ရမ်းဗြဲမြို့မှထွက်ခွာလိုသူတိုင်း တစ်ဦး ကျပ် သိန်း (၁၀ဝ) အကုန်အကျခံလျှင်ပင် ထွက်မရဖြစ်နေ

332

သန့်ဇင် (NP News) - မတ် ၃
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှ ထွက်ခွာလိုသူတိုင်း တစ်ဦး ကျပ်သိန်း(၁၀ဝ)ပေး၍ထွက်ခွာလိုလျှင် ပင်ထွက်ခွာမရဖြစ်နေကြောင်း သိရှိသူဒေသခံတစ်ဦးက NP News သို့ပြောသည်။
ရမ်းဗြဲမြို့မှထွက်ခွာလိုသူများကို လွန်ခဲ့သည့် (၂) နှစ်ခန့်က AA ကထွက်ခွာခွင့်ပြုခဲ့သော်လည်း ယင်းနောက်ကာလမှ လက်ရှိအချိန်အထိ မည်သူ့ကိုမျှထွက်ခွာခွင့်မပေးတော့ဘဲ ကျန်ရှိနေသူများအနေ ဖြင့် အမျိုးသားဖြစ်ပါက AA အဖွဲ့အတွင်း အဓမ္မဝင်ရောက်တာဝန်ထမ်းဆောင်ရပြီး အမျိုးသမီးဖြစ်ပါက ထောက်ပို့အနေဖြင့် တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။
“သူတို့ဆီမှာရှိတဲ့ အိမ်တိုင်းအိမ်တိုင်းက ထောက်ပို့လုပ်ရတယ်လေ။ အမျိုးသားဆိုရင် အဖွဲ့ထဲ ပါ။ မိန်းကလေးဆိုရင်ထောက်ပို့ တစ်အိမ်တစ်ယောက် ထမင်းချက်ပြုတ်၊ ဆန်ပို့လုပ်ရတယ်။ တချို့ကလည်း မနေနိုင်လို့ ဒီပြည်မဘက်ကိုပြောင်း။ ရခိုင်မဟုတ်တဲ့လူတွေကိုတော့ သွားခွင့်လာခွင့်ပေးတယ်။ ဥပမာ ရခိုင်အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျတာတို့ဆိုရင်တော့ တစ်ယောက်ပြန်လာလို့ရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ရမ်းဗြဲမြို့မှထွက်ခွာလိုသူများအနေဖြင့် ကျပ်သိန်း (၁၀ဝ)ပေးလျှင်ပင် ထွက်ခွာ မရ ဘဲ ပိတ်မိနေပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ “အခုဆိုရင် သိန်း(၁၀ဝ)ပေးတာတောင် မရတော့ ဘူး။ လာချင်ရင်တောင်မရတော့ဘူး။ ပိုက်ဆံရှိရင်တောင် ထွက်လို့မရတော့ဘူး။ အဲဒါ တစ်ယောက်ကို နော်။ အဲဒါ ရမ်းဗြဲကနေပေါ့။ အရင်က တစ်နှစ်ကျော်ကျော်လောက်က ထွက်လာတဲ့လူဆိုရင် တစ် ယောက်ကို (၄၅)သိန်းတဲ့။ အခုဘယ်လိုလဲဆိုတာမေးကြည့်တော့ ပိုက်ဆံသိန်း (၁၀ဝ)ပေးတာတောင် ခေါ်မယ့်သူ မရှိတော့ဘူးတဲ့။ အဲဒီမှာလည်း လုပ်ကိုင်စားသောက်ဖို့ ဘာမှမရှိတော့ဘူးတဲ့။ အဲဒီလိုကြီး အသက်ရှင်နေရတာပေါ့”ဟု ၎င်းကပြောသည်။
ယခင်က ထွက်ခွာခွင့်ရချိန်ကပင် တစ်ဦးလျှင် ကျပ် (၄၅)သိန်းပေါက်ဈေးရှိခဲ့ပြီး မိသားစုလိုက် ပြောင်းရွှေ့ရာတွင် ကျပ်သိန်း ရာနှင့်ချီကုန်ကျခဲ့ ကြောင်းသိရသည်။ “အဲဒီတုန်းက သူတို့ဖွင့်ပေးတဲ့အချိန် က ဖွင့်ပေးတာဖြစ်တဲ့အတွက် တစ်ယောက်ကို (၄၅) သိန်းလောက်ကုန်တယ်တဲ့။ မိသားစုလိုက်ဆိုရင် (၁၀ဝ) ကျော်လောက်ကုန်တယ်။ ရခိုင်ကိုသွားရင် လည်း ပြည်-တောင်ကုတ်လမ်းကနေသွားတာ။ ဒီ ကနေ မနက်ထွက်သွားတာ ညနေလောက်ဆိုရင် ရောက်လောက်တယ်လေ။ အဲဒီတော့ ဒီခရီးကို လမ်း အမျိုးမျိုးကနေလာကြတာ။ အဲဒီမှာ ပစ္စည်းတစ်ခေါက် သယ်ရင်တောင် ထမ်းခ (၅၀ဝဝဝ)ပေးရတယ်တဲ့။ စဉ်းစားကြည့်ပေါ့ဗျာ။ အဲဒီတော့ ကုန်တာပေါ့။ အဲဒါကတော့ အပြတ်ငှားရတာပေါ့။ လမ်းကြောင်းက တော့ သူတို့ဟာ သူတို့ရှာပေါ့နော်။ အဲဒီလိုသွားရတာ။ အဓိကကတော့ ဘယ်လမ်းကသွားသွား ရန်ကုန် ရောက်ရင်ပြီးရောပေါ့”ဟု ၎င်းကပြောသည်။

Zawgyi Version;
ရမ္းၿဗဲၿမိဳ႕မွထြက္ခြာလိုသူတိုင္း တစ္ဦး က်ပ္ သိန္း (၁၀ဝ) အကုန္အက်ခံလွ်င္ပင္ ထြက္မရျဖစ္ေန
သန႔္ဇင္ (NP News) - မတ္ ၃
ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕မွ ထြက္ခြာလိုသူတိုင္း တစ္ဦး က်ပ္သိန္း(၁၀ဝ)ေပး၍ထြက္ခြာလိုလွ်င္ ပင္ထြက္ခြာမရျဖစ္ေနေၾကာင္း သိရွိသူေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ရမ္းၿဗဲၿမိဳ႕မွထြက္ခြာလိုသူမ်ားကို လြန္ခဲ့သည့္ (၂) ႏွစ္ခန႔္က AA ကထြက္ခြာခြင့္ျပဳခဲ့ေသာ္လည္း ယင္းေနာက္ကာလမွ လက္ရွိအခ်ိန္အထိ မည္သူ႔ကိုမွ်ထြက္ခြာခြင့္မေပးေတာ့ဘဲ က်န္ရွိေနသူမ်ားအေန ျဖင့္ အမ်ိဳးသားျဖစ္ပါက AA အဖြဲ႕အတြင္း အဓမၼဝင္ေရာက္တာဝန္ထမ္းေဆာင္ရၿပီး အမ်ိဳးသမီးျဖစ္ပါက ေထာက္ပို႔အေနျဖင့္ တာဝန္ထမ္းေဆာင္ရေၾကာင္း သိရသည္။
“သူတို႔ဆီမွာရွိတဲ့ အိမ္တိုင္းအိမ္တိုင္းက ေထာက္ပို႔လုပ္ရတယ္ေလ။ အမ်ိဳးသားဆိုရင္ အဖြဲ႕ထဲ ပါ။ မိန္းကေလးဆိုရင္ေထာက္ပို႔ တစ္အိမ္တစ္ေယာက္ ထမင္းခ်က္ျပဳတ္၊ ဆန္ပို႔လုပ္ရတယ္။ တခ်ိဳ႕ကလည္း မေနႏိုင္လို႔ ဒီျပည္မဘက္ကိုေျပာင္း။ ရခိုင္မဟုတ္တဲ့လူေတြကိုေတာ့ သြားခြင့္လာခြင့္ေပးတယ္။ ဥပမာ ရခိုင္အမ်ိဳးသမီးတစ္ေယာက္နဲ႔ အိမ္ေထာင္က်တာတို႔ဆိုရင္ေတာ့ တစ္ေယာက္ျပန္လာလို႔ရတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ရမ္းၿဗဲၿမိဳ႕မွထြက္ခြာလိုသူမ်ားအေနျဖင့္ က်ပ္သိန္း (၁၀ဝ)ေပးလွ်င္ပင္ ထြက္ခြာ မရ ဘဲ ပိတ္မိေနၿပီျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။ “အခုဆိုရင္ သိန္း(၁၀ဝ)ေပးတာေတာင္ မရေတာ့ ဘူး။ လာခ်င္ရင္ေတာင္မရေတာ့ဘူး။ ပိုက္ဆံရွိရင္ေတာင္ ထြက္လို႔မရေတာ့ဘူး။ အဲဒါ တစ္ေယာက္ကို ေနာ္။ အဲဒါ ရမ္းၿဗဲကေနေပါ့။ အရင္က တစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္က ထြက္လာတဲ့လူဆိုရင္ တစ္ ေယာက္ကို (၄၅)သိန္းတဲ့။ အခုဘယ္လိုလဲဆိုတာေမးၾကည့္ေတာ့ ပိုက္ဆံသိန္း (၁၀ဝ)ေပးတာေတာင္ ေခၚမယ့္သူ မရွိေတာ့ဘူးတဲ့။ အဲဒီမွာလည္း လုပ္ကိုင္စားေသာက္ဖို႔ ဘာမွမရွိေတာ့ဘူးတဲ့။ အဲဒီလိုႀကီး အသက္ရွင္ေနရတာေပါ့”ဟု ၎ကေျပာသည္။
ယခင္က ထြက္ခြာခြင့္ရခ်ိန္ကပင္ တစ္ဦးလွ်င္ က်ပ္ (၄၅)သိန္းေပါက္ေဈးရွိခဲ့ၿပီး မိသားစုလိုက္ ေျပာင္းေ႐ႊ႕ရာတြင္ က်ပ္သိန္း ရာႏွင့္ခ်ီကုန္က်ခဲ့ ေၾကာင္းသိရသည္။ “အဲဒီတုန္းက သူတို႔ဖြင့္ေပးတဲ့အခ်ိန္ က ဖြင့္ေပးတာျဖစ္တဲ့အတြက္ တစ္ေယာက္ကို (၄၅) သိန္းေလာက္ကုန္တယ္တဲ့။ မိသားစုလိုက္ဆိုရင္ (၁၀ဝ) ေက်ာ္ေလာက္ကုန္တယ္။ ရခိုင္ကိုသြားရင္ လည္း ျပည္-ေတာင္ကုတ္လမ္းကေနသြားတာ။ ဒီ ကေန မနက္ထြက္သြားတာ ညေနေလာက္ဆိုရင္ ေရာက္ေလာက္တယ္ေလ။ အဲဒီေတာ့ ဒီခရီးကို လမ္း အမ်ိဳးမ်ိဳးကေနလာၾကတာ။ အဲဒီမွာ ပစၥည္းတစ္ေခါက္ သယ္ရင္ေတာင္ ထမ္းခ (၅၀ဝဝဝ)ေပးရတယ္တဲ့။ စဥ္းစားၾကည့္ေပါ့ဗ်ာ။ အဲဒီေတာ့ ကုန္တာေပါ့။ အဲဒါကေတာ့ အျပတ္ငွားရတာေပါ့။ လမ္းေၾကာင္းက ေတာ့ သူတို႔ဟာ သူတို႔ရွာေပါ့ေနာ္။ အဲဒီလိုသြားရတာ။ အဓိကကေတာ့ ဘယ္လမ္းကသြားသြား ရန္ကုန္ ေရာက္ရင္ၿပီးေရာေပါ့”ဟု ၎ကေျပာသည္။