ကလေးမြို့အနီးဗဟိုပြုပြီး လှုပ်ခတ်ခဲ့သောငလျင်ကို ဒေသခံများ သိသိသာသာခံစားခဲ့ရ

362

သန့်ဇင် (NP News) - ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနီးဗဟိုပြုပြီး လှုပ်ခတ်ခဲ့သော ငလျင်ကို ဒေသခံများ သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံများ ထံမှ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဩဂုတ် ၂၂ ရက်) ၁၁ နာရီ ၂၆ မိနစ်၊ (၁၇)စက္ကန့် အချိန်ခန့်က ဟားခါးမြေငလျင် စခန်း၏ အရှေ့မြောက်ဘက် (၃၆) မိုင်ခန့်အကွာ၊ ကလေးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၂) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“ကလေးမှာ ငလျှင်လှုပ်သွားတယ်။ မနက်က လှုပ်တာ။ တော်တော်ကို သိသိသာလှုပ်သွားတာ။ ကျွန်တော်တို့ ကလေးမြို့မှာ ငလျှင်လှုပ်တာ ရှားတယ်။ ကျွန်တော်ဆို ပထမဆုံးကြုံဖူးတာပဲ။ ဘာမှတော့ မထိခိုက်ပေမယ့် အိမ်နံရံတော့နည်းနည်းအက်သွားတယ်။ နည်းနည်းလေး အက်သွားတယ်” ဟု ကလေးမြို့ခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ မြေငလျင်ကြောင့် အဆောက်အဦနှင့် လူထိခိုက်မှုမရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်၊ နံနက် ၉ နာရီကျော် အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြိုအနီး မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုကာလှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၁) အဆင့်ရှိတဲ့ ငလျင်ကြောင့် ရန်ကုန်မြို့နေပြည်သူအချို့ ငလျင်အား သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။
အလားတူ ဩဂုတ် ၂ဝ ရက်၊ ည ၇ နာရီကလည်း ဖျာပုံမြိုအနီး မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၈) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ကေလးၿမိဳ႕အနီးဗဟိုျပဳၿပီး လႈပ္ခတ္ခဲ့ေသာငလ်င္ကို ေဒသခံမ်ား သိသိသာသာခံစားခဲ့ရ
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၂
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕အနီးဗဟိုျပဳၿပီး လႈပ္ခတ္ခဲ့ေသာ ငလ်င္ကို ေဒသခံမ်ား သိသိသာသာခံစားခဲ့ရေၾကာင္း ေဒသခံမ်ား ထံမွ သိရသည္။
မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ဩဂုတ္ ၂၂ ရက္) ၁၁ နာရီ ၂၆ မိနစ္၊ (၁၇)စကၠန႔္ အခ်ိန္ခန႔္က ဟားခါးေျမငလ်င္ စခန္း၏ အေရွ႕ေျမာက္ဘက္ (၃၆) မိုင္ခန႔္အကြာ၊ ကေလးၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၁၂) မိုင္ခန႔္အကြာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၅ ဒသမ ၂) အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
“ကေလးမွာ ငလွ်င္လႈပ္သြားတယ္။ မနက္က လႈပ္တာ။ ေတာ္ေတာ္ကို သိသိသာလႈပ္သြားတာ။ ကြၽန္ေတာ္တို႔ ကေလးၿမိဳ႕မွာ ငလွ်င္လႈပ္တာ ရွားတယ္။ ကြၽန္ေတာ္ဆို ပထမဆုံးႀကဳံဖူးတာပဲ။ ဘာမွေတာ့ မထိခိုက္ေပမယ့္ အိမ္နံရံေတာ့နည္းနည္းအက္သြားတယ္။ နည္းနည္းေလး အက္သြားတယ္” ဟု ကေလးၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ေျမငလ်င္ေၾကာင့္ အေဆာက္အဦႏွင့္ လူထိခိုက္မႈမရွိခဲ့ေၾကာင္းလည္း ၎က ဆိုသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ ၂၁ ရက္၊ နံနက္ ၉ နာရီေက်ာ္ အခ်ိန္ခန႔္ကလည္း ရန္ကုန္တိုင္းေဒသႀကီး၊ ကြမ္းၿခံကုန္းၿမိဳအနီး ျမန္မာ့ပင္လယ္ျပင္ကို ဗဟိုျပဳကာလႈပ္ခတ္ခဲ့သည့္ အင္အားရစ္(ခ္)တာစေကး (၅ ဒသမ ၁) အဆင့္ရွိတဲ့ ငလ်င္ေၾကာင့္ ရန္ကုန္ၿမိဳ႕ေနျပည္သူအခ်ိဳ႕ ငလ်င္အား သိသိသာသာခံစားခဲ့ရေၾကာင္း သိရသည္။
အလားတူ ဩဂုတ္ ၂ဝ ရက္၊ ည ၇ နာရီကလည္း ဖ်ာပုံၿမိဳအနီး ျမန္မာ့ပင္လယ္ျပင္ကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄ ဒသမ ၈) အဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။