တောင်အာဖရိကနိုင်ငံတွင် ပြန်ပေးဆွဲမှု့- အတင်းအဓမ္မ အလုပ်ခိုင်းစေမှုဖြင့် တရုတ်နိုင်ငံသား လူကုန်ကူးသူများကို ထောင်ဒဏ် အပြစ်ပေ

 155


#HtayOung #OungMarine(NP News)-စက်တင်ဘာ-၁၂၊ ၂၀၂၅
တောင်အာဖရိကနိုင်ငံအတွင်း မာလာဝီနိုင်ငံသားတွေကို ခိုးသွင်းပြီး အဓမ္မအလုပ်ခိုင်းစေမှုနဲ့ အမျိုးသားလေးဦး၊ အမျိုးသမီး သုံးဦးပါ တရုတ်နိုင်ငံသား ၇ ဦးကို ထောင်ဒဏ် အနှစ် ၂၀ စီ အသီးသီး ချမှတ်လိုက်တယ်လို့ “BBC” (10 September 2025) က ရေးပါတယ်။

လွန်ခဲ့တဲ့ ၆-နှစ်ခန့်က ဂျိုဟန်နက်စ်ဘတ်မြို့ရှိ စက်ရုံတစ်ရုံကို ဒေသခံအာဏာပိုင်များက ဝင်ရောက်စီးနင်းရာ မှာ မာလာဝီနိုင်ငံသား ၉၁ ဦးနဲ့ကလေးငယ် ၃၇ ဦးတို့ကို တွေ့ရှိရပြီးနောက် ယခု ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူ တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုဟာ တောင်အာဖရိကနိုင်ငံမှာ အဓိကစိုးရိမ်စရာလာဖြစ်ပြီး တိုင်း ပြည်ကို " ခြေကုတ်ယူ- ဖြတ်သန်းဖို့နဲ့ ဦးတည်ရာနေရာ" အဖြစ် သတ်မှတ်ကျူးလွန်နေကြတယ်လို့ အစိုးရ သတင်းရင်းမြစ်များက ပြောပါတယ်။

ယခုအမှုမှာ “ကီဗင်ကျောင်” ပါ ၇-ဦးတို့ဟာ သူတို့အပေါ် စွဲတင်ထားတဲ့ စွဲချက် ၁၆၀ အနက် ၁၅၈ ခုမှာ အပြစ် ရှိတယ်လို့ တွေ့ရှိရကြောင်း၊ တောင်အာဖရိကနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတို့ကို အကူအညီ ပေးခြင်း၊ မိမိတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် အသိပေးရန် ပျက်ကွက်ခြင်းနဲ့ သူတစ်ပါးရဲ့ လုပ်ခ လစာကို ထိန်းချုပ်ထားခြင်းတို့ အပါအဝင် နိုင်ငံရဲ့ အလုပ်သမားဥပဒေများကို ချိုးဖောက်တယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အလုပ်သမားတစ်ဦးထံမှ သတင်းပေးချက်ကို အာဏာပိုင်များက လက်ခံရရှိ ပြီးနောက် စက်ရုံတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပါတယ်။ အလုပ်လုပ်ပေးရသူတွေဟာ သင့်လျော်တဲ့ လေ့ ကျင့်ရေး သို့မဟုတ် ဘေးအန္တရယ်ကင်းရှင်းရေး ကိရိယာများ မပါပဲ၊ တစ်နေ့လျင် အလုပ်ချိန် ၁၁ နာရီ တစ် ပတ်လျှင် ခုနစ်ရက် ခိုင်းစေခံရကြောင်း နောက်ပိုင်းမှာ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ သူတို့ဟာ တောင်အာဖရိ ကနိုင်ငံမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ တစ်နာရီလျှင် ၁.၆၄ အမေရိကန် ဒေါ်လာအောက်သာ ရရှိကြပြီး အားလပ်ချိန်လိုချင်တယ်ဆိုရင် လုပ်ခလစာထဲမှ ဖြတ်တောက်ပါတယ်။

တောင်အာဖရကဟာ တစ်ချိန်က “အသားအရောင် ခွဲခြားမှု” နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ၁၉၄၈-ခုနှစ် နောက်ပိုင်း တောင်အာဖရိကနိုင်ငံရဲ့ လူမှုရေး-စီးပွားရေး-နိုင်ငံရေးတို့မှာ လူမျိုးရေးခွဲခြားရာရောက်တဲ့ ဥပဒေ များ ပြဌာန်းခဲ့ပါတယ်။ လူအများတို့ကို လူမျိုးနွယ်အလိုက် နေရာထိုင်ခင်း သတ်မှတ်ခြင်း၊ လူမည်းများကို အ စွန်အဖျား ခေါင်းပါးတဲ့ နယ်မြေများသို့ အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊ လူဖြူ မဟုတ်သူများကို နေရပ်ဒေသ၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ကန့်သတ်ချက်များ ချမှတ်ခဲ့ပါ တယ်။ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ပြင်းထန်စွာ ဖိနှိပ်ခဲ့ပြီး နယ်လ်ဆင်မင်ဒဲလား အ ပါအဝင် ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စီးပွားရေး ပိတ်ဆို့မှုနဲ့ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မှ ဝိုင်းပယ်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၂-ခုနှစ် ဒီမိုက ရေစီရွေးကောက်ပွဲများနဲ့ နယ်လ်ဆင်မင်ဒဲလား သမ္မတဖြစ်လာပြီးနောက် အဲ့ဒီစနစ်ကြီး နိဂုံးချုပ်သွားပါတယ်။ ဒါပေမယ့် အဲ့ဒီစနစ်ရဲ့ နောက်ဆက်တွဲ စီးပွားရေး မညီမျှမှုတွေနဲ့ လူမှုရေး ကွဲပြားမှုတွေဟာ တောင်အာဖရိ ကမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ယနေ့တိုင် တည်ရှိနေပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ အလုပ်သမားဥပဒေများအရ အလုပ်လုပ်သူတိုင်းကို တစ်ရက်လျှင် ၉-နာရီထက် ပိုမိုပြီး အလုပ်ခိုင်းစေနိုင်ခြင်း မရှိပဲ သီးခြားသဘောတူညီချက် မပါရှိလျင် ယေဘုယျအားဖြင့် အပတ်စဉ် တနင်္ဂနွေနေ့ အပါအဝင် အနားယူချိန်အဖြစ် အနည်းဆုံး ၃၆ နာရီ တစ်ဆက်တည်း ခံစားခွင့်ရှိပါတယ်။

အစောင့်အကြပ် ထူထပ်စွာ ချထားပြီး အလုပ်သမားများကို စောင့်ကြည့်နေကြောင်း၊ ညစ်ပတ်ပြီး လူအများ စားသုံးရန် မသင့်လျော်ဟု ဖော်ပြထားတဲ့ အစားအစာမျိုးကို ဝယ်ယူရန်ပင် စက်ရုံဝင်းအတွင်းမှ ထွက်ခွာခွင့် မပြုကြောင်း အမျိုးသားတစ်ဦးက သက်သေထွက်ဆိုခဲ့ပါတယ်။

အာဏာပိုင်များရဲ့ ပြောကြားချက်အရ သားကောင်ဖြစ်ရသူတွေဟာ သင်္ဘောကွန်တိန်နာများမှာ ထည့်သွင်းပြီး နိုင်ငံအတွင်း ခိုးသွင်းခဲ့ကြောင်း သိရှိရပါတယ်။ ကီဗင်ကျောင်ဆိုသူဟာ “ဗြူးတီးဖူးလ် စီးတီး” အမည်ရှိ စက်ရုံမှာ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပြီး တွဲဖက် တရားစွဲဆိုခံရသူများမှာ ကြီးကြပ်ရေးမှူးများဖြစ်ကြောင်း၊ စက်ရုံဟာ စွန့် ပစ္စည်းများကို ပြန်လည်အသုံးပြုပြီး စောင်များအတွက် အတွင်းပိုင်းချည်သားများကို ထုတ်လုပ်နေကြောင်း ဒေသန္တရ သတင်းမီဒီယာ News24 က ရေးပါတယ်။

မျက်မှောက်ခေတ် အလုပ်လက်မဲ့ နှုန်းမြင့်မားခြင်း၊ လူငယ်များရဲ့ ငွေအမြန် ရရှိလိုမှု၊ တရားဝင် မဟုတ်တဲ့ အ ကြီးစားစီးပွားရေးများနဲ့ ဥပဒေစည်းကမ်းချက် အားနည်းတဲ့ တိုင်းပြည်များဟာ လူကုန်ကူးခံရခြင်း၊ လိင်ကျွန်ပြု ခြင်းနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းများမှာ သားကောင် ဖြစ်နေကြရပါတယ်။ ယခုနှစ် နိုင်ဂျီးရီးယားနိုင်ငံမှာ ကျား ဖျန့်လိမ်လည်မှုနဲ့ ထောင်ကဲ ၅၀ အပါအဝင် နိုင်ငံခြားသား ၁၀၂-ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း BBC (22 August 2025) က ရေးခဲ့ဖူးပါတယ်။

အာဖရိကအနောက်ပိုင်းမှာ တည်ရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ အင်တာနက် အွန်လိုင်းလိမ်လည်မှုများကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလတုန်းကလည်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ထောင်ကဲ ၁၄၈ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား ၄၀ အပါအဝင် သံသယရှိသူ ၈၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။ ရင်းနှီး မြှပ်နှံရလွယ်ကူ တယ်လို့ အယုံသွင်းပြီး ခရစ်တိုငွေကြေးအတုများကို ရောင်းဝယ်ရန် နိုင်ဂျီးရီးယားနိုင်ငံသားများ နဲ့ နိုင်ငံခြား သားများ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဧရာမ ကွန်ရက်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အာဏာပိုင်များက ရှင်းပြပါတယ်။ ဒါ့အပြင် ဟန်ဆောင်မျက်နှာဖုံးနဲ့ အီစီကလီလုပ် အယုံသွင်းပြီး ပစ္စည်း/ငွေ ကြေးလိမ်လည်ပို့ ပေးခိုင်းတဲ့ “ရိုမန်တစ် ကျားဖျန့်” များလည်း မှိုလိုပေါက်နေပါတယ်။ အဲ့ဒီလိမ်လည်မှု အချို့ ကို ဖော်ထုတ်ရာ မှာ အမေရိကန် FBI ဟာ နိုင်ဂျီးရီးယားအရာရှိများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရပါတယ်။

ကျွမ်းကျင်သူများနဲ့ တာဝန်ရှိသူတွေဟာ အွန်လိုင်း လိမ်လည်မှုရဲ့ အန္တရာယ်များအကြောင်း အများပြည်သူတို့ ကို ဆက်လက်သတိပေးလျက်ရှိပါတယ်။ ဒီလိုမျိုး လိမ်လည်လှည့်ဖြားမှုတွေ ကြီးထွားလာပြီး ပိုမိုအဆင့်မြင့်လာ သည်နဲ့အမျှ အများပြည်သူတို့အနေနဲ့ သတိထားနေထိုင်ကြဖို့ တိုက်တွန်း အကြံပေးကြပါတယ်။

၂၀၁၉-ခုနှစ် ဝင်ရောက်စီးနင်းခဲ့စဉ် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့တဲ့ တောင်အာဖရိက အလုပ်သမားညွှန်ကြား မှုဦးစီးဌာနက တရားရုံးတော်ရဲ့ ယခုစီရင်ချက်ချမှတ်ခြင်းကို ကြိုဆိုလိုက်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက် ရေးမှာ အထောက်အကူဖြစ်လာနိုင်ပြီး အလားတူ ကိစ္စရပ်များကို အမြစ်ပြတ်သည်အထိ ချေမှုန်း ရှင်းလင်းဖို့ အစိုးရဌာနအချင်းချင်း အကြား ပိုမိုပူးပေါင်း လုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်။
.

Zawgyi Version:
ေတာင္အာဖရိကႏိုင္ငံတြင္ ျပန္ေပးဆြဲမႈ႕- အတင္းအဓမၼ အလုပ္ခိုင္းေစမႈျဖင့္ တ႐ုတ္ႏိုင္ငံသား လူကုန္ကူးသူမ်ားကို ေထာင္ဒဏ္ အျပစ္ေပး
#HtayOung #OungMarine(NP News)-စက္တင္ဘာ-၁၂၊ ၂၀၂၅
ေတာင္အာဖရိကႏိုင္ငံအတြင္း မာလာဝီႏိုင္ငံသားေတြကို ခိုးသြင္းၿပီး အဓမၼအလုပ္ခိုင္းေစမႈနဲ႔ အမ်ိဳးသားေလးဦး၊ အမ်ိဳးသမီး သုံးဦးပါ တ႐ုတ္ႏိုင္ငံသား ၇ ဦးကို ေထာင္ဒဏ္ အႏွစ္ ၂၀ စီ အသီးသီး ခ်မွတ္လိုက္တယ္လို႔ “BBC” (10 September 2025) က ေရးပါတယ္။

လြန္ခဲ့တဲ့ ၆-ႏွစ္ခန႔္က ဂ်ိဳဟန္နက္စ္ဘတ္ၿမိဳ႕ရွိ စက္႐ုံတစ္႐ုံကို ေဒသခံအာဏာပိုင္မ်ားက ဝင္ေရာက္စီးနင္းရာ မွာ မာလာဝီႏိုင္ငံသား ၉၁ ဦးနဲ႔ကေလးငယ္ ၃၇ ဦးတို႔ကို ေတြ႕ရွိရၿပီးေနာက္ ယခု ျပစ္ဒဏ္ခ်မွတ္ျခင္း ခံရသူ တို႔ကို ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း၊ လူကုန္ကူးမႈဟာ ေတာင္အာဖရိကႏိုင္ငံမွာ အဓိကစိုးရိမ္စရာလာျဖစ္ၿပီး တိုင္း ျပည္ကို " ေျခကုတ္ယူ- ျဖတ္သန္းဖို႔နဲ႔ ဦးတည္ရာေနရာ" အျဖစ္ သတ္မွတ္က်ဴးလြန္ေနၾကတယ္လို႔ အစိုးရ သတင္းရင္းျမစ္မ်ားက ေျပာပါတယ္။

ယခုအမႈမွာ “ကီဗင္ေက်ာင္” ပါ ၇-ဦးတို႔ဟာ သူတို႔အေပၚ စြဲတင္ထားတဲ့ စြဲခ်က္ ၁၆၀ အနက္ ၁၅၈ ခုမွာ အျပစ္ ရွိတယ္လို႔ ေတြ႕ရွိရေၾကာင္း၊ ေတာင္အာဖရိကႏိုင္ငံအတြင္း တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူတို႔ကို အကူအညီ ေပးျခင္း၊ မိမိတို႔ရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို တရားဝင္ အသိေပးရန္ ပ်က္ကြက္ျခင္းနဲ႔ သူတစ္ပါးရဲ႕ လုပ္ခ လစာကို ထိန္းခ်ဳပ္ထားျခင္းတို႔ အပါအဝင္ ႏိုင္ငံရဲ႕ အလုပ္သမားဥပေဒမ်ားကို ခ်ိဳးေဖာက္တယ္လို႔ ဆိုပါတယ္။

ထြက္ေျပးလြတ္ေျမာက္သြားတဲ့ အလုပ္သမားတစ္ဦးထံမွ သတင္းေပးခ်က္ကို အာဏာပိုင္မ်ားက လက္ခံရရွိ ၿပီးေနာက္ စက္႐ုံတြင္း ဝင္ေရာက္စီးနင္းခဲ့ျခင္း ျဖစ္ပါတယ္။ အလုပ္လုပ္ေပးရသူေတြဟာ သင့္ေလ်ာ္တဲ့ ေလ့ က်င့္ေရး သို႔မဟုတ္ ေဘးအႏၲရယ္ကင္းရွင္းေရး ကိရိယာမ်ား မပါပဲ၊ တစ္ေန႔လ်င္ အလုပ္ခ်ိန္ ၁၁ နာရီ တစ္ ပတ္လွ်င္ ခုနစ္ရက္ ခိုင္းေစခံရေၾကာင္း ေနာက္ပိုင္းမွာ စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။ သူတို႔ဟာ ေတာင္အာဖရိ ကႏိုင္ငံမွာ သတ္မွတ္ထားတဲ့ အနိမ့္ဆုံး လုပ္ခလစာ တစ္နာရီလွ်င္ ၁.၆၄ အေမရိကန္ ေဒၚလာေအာက္သာ ရရွိၾကၿပီး အားလပ္ခ်ိန္လိုခ်င္တယ္ဆိုရင္ လုပ္ခလစာထဲမွ ျဖတ္ေတာက္ပါတယ္။

ေတာင္အာဖရကဟာ တစ္ခ်ိန္က “အသားအေရာင္ ခြဲျခားမႈ” နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့ပါတယ္။ ၁၉၄၈-ခုႏွစ္ ေနာက္ပိုင္း ေတာင္အာဖရိကႏိုင္ငံရဲ႕ လူမႈေရး-စီးပြားေရး-ႏိုင္ငံေရးတို႔မွာ လူမ်ိဳးေရးခြဲျခားရာေရာက္တဲ့ ဥပေဒ မ်ား ျပဌာန္းခဲ့ပါတယ္။ လူအမ်ားတို႔ကို လူမ်ိဳးႏြယ္အလိုက္ ေနရာထိုင္ခင္း သတ္မွတ္ျခင္း၊ လူမည္းမ်ားကို အ စြန္အဖ်ား ေခါင္းပါးတဲ့ နယ္ေျမမ်ားသို႔ အတင္းအက်ပ္ ေ႐ႊ႕ေျပာင္းျခင္း၊ လူျဖဴ မဟုတ္သူမ်ားကို ေနရပ္ေဒသ၊ ပညာေရး၊ က်န္းမာေရးဝန္ေဆာင္မႈနဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြမွာ ကန႔္သတ္ခ်က္မ်ား ခ်မွတ္ခဲ့ပါ တယ္။ အသားအေရာင္ ခြဲျခားမႈ ဆန႔္က်င္ေရးဆႏၵျပပြဲမ်ားကို ျပင္းထန္စြာ ဖိႏွိပ္ခဲ့ၿပီး နယ္လ္ဆင္မင္ဒဲလား အ ပါအဝင္ ေခါင္းေဆာင္ေတြကို ႏွစ္ရွည္ေထာင္ဒဏ္ ခ်မွတ္ခဲ့ပါတယ္။ ဒီအတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္းက စီးပြားေရး ပိတ္ဆို႔မႈနဲ႔ အားကစားၿပိဳင္ပြဲ ယွဥ္ၿပိဳင္ခြင့္မွ ဝိုင္းပယ္ျခင္းတို႔ ျပဳလုပ္ခဲ့ပါတယ္။ ၁၉၉၂-ခုႏွစ္ ဒီမိုက ေရစီေ႐ြးေကာက္ပြဲမ်ားနဲ႔ နယ္လ္ဆင္မင္ဒဲလား သမၼတျဖစ္လာၿပီးေနာက္ အဲ့ဒီစနစ္ႀကီး နိဂုံးခ်ဳပ္သြားပါတယ္။ ဒါေပမယ့္ အဲ့ဒီစနစ္ရဲ႕ ေနာက္ဆက္တြဲ စီးပြားေရး မညီမွ်မႈေတြနဲ႔ လူမႈေရး ကြဲျပားမႈေတြဟာ ေတာင္အာဖရိ ကမွာ စိန္ေခၚမႈတစ္ရပ္အျဖစ္ ယေန႔တိုင္ တည္ရွိေနပါတယ္။

ေတာင္အာဖရိကႏိုင္ငံရဲ႕ အလုပ္သမားဥပေဒမ်ားအရ အလုပ္လုပ္သူတိုင္းကို တစ္ရက္လွ်င္ ၉-နာရီထက္ ပိုမိုၿပီး အလုပ္ခိုင္းေစႏိုင္ျခင္း မရွိပဲ သီးျခားသေဘာတူညီခ်က္ မပါရွိလ်င္ ေယဘုယ်အားျဖင့္ အပတ္စဥ္ တနဂၤေႏြေန႔ အပါအဝင္ အနားယူခ်ိန္အျဖစ္ အနည္းဆုံး ၃၆ နာရီ တစ္ဆက္တည္း ခံစားခြင့္ရွိပါတယ္။

အေစာင့္အၾကပ္ ထူထပ္စြာ ခ်ထားၿပီး အလုပ္သမားမ်ားကို ေစာင့္ၾကည့္ေနေၾကာင္း၊ ညစ္ပတ္ၿပီး လူအမ်ား စားသုံးရန္ မသင့္ေလ်ာ္ဟု ေဖာ္ျပထားတဲ့ အစားအစာမ်ိဳးကို ဝယ္ယူရန္ပင္ စက္႐ုံဝင္းအတြင္းမွ ထြက္ခြာခြင့္ မျပဳေၾကာင္း အမ်ိဳးသားတစ္ဦးက သက္ေသထြက္ဆိုခဲ့ပါတယ္။

အာဏာပိုင္မ်ားရဲ႕ ေျပာၾကားခ်က္အရ သားေကာင္ျဖစ္ရသူေတြဟာ သေဘၤာကြန္တိန္နာမ်ားမွာ ထည့္သြင္းၿပီး ႏိုင္ငံအတြင္း ခိုးသြင္းခဲ့ေၾကာင္း သိရွိရပါတယ္။ ကီဗင္ေက်ာင္ဆိုသူဟာ “ျဗဴးတီးဖူးလ္ စီးတီး” အမည္ရွိ စက္႐ုံမွာ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ခဲ့ၿပီး တြဲဖက္ တရားစြဲဆိုခံရသူမ်ားမွာ ႀကီးၾကပ္ေရးမႉးမ်ားျဖစ္ေၾကာင္း၊ စက္႐ုံဟာ စြန႔္ ပစၥည္းမ်ားကို ျပန္လည္အသုံးျပဳၿပီး ေစာင္မ်ားအတြက္ အတြင္းပိုင္းခ်ည္သားမ်ားကို ထုတ္လုပ္ေနေၾကာင္း ေဒသႏၲရ သတင္းမီဒီယာ News24 က ေရးပါတယ္။

မ်က္ေမွာက္ေခတ္ အလုပ္လက္မဲ့ ႏႈန္းျမင့္မားျခင္း၊ လူငယ္မ်ားရဲ႕ ေငြအျမန္ ရရွိလိုမႈ၊ တရားဝင္ မဟုတ္တဲ့ အ ႀကီးစားစီးပြားေရးမ်ားနဲ႔ ဥပေဒစည္းကမ္းခ်က္ အားနည္းတဲ့ တိုင္းျပည္မ်ားဟာ လူကုန္ကူးခံရျခင္း၊ လိင္ကြၽန္ျပဳ ျခင္းနဲ႔ အြန္လိုင္းလိမ္လည္ဂိုဏ္းမ်ားမွာ သားေကာင္ ျဖစ္ေနၾကရပါတယ္။ ယခုႏွစ္ ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ က်ား ဖ်န႔္လိမ္လည္မႈနဲ႔ ေထာင္ကဲ ၅၀ အပါအဝင္ ႏိုင္ငံျခားသား ၁၀၂-ဦးကို ျပည္ႏွင္ဒဏ္ေပးလိုက္ေၾကာင္း BBC (22 August 2025) က ေရးခဲ့ဖူးပါတယ္။

အာဖရိကအေနာက္ပိုင္းမွာ တည္ရွိတဲ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံဟာ အင္တာနက္ အြန္လိုင္းလိမ္လည္မႈမ်ားေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားပါတယ္။ ယမန္ႏွစ္ ဒီဇင္ဘာလတုန္းကလည္း ႏိုင္ဂ်ီးရီးယားရဲတပ္ဖြဲ႕က ေထာင္ကဲ ၁၄၈ ဦးနဲ႔ ဖိလစ္ပိုင္ႏိုင္ငံသား ၄၀ အပါအဝင္ သံသယရွိသူ ၈၀၀ နီးပါးကို ဖမ္းဆီးခဲ့ပါတယ္။ ရင္းႏွီး ျမႇပ္ႏွံရလြယ္ကူ တယ္လို႔ အယုံသြင္းၿပီး ခရစ္တိုေငြေၾကးအတုမ်ားကို ေရာင္းဝယ္ရန္ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားမ်ား နဲ႔ ႏိုင္ငံျခား သားမ်ား ပူးေပါင္းလုပ္ေဆာင္ေနတဲ့ ဧရာမ ကြန္ရက္ႀကီးရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ အာဏာပိုင္မ်ားက ရွင္းျပပါတယ္။ ဒါ့အျပင္ ဟန္ေဆာင္မ်က္ႏွာဖုံးနဲ႔ အီစီကလီလုပ္ အယုံသြင္းၿပီး ပစၥည္း/ေငြ ေၾကးလိမ္လည္ပို႔ ေပးခိုင္းတဲ့ “႐ိုမန္တစ္ က်ားဖ်န႔္” မ်ားလည္း မႈိလိုေပါက္ေနပါတယ္။ အဲ့ဒီလိမ္လည္မႈ အခ်ိဳ႕ ကို ေဖာ္ထုတ္ရာ မွာ အေမရိကန္ FBI ဟာ ႏိုင္ဂ်ီးရီးယားအရာရွိမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ရပါတယ္။

ကြၽမ္းက်င္သူမ်ားနဲ႔ တာဝန္ရွိသူေတြဟာ အြန္လိုင္း လိမ္လည္မႈရဲ႕ အႏၲရာယ္မ်ားအေၾကာင္း အမ်ားျပည္သူတို႔ ကို ဆက္လက္သတိေပးလ်က္ရွိပါတယ္။ ဒီလိုမ်ိဳး လိမ္လည္လွည့္ျဖားမႈေတြ ႀကီးထြားလာၿပီး ပိုမိုအဆင့္ျမင့္လာ သည္နဲ႔အမွ် အမ်ားျပည္သူတို႔အေနနဲ႔ သတိထားေနထိုင္ၾကဖို႔ တိုက္တြန္း အႀကံေပးၾကပါတယ္။

၂၀၁၉-ခုႏွစ္ ဝင္ေရာက္စီးနင္းခဲ့စဥ္ တစ္စိတ္တစ္ပိုင္းအျဖစ္ပါဝင္ခဲ့တဲ့ ေတာင္အာဖရိက အလုပ္သမားၫႊန္ၾကား မႈဦးစီးဌာနက တရား႐ုံးေတာ္ရဲ႕ ယခုစီရင္ခ်က္ခ်မွတ္ျခင္းကို ႀကိဳဆိုလိုက္ပါတယ္။ လူကုန္ကူးမႈ တိုက္ဖ်က္ ေရးမွာ အေထာက္အကူျဖစ္လာႏိုင္ၿပီး အလားတူ ကိစၥရပ္မ်ားကို အျမစ္ျပတ္သည္အထိ ေခ်မႈန္း ရွင္းလင္းဖို႔ အစိုးရဌာနအခ်င္းခ်င္း အၾကား ပိုမိုပူးေပါင္း လုပ္ေဆာင္ရန္ တိုက္တြန္းထားပါတယ္။
.

Related news

© 2021. All rights reserved.