RCSS ၏ကမ်းလှမ်းမှုမှာ NCA အရ နိုင်ငံရေးဆွေးနွေးပွဲများပျောက်ကွယ်ပြီးနောက်ပိုင်း လက်ရှိအခက်အခဲကို ကျော်လွှာရန် အားထုတ်ကြိုးပမ်းမှုတစ်ခုဟု PPST ရှုမြင်

 892

မျိုးကြီး (NP News) - အောက်တိုဘာ ၁၁

ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS ၏ ကမ်းလှမ်းမှုမှာ NCA အရ နိုင်ငံရေးဆွေးနွေးပွဲများ ပျောက်ကွယ်ပြီးနောက်ပိုင်း လက်ရှိအခက်အခဲကို ကျော်လွှာရန်အားထုတ်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း PPST ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ကမ်းလှမ်းမှုအပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်အား NP News က မေးမြန်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေး RCSS မှကမ်းလှမ်းထားခြင်းဖြစ်သည်။

“ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ NCA လမ်း ကြောင်းအရလုပ်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကွယ်ပျောက်သွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ လုပ်နိုင်ကိုင်နိုင်တဲ့ အတိုင်းအတာနဲ့ လက်ရှိအကျပ်အ တည်းကို ကျော်လွှားနိုင်ဖို့ ၊ ပြည်သူလူထုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အ တည်းကို ဖြတ်ကျော်နိုင်ဖို့အတွက် အဖြစ်သင့်ဆုံးလမ်းကြောင်း အားထုတ်မှုတစ်ခုကို ကြိုးပမ်းလုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြော သည်။

RCSS သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး PPST အဖွဲ့အစည်းတွင်လည်း ပူးပေါင်းအဖွဲ့အစည်းအနေဖြင့် ရပ်တည်ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အပြန်အလှန်ဝင်ထွက်သွားလာနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေး နှင့် လူထု၊ တိုင်းပြည်အကျိုးအတွက် နိုင်ငံ ရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများဖြေရှင်းနိုင်ရေး ရည်ရွယ်ကြောင်း RCSS က ဆိုသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးစောကျော်ညွန့်က “ဆိုလိုချင်တာကတော့ အားလုံးပါဝင်တဲ့အခင်းအကျင်းကို မရောက်ရှိနိုင်သေးသည့်တိုင်အောင် အားလုံးပါဝင်တဲ့ အခင်း အကျင်းကို တက်လှမ်းနိုင်ဖို့ လက်လှမ်းမီတဲ့ အစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေနဲ့ အ ခြေခံက နေစပြီးတော့ ကြိုးပမ်းလုပ်ဆောင်ဖို့ကတော့ လက်တွေ့ကျတဲ့ ကြိုးပမ်းလုပ်ဆောင်မှုတစ်ခုအနေနဲ့ အပြုသဘောဆောင်အကောင်းမြင်လို့ရပါတယ်” ဟု မှတ်ချက်ပြုသည်။

နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်ကာ (၂)ကြိမ်ခန့်တက်ရောက်ဆွေးနွေးထားပြီးဖြစ်သည်။

zawgyi version
RCSS ၏ကမ္းလွမ္းမႈမွာ NCA အရ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားေပ်ာက္ကြယ္ၿပီးေနာက္ပိုင္း လက္ရွိအခက္အခဲကို ေက်ာ္လႊာရန္ အားထုတ္ႀကိဳးပမ္းမႈတစ္ခုဟု PPST ရႈျမင္
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၁

ရွမ္းလက္နက္ကိုင္အဖြဲ႕ RCSS ၏ ကမ္းလွမ္းမႈမွာ NCA အရ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ား ေပ်ာက္ကြယ္ၿပီးေနာက္ပိုင္း လက္ရွိအခက္အခဲကို ေက်ာ္လႊာရန္အားထုတ္ႀကိဳးပမ္းမႈတစ္ခုျဖစ္ေၾကာင္း PPST ေျပာခြင့္ရ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆိုသည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)၏ ကမ္းလွမ္းမႈအေပၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST)၏ ေျပာခြင့္ရ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္အား NP News က ေမးျမန္းရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္ႏွင့္ ျပည္ေထာင္စုအတြင္းရွိ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးႏိုင္ေရး RCSS မွကမ္းလွမ္းထားျခင္းျဖစ္သည္။

“ပုံမွန္အေနအထားမဟုတ္တဲ့ ႏိုင္ငံေရးအခင္းအက်င္းေအာက္မွာ NCA လမ္း ေၾကာင္းအရလုပ္ေနတဲ့ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲေတြ ကြယ္ေပ်ာက္သြားၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔ လုပ္ႏိုင္ကိုင္ႏိုင္တဲ့ အတိုင္းအတာနဲ႔ လက္ရွိအက်ပ္အ တည္းကို ေက်ာ္လႊားႏိုင္ဖို႔ ၊ ျပည္သူလူထုေတြ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ အက်ပ္အ တည္းကို ျဖတ္ေက်ာ္ႏိုင္ဖို႔အတြက္ အျဖစ္သင့္ဆုံးလမ္းေၾကာင္း အားထုတ္မႈတစ္ခုကို ႀကိဳးပမ္းလုပ္ေဆာင္ျခင္းျဖစ္ပါတယ္” ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာ သည္။

RCSS သည္ NCA လက္မွတ္ေရးထိုးထားသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး PPST အဖြဲ႕အစည္းတြင္လည္း ပူးေပါင္းအဖြဲ႕အစည္းအေနျဖင့္ ရပ္တည္ေဆာင္႐ြက္ေနသည့္ အဖြဲ႕တစ္ခုျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ေတြ႕ဆုံေဆြးေႏြးျခင္းမွတစ္ဆင့္ အျပန္အလွန္ဝင္ထြက္သြားလာႏိုင္ေရး၊ နားလည္မႈရွိေရး၊ ယုံၾကည္မႈတည္ေဆာက္ႏိုင္ေရး ႏွင့္ လူထု၊ တိုင္းျပည္အက်ိဳးအတြက္ ႏိုင္ငံ ေရးနည္းလမ္းျဖင့္ ႏိုင္ငံေရးျပႆနာမ်ားေျဖရွင္းႏိုင္ေရး ရည္႐ြယ္ေၾကာင္း RCSS က ဆိုသည္။

ဆက္လက္ၿပီး ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က “ဆိုလိုခ်င္တာကေတာ့ အားလုံးပါဝင္တဲ့အခင္းအက်င္းကို မေရာက္ရွိႏိုင္ေသးသည့္တိုင္ေအာင္ အားလုံးပါဝင္တဲ့ အခင္း အက်င္းကို တက္လွမ္းႏိုင္ဖို႔ လက္လွမ္းမီတဲ့ အစုအဖြဲ႕ေတြ၊ အဖြဲ႕အစည္းေတြနဲ႔ အ ေျခခံက ေနစၿပီးေတာ့ ႀကိဳးပမ္းလုပ္ေဆာင္ဖို႔ကေတာ့ လက္ေတြ႕က်တဲ့ ႀကိဳးပမ္းလုပ္ေဆာင္မႈတစ္ခုအေနနဲ႔ အျပဳသေဘာေဆာင္အေကာင္းျမင္လို႔ရပါတယ္” ဟု မွတ္ခ်က္ျပဳသည္။

နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚခဲ့သည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ RCSS ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ဦးေဆာင္ကာ (၂)ႀကိမ္ခန႔္တက္ေရာက္ေဆြးေႏြးထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.