လူပေါင်း ၁၃ဝ ကျော်သေဆုံးစေခဲ့တဲ့ ဘောလုံးကွင်းအတွင်း လူအုပ်ပြိုကျမှုများနဲ့ပတ်သက်ပြီး ၆ ဦးကို စွဲချက်တင်ထားကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ပြော

 374

ဂျန်ဇက် (NP News) - အောက်တိုဘာ ၇

အင်ဒိုနီးရှား ရဲတပ်ဖွဲ့အကြီးအကဲက ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ လူပေါင်း ၁၃၁ ဦးသေဆုံးစေခဲ့တဲ့ဘောလုံးကွင်းအတွင်း လူအုပ်ပြိုကျမှုနဲ့ပတ်သက်ပြီး လူခြောက်ဦးကို စွဲချက်တင်ခဲ့ကြောင်း ဆိုပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သူ ပရာဘိုဝိုက "ခိုင်မာတဲ့သက်သေများနဲ့ စုံစမ်းစစ်ဆေးမှုများကိုအခြေခံပြီး သံသယရှိသူ ၆ ဦးကို စွဲချက်တင်လိုက်ပါတယ်။ စွဲချက်တင်ခံရသူများထဲမှာ ရဲအရာရှိ ၃ ဦး ပါဝင်ခဲ့သလို Arema ဘောလုံးအသင်းကော်မတီတာဝန်ရှိသူတစ်ဦး၊ Arema အသင်းလုံခြုံရေးအရာရှိတစ်ဦးအပါအဝင် သုံးဦးတို့ စွဲချက်တင်ခံခဲ့ရတယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုများအရ ပရိသတ်များကို မျက်ရည်ယိုဗုံးသုံး ပစ်ခတ်ဖို့ အမိန့်ပေးခဲ့သူ ရဲအရာရှိနှစ်ဦးကိုလည်း ထပ်မံစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။

လက်ရှိအချိန်မှာ စွဲချက်တင်ခံထားရသူများဟာ အပြစ်ရှိကြောင်း စုံစမ်းတွေ့ရှိရမယ်ဆိုရင် အများဆုံး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ပေးခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ Arema ဘောလုံးအသင်း ကော်မတီအကြီးအကဲ နဲ့ ဘောလုံးအသင်းလုံခြုံရေးအရာရှိတို့ကို ဘောလုံးလောကနေ ရာသက်ပန်အနားယူဖို့ ပြစ်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဘောလုံးကွင်းအတွင်း ပရိသတ်များဝင်ရောက်ဖို့ကြိုးပမ်းမှုများကို မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွင်းမှုများနဲ့ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်မှုမြင့်တက်ခဲ့ပြီးနောက် အင်ဒိုနီးရှားရဲတပ်ဖွဲ့အကြီးအကဲက အခုလိုမျိုးတုံ့ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဘောလုံးပွဲကြည့်စင်ရှိပရိသတ်များကို မျက်ရည်ယိုဗုံးများ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ Arema အသင်း နဲ့ Persebaya Surabaya အသင်းတို့ အောက်တိုဘာ ၁ ရက်နေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်များ ကွင်းအတွင်း လူအုပ်ပြိုကျကာ ဝရုန်းသုန်းကားဖြစ်ပွားများဖြစ်ခဲ့ရာ လူပေါင်း ၁၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
လူေပါင္း ၁၃ဝ ေက်ာ္ေသဆုံးေစခဲ့တဲ့ ေဘာလုံးကြင္းအတြင္း လူအုပ္ၿပိဳက်မႈမ်ားနဲ႔ပတ္သက္ၿပီး ၆ ဦးကို စြဲခ်က္တင္ထားေၾကာင္း အင္ဒိုနီးရွားရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၇

အင္ဒိုနီးရွား ရဲတပ္ဖြဲ႕အႀကီးအကဲက ၿပီးခဲ့တဲ့ရက္ပိုင္းကျဖစ္ပြားခဲ့တဲ့ လူေပါင္း ၁၃၁ ဦးေသဆုံးေစခဲ့တဲ့ေဘာလုံးကြင္းအတြင္း လူအုပ္ၿပိဳက်မႈနဲ႔ပတ္သက္ၿပီး လူေျခာက္ဦးကို စြဲခ်က္တင္ခဲ့ေၾကာင္း ဆိုပါတယ္။

အင္ဒိုနီးရွားရဲတပ္ဖြဲ႕အႀကီးအကဲတစ္ဦးျဖစ္သူ ပရာဘိုဝိုက "ခိုင္မာတဲ့သက္ေသမ်ားနဲ႔ စုံစမ္းစစ္ေဆးမႈမ်ားကိုအေျခခံၿပီး သံသယရွိသူ ၆ ဦးကို စြဲခ်က္တင္လိုက္ပါတယ္။ စြဲခ်က္တင္ခံရသူမ်ားထဲမွာ ရဲအရာရွိ ၃ ဦး ပါဝင္ခဲ့သလို Arema ေဘာလုံးအသင္းေကာ္မတီတာဝန္ရွိသူတစ္ဦး၊ Arema အသင္းလုံၿခဳံေရးအရာရွိတစ္ဦးအပါအဝင္ သုံးဦးတို႔ စြဲခ်က္တင္ခံခဲ့ရတယ္လို႔ သိရပါတယ္။

စုံစမ္းစစ္ေဆးမႈမ်ားအရ ပရိသတ္မ်ားကို မ်က္ရည္ယိုဗုံးသုံး ပစ္ခတ္ဖို႔ အမိန႔္ေပးခဲ့သူ ရဲအရာရွိႏွစ္ဦးကိုလည္း ထပ္မံစုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း အင္ဒိုနီးရွားရဲတပ္ဖြဲ႕အႀကီးအကဲကေျပာပါတယ္။

လက္ရွိအခ်ိန္မွာ စြဲခ်က္တင္ခံထားရသူမ်ားဟာ အျပစ္ရွိေၾကာင္း စုံစမ္းေတြ႕ရွိရမယ္ဆိုရင္ အမ်ားဆုံး ေထာင္ဒဏ္ ၅ ႏွစ္ ျပစ္ဒဏ္ေပးခံရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ အင္ဒိုနီးရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ Arema ေဘာလုံးအသင္း ေကာ္မတီအႀကီးအကဲ နဲ႔ ေဘာလုံးအသင္းလုံၿခဳံေရးအရာရွိတို႔ကို ေဘာလုံးေလာကေန ရာသက္ပန္အနားယူဖို႔ ျပစ္ဒဏ္ေပးလိုက္တယ္လို႔ သိရပါတယ္။

ေဘာလုံးကြင္းအတြင္း ပရိသတ္မ်ားဝင္ေရာက္ဖို႔ႀကိဳးပမ္းမႈမ်ားကို မ်က္ရည္ယိုဗုံးမ်ားအသုံးျပဳကာ ၿဖိဳခြင္းမႈမ်ားနဲ႔ပတ္သက္ၿပီး စိတ္ဆိုးေဒါသျဖစ္မႈျမင့္တက္ခဲ့ၿပီးေနာက္ အင္ဒိုနီးရွားရဲတပ္ဖြဲ႕အႀကီးအကဲက အခုလိုမ်ိဳးတုံ႔ျပန္ခဲ့ျခင္းျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ဟာ ေဘာလုံးပြဲၾကည့္စင္ရွိပရိသတ္မ်ားကို မ်က္ရည္ယိုဗုံးမ်ား ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။ Arema အသင္း နဲ႔ Persebaya Surabaya အသင္းတို႔ ေအာက္တိုဘာ ၁ ရက္ေန႔က ကစားခဲ့တဲ့ပြဲစဥ္မွာ ပရိသတ္မ်ား ကြင္းအတြင္း လူအုပ္ၿပိဳက်ကာ ဝ႐ုန္းသုန္းကားျဖစ္ပြားမ်ားျဖစ္ခဲ့ရာ လူေပါင္း ၁၃၁ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.