မန္တလေးတွင်(၁၀)ရက်အတွင်းငွေကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 171

ခတ္တာဦး (NP News) - ဇူလိုင်၅
မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံနှင့်သာစည်မြို့နယ်တို့တွင် (၁၀)ရက် အတွင်း ငွေကျပ်သိန်း(၁၀၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်၊ ညနေ(၄)နာရီ အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ (၁၂)လမ်းနှင့်(၈၇)စီ လမ်းတွင် ကိုကိုဝင်း(ခ)သူရဝင်း(၄၁)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြား (၁,၀၀၀)၊ငွေကျပ်တန်ဖိုးသိန်း(၂၀) သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ မျိူးမင်း(၅၀)နှစ် အား ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်အနီးတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ ဖြိုးကျော်(၃၁)နှစ်အား ၎င်းနေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဉသျှောင်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၂,၀၀၀)ပြား၊ ငွေကျပ်တန်ဖိုးသိန်း(၁,၈၄၀)၊ ဘိန်းဆီခဲ အလေးချိန် (၂၇)ကီလို၊ငွေကျပ်တန်ဖိုး(၆၇၅)သိန်းတို့ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့အပြင် ယင်းနေ့(ဇူလိုင်လ (၂)ရက်) နံနက် (၁၀နာရီ ၁၅မိနစ်) အချိန်ခန့်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် အောင်ဇော်ဦး(ခ)ဖိုးခက်(၃၆)နှစ်၏ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ဆာလအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၀,၀၀၀)ပြား၊ငွေကျပ်တန်ဖိုးသိန်း(၃၀၀)ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှသိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်၊နံနက် (၇)နာရီခွဲခန့်ကမန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ အနီးတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ဆိုက်ခေါင်ကျေးရွာမှ တပ်ကုန်းမြို့နယ်သို့ နေလင်းအောင်(ခ)နေလင်း မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ငွေကျပ်တန်ဖိုးသိန်း (၉,၀၀၀)ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၁၀၀)တုံး၊ စုစုပေါင်းအလေးချိန်(၃၅)ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၅၂,၀၀၀)ပြားနှင့် ကက်တမင်း (၁ ဒသမ ၁ ကီလို)တို့ကိုဖမ်းရမိခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံနှင့်သာစည်မြို့နယ်များ အတွင်း မူးယစ်ဆေးဝါးများ မကြာခဏဖမ်းဆီးရမိပြီးလေ့ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရတွေ့ရှိရပြီး အဆိုပါကျူးလွန်သူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး ကွင်းဆက်ပြစ်မူကျူးလွန်သူများကို ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
မႏၲေလးတြင္(၁၀)ရက္အတြင္းေငြက်ပ္သိန္းတစ္ေသာင္းေက်ာ္တန္ဖိုးရွိမူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ
ခတၱာဦး (NP News) - ဇူလိုင္၅
မႏၲေလးတိုင္းေဒသႀကီး၊ေအာင္ေျမသာစံႏွင့္သာစည္ၿမိဳ႕နယ္တို႔တြင္ (၁၀)ရက္ အတြင္း ေငြက်ပ္သိန္း(၁၀၀၀၀) ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွသိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၂)ရက္၊ ညေန(၄)နာရီ အခ်ိန္ခန႔္က ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျပည္ႀကီးရန္လုံရပ္ကြက္၊ (၁၂)လမ္းႏွင့္(၈၇)စီ လမ္းတြင္ ကိုကိုဝင္း(ခ)သူရဝင္း(၄၁)ႏွစ္ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးရွာေဖြရာ ၎ထံမွစိတ္ႂကြ႐ူးသြပ္ေဆးျပား (၁,၀၀၀)၊ေငြက်ပ္တန္ဖိုးသိန္း(၂၀) သိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။
ဆက္လက္၍ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားေရာင္းခ်သူ မ်ိဴးမင္း(၅၀)ႏွစ္ အား ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မဟာေအာင္ေျမအေရွ႕ရပ္ကြက္အနီးတြင္ ေမာ္ေတာ္ဆိုင္ကယ္ တစ္စီးႏွင့္လည္းေကာင္း၊ ၿဖိဳးေက်ာ္(၃၁)ႏွစ္အား ၎ေနထိုင္သည့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကြၽန္းလုံးဉေသွ်ာင္ရပ္ကြက္ရွိ ေနအိမ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉၂,၀၀၀)ျပား၊ ေငြက်ပ္တန္ဖိုးသိန္း(၁,၈၄၀)၊ ဘိန္းဆီခဲ အေလးခ်ိန္ (၂၇)ကီလို၊ေငြက်ပ္တန္ဖိုး(၆၇၅)သိန္းတို႔ ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ထို႔အျပင္ ယင္းေန႔(ဇူလိုင္လ (၂)ရက္) နံနက္ (၁၀နာရီ ၁၅မိနစ္) အခ်ိန္ခန႔္က သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံေက်း႐ြာအနီးတြင္ ေအာင္ေဇာ္ဦး(ခ)ဖိုးခက္(၃၆)ႏွစ္၏ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးရွာေဖြရာ ဆိုင္ကယ္ခြၾကားတြင္ သယ္ေဆာင္လာေသာ ဆာလအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၀,၀၀၀)ျပား၊ေငြက်ပ္တန္ဖိုးသိန္း(၃၀၀)ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕ထံမွသိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇြန္လ(၂၆)ရက္၊နံနက္ (၇)နာရီခြဲခန႔္ကမႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံေက်း႐ြာ အနီးတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဆီဆိုင္ၿမိဳ႕နယ္၊ဆိုက္ေခါင္ေက်း႐ြာမွ တပ္ကုန္းၿမိဳ႕နယ္သို႔ ေနလင္းေအာင္(ခ)ေနလင္း ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္ေပၚမွ ေငြက်ပ္တန္ဖိုးသိန္း (၉,၀၀၀)ေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တုံး (၁၀၀)တုံး၊ စုစုေပါင္းအေလးခ်ိန္(၃၅)ကီလို၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၂,၀၀၀)ျပားႏွင့္ ကက္တမင္း (၁ ဒသမ ၁ ကီလို)တို႔ကိုဖမ္းရမိခဲ့ေၾကာင္းသိရသည္။
မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံႏွင့္သာစည္ၿမိဳ႕နယ္မ်ား အတြင္း မူးယစ္ေဆးဝါးမ်ား မၾကာခဏဖမ္းဆီးရမိၿပီးေလ့ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ မွတ္တမ္းမ်ားအရေတြ႕ရွိရၿပီး အဆိုပါက်ဴးလြန္သူမ်ားကို မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဉပေဒအရ အမႈဖြင့္အေရးယူေဆာင္႐ြက္ေနၿပီး ကြင္းဆက္ျပစ္မူက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.