အီရန်-အစ္စရေးအရေးနဲ့ ယူကရိန်းပဋိပက္ခတို့ကို ရုရှားသမ္မတနဲ့ အမေရိကန်သမ္မတတို့ဆွေးနွေး

 186

Pika (NP News) - ဇွန် ၁၆

ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ဟာ ဖုန်းခေါ်ဆိုမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အီရန်နဲ့ အစ္စရေးကြားတိုက်ခိုက်မှုတွေနဲ့ ယူကရိန်းပဋိပက္ခတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင် အဲဒီဖုန်းခေါ်ဆိုမှုဟာ အချိန်(၁)နာရီလောက်ကြာမြင့်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။ အဲဒီ ဖုန်းခေါ်ဆိုမှုဟာ အဓိပ္ပါယ်ရှိပြီး ပွင့်ပွင့်လင်းလင်းနဲ့ အသုံးဝင်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်ခဲ့တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့အီရန်တို့ကြား စီစဉ်ထားတဲ့ နျူကလီးယားဆွေးနွေးမှုတွေမလုပ်ဆောင်ခင် အီရန်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ပူတင်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားအစိုးရက “ဒီလိုမျိုး ရှုပ်ထွေးတဲ့အခြေအနေတွေရှိနေပေမယ့်လည်း အီရန်ရဲ့နျူကလီးယား အစီအစဉ်အတွက် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးမှုလမ်းကြောင်းကိုပြန်သွားဖို့ ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့က ပြောကြား ခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်မှာ အီရန်ကို တိုက်ခိုက်မှုတွေစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဘက်စလုံးက အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
အီရန္-အစၥေရးအေရးနဲ႔ ယူကရိန္းပဋိပကၡတို႔ကို ႐ုရွားသမၼတနဲ႔ အေမရိကန္သမၼတတို႔ေဆြးေႏြး
Pika (NP News) - ဇြန္ ၁၆

႐ုရွားသမၼတပူတင္နဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔ဟာ ဖုန္းေခၚဆိုမႈတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီး အီရန္နဲ႔ အစၥေရးၾကားတိုက္ခိုက္မႈေတြနဲ႔ ယူကရိန္းပဋိပကၡတို႔ကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အဲဒီဖုန္းေခၚဆိုမႈဟာ အခ်ိန္(၁)နာရီေလာက္ၾကာျမင့္ခဲ့တယ္လို႔ ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။ အဲဒီ ဖုန္းေခၚဆိုမႈဟာ အဓိပၸါယ္ရွိၿပီး ပြင့္ပြင့္လင္းလင္းနဲ႔ အသုံးဝင္တဲ့ဖုန္းေခၚဆိုမႈတစ္ခုျဖစ္ခဲ့တယ္လို႔ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔အီရန္တို႔ၾကား စီစဥ္ထားတဲ့ န်ဴကလီးယားေဆြးေႏြးမႈေတြမလုပ္ေဆာင္ခင္ အီရန္ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တဲ့ အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို ပူတင္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားအစိုးရက “ဒီလိုမ်ိဳး ရႈပ္ေထြးတဲ့အေျခအေနေတြရွိေနေပမယ့္လည္း အီရန္ရဲ႕န်ဴကလီးယား အစီအစဥ္အတြက္ ေစ့စပ္ညႇိႏႈိင္းေရးေဆြးေႏြးမႈလမ္းေၾကာင္းကိုျပန္သြားဖို႔ ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔က ေျပာၾကား ခဲ့ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အစၥေရးဟာ ၿပီးခဲ့တဲ့ဇြန္လ(၁၃)ရက္မွာ အီရန္ကို တိုက္ခိုက္မႈေတြစတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ႏွစ္ဘက္စလုံးက အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.