COFFE SHOP အမည်ပါ ကော်ဖီထုပ်များအား သောက်မိရာမှာ ဆရာတော်(၁)ပါးအပါအဝင် (၅)ဦး သတိလစ်မေ့မျော

 1002

NP News - အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် COFFE SHOP အမည်ပါ ကော်ဖီထုပ်များအား သောက်မိရာမှာ ဆရာတော်(၁)ပါး အပါအဝင် (၅)ဦး သတိလစ်မေ့မျောခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၁၇ ရက်)၊ နံနက်(၇)နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ကျောက်တောင်ရပ် “နတ်မောက်ရွှေသူဌေး ကုန်းကျောင်းတိုက်”တွင် ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်လူမှုကူညီရေးအသင်းမှ သိရသည်။

အဆိုပါကျောင်းတိုက်မှ ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ် အပါအဝင် ဦးပြုံးမောင်(၅၃)နှစ်၊ ကိုနှင်းသန့်အောင် (၃၂)နှစ်၊ ကိုရဲကိုမျိုး(၁၉)နှစ်နှင့် ကိုထိန်လင်းဦး(၂၇)နှစ်တို့(၅)ဦးသည် COFFE SHOP အမည်ပါ ကော်ဖီထုပ်များအား သောက်မိပြီး ခဏအကြာတွင် ရုတ်တရက်မူးလဲသတိမေ့သွားကြောင်း တာချီလိတ်လူမှုကူညီရေးအသင်းမှ သတင်းရရှိ သည်။

ထို့ကြောင့် လူမှုကူညီရေးအသင်းမှအရေးပေါ်ကားများဖြင့် ဆရာတော်အပါအဝင် (၅)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“လောလောဆယ်(၃)ယောက်ကတော့ သက်သာပြီ ဆရာတော်နဲ့ အသက်(၃၂)နှစ်တစ်ယောက်ကတော့ မသက်သာသေးဘူး။ သတိတော့ရနေပြီ စကားမပြောနိုင်သေးတာပေါ့။ ပြောရမယ်ဆိုရင် အဲ့ကော်ဖီတွေက တစ်ထုပ်လုံးကြီးသောက်ရတာ မဟုတ်ပါဘူး၊ လူငယ်တွေသုံးတဲ့ ဆေးလို့သိရပါတယ်” ဟု တာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်း COFFE SHOP အမည်ပါ ကော်ဖီထုပ်များအား လူငယ်များက KTV နှင့် ကလပ်တို့တွင် သုံးစွဲကြခြင်းဖြစ်ပြီး တစ်ထုပ်လျှင် လူ(၈)ဦးခန့် သောက်နိုင်ကြောင်း သိရသည်။

zawgyi version
COFFE SHOP အမည္ပါ ေကာ္ဖီထုပ္မ်ားအား ေသာက္မိရာမွာ ဆရာေတာ္(၁)ပါးအပါအဝင္ (၅)ဦး သတိလစ္ေမ့ေမ်ာ
NP News - ေအာက္တိုဘာ ၁၇

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ COFFE SHOP အမည္ပါ ေကာ္ဖီထုပ္မ်ားအား ေသာက္မိရာမွာ ဆရာေတာ္(၁)ပါး အပါအဝင္ (၅)ဦး သတိလစ္ေမ့ေမ်ာခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၁၇ ရက္)၊ နံနက္(၇)နာရီခြဲအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ေက်ာက္ေတာင္ရပ္ “နတ္ေမာက္ေ႐ႊသူေဌး ကုန္းေက်ာင္းတိုက္”တြင္ ျဖစ္ပြားခဲ့ေၾကာင္း တာခ်ီလိတ္လူမႈကူညီေရးအသင္းမွ သိရသည္။

အဆိုပါေက်ာင္းတိုက္မွ ဆရာေတာ္ ဥဴးေကလာသ သက္ေတာ္(၅၄)ႏွစ္ အပါအဝင္ ဦးၿပဳံးေမာင္(၅၃)ႏွစ္၊ ကိုႏွင္းသန႔္ေအာင္ (၃၂)ႏွစ္၊ ကိုရဲကိုမ်ိဳး(၁၉)ႏွစ္ႏွင့္ ကိုထိန္လင္းဦး(၂၇)ႏွစ္တို႔(၅)ဦးသည္ COFFE SHOP အမည္ပါ ေကာ္ဖီထုပ္မ်ားအား ေသာက္မိၿပီး ခဏအၾကာတြင္ ႐ုတ္တရက္မူးလဲသတိေမ့သြားေၾကာင္း တာခ်ီလိတ္လူမႈကူညီေရးအသင္းမွ သတင္းရရွိ သည္။

ထို႔ေၾကာင့္ လူမႈကူညီေရးအသင္းမွအေရးေပၚကားမ်ားျဖင့္ ဆရာေတာ္အပါအဝင္ (၅)ဦးကို တာခ်ီလိတ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“ေလာေလာဆယ္(၃)ေယာက္ကေတာ့ သက္သာၿပီ ဆရာေတာ္နဲ႔ အသက္(၃၂)ႏွစ္တစ္ေယာက္ကေတာ့ မသက္သာေသးဘူး။ သတိေတာ့ရေနၿပီ စကားမေျပာႏိုင္ေသးတာေပါ့။ ေျပာရမယ္ဆိုရင္ အဲ့ေကာ္ဖီေတြက တစ္ထုပ္လုံးႀကီးေသာက္ရတာ မဟုတ္ပါဘူး၊ လူငယ္ေတြသုံးတဲ့ ေဆးလို႔သိရပါတယ္” ဟု တာခ်ီလိတ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၎ COFFE SHOP အမည္ပါ ေကာ္ဖီထုပ္မ်ားအား လူငယ္မ်ားက KTV ႏွင့္ ကလပ္တို႔တြင္ သုံးစြဲၾကျခင္းျဖစ္ၿပီး တစ္ထုပ္လွ်င္ လူ(၈)ဦးခန႔္ ေသာက္ႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.