ဆူဒန်မှာ လူမျိုးစု တိုက်ပွဲတွေကြောင့် သေဆုံးသူ ၂၂ဝ ထက်မနည်း ထပ်တိုးလာ
574
ရောင်နီ (NP News) - အောက်တိုဘာ ၂၄
ဆူဒန်တောင်ပိုင်းမှာ ရက်အတန်ကြာ လူမျိုးစုတိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှာ သေဆုံးသူဦးရေ အနည်းဆုံး ၂၂ဝ ဦးအထိ မြင့်တက်လာခဲ့ပြီး ၄င်းဟာ မကြာသေးမီနှစ်များအတွင်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုများအကြား အသေအပျောက် အများဆုံးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
အီသီယိုးပီးယားနဲ့ ဆူဒန်တောင်ပိုင်းအကြား နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘလူးနိုင်းပြည်နယ်မှာ ယခုလအတွင်း ဘာဆာနဲ့ ဘာတာ လူမျိုးစု တိုက်ပွဲများ၊ မြေယာအငြင်းပွားမှုများ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။
အီသီယိုးပီးယားနယ်စပ်ရှိ ၀တ်အဲလ်မာဟီမြို့မှာ ဗုဒ္ဓဟူးနေ့နဲ့ ကြသပတေးနေ့က တင်းမာမှုတွေမြင့်တက်လာခဲ့ပြီး ပြည်တွင်းပဋိပက္ခများနဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေ ပြန်လည်ဖြစ်ပေါ်စေခဲ့ပါတယ်။ ဘလူးနိုင်းကျန်းမာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဖေ့တ်အာရက်မန် ဘက်ခစ် က တာဝန်ရှိသူများဟာ သေဆုံးသူ ၂၂ဝ ဦးထက်မနည်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်၊ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာအဖွဲ့များဟာ တိုက်ပွဲဗဟိုချက်သို့ မရောက်ရှိနိုင်တာကြောင့် သေဆုံးသူ ကိန်းဂဏန်း အတိအကျဟာ ယခုထက် ပိုမိုမြင့်မားနိုင်ကြောင်း ၎င်းက ပြောပါတယ်။ “ဒီလို တိုက်ခိုက်မှုမျိုးဟာ ၂ ဖက်စလုံး ရှုံးပါတယ်” “မကြာခင်မှာ အဆုံးသတ်ပြီး နောက်ဘယ်တော့မှ ထပ်မဖြစ်တော့ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲဒီပန်းတိုင်ကိုရောက်ဖို့ ခိုင်မာတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ အရပ်ဘက်စွက်ဖက်မှုတွေ လိုအပ်တယ်” လို့ ဘက်ခစ်က ပြောကြားပါတယ်။
တိုက်ပွဲများအတွင်း အိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်း ၇ဝဝဝ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ အိမ်နီးချင်းပြည်နယ်များသို့ သွားရောက်ခိုလှုံကြရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမှ ပြောကြားချက်အရ သိရပါတယ်။
ယခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းမှာ လူမျိုးစုအကြမ်းဖက်မှုနဲ့ အခြားတိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၁၁ဝဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၎င်းက ဆိုပါတယ်။ အာဏာပိုင်များဟာ ဝတ်မဲလ်မာဟီမှာ ညမထွက်ရအမိန့်ထုတ်ပြန် ခဲ့ပြီး စစ်တပ်အစောင့်များချထားကာ တိုက်ပွဲများကို စုံစမ်းစစ်ဆေးဖို့ အချက်အလက်ရှာဖွေရေးကော်မတီကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ဆူဒန္မွာ လူမ်ိဳးစု တိုက္ပြဲေတြေၾကာင့္ ေသဆုံးသူ ၂၂ဝ ထက္မနည္း ထပ္တိုးလာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၄
ဆူဒန္ေတာင္ပိုင္းမွာ ရက္အတန္ၾကာ လူမ်ိဳးစုတိုက္ပြဲမ်ား ျဖစ္ပြားခဲ့ရာမွာ ေသဆုံးသူဦးေရ အနည္းဆုံး ၂၂ဝ ဦးအထိ ျမင့္တက္လာခဲ့ၿပီး ၄င္းဟာ မၾကာေသးမီႏွစ္မ်ားအတြင္းက ျဖစ္ပြားခဲ့တဲ့ လူမ်ိဳးေရးအၾကမ္းဖက္မႈမ်ားအၾကား အေသအေပ်ာက္ အမ်ားဆုံးျဖစ္ရပ္တစ္ခုျဖစ္ပါတယ္။
အီသီယိုးပီးယားနဲ႔ ဆူဒန္ေတာင္ပိုင္းအၾကား နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ဘလူးႏိုင္းျပည္နယ္မွာ ယခုလအတြင္း ဘာဆာနဲ႔ ဘာတာ လူမ်ိဳးစု တိုက္ပြဲမ်ား၊ ေျမယာအျငင္းပြားမႈမ်ား ျပန္လည္ျဖစ္ပြားလာခဲ့ပါတယ္။
အီသီယိုးပီးယားနယ္စပ္ရွိ ၀တ္အဲလ္မာဟီၿမိဳ႕မွာ ဗုဒၶဟူးေန႔နဲ႔ ၾကသပေတးေန႔က တင္းမာမႈေတြျမင့္တက္လာခဲ့ၿပီး ျပည္တြင္းပဋိပကၡမ်ားနဲ႔ ႏိုင္ငံေရးမၿငိမ္မသက္မႈေတြ ျပန္လည္ျဖစ္ေပၚေစခဲ့ပါတယ္။ ဘလူးႏိုင္းက်န္းမာေရးဝန္ႀကီး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဖ့တ္အာရက္မန္ ဘက္ခစ္ က တာဝန္ရွိသူမ်ားဟာ ေသဆုံးသူ ၂၂ဝ ဦးထက္မနည္းကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ေအာက္တိုဘာလ ၂၃ ရက္၊ တနဂၤေႏြေန႔က ေျပာၾကားခဲ့ပါတယ္။
ေဆးဘက္ဆိုင္ရာအဖြဲ႕မ်ားဟာ တိုက္ပြဲဗဟိုခ်က္သို႔ မေရာက္ရွိႏိုင္တာေၾကာင့္ ေသဆုံးသူ ကိန္းဂဏန္း အတိအက်ဟာ ယခုထက္ ပိုမိုျမင့္မားႏိုင္ေၾကာင္း ၎က ေျပာပါတယ္။ “ဒီလို တိုက္ခိုက္မႈမ်ိဳးဟာ ၂ ဖက္စလုံး ရႈံးပါတယ္” “မၾကာခင္မွာ အဆုံးသတ္ၿပီး ေနာက္ဘယ္ေတာ့မွ ထပ္မျဖစ္ေတာ့ဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ အဲဒီပန္းတိုင္ကိုေရာက္ဖို႔ ခိုင္မာတဲ့ ႏိုင္ငံေရး၊ လုံၿခဳံေရးနဲ႔ အရပ္ဘက္စြက္ဖက္မႈေတြ လိုအပ္တယ္” လို႔ ဘက္ခစ္က ေျပာၾကားပါတယ္။
တိုက္ပြဲမ်ားအတြင္း အိမ္အမ်ားအျပား မီးေလာင္ပ်က္စီးခဲ့ၿပီး လူေပါင္း ၇ဝဝဝ ခန႔္ အိုးအိမ္စြန႔္ခြာထြက္ေျပးခဲ့ရကာ အိမ္နီးခ်င္းျပည္နယ္မ်ားသို႔ သြားေရာက္ခိုလႈံၾကရေၾကာင္း ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံးမွ ေျပာၾကားခ်က္အရ သိရပါတယ္။
ယခုႏွစ္အတြင္း ႏိုင္ငံတစ္ဝွမ္းမွာ လူမ်ိဳးစုအၾကမ္းဖက္မႈနဲ႔ အျခားတိုက္ခိုက္မႈမ်ားေၾကာင့္ လူေပါင္း ၂၁၁ဝဝဝဝ ခန႔္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း ၎က ဆိုပါတယ္။ အာဏာပိုင္မ်ားဟာ ဝတ္မဲလ္မာဟီမွာ ညမထြက္ရအမိန႔္ထုတ္ျပန္ ခဲ့ၿပီး စစ္တပ္အေစာင့္မ်ားခ်ထားကာ တိုက္ပြဲမ်ားကို စုံစမ္းစစ္ေဆးဖို႔ အခ်က္အလက္ရွာေဖြေရးေကာ္မတီကိုလည္း ဖြဲ႕စည္းခဲ့တယ္လို႔ သိရပါတယ္။