ယူကရိန်းတပ်ဖွဲ့ဝင်များက ခါဆွန်မြို့လယ်ရှိ ဟိုတယ်တစ်ခုကို ဒုံးကျည်နဲ့တိုက်ခိုက်

 804

ဖြိုးခန့် (NP News) - အောက်တိုဘာ ၆

ယူကရိန်းတပ်ဖွဲ့ဝင်များသည် ခါဆွန်မြို့လယ်ရှိ ဟိုတယ်တစ်ခုကို ညပိုင်းတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ခါဆွန်အရပ်ဘက်ကာကွယ်ရေးအဖွဲ့နှင့် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့များက အောက်တိုဘာ(၅)ရက်တွင် ပြော ကြားခဲ့သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၁)ဦးသေဆုံးခဲ့ပြီး ဟိုတယ်တစ်လုံးအပါအဝင် လူနေအဆောက် အဦးအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံဥပဒေအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဒေသခံဥပဒေအရာရှိတစ်ဦးက မြို့တော်ကို HIMARS ရော့ကတ်ဒုံးကျည်သုံးစင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများကို ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအပြီး အရေးပေါ်ဝန်ဆောင်မှုအဖွဲ့များသည် အပျက်အစီးများကို ရှင်းလင်းရန်အတွက် ဆက်လက်လုပ်ဆောင်နေကြကြောင်းသိရသည်။ ယူကရိန်းတပ်ဖွဲ့များသည် ရုရှားရှိ အခြားလူနေရပ်ကွက်များကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

ဒွန်းညက်စ်မြို့တော်ဝန် Alexei Kulemzin က ပြီးခဲ့သည့်နှစ်ရက်အတွင်း မြို့တော်ကိုတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၃)ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ(၅)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ရုရှားသည် ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ ဇာပိုရိုဂျီလ်နှင့် ခါဆွန်ဒေသတို့၏ နေရာအများအပြားကို ထိန်းချုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါဒေသများသည် ရုရှားနှင့်ပေါင်းစည်းရန်အတွက် ပြီးခဲ့သည့်လက လူထုဆန္ဒခံယူပွဲတွင် မဲပေးခဲ့ကြကြောင်း လည်းသိရသည်။ ရုရှားသမ္မတပူတင်သည် ခါဆွန်၊ ဒွန်းညက်စ်၊ လူဟန်စ့် နဲ့ ဇာပိုရိုဂျီလ်ဒေသများကို ရုရှားအချုပ် အခြာအာဏာပိုင်အဖြစ် တရားဝင်လွှဲပြောင်းပေးသည့် သဘောတူစာချုပ်လေးခုကို အောက်တိုဘာ(၅)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ယူကရိန်းသည် ဆန္ဒမဲပေးမှုနှင့် ရလဒ်ကိုပယ်ချထားပြီး ယူကရိန်းအပိုင်ဟု သတ်မှတ်ထားသော နယ်မြေများ အားလုံးပေါ်မှ ရုရှားကို ဖယ်ရှားနိုင်ရန်အတွက် စစ်အင်အားသုံးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

Zawgyi Version;
ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားက ခါဆြန္ၿမိဳ႕လယ္ရွိ ဟိုတယ္တစ္ခုကို ဒုံးက်ည္နဲ႔တိုက္ခိုက္
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၆

ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ ခါဆြန္ၿမိဳ႕လယ္ရွိ ဟိုတယ္တစ္ခုကို ညပိုင္းတြင္ တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ခါဆြန္အရပ္ဘက္ကာကြယ္ေရးအဖြဲ႕ႏွင့္ အေရးေပၚဝန္ေဆာင္မႈအဖြဲ႕မ်ားက ေအာက္တိုဘာ(၅)ရက္တြင္ ေျပာ ၾကားခဲ့သည္။

အဆိုပါပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၁)ဦးေသဆုံးခဲ့ၿပီး ဟိုတယ္တစ္လုံးအပါအဝင္ လူေနအေဆာက္ အဦးအမ်ားအျပား ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ေဒသခံဥပေဒအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။

ေဒသခံဥပေဒအရာရွိတစ္ဦးက ၿမိဳ႕ေတာ္ကို HIMARS ေရာ့ကတ္ဒုံးက်ည္သုံးစင္းျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း အဆိုပါ ပစ္ခတ္တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး ျဖစ္ေပၚခဲ့ေသာ ပ်က္စီးဆုံးရႈံးမႈမ်ားကို ႐ုရွားစုံစမ္းစစ္ေဆးေရးေကာ္မတီက စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။

အဆိုပါတိုက္ခိုက္မႈအၿပီး အေရးေပၚဝန္ေဆာင္မႈအဖြဲ႕မ်ားသည္ အပ်က္အစီးမ်ားကို ရွင္းလင္းရန္အတြက္ ဆက္လက္လုပ္ေဆာင္ေနၾကေၾကာင္းသိရသည္။ ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ႐ုရွားရွိ အျခားလူေနရပ္ကြက္မ်ားကို တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္းသိရသည္။

ဒြန္းညက္စ္ၿမိဳ႕ေတာ္ဝန္ Alexei Kulemzin က ၿပီးခဲ့သည့္ႏွစ္ရက္အတြင္း ၿမိဳ႕ေတာ္ကိုတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၃)ဦး ေသဆုံးခဲ့ေၾကာင္း ေအာက္တိုဘာ(၅)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ ႐ုရွားသည္ ယူကရိန္းကို စတင္တိုက္ခိုက္ခဲ့သည့္အခ်ိန္မွစ၍ ဇာပို႐ိုဂ်ီလ္ႏွင့္ ခါဆြန္ေဒသတို႔၏ ေနရာအမ်ားအျပားကို ထိန္းခ်ဳပ္ ခဲ့ေၾကာင္းသိရသည္။

အဆိုပါေဒသမ်ားသည္ ႐ုရွားႏွင့္ေပါင္းစည္းရန္အတြက္ ၿပီးခဲ့သည့္လက လူထုဆႏၵခံယူပြဲတြင္ မဲေပးခဲ့ၾကေၾကာင္း လည္းသိရသည္။ ႐ုရွားသမၼတပူတင္သည္ ခါဆြန္၊ ဒြန္းညက္စ္၊ လူဟန္စ့္ နဲ႔ ဇာပို႐ိုဂ်ီလ္ေဒသမ်ားကို ႐ုရွားအခ်ဳပ္ အျခာအာဏာပိုင္အျဖစ္ တရားဝင္လႊဲေျပာင္းေပးသည့္ သေဘာတူစာခ်ဳပ္ေလးခုကို ေအာက္တိုဘာ(၅)ရက္ေန႔တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။

ယူကရိန္းသည္ ဆႏၵမဲေပးမႈႏွင့္ ရလဒ္ကိုပယ္ခ်ထားၿပီး ယူကရိန္းအပိုင္ဟု သတ္မွတ္ထားေသာ နယ္ေျမမ်ား အားလုံးေပၚမွ ႐ုရွားကို ဖယ္ရွားႏိုင္ရန္အတြက္ စစ္အင္အားသုံးမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။

Related news

© 2021. All rights reserved.