OPEC+ ၏ ထုတ်လုပ်မှု ဖြတ်တောက်ခြင်းကြောင့် အမေရိကန်က အရန်ရေနံစည် (၁ဝ)သန်းကို ထပ်မံသုံးစွဲမည်

 783

Htay Oung (NP News) - အောက်တိုဘာ ၇

အမေရိကန်နိုင်ငံတစ်ဝှမ်း လောင်စာဆီဈေးနှုန်းများ မြင့်တက်နေမှုကို တုန့်ပြန်ဆောင်ရွက်တဲ့အနေနဲ့ SPR ခေါ် နိုင်ငံ့မဟာဗျူဟာအဖြစ် သိုလှောင်ထားတဲ့ အရန်ရေနံမှ စည်ပေါင်း (၁ဝ) သန်းကို လာမယ့် နိုဝင်ဘာလမှာ ထပ်မံထုတ်နှုတ်အသုံးပြုမှာဖြစ်ကြောင်း သမ္မတဘိုင်ဒန်က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၅ ရက်)မှာ မိန့်ခွန်းပြောဆိုတယ်လို့ Fox Business က အောက်တိုဘာလ ၇ ရက်မှာရေးသားပါတယ်။

OPEC လို့ခေါ်တဲ့ ရေနံတင်ပို့သူ (၁၃) နိုင်ငံပါ အဖွဲ့ကြီးနဲ့အတူ ဆော်ဒီအာရေးဗီးယား ဦးဆောင် ရုရှား၊ ကာဇက်စတန်စတဲ့ အဖွဲ့ဝင် (၁၁)နိုင်ငံပါ “OPEC+" အုပ်စုတို့က သူတို့ရဲ့ ရေနံထုတ်လုပ်မှုကို တစ်နေလျှင် စည်ပေါင်း (၂)သန်းအထိ ဖြတ်တောက်မှာဖြစ်ကြောင်းကြေညာပြီး နာရီအနည်းငယ်အကြာမှာ အမေရိကန်သမ္မတက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ယခုလို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

တကယ်တော့ ကမ္ဘာ့ရေနံဈေးနှုန်း မတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ဆိုရင် OPEC+ အုပ်စုအနေနဲ့ သူတို့ရဲ့ ရေနံထုတ်လုပ်မှုမှ နေ့စဉ် စည်ပေါင်း (၅)သန်းမှ တစ်သန်းအထိ ဖြတ်တောက်ဖွယ်ရှိတယ်လို့ မီဒီယာများက စကား ဦးသမ်း ခန့်မှန်းခဲ့ကြပြီးဖြစ်ပါတယ်။

နိုင်ငံတကာ ရေနံဝယ်လိုအားရဲ့ (၂)ရာခိုင်နှုန်းနဲ့ညီမျှနေတဲ့ တစ်နေ့လျှင် ရေနံစည် (၂)သန်းအထိ ဖြတ်တောက်တယ်ဆိုတာ အများမျှော်လင့်ထားတဲ့ ပမာဏနဲ့ အကြီး အကျယ် ကွာဟနေပါတယ်။ OPEC+ ကြေညာချက်ဟာ ပြည်တွင်း လောင်စာဆီဈေးနှုန်းတွေ လျှော့ချဖို့ အပတ်တကုတ်ကြိုးစားနေရတဲ့ အမေရိကန်အတွက် ထိတ်ထိတ်ပျာပျာဖြစ်သွားစေရပါတယ်။

အလားတူပဲ ကရင်မလင်ကို ပိတ်ဆို့အရေးယူမှုများ ပြဋ္ဌာန်းတဲ့နည်းလမ်းနဲ့ ရုရှားရေနံတင်သွင်းမှုကို ကန့်သတ်ပြီး မော်စကိုရဲ့ ရေနံအပေါ် ဈေးနှုန်းထိန်းချုပ်ဖို့ ဥရောပသမဂ္ဂက ကြိုးပမ်းနေချိန်မှာ အိုပက်ရဲ့ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းတို့ဟာ ထူးခြားစွာ တိုက်ဆိုင်နေပါတယ်။ အဲ့ဒီလို ရေနံဈေးနှုန်းကန့်သတ်ချက်ချမှတ်ဖို့ဆိုတာကလည်း အမေရိကန်နဲ့ သူ့ရဲ့ G-7 လို့ခေါ်တဲ့ ကနေဒါ၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန် စတဲ့ စက်မှု ဖွံ့ဖြိုးပြီး (၇)နိုင်ငံ မဟာမိတ်တို့က ဆုံးဖြတ်လုပ် ကိုင်နေခြင်း ဖြစ်ပါတယ်။

ယခုဖြစ်ရပ်က လာမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အချိန်မီ ဈေး ကွက်ကို ဖြည့်ဆည်းပြီး ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များရဲ့ ဈေးနှုန်းများ မြင့်တက်မှုကို ရှောင်တိမ်းဖို့အတွက် ဂျိုးဘိုင်ဒန်ရဲ့ အကွက်ရွှေ့မှုဟာ သဲထဲရေ သွန်ဖြစ်ရကြောင်း သက်သေပြသလို ရှိနေပါတယ်။

လွန်ခဲ့တဲ့ မတ်လတုန်းကလည်း အမေရိကန်ရဲ့ အရေးပေါ်အသုံးပြုဖို့ မဟာဗျူဟာအရ သိုလှောင်ထားတဲ့ အရန်ရေနံမှတစ်နေ့လျှင် စည် (၁)သန်းကျ ရက်ပေါင်း (၂ဝ) အထိ ထုတ်နှုတ်သုံးစွဲရခြင်းဟာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ယူကရိန်းစစ်ပွဲကြောင့် ဈေးကွက် ကွင်းဆက်ပြတ်တောက်မှုကာလမှာ စံချိန်တင်မြင့်တက်နေတဲ့ လောင်စာဆီဈေးနှုန်းများကို တုန့်ပြန်ဖို့ဖြစ်ကြောင်း ဘိုင်ဒန်ပဲ ပြောခဲ့ဖူးပါတယ်။

စွမ်းအင် အကျပ်အတည်း လျော့ပါးရေး ရေနံကို တိုးမြှင့်ထုတ်လုပ်ဖို့ အရှေ့အလယ်ပိုင်းနိုင်ငံများထံ လူကိုယ်တိုင်သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတဟာ ရေနံနဲ့ပတ် သက်လို့ ဘာကတိစကားမှ မရရှိပဲ လက်ချည့်သက်သက် ပြန်ခဲ့ရပြီးနောက် နိုင်ငံအရန်ရေနံများမှ ထုတ်နှုတ်သုံးစွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။

သူပြောသလို အမေရိကန်ရဲ့မဟာဗျူဟာ အရန်ရေနံသိုလှောင်မှုမှ အကြမ်းအားဖြင့် စည်ပေါင်း သန်း (၁၈ဝ)ခန့်ကို ထုတ်နှုတ်ပြီး လောင်စာဆီဈေးနှုန်းမြင့်တက်တာကို ကာကွယ်ဖို့ လုပ်ရမယ်ဆိုလျှင် လာမယ့် အောက်တိုဘာလ ၃၁ ရက်ဆို အဲ့ဒီရေနံတွေ တက်တက်ပြောင်ကိန်း ဆိုက်နေပြီလို့ Fox က ဆိုပါတယ်။

“OPEC+ အုပ်စုရဲ့ ကြေညာချက်ဟာ ရုရှားနဲ့ ညှိနှိုင်းပြီး လုပ်တယ်ဆိုတာ ရှင်းနေပါတယ်” လို့ အိမ်ဖြူတော်ပြန်ကြားရေးဝန်ကြီး ကက်သရင်း ယွန်း-ပီရာက မှတ်ချက်ပေးကြောင်း CNN က ဆိုပါတယ်။

OPEC+ ရဲ့ ထုတ်လုပ်မှုဖြတ်တောက်ခြင်းကို သမ္မတဂျိုးဘိုင်ဒန်အနေနဲ့ အလွန်အ မင်း စိတ်ပျက်မိကြောင်း၊ အိုပက်ရဲ့ စွမ်းအင်ဈေးနှုန်းထိန်းချုပ်မှုကို အာဏာပိုင်များက လျှော့ချဖို့နဲ့ အခြားလုပ်ဆောင်စရာရှိတာတွေအတွက် ကွန်ဂရက်လွှတ်တော်နဲ့ တိုင်ပင်မှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ အမျိုးသားစီးပွားရေးရာကောင်စီ ညွှန်ကြားရေးမှူတို့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီလို ရေနံထုတ်လုပ်မှု ဖြတ်တောက်ခြင်း အကျိုးဆက်ဟာ နိုင်ငံတကာ ဈေး ကွက်မှာ ရေနံအဝင်လျော့နည်းပြီး ကမ္ဘာတစ်ဝှမ်းဝင်ငွေနည်းပါးတဲ့ တိုင်းပြည်များနဲ့ အလယ်အလတ် ဝင်ငွေရှိသူ နိုင်ငံများမှာ အဆိုးရွားဆုံး ထိခိုက်ခံရလိမ့်မယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးတို့က ဆိုပါတယ်။

အမေရိကန်စားသုံးသူများကို ကာကွယ်ဖို့နဲ့ စွမ်းအင်ဖူလုံရေးကို မြှင့်တင်ဖို့အတွက် အရန်ရေနံမှ ထုတ်နှုတ်သုံးစွဲရေးကို သမ္မတကြီးက အလျဉ်းသင့်သလို ဆက်လက်ညွှန်ကြားမှာ ဖြစ်ကြောင်း၊ လောလောဆယ်ကာလမှာ ပြည်တွင်းလောင်စာဆီ ထုတ်လုပ်မှုကို ဆက်လက်တိုးမြှင့်ဖို့နဲ့ ပူးတွဲအသုံးပြုနိုင်ဖွယ်ရှိတာတွေကို ရှာဖွေဖို့ စွမ်းအင်ဝန်ကြီးကို ညွှန်ကြားထားကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက ရှင်းပြနေကြပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ကလည်း အမေရိကန်စွမ်းအင်ကုမ္ပဏီများကို ထပ်မံမေတ္တာရပ်ခံရာမှာ လက်ကားနဲ့ လက်လီ လောင်စာဆီဈေးနှုန်းတို့အကြား သမိုင်းဝင် ကွာဟ ချက် ကြီးမားနေခြင်းကို ကျဉ်းမြောင်းလာစေခြင်းဖြင့် စက်သုံးဆီအရောင်းဆိုင်များရဲ့ ဈေးနှုန်းများ ကျဆင်းလာစေရေး ဆက်လက်လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

zawgyi version
OPEC+ ၏ ထုတ္လုပ္မႈ ျဖတ္ေတာက္ျခင္းေၾကာင့္ အေမရိကန္က အရန္ေရနံစည္ (၁ဝ)သန္းကို ထပ္မံသုံးစြဲမည္
Htay Oung (NP News) - ေအာက္တိုဘာ ၇

အေမရိကန္ႏိုင္ငံတစ္ဝွမ္း ေလာင္စာဆီေဈးႏႈန္းမ်ား ျမင့္တက္ေနမႈကို တုန႔္ျပန္ေဆာင္႐ြက္တဲ့အေနနဲ႔ SPR ေခၚ ႏိုင္ငံ့မဟာဗ်ဴဟာအျဖစ္ သိုေလွာင္ထားတဲ့ အရန္ေရနံမွ စည္ေပါင္း (၁ဝ) သန္းကို လာမယ့္ ႏိုဝင္ဘာလမွာ ထပ္မံထုတ္ႏႈတ္အသုံးျပဳမွာျဖစ္ေၾကာင္း သမၼတဘိုင္ဒန္က ဗုဒၶဟူးေန႔ (ေအာက္တိုဘာလ ၅ ရက္)မွာ မိန႔္ခြန္းေျပာဆိုတယ္လို႔ Fox Business က ေအာက္တိုဘာလ ၇ ရက္မွာေရးသားပါတယ္။

OPEC လို႔ေခၚတဲ့ ေရနံတင္ပို႔သူ (၁၃) ႏိုင္ငံပါ အဖြဲ႕ႀကီးနဲ႔အတူ ေဆာ္ဒီအာေရးဗီးယား ဦးေဆာင္ ႐ုရွား၊ ကာဇက္စတန္စတဲ့ အဖြဲ႕ဝင္ (၁၁)ႏိုင္ငံပါ “OPEC+" အုပ္စုတို႔က သူတို႔ရဲ႕ ေရနံထုတ္လုပ္မႈကို တစ္ေနလွ်င္ စည္ေပါင္း (၂)သန္းအထိ ျဖတ္ေတာက္မွာျဖစ္ေၾကာင္းေၾကညာၿပီး နာရီအနည္းငယ္အၾကာမွာ အေမရိကန္သမၼတက သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ယခုလို ထုတ္ျပန္လိုက္ျခင္း ျဖစ္ပါတယ္။

တကယ္ေတာ့ ကမာၻ႔ေရနံေဈးႏႈန္း မတည္ၿငိမ္မႈကို ထိန္းသိမ္းဖို႔ဆိုရင္ OPEC+ အုပ္စုအေနနဲ႔ သူတို႔ရဲ႕ ေရနံထုတ္လုပ္မႈမွ ေန႔စဥ္ စည္ေပါင္း (၅)သန္းမွ တစ္သန္းအထိ ျဖတ္ေတာက္ဖြယ္ရွိတယ္လို႔ မီဒီယာမ်ားက စကား ဦးသမ္း ခန႔္မွန္းခဲ့ၾကၿပီးျဖစ္ပါတယ္။

ႏိုင္ငံတကာ ေရနံဝယ္လိုအားရဲ႕ (၂)ရာခိုင္ႏႈန္းနဲ႔ညီမွ်ေနတဲ့ တစ္ေန႔လွ်င္ ေရနံစည္ (၂)သန္းအထိ ျဖတ္ေတာက္တယ္ဆိုတာ အမ်ားေမွ်ာ္လင့္ထားတဲ့ ပမာဏနဲ႔ အႀကီး အက်ယ္ ကြာဟေနပါတယ္။ OPEC+ ေၾကညာခ်က္ဟာ ျပည္တြင္း ေလာင္စာဆီေဈးႏႈန္းေတြ ေလွ်ာ့ခ်ဖို႔ အပတ္တကုတ္ႀကိဳးစားေနရတဲ့ အေမရိကန္အတြက္ ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားေစရပါတယ္။

အလားတူပဲ ကရင္မလင္ကို ပိတ္ဆို႔အေရးယူမႈမ်ား ျပ႒ာန္းတဲ့နည္းလမ္းနဲ႔ ႐ုရွားေရနံတင္သြင္းမႈကို ကန႔္သတ္ၿပီး ေမာ္စကိုရဲ႕ ေရနံအေပၚ ေဈးႏႈန္းထိန္းခ်ဳပ္ဖို႔ ဥေရာပသမဂၢက ႀကိဳးပမ္းေနခ်ိန္မွာ အိုပက္ရဲ႕ ယခုဆုံးျဖတ္ခ်က္ ထြက္ေပၚလာျခင္းတို႔ဟာ ထူးျခားစြာ တိုက္ဆိုင္ေနပါတယ္။ အဲ့ဒီလို ေရနံေဈးႏႈန္းကန႔္သတ္ခ်က္ခ်မွတ္ဖို႔ဆိုတာကလည္း အေမရိကန္နဲ႔ သူ႔ရဲ႕ G-7 လို႔ေခၚတဲ့ ကေနဒါ၊ ၿဗိတိန္၊ ဂ်ာမနီ၊ ျပင္သစ္၊ အီတလီ၊ ဂ်ပန္ စတဲ့ စက္မႈ ဖြံ႕ၿဖိဳးၿပီး (၇)ႏိုင္ငံ မဟာမိတ္တို႔က ဆုံးျဖတ္လုပ္ ကိုင္ေနျခင္း ျဖစ္ပါတယ္။

ယခုျဖစ္ရပ္က လာမယ့္ အေမရိကန္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမတိုင္မီ အခ်ိန္မီ ေဈး ကြက္ကို ျဖည့္ဆည္းၿပီး ျပည္တြင္းစက္သုံးဆီ အေရာင္းဆိုင္မ်ားရဲ႕ ေဈးႏႈန္းမ်ား ျမင့္တက္မႈကို ေရွာင္တိမ္းဖို႔အတြက္ ဂ်ိဳးဘိုင္ဒန္ရဲ႕ အကြက္ေ႐ႊ႕မႈဟာ သဲထဲေရ သြန္ျဖစ္ရေၾကာင္း သက္ေသျပသလို ရွိေနပါတယ္။

လြန္ခဲ့တဲ့ မတ္လတုန္းကလည္း အေမရိကန္ရဲ႕ အေရးေပၚအသုံးျပဳဖို႔ မဟာဗ်ဴဟာအရ သိုေလွာင္ထားတဲ့ အရန္ေရနံမွတစ္ေန႔လွ်င္ စည္ (၁)သန္းက် ရက္ေပါင္း (၂ဝ) အထိ ထုတ္ႏႈတ္သုံးစြဲရျခင္းဟာ ကမာၻ႔စီးပြားေရးက်ဆင္းမႈ၊ ေငြေၾကးေဖာင္းပြမႈနဲ႔ ယူကရိန္းစစ္ပြဲေၾကာင့္ ေဈးကြက္ ကြင္းဆက္ျပတ္ေတာက္မႈကာလမွာ စံခ်ိန္တင္ျမင့္တက္ေနတဲ့ ေလာင္စာဆီေဈးႏႈန္းမ်ားကို တုန႔္ျပန္ဖို႔ျဖစ္ေၾကာင္း ဘိုင္ဒန္ပဲ ေျပာခဲ့ဖူးပါတယ္။

စြမ္းအင္ အက်ပ္အတည္း ေလ်ာ့ပါးေရး ေရနံကို တိုးျမႇင့္ထုတ္လုပ္ဖို႔ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားထံ လူကိုယ္တိုင္သြားေရာက္ခဲ့တဲ့ အေမရိကန္သမၼတဟာ ေရနံနဲ႔ပတ္ သက္လို႔ ဘာကတိစကားမွ မရရွိပဲ လက္ခ်ည့္သက္သက္ ျပန္ခဲ့ရၿပီးေနာက္ ႏိုင္ငံအရန္ေရနံမ်ားမွ ထုတ္ႏႈတ္သုံးစြဲရန္ စီစဥ္ခဲ့ျခင္းျဖစ္ပါတယ္။

သူေျပာသလို အေမရိကန္ရဲ႕မဟာဗ်ဴဟာ အရန္ေရနံသိုေလွာင္မႈမွ အၾကမ္းအားျဖင့္ စည္ေပါင္း သန္း (၁၈ဝ)ခန႔္ကို ထုတ္ႏႈတ္ၿပီး ေလာင္စာဆီေဈးႏႈန္းျမင့္တက္တာကို ကာကြယ္ဖို႔ လုပ္ရမယ္ဆိုလွ်င္ လာမယ့္ ေအာက္တိုဘာလ ၃၁ ရက္ဆို အဲ့ဒီေရနံေတြ တက္တက္ေျပာင္ကိန္း ဆိုက္ေနၿပီလို႔ Fox က ဆိုပါတယ္။

“OPEC+ အုပ္စုရဲ႕ ေၾကညာခ်က္ဟာ ႐ုရွားနဲ႔ ညႇိႏႈိင္းၿပီး လုပ္တယ္ဆိုတာ ရွင္းေနပါတယ္” လို႔ အိမ္ျဖဴေတာ္ျပန္ၾကားေရးဝန္ႀကီး ကက္သရင္း ယြန္း-ပီရာက မွတ္ခ်က္ေပးေၾကာင္း CNN က ဆိုပါတယ္။

OPEC+ ရဲ႕ ထုတ္လုပ္မႈျဖတ္ေတာက္ျခင္းကို သမၼတဂ်ိဳးဘိုင္ဒန္အေနနဲ႔ အလြန္အ မင္း စိတ္ပ်က္မိေၾကာင္း၊ အိုပက္ရဲ႕ စြမ္းအင္ေဈးႏႈန္းထိန္းခ်ဳပ္မႈကို အာဏာပိုင္မ်ားက ေလွ်ာ့ခ်ဖို႔နဲ႔ အျခားလုပ္ေဆာင္စရာရွိတာေတြအတြက္ ကြန္ဂရက္လႊတ္ေတာ္နဲ႔ တိုင္ပင္မွာျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂ်ိတ္ဆူလီဗန္နဲ႔ အမ်ိဳးသားစီးပြားေရးရာေကာင္စီ ၫႊန္ၾကားေရးမႉတို႔ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲ့ဒီလို ေရနံထုတ္လုပ္မႈ ျဖတ္ေတာက္ျခင္း အက်ိဳးဆက္ဟာ ႏိုင္ငံတကာ ေဈး ကြက္မွာ ေရနံအဝင္ေလ်ာ့နည္းၿပီး ကမာၻတစ္ဝွမ္းဝင္ေငြနည္းပါးတဲ့ တိုင္းျပည္မ်ားနဲ႔ အလယ္အလတ္ ဝင္ေငြရွိသူ ႏိုင္ငံမ်ားမွာ အဆိုး႐ြားဆုံး ထိခိုက္ခံရလိမ့္မယ္လို႔ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပးတို႔က ဆိုပါတယ္။

အေမရိကန္စားသုံးသူမ်ားကို ကာကြယ္ဖို႔နဲ႔ စြမ္းအင္ဖူလုံေရးကို ျမႇင့္တင္ဖို႔အတြက္ အရန္ေရနံမွ ထုတ္ႏႈတ္သုံးစြဲေရးကို သမၼတႀကီးက အလ်ဥ္းသင့္သလို ဆက္လက္ၫႊန္ၾကားမွာ ျဖစ္ေၾကာင္း၊ ေလာေလာဆယ္ကာလမွာ ျပည္တြင္းေလာင္စာဆီ ထုတ္လုပ္မႈကို ဆက္လက္တိုးျမႇင့္ဖို႔နဲ႔ ပူးတြဲအသုံးျပဳႏိုင္ဖြယ္ရွိတာေတြကို ရွာေဖြဖို႔ စြမ္းအင္ဝန္ႀကီးကို ၫႊန္ၾကားထားေၾကာင္း အိမ္ျဖဴေတာ္တာဝန္ရွိသူမ်ားက ရွင္းျပေနၾကပါတယ္။

သမၼတဂ်ိဳးဘိုင္ဒန္ကလည္း အေမရိကန္စြမ္းအင္ကုမၸဏီမ်ားကို ထပ္မံေမတၱာရပ္ခံရာမွာ လက္ကားနဲ႔ လက္လီ ေလာင္စာဆီေဈးႏႈန္းတို႔အၾကား သမိုင္းဝင္ ကြာဟ ခ်က္ ႀကီးမားေနျခင္းကို က်ဥ္းေျမာင္းလာေစျခင္းျဖင့္ စက္သုံးဆီအေရာင္းဆိုင္မ်ားရဲ႕ ေဈးႏႈန္းမ်ား က်ဆင္းလာေစေရး ဆက္လက္လုပ္ေဆာင္ၾကဖို႔ တိုက္တြန္းထားပါတယ္။

Picture

win myint soe

07/10/2022 14:00

အမေရိကန် ဟာ ကိုယ့်ပိတ်ဆို့မှုနဲ့ကိုယ် တိုင်ပတ်ပြီ ကမ္ဘာမှလိုက်ပြီဆရာကြီးလုပ် သူများကိစ္စလိုက်ပါနေတာနဲ့တိုင်းပြည်စီပွားရေးကျရတာပေါ့

Related news

© 2021. All rights reserved.