ကွယ်လွန်သွားပြီဖြစ်သော ဘာသာပြန်စာရေးဆရာကြီးဦးပေါ်ထွန်းအားရည်ရွယ်၍ မောင်ပေါ်ထွန်းသို့ အလွမ်းစာများစာအုပ်မိတ်ဆက်ပွဲကျင်းပ

232

သန့်ဇင်(NP News)-ဩဂုတ် ၁၀
ကွယ်လွန်သွားပြီဖြစ်သော ဘာသာပြန်စာရေးဆရာကြီးဦးပေါ်ထွန်းရည်ရွယ်၍ မောင်ပေါ်ထွန်းသို့ အလွမ်းစာများစာအုပ်မိတ်ဆက်ပွဲကို ယနေ့(ဩဂုတ်လ ၁၀ရက်)၊ မွန်းလွဲ ၁နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဝန်ကြီးများရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲအခမ်းအနားကို ရခိုင်သဟာရ(ရန်ကုန်)အသင်းက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး မုဒိတာစကားပြောကြားခြင်းနှင့် စာအုပ်အရောင်းပြခန်းများ၊ ပန်းချီကားများအား ခင်းကျင်းပြသရောင်းချခြင်းများပါဝင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ မောင်ပေါ်ထွန်းသို့ အလွမ်းစာများစာအုပ်မိတ်ဆက်ရုံပဲဖြစ်တယ်။ နောက်ပြီးတော့ ဆရာပေါ်ထွက်တဲ့ ဘဝတက္က သိုလ်ပုံနှိပ်တိုက်ကထွက်တဲ့ စာအုပ်တွေကိုအရောင်းပြတဲ့အထဲမှာပါတယ်။ ကျွန်တော်တို့ပစ္စည်းက ဒီလောက်ပဲပါတယ်။ နောက်ဟာတွေကတော့ ပံ့ပိုးပေးထားတာတွေပါ”ဟု ပွဲတာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
ဘာသာပြန်စာရေးဆရာကြီးသည်မောင်ပေါ်ထွန်းသည် နိုင်းမြစ်ဝှမ်းမှတော်လှန်ရေး၊ ကျွန်မချစ်တဲ့ ဆူကာနို၊ မောင့်ဘက်တန်၊ အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ (သန်းခေါင်ယံလွတ်လပ်ရေး) နှင့် ပင်တဂွန် အပါအဝင် ဘာသာပြန်လုံးချင်းစာအုပ်များစွာကို ရေးသားခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာကြီးသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် သြဂုတ်လ ၁၃ရက်တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင်-၅ဝဝ တွင် အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ်ရှိနေပြီဖြစ်ကြောင် သိရသည်။

Zawgyi Version:
ကြယ္လြန္သြားၿပီျဖစ္ေသာ ဘာသာျပန္စာေရးဆရာႀကီးဦးေပၚထြန္းအားရည္႐ြယ္၍ ေမာင္ေပၚထြန္းသို႔ အလြမ္းစာမ်ားစာအုပ္မိတ္ဆက္ပြဲက်င္းပ
သန႔္ဇင္(NP News)-ဩဂုတ္ ၁၀
ကြယ္လြန္သြားၿပီျဖစ္ေသာ ဘာသာျပန္စာေရးဆရာႀကီးဦးေပၚထြန္းရည္႐ြယ္၍ ေမာင္ေပၚထြန္းသို႔ အလြမ္းစာမ်ားစာအုပ္မိတ္ဆက္ပြဲကို ယေန႔(ဩဂုတ္လ ၁၀ရက္)၊ မြန္းလြဲ ၁နာရီခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဝန္ႀကီးမ်ား႐ုံးတြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲအခမ္းအနားကို ရခိုင္သဟာရ(ရန္ကုန္)အသင္းက ႀကီးမႉးက်င္းပခဲ့ျခင္းျဖစ္ၿပီး မုဒိတာစကားေျပာၾကားျခင္းႏွင့္ စာအုပ္အေရာင္းျပခန္းမ်ား၊ ပန္းခ်ီကားမ်ားအား ခင္းက်င္းျပသေရာင္းခ်ျခင္းမ်ားပါဝင္ခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကေတာ့ ေမာင္ေပၚထြန္းသို႔ အလြမ္းစာမ်ားစာအုပ္မိတ္ဆက္႐ုံပဲျဖစ္တယ္။ ေနာက္ၿပီးေတာ့ ဆရာေပၚထြက္တဲ့ ဘဝတကၠ သိုလ္ပုံႏွိပ္တိုက္ကထြက္တဲ့ စာအုပ္ေတြကိုအေရာင္းျပတဲ့အထဲမွာပါတယ္။ ကြၽန္ေတာ္တို႔ပစၥည္းက ဒီေလာက္ပဲပါတယ္။ ေနာက္ဟာေတြကေတာ့ ပံ့ပိုးေပးထားတာေတြပါ”ဟု ပြဲတာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
ဘာသာျပန္စာေရးဆရာႀကီးသည္ေမာင္ေပၚထြန္းသည္ ႏိုင္းျမစ္ဝွမ္းမွေတာ္လွန္ေရး၊ ကြၽန္မခ်စ္တဲ့ ဆူကာႏို၊ ေမာင့္ဘက္တန္၊ အိႏၵိယလြတ္လပ္ေရးတိုက္ပြဲ (သန္းေခါင္ယံလြတ္လပ္ေရး) ႏွင့္ ပင္တဂြန္ အပါအဝင္ ဘာသာျပန္လုံးခ်င္းစာအုပ္မ်ားစြာကို ေရးသားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆရာႀကီးသည္ ၿပီးခဲ့သည့္ ၂၀၂၂ခုႏွစ္ ၾသဂုတ္လ ၁၃ရက္တြင္ ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕မေက်ာင္းလမ္းရွိ အမွတ္(၂) တပ္မေတာ္ေဆး႐ုံ ကုတင္-၅ဝဝ တြင္ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာေရာဂါျဖင့္ ကြယ္လြန္ခဲ့ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ (၈၈)ႏွစ္ရွိေနၿပီျဖစ္ေၾကာင္ သိရသည္။