဂရီစင္တီဂရိတ္မွ အႏုတ္ ၁၁ ဒီဂရီစင္တီဂရိတ္အထိ ရွိႏိုင္ၿပီး အျမင့္ဆုံးအပူခ်ိန္ဟာ ၉ ဒီဂရီစင္တီဂရိတ္မွ ၁၇ ဒီဂရီစင္တီဂရိတ္အထိ ရွိႏိုင္ တယ္လို႔ ကိုရီးယားမိုးေလဝသစီမံခန႔္ခြဲေရးဌာန (KMA) က ခန႔္မွန္းထားပါတယ္။ ေလျပင္းတိုက္ခတ္မႈေၾကာင့္ အပူခ်ိန္ဟာ ပုံမွန္ထက္ သိသိသာသာ နိမ့္က်ေနမယ္လို႔ ခန႔္မွန္းထားပါတယ္။ ရာသီဥတုေအဂ်င္စီက ေအာက္တိုဘာ ၂၆ ရက္ ည ၉ နာရီမွစ ေဂ်ာင္ဂီ၊ ဂန္ဝန္၊ ေျမာက္ခြၽန္ေခ်ာင္းနဲ႔ ေျမာက္ေဂ်ာင္ဆန္ျပည္နယ္အခ်ိဳ႕မွာ အေအးလႈိင္းသတိေပးခ်က္ ထုတ္ျပန္မွာျဖစ္ၿပီး ယခုႏွစ္ေဆာင္းဦးရာသီရဲ႕ပထမဆုံးအေအးလႈိင္း သတိေပးခ်က္ လည္းျဖစ္မယ္လို႔ သိရပါတယ္။
ဂေယာင္ဂီျပည္နယ္ရွိ ယြန္ခြၽန္းနဲ႔ ေျမာက္ခ်ဳံခြၽန္းျပည္နယ္၊ ဂ်င္ခြၽန္းတို႔မွာလည္း အႏုတ္ ၂ ဒီဂရီစင္တီဂရိတ္ အထိ အပူခ်ိန္ က်ဆင္းႏိုင္ဖြယ္ရွိၿပီး ေျမာက္ဂေယာင္ဆန္းျပည္နယ္ရွိ မြန္ေယာင္းမွာလည္း မနက္ခင္း အပူခ်ိန္ေတြ က်ဆင္းႏိုင္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းထားပါတယ္။