ပိုလန် ဒါမှမဟုတ် အရှေ့ဥရောပနိုင်ငံများမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားမှာ မဟုတ်ကြောင်း အမေရိကန်အစိုးရပြော

 508

ဂျန်ဇက် (NP News) - အောက်တိုဘာ ၇

အမေရိကန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်များကို ပိုလန်နိုင်ငံ ဒါမှမဟုတ် အရှေ့ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများမှာ ဖြန့်ကြတ်ချထားတာမျိုး လုပ်ဆောင်မှာမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတယ်လ် က ပြောပါတယ်။

ဗီဒန့်ပါတယ်လ်ဟာ ပိုလန်နိုင်ငံမှာ နျူကလီးယားလက်နက်များဖြန့်ကြတ်ချထားဖို့ ပိုလန်သမ္မတရဲ့ကမ်းလှမ်းမှုများနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ပိုလန်သမ္မတဟာ ပိုလန်နိုင်ငံမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ဆွေးနွေးမှုများလည်းရှိခဲ့ကြောင်းသိရပါတယ်။

၄င်း က "အမေရိကန်အစိုးရဟာ နေတိုးမဟာမိတ်အဖွဲ့ကို ၁၉၉၇ ခုနှစ်နောက်ပိုင်းမှ ဝင်ရောက်လာခဲ့တဲ့နိုင်ငံတွေမှာ နျူကလီးယားလက်နက်များဖြန့်ကြတ်ချထားဖို့ အစီအစဉ်မရှိပါဘူး။ ပိုလန်ဟာ ဒေသအတွင်းမှာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ အဓိကအရေးပါတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ပိုလန်နိုင်ငံကြား နျူကလီးယားလက်နက်များဖြန့်ကြတ်ချထားရေးနဲ့ပတ်သက်ပြီး စဉ်းစားမှာမဟုတ်ဘူး" လို့ပြောပါတယ်။

အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ အီတလီ၊ ဂျာမနီနဲ့တူရကီနိုင်ငံတို့မှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားတယ်လို့ သိရပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ဝင် ၅ နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်အစိုးရပိုင်ဆိုင်တဲ့ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားတဲ့နိုင်ငံများဖြစ်တယ်လို့ သိရပါတယ်။

ရုရှားက နျူကလီးယားလက်နက်များအသုံးပြုလာမှာကို အနောက်အုပ်စုနိုင်ငံများကြား စိုးရိမ်မှုများမြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။ ရုရှားသမ္မတပူတင်က ၄င်းတို့ပိုင်နက်များကို ခြိမ်းခြောက်မှုရှိလာမယ်ဆိုရင် ပိုင်နက်နဲ့အချုပ်အခြာကိုကာကွယ်ဖို့ အသုံးပြုလို့ရနိုင်တဲ့အရာအားလုံးကို အသုံးပြုကာကွယ်သွားဖို့ အဆင့်သင့်ရှိနေကြောင်း ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပြီး အနောက်အုပ်စုနိုင်ငံများက ရုရှားသမ္မတရဲ့ပြောစကားတွေဟာ နျူကလီးယားလက်နက်အသုံးပြုဖို့ရည်ညွှန်းနေတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Zawgyi Version;
ပိုလန္ ဒါမွမဟုတ္ အေရွ႕ဥေရာပႏိုင္ငံမ်ားမွာ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားမွာ မဟုတ္ေၾကာင္း အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၇

အေမရိကန္ႏိုင္ငံအေနနဲ႔ န်ဴကလီးယားလက္နက္မ်ားကို ပိုလန္ႏိုင္ငံ ဒါမွမဟုတ္ အေရွ႕ဥေရာပရွိ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားမွာ ျဖန႔္ၾကတ္ခ်ထားတာမ်ိဳး လုပ္ေဆာင္မွာမဟုတ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယေျပာေရးဆိုခြင့္ရွိသူ ဗီဒန႔္ပါတယ္လ္ က ေျပာပါတယ္။

ဗီဒန႔္ပါတယ္လ္ဟာ ပိုလန္ႏိုင္ငံမွာ န်ဴကလီးယားလက္နက္မ်ားျဖန႔္ၾကတ္ခ်ထားဖို႔ ပိုလန္သမၼတရဲ႕ကမ္းလွမ္းမႈမ်ားနဲ႔ပတ္သက္ၿပီး တုံ႔ျပန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

ပိုလန္သမၼတဟာ ပိုလန္ႏိုင္ငံမွာ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားေရးနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရနဲ႔ေဆြးေႏြးမႈမ်ားလည္းရွိခဲ့ေၾကာင္းသိရပါတယ္။

၄င္း က "အေမရိကန္အစိုးရဟာ ေနတိုးမဟာမိတ္အဖြဲ႕ကို ၁၉၉၇ ခုႏွစ္ေနာက္ပိုင္းမွ ဝင္ေရာက္လာခဲ့တဲ့ႏိုင္ငံေတြမွာ န်ဴကလီးယားလက္နက္မ်ားျဖန႔္ၾကတ္ခ်ထားဖို႔ အစီအစဥ္မရွိပါဘူး။ ပိုလန္ဟာ ေဒသအတြင္းမွာ ေနတိုးမဟာမိတ္အဖြဲ႕ရဲ႕ အဓိကအေရးပါတဲ့ႏိုင္ငံျဖစ္ပါတယ္။ ဒါေပမယ့္ အေမရိကန္နဲ႔ ပိုလန္ႏိုင္ငံၾကား န်ဴကလီးယားလက္နက္မ်ားျဖန႔္ၾကတ္ခ်ထားေရးနဲ႔ပတ္သက္ၿပီး စဥ္းစားမွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

အေမရိကန္အစိုးရဟာ လက္ရွိအခ်ိန္မွာ ဘယ္လ္ဂ်ီယံ၊ နယ္သာလန္၊ အီတလီ၊ ဂ်ာမနီနဲ႔တူရကီႏိုင္ငံတို႔မွာ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားတယ္လို႔ သိရပါတယ္။

ေနတိုးမဟာမိတ္အဖြဲ႕ဝင္ ၅ ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အေမရိကန္အစိုးရပိုင္ဆိုင္တဲ့ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားတဲ့ႏိုင္ငံမ်ားျဖစ္တယ္လို႔ သိရပါတယ္။

႐ုရွားက န်ဴကလီးယားလက္နက္မ်ားအသုံးျပဳလာမွာကို အေနာက္အုပ္စုႏိုင္ငံမ်ားၾကား စိုးရိမ္မႈမ်ားျမင့္တက္လ်က္ရွိေနတယ္လို႔ သိရပါတယ္။ ႐ုရွားသမၼတပူတင္က ၄င္းတို႔ပိုင္နက္မ်ားကို ၿခိမ္းေျခာက္မႈရွိလာမယ္ဆိုရင္ ပိုင္နက္နဲ႔အခ်ဳပ္အျခာကိုကာကြယ္ဖို႔ အသုံးျပဳလို႔ရႏိုင္တဲ့အရာအားလုံးကို အသုံးျပဳကာကြယ္သြားဖို႔ အဆင့္သင့္ရွိေနေၾကာင္း ၿပီးခဲ့တဲ့လက ေျပာဆိုခဲ့ၿပီး အေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားသမၼတရဲ႕ေျပာစကားေတြဟာ န်ဴကလီးယားလက္နက္အသုံးျပဳဖို႔ရည္ၫႊန္းေနတာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

Picture

Ko Moe

07/10/2022 16:28

ရုရှားကို တိုက်ဖို့ နူကလီးယား ထိပ်ဖူး 1000 တောင် ‌‌ဖြုံမှာမဟုတ်ဘူး ရုရှားကိုညတိုက်တာနဲ့ဘယ်လာရုစ် တရုတ်မြောက်ကိုးရီးယားအီရန်တို့ ဆီးရီးယား တို့ကချက်ချင်း တုန့်ပြန်မှာ ဖြစ်ပြီး အခြားသော နိုင်ငံများကလည်း ဝင်လာပါလိမ့်မယ် အိန္ဒိယ ပါကစ္စတန် မြန်မာ အယ်ဘေးနီးယား ဆားဘီးယား တူရကီ ကာဇက်စတန်တို့ပါဝင်သည် ရှန်ဟိုက်ပူးပေါင်းရေးက ဝက်ပါလာမည် ဖြစ်သဖြင့် အမေရိကန် လမ်းဆုံးသွားပါပြီ။မြန်မာက ကြည့်လုပ်ရုံပါပဲ။

Related news

© 2021. All rights reserved.