Viral kiss cam ဗီဒီယိုကြောင့် နည်းပညာကုမ္ပဏီ Astronomer Inc. စီအီးအို ဘရိုင်ရွန် ရာထူးမှ နှုတ်ထွက်

327

ရောင်နီ (NP News) - ဇူလိုင် ၂၃
နည်းပညာကုမ္ပဏီ Astronomer Inc. ရဲ့ စီအီးအို အန်ဒီဘရိုင်ရွန်ဟာ Coldplay ရဲ့ဖျော်ဖြေပွဲမှာ ဇနီး မဟုတ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ date နေကြတာကို Viral kiss cam မှတစ်ဆင့် ပျံ့နှံ့ခဲ့ပြီးနောက် ပြင်းထန်တဲ့ဝေဖန်မှုတွေ ခံစားရပြီး ရာထူးမှ နုတ်ထွက်ခဲ့တယ်လို့ ကုမ္ပဏီက စနေနေ့ (ဇူလိုင် ၂ဝ ရက်) မှာ ပြောကြားပါတယ်။
ကုမ္ပဏီရဲ့ခေါင်းဆောင်တွေဟာ "ကျင့်ဝတ်နဲ့ တာဝန်ခံမှု စံနှုန်းနှစ်ခုစလုံးကိုပြည့်မီဖို့ မျှော်လင့်ထားပေမယ့် မကြာသေးမီက ပြဿနာကတော့ အဆိုပါစံနှုန်းနဲ့ ကိုက်ညီခြင်းမရှိကြောင်း ဖော်ပြနေပါတယ်" လို့ ကုမ္ပဏီက ၄င်းရဲ့ LinkedIn ပရိုဖိုင်မှာ ရေးသားခဲ့ပါတယ်။
အန်ဒီဘရိုင်ရွန်ဟာ CEO အဖြစ်မှ နုတ်ထွက်ဖို့ ကမ်းလှမ်းခံထားရပြီး အဲဒီအချက်ကို ဒါရိုက်တာဘုတ်အဖွဲ့ကလည်း လက်ခံထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ ကုမ္ပဏီရဲ့ယာယီ စီအီးအိုအဖြစ် ထုတ်ကုန် အရာရှိချုပ် ပီတီဒီဂျွိုင်းက တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
ဘရိုင်ရွန်နဲ့ Kiss cam မှာ အတူတွေ့ရှိခဲ့ရတဲ့အမျိုးသမီးဟာ ကုမ္ပဏီရဲ့ HR မန်နေဂျာဖြစ်ပြီး သူမရဲ့ အလုပ်အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကိုတော့ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခြင်း မရှိပါဘူး။

Zawgyi Version:
Viral kiss cam ဗီဒီယိုေၾကာင့္ နည္းပညာကုမၸဏီ Astronomer Inc. စီအီးအို ဘ႐ိုင္႐ြန္ ရာထူးမွ ႏႈတ္ထြက္
ေရာင္နီ (NP News) - ဇူလိုင္ ၂၃
နည္းပညာကုမၸဏီ Astronomer Inc. ရဲ႕ စီအီးအို အန္ဒီဘ႐ိုင္႐ြန္ဟာ Coldplay ရဲ႕ေဖ်ာ္ေျဖပြဲမွာ ဇနီး မဟုတ္တဲ့ အမ်ိဳးသမီးတစ္ဦးနဲ႔ date ေနၾကတာကို Viral kiss cam မွတစ္ဆင့္ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ျပင္းထန္တဲ့ေဝဖန္မႈေတြ ခံစားရၿပီး ရာထူးမွ ႏုတ္ထြက္ခဲ့တယ္လို႔ ကုမၸဏီက စေနေန႔ (ဇူလိုင္ ၂ဝ ရက္) မွာ ေျပာၾကားပါတယ္။
ကုမၸဏီရဲ႕ေခါင္းေဆာင္ေတြဟာ "က်င့္ဝတ္နဲ႔ တာဝန္ခံမႈ စံႏႈန္းႏွစ္ခုစလုံးကိုျပည့္မီဖို႔ ေမွ်ာ္လင့္ထားေပမယ့္ မၾကာေသးမီက ျပႆနာကေတာ့ အဆိုပါစံႏႈန္းနဲ႔ ကိုက္ညီျခင္းမရွိေၾကာင္း ေဖာ္ျပေနပါတယ္" လို႔ ကုမၸဏီက ၄င္းရဲ႕ LinkedIn ပ႐ိုဖိုင္မွာ ေရးသားခဲ့ပါတယ္။
အန္ဒီဘ႐ိုင္႐ြန္ဟာ CEO အျဖစ္မွ ႏုတ္ထြက္ဖို႔ ကမ္းလွမ္းခံထားရၿပီး အဲဒီအခ်က္ကို ဒါ႐ိုက္တာဘုတ္အဖြဲ႕ကလည္း လက္ခံထားတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ လက္ရွိ ကုမၸဏီရဲ႕ယာယီ စီအီးအိုအျဖစ္ ထုတ္ကုန္ အရာရွိခ်ဳပ္ ပီတီဒီဂြၽိဳင္းက တာဝန္ထမ္းေဆာင္ေနတယ္လို႔ သိရပါတယ္။
ဘ႐ိုင္႐ြန္နဲ႔ Kiss cam မွာ အတူေတြ႕ရွိခဲ့ရတဲ့အမ်ိဳးသမီးဟာ ကုမၸဏီရဲ႕ HR မန္ေနဂ်ာျဖစ္ၿပီး သူမရဲ႕ အလုပ္အေျခအေနနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုခ်က္ေတြကိုေတာ့ ေျပာေရးဆိုခြင့္ရွိသူက တုံ႔ျပန္ျခင္း မရွိပါဘူး။