သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေးစစ်သားများရဲ့ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းအမျိုးသား ၁ ဦး သေဆုံး

 360

ရောင်နီ (NP News) - အောက်တိုဘာ ၆

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း၊ နက်ဘလက် အရှေ့ဘက်ရှိ ဒီယာအဲလ်ဟက်တက်မြို့မှာ အစ္စရေး တပ်ဖွဲ့ဝင်များရဲ့ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းအမျိုးသားတစ်ဦးသေဆုံးပြီး အနည်းဆုံးလူ နှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်းသား အာလာဇက်ဂဲလ်ဟာ အစ္စရေးစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆန်ထိမှန် သေဆုံးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂျာနယ်လစ်နှစ်ဦးအပါအဝင် အခြား ပါလက်စတိုင်း ခြောက်ဦးထက်မနည်း အစ္စရေးပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာရှိ ဆေးဘက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်ဟာ ဒီယာအဲလ်ဟက်တက် ရွာမှာ စစ်ရေး အရ စစ်ဆင်ရေးပြုလုပ်နေကြောင်း အတည်ပြုခဲ့ပါတယ်။

ပါလက်စတိုင်း ရုပ်မြင်သံကြားမှ သတင်းထောက်နှစ်ဦးလက်တစ်ဖက်နဲ့ ပုခုံးတစ်ဖက်ကို အစ္စရေးစစ်သားများက ပစ်ခတ်ခဲ့ကြောင်း ရုပ်မြင်သံကြားဌာနမှ ထုတ်ပြန်တဲ့ဓာတ်ပုံတွေအရ သိရပါတယ်။ မတ်လကတည်းက အစ္စရေး တပ်တွေ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရဲ့မြောက်ဘက်ခြမ်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ နေ့စဉ်နီးပါး စီးနင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး အများစုဟာ အသေအပျောက်များခဲ့ပါတယ်။

Lions' Den လို့ခေါ်တဲ့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများရဲ့ ညွန့်ပေါင်းအဖွဲ့အသစ် ပေါ်ပေါက်လာပြီးနောက် နက်ဘလက်ဟာ အစ္စရေးစစ်ဆင်ရေးအတွက် ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာလ(၃) ရက်၊ တနင်္လာနေ့က ရာမာလာအနီးရှိ ဂျာလာဇုန် ဒုက္ခသည်စခန်းမှာ ပါလက်စတိုင်းနှစ်ဦးကို အစ္စရေးတပ်ဖွဲ့များက “IDF စစ်သားတွေကို တိုက်ခိုက်ဖို့ သံသယရှိသူ ၂ ဦး ချေမှုန်းပစ်ခဲ့ပါတယ်” လို့ ဆိုကာ သတ်ဖြတ်ခဲ့ပါတယ်။

Zawgyi Version;
သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းမွာ အစၥေရးစစ္သားမ်ားရဲ႕ပစ္ခတ္မႈေၾကာင့္ ပါလက္စတိုင္းအမ်ိဳးသား ၁ ဦး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၆

သိမ္းပိုက္ထားေသာ အေနာက္ဘက္ကမ္း၊ နက္ဘလက္ အေရွ႕ဘက္ရွိ ဒီယာအဲလ္ဟက္တက္ၿမိဳ႕မွာ အစၥေရး တပ္ဖြဲ႕ဝင္မ်ားရဲ႕ပစ္ခတ္မႈေၾကာင့္ ပါလက္စတိုင္းအမ်ိဳးသားတစ္ဦးေသဆုံးၿပီး အနည္းဆုံးလူ ႏွစ္ဦး ဒဏ္ရာရရွိခဲ့ ေၾကာင္း ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ပါလက္စတိုင္းသား အာလာဇက္ဂဲလ္ဟာ အစၥေရးစစ္တပ္ရဲ႕ပစ္ခတ္မႈေၾကာင့္ ဦးေခါင္းကို က်ည္ဆန္ထိမွန္ ေသဆုံးခဲ့ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဂ်ာနယ္လစ္ႏွစ္ဦးအပါအဝင္ အျခား ပါလက္စတိုင္း ေျခာက္ဦးထက္မနည္း အစၥေရးပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရခဲ့ေၾကာင္း အခင္းျဖစ္ပြားရာ ေနရာရွိ ေဆးဘက္ဆိုင္ရာအရာရွိမ်ားက ေျပာၾကားခဲ့ပါတယ္။ အစၥေရးစစ္တပ္ဟာ ဒီယာအဲလ္ဟက္တက္ ႐ြာမွာ စစ္ေရး အရ စစ္ဆင္ေရးျပဳလုပ္ေနေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ပါလက္စတိုင္း ႐ုပ္ျမင္သံၾကားမွ သတင္းေထာက္ႏွစ္ဦးလက္တစ္ဖက္နဲ႔ ပုခုံးတစ္ဖက္ကို အစၥေရးစစ္သားမ်ားက ပစ္ခတ္ခဲ့ေၾကာင္း ႐ုပ္ျမင္သံၾကားဌာနမွ ထုတ္ျပန္တဲ့ဓာတ္ပုံေတြအရ သိရပါတယ္။ မတ္လကတည္းက အစၥေရး တပ္ေတြ သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းရဲ႕ေျမာက္ဘက္ျခမ္းမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ၊ ေန႔စဥ္နီးပါး စီးနင္းတိုက္ခိုက္မႈေတြျဖစ္ပြားခဲ့ၿပီး အမ်ားစုဟာ အေသအေပ်ာက္မ်ားခဲ့ပါတယ္။

Lions' Den လို႔ေခၚတဲ့ ပါလက္စတိုင္း တိုက္ခိုက္ေရးသမားမ်ားရဲ႕ ၫြန႔္ေပါင္းအဖြဲ႕အသစ္ ေပၚေပါက္လာၿပီးေနာက္ နက္ဘလက္ဟာ အစၥေရးစစ္ဆင္ေရးအတြက္ ပစ္မွတ္ျဖစ္လာခဲ့ပါတယ္။

ေအာက္တိုဘာလ(၃) ရက္၊ တနလၤာေန႔က ရာမာလာအနီးရွိ ဂ်ာလာဇုန္ ဒုကၡသည္စခန္းမွာ ပါလက္စတိုင္းႏွစ္ဦးကို အစၥေရးတပ္ဖြဲ႕မ်ားက “IDF စစ္သားေတြကို တိုက္ခိုက္ဖို႔ သံသယရွိသူ ၂ ဦး ေခ်မႈန္းပစ္ခဲ့ပါတယ္” လို႔ ဆိုကာ သတ္ျဖတ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.