အိန္ဒိယနိုင်ငံတွင် ယာဥ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး(၉)ဦး သေဆုံး

 316

ဖြိုးခန့် (NP News) - အောက်တိုဘာ ၆

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် ပလက်ကပ်ခရိုင်တွင် အောက်တိုဘာ(၅)ရက်၊ ညပိုင်းက ယာဥ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ ကျောင်းသား(၅)ယောက်အပါအဝင် အနည်းဆုံး(၉)ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါယာဥ်မတော်တဆမှုသည် Wadakkancherry မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Ernakulamမြို့ ရှိ ကျောင်း မှ Ooty မြို့ကိုပြန်ချိန်မှာ ကျောင်းသားများတင်ဆောင်လာသော ခရီးသည်တင်ဘတ်စ်ကားသည် KSRTC ဘတ်စ်ကား၏ နောက်ဘက်ခြမ်းကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါယာဥ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းမှာ ခရီးသည်တင်ဘတ်စ်ကားမောင်းနှင်သူသည် ယာဥ်ကိုအရှိန်ပြင်းစွာ မောင်းနှင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ အဆိုပါယာဥ်မတော်တဆမှုကြောင့် ကျောင်းသား(၅)ဦး၊ ဆရာတစ်ဦးနှင့် ခရီးသည်(၃)ဦးတို့သေဆုံးခဲ့ပြီး (၄)ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခြားသူများမှာ အသေးစားဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါခရီးသည်တင်ဘတ်စ်ကားပေါ်တွင် Ernakulam မြို့ Vettickal ရွာရှိ Baselios Vidyanikethan Senior Secondary School မှ အသက် (၁၅) နှစ်အရွယ် ကျောင်းသား (၄၂) ဦး၊ ဘတ်စ်ကားဒရိုင်ဘာ၊ သန့်ရှင်းရေးသမား နှင့် ဆရာငါးဦးတို့ လိုက်ပါခဲ့ကြောင်းသိရသည်။

အရှိန်ပြင်းစွာမောင်းနှင်လာသည့် ခရီးသည်တင်ဘတ်စ်ကားသည် KSRTC ဘတ်စ်ကား၏နောက်ဘက်ခြမ်းကို ဝင်တိုက်ခဲ့ပြီးနောက် အရှိန်မထိန်းနိုင်သဖြင့် လမ်းဘေးသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါယာဥ် မတော်တဆမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော ကျောင်းသားများက ၎င်းတို့လိုက်ပါလာသော ခရီးသည်တင် ဘတ်စ်ကားသည် အရှိန်ပြင်းစွာမောင်းနှင်ခဲ့ကြောင်းပြောဆိုခဲ့သည်။ ခရီးသည်တင်ဘတ်စ်ကား ယာဥ်မောင်းက ၎င်းသည် ပင်ပန်းနွမ်းနယ်ခြင်းကြောင့် ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ဝန်ခံပြောဆိုခဲ့သည်။

အဆိုပါ ခရီးသည်တင်ဘတ်စ်ကားသည် တစ်နာရီလျှင် ၉၇ ဒသမ ၂ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်ခဲ့ကြောင်း ကီရာလာပြည်နယ် ခရီးသွားလုပ်ငန်းဝန်ကြီး အန်တိုနီရာဂျူးက ပြောကြားခဲ့သည်။

Zawgyi Version;
အိႏၵိယႏိုင္ငံတြင္ ယာဥ္မေတာ္တဆမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံး(၉)ဦး ေသဆုံး
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၆

အိႏၵိယႏိုင္ငံ ကီရာလာျပည္နယ္ ပလက္ကပ္ခ႐ိုင္တြင္ ေအာက္တိုဘာ(၅)ရက္၊ ညပိုင္းက ယာဥ္မေတာ္တဆမႈ တစ္ခုျဖစ္ပြားခဲ့ရာ ေက်ာင္းသား(၅)ေယာက္အပါအဝင္ အနည္းဆုံး(၉)ဦးေသဆုံးခဲ့ေၾကာင္းသိရသည္။
အဆိုပါယာဥ္မေတာ္တဆမႈသည္ Wadakkancherry ၿမိဳ႕အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး Ernakulamၿမိဳ႕ ရွိ ေက်ာင္း မွ Ooty ၿမိဳ႕ကိုျပန္ခ်ိန္မွာ ေက်ာင္းသားမ်ားတင္ေဆာင္လာေသာ ခရီးသည္တင္ဘတ္စ္ကားသည္ KSRTC ဘတ္စ္ကား၏ ေနာက္ဘက္ျခမ္းကို ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါယာဥ္မေတာ္တဆမႈျဖစ္ပြားရသည့္အေၾကာင္းအရင္းမွာ ခရီးသည္တင္ဘတ္စ္ကားေမာင္းႏွင္သူသည္ ယာဥ္ကိုအရွိန္ျပင္းစြာ ေမာင္းႏွင္ခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါယာဥ္မေတာ္တဆမႈေၾကာင့္ ေက်ာင္းသား(၅)ဦး၊ ဆရာတစ္ဦးႏွင့္ ခရီးသည္(၃)ဦးတို႔ေသဆုံးခဲ့ၿပီး (၄)ဦးမွာ ျပင္းထန္စြာ ထိခိုက္ဒဏ္ရာရရွိခဲ့ကာ အျခားသူမ်ားမွာ အေသးစားဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါခရီးသည္တင္ဘတ္စ္ကားေပၚတြင္ Ernakulam ၿမိဳ႕ Vettickal ႐ြာရွိ Baselios Vidyanikethan Senior Secondary School မွ အသက္ (၁၅) ႏွစ္အ႐ြယ္ ေက်ာင္းသား (၄၂) ဦး၊ ဘတ္စ္ကားဒ႐ိုင္ဘာ၊ သန႔္ရွင္းေရးသမား ႏွင့္ ဆရာငါးဦးတို႔ လိုက္ပါခဲ့ေၾကာင္းသိရသည္။

အရွိန္ျပင္းစြာေမာင္းႏွင္လာသည့္ ခရီးသည္တင္ဘတ္စ္ကားသည္ KSRTC ဘတ္စ္ကား၏ေနာက္ဘက္ျခမ္းကို ဝင္တိုက္ခဲ့ၿပီးေနာက္ အရွိန္မထိန္းႏိုင္သျဖင့္ လမ္းေဘးသို႔ထိုးက်သြားခဲ့ေၾကာင္း သိရသည္။ အဆိုပါယာဥ္ မေတာ္တဆမႈမွ အသက္ရွင္လြတ္ေျမာက္ခဲ့ေသာ ေက်ာင္းသားမ်ားက ၎တို႔လိုက္ပါလာေသာ ခရီးသည္တင္ ဘတ္စ္ကားသည္ အရွိန္ျပင္းစြာေမာင္းႏွင္ခဲ့ေၾကာင္းေျပာဆိုခဲ့သည္။ ခရီးသည္တင္ဘတ္စ္ကား ယာဥ္ေမာင္းက ၎သည္ ပင္ပန္းႏြမ္းနယ္ျခင္းေၾကာင့္ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ရျခင္းျဖစ္သည္ဟု ဝန္ခံေျပာဆိုခဲ့သည္။

အဆိုပါ ခရီးသည္တင္ဘတ္စ္ကားသည္ တစ္နာရီလွ်င္ ၉၇ ဒသမ ၂ ကီလိုမီတာ အျမန္ႏႈန္းျဖင့္ ေမာင္းႏွင္ခဲ့ေၾကာင္း ကီရာလာျပည္နယ္ ခရီးသြားလုပ္ငန္းဝန္ႀကီး အန္တိုနီရာဂ်ဴးက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.