(၅)နှစ်အတွင်း ငွေကျပ် ဘီလျံ (၅၅၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 191

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၅
(၅)နှစ်အတွင်း ငွေကျပ် ဘီလျံ (၅၅၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယဗိုလ်ချုပ် ကြီး ဝင်းဇော်မိုးက ယမန်နေ့(ဒီဇင်ဘာ ၁၄ရက်) ၌ ရန်ကုန်မြို့တွင်ပြုလုပ်သော အွန်လိုင်း လိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောကြားသည်။
၂၀၂၁ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ မူးယစ်ဆေးဝွးဖမ်းဆီးရမိမှုပေါင်း (၃၀၄၂၀) အနက် အမျိုးသား (၃၆၈၈၅) ဦးနှင့် အမျိုးသမီး (၅၈၇၄) ဦး စုစုပေါင်း ကျူးလွန်သူ (၄၂၇၅၉) ဦးဖမ်းဆီးရမိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကဆိုသည်။
“မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ မူးယစ် ဆေးဝါးဖမ်းဆီးရမိမှု (၃၀,၄၂၀) မှု၊ တရားခံ(ကျား) (၃၆,၈၈၅) ဦး၊ တရားခံ(မ) (၅,၈၇၄) ဦး၊ တရားခံပေါင်း (၄၂,၇၅၉) ဦးအား ဘိန်း (၇ ဒသမ ၂) တန်ကျော်၊ ဘိန်းဖြူ (၉ ဒသမ ၄) တန်ကျော်၊ ဆေးခြောက် (၄) တန်ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား (၁၁၃၈) သန်းကျော်၊ အိုက်စ် (၁၀၇) တန်ကျော်၊ ကက်တမင်း (၂၂ ဒသမ ၂) တန်ကျော်၊ Happy Water (၈၆၆) ကီလိုကျော်၊ အက်တက်စီ ဆေးပြား (၁,၁၆၆၀၀၂) ပြား အပါအဝင် အခြား မူးယစ်ဆေးဝါး များ၊ ကဖင်း (၈၉ ဒသမ ၆) တန်ကျော် အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် (၅,၅၇၀ ဒသမ ၇) ဘီလီယံကျော် ဖမ်းဆီးအရေး ယူနိုင်ခဲ့ပါတယ်”ဟု ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောသည်။
ထို့ပြင် ယင်း(၅) နှစ်အတွင်း မူးယစ်ဆေးဝွးဖမ်းဆီးရမိမှုများအတွင်းမှ လက်နက်ခဲယမ်းပါဝင်သော အမှုပေါင်း (၁၇၄) မှုရှိကြောင်းလည်း ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ဆိုသည်။
“၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ တွင် လက်နက်ခဲယမ်းပါဝင်သော အမှုပေါင်း (၁၇၄) မှုမှ တရားခံ(ကျား) ၃၇၉ ဦး၊ တရားခံ(မ) ၂၆ ဦး၊ တရားခံပေါင်း (၄၀၅) ဦးအား လက်နက်မျိုးစုံ (၇၀၉) လက်၊ ဗုံးမျိုးစုံ (၃၀၃) လုံး၊ မိုင်းမျိုးစုံ (၆၁) လုံး၊ ကျည်မျိုးစုံ (၁၃၇,၅၅၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၁,၆၄၅) ခု၊ ယမ်းမျိုးစုံ (၁၅၉) ကီလိုကျော်၊ ဒီတိုနေတာ မျိုးစုံ (၁,၁၅၇,၆၃၄) ခုနဲ့ ဆက်စပ်ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၁ ခုနှစ်တွင် (၁,၀၆၈.၆၆) ဘီလျံကျော်၊ ၂၀၂၂ ခုနှစ်တွင် (၁,၁၈၈.၈၂၈) ဘီလျံကျော်၊ ၂၀၂၃ ခုနှစ်တွင် (၉၃၆.၇၂၃) ဘီလျံကျော်၊ ၂၀၂၄ ခုနှစ်တွင် (၁,၁၆၃.၆၄၈) ဘီလျံကျော်၊ ၂၀၂၅ ခုနှစ်တွင် (၉၇၁.၇၉) ဘီလျံကျော်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၅,၃၂၉) ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကပြောကြားခဲ့သည်။
ယင်း (၅)နှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာသိမ်းဆည်းမှု (၄,၁၉၇) မှု တွင် မြန်မာငွေကျပ် (၄၈၈) သန်းကျော်၊ ထိုင်းဘတ် (၃,၆၁၂,၁၂၀) ဘတ်၊ တရုတ်ယွမ် (၅၀၀) ယွမ်၊ အမေရိကန်ဒေါ်လာ (၂,၀၀၀) ၊ ရွှေ (၂ ဒသမ ၅) ကျပ်သား၊ မော်တော်ယာဉ် (၄၇၇) စီး၊ ဆိုင်ကယ် (၂,၄၃၈) စီး၊ ဖုန်း (၅၉၆) လုံး၊ သုံးဘီးယာဉ် (၇) စီး၊ သုံးဘီးဆိုင်ကယ် (၅) စီး၊ စက်ဘီး (၁၉) စီး၊ ဘက္ထရီဆိုင်ကယ် (၁) စီး၊ ဘေးတွဲဆိုင်ကယ် (၁) စီး၊ စက်လှေ (၃၅) စီး၊ ထော်လာဂျီ (၁) စီး၊ Air Cooler (၂) လုံး၊ ကျောပိုးအိတ် (၁) လုံး တို့ကို စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃,၀၄၄ သန်းကျော်ကို မူးယစ်ဆေးဝါးမှုများနှင့်ဆက်နွှယ်၍ နိုင်ငံတော်ဘဏ္ဍာသိမ်းဆည်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၅)ႏွစ္အတြင္း ေငြက်ပ္ ဘီလ်ံ (၅၅၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၅
(၅)ႏွစ္အတြင္း ေငြက်ပ္ ဘီလ်ံ (၅၅၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲခ်ဳပ္၊ ဒုတိယဗိုလ္ခ်ဳပ္ ႀကီး ဝင္းေဇာ္မိုးက ယမန္ေန႔(ဒီဇင္ဘာ ၁၄ရက္) ၌ ရန္ကုန္ၿမိဳ႕တြင္ျပဳလုပ္ေသာ အြန္လိုင္း လိမ္လည္မႈ အျမစ္ျဖတ္ ႏွိမ္နင္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲ အတြင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ၏ ရဲခ်ဳပ္၊ ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ဝင္းေဇာ္မိုးက ေျပာၾကားသည္။
၂၀၂၁ခုႏွစ္မွ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလအထိ မူးယစ္ေဆးဝြးဖမ္းဆီးရမိမႈေပါင္း (၃၀၄၂၀) အနက္ အမ်ိဳးသား (၃၆၈၈၅) ဦးႏွင့္ အမ်ိဳးသမီး (၅၈၇၄) ဦး စုစုေပါင္း က်ဴးလြန္သူ (၄၂၇၅၉) ဦးဖမ္းဆီးရမိခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဝင္းေဇာ္မိုးကဆိုသည္။
“မူးယစ္ေဆးဝါးဖမ္းဆီးအေရးယူမႈအေနျဖင့္ ၂၀၂၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလအထိ မူးယစ္ ေဆးဝါးဖမ္းဆီးရမိမႈ (၃၀,၄၂၀) မႈ၊ တရားခံ(က်ား) (၃၆,၈၈၅) ဦး၊ တရားခံ(မ) (၅,၈၇၄) ဦး၊ တရားခံေပါင္း (၄၂,၇၅၉) ဦးအား ဘိန္း (၇ ဒသမ ၂) တန္ေက်ာ္၊ ဘိန္းျဖဴ (၉ ဒသမ ၄) တန္ေက်ာ္၊ ေဆးေျခာက္ (၄) တန္ေက်ာ္၊ စိတ္ႂကြ ႐ူးသြပ္ေဆးျပား (၁၁၃၈) သန္းေက်ာ္၊ အိုက္စ္ (၁၀၇) တန္ေက်ာ္၊ ကက္တမင္း (၂၂ ဒသမ ၂) တန္ေက်ာ္၊ Happy Water (၈၆၆) ကီလိုေက်ာ္၊ အက္တက္စီ ေဆးျပား (၁,၁၆၆၀၀၂) ျပား အပါအဝင္ အျခား မူးယစ္ေဆးဝါး မ်ား၊ ကဖင္း (၈၉ ဒသမ ၆) တန္ေက်ာ္ အပါအဝင္ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားႏွင့္ အျခားဓာတုပစၥည္း စုစုေပါင္း တန္ဖိုးေငြက်ပ္ (၅,၅၇၀ ဒသမ ၇) ဘီလီယံေက်ာ္ ဖမ္းဆီးအေရး ယူႏိုင္ခဲ့ပါတယ္”ဟု ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ဝင္းေဇာ္မိုးက ေျပာသည္။
ထို႔ျပင္ ယင္း(၅) ႏွစ္အတြင္း မူးယစ္ေဆးဝြးဖမ္းဆီးရမိမႈမ်ားအတြင္းမွ လက္နက္ခဲယမ္းပါဝင္ေသာ အမႈေပါင္း (၁၇၄) မႈရွိေၾကာင္းလည္း ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ဝင္းေဇာ္မိုးက ဆိုသည္။
“၂၀၂၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလအထိ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈမ်ား တြင္ လက္နက္ခဲယမ္းပါဝင္ေသာ အမႈေပါင္း (၁၇၄) မႈမွ တရားခံ(က်ား) ၃၇၉ ဦး၊ တရားခံ(မ) ၂၆ ဦး၊ တရားခံေပါင္း (၄၀၅) ဦးအား လက္နက္မ်ိဳးစုံ (၇၀၉) လက္၊ ဗုံးမ်ိဳးစုံ (၃၀၃) လုံး၊ မိုင္းမ်ိဳးစုံ (၆၁) လုံး၊ က်ည္မ်ိဳးစုံ (၁၃၇,၅၅၀) ေတာင့္၊ က်ည္အိမ္မ်ိဳးစုံ (၁,၆၄၅) ခု၊ ယမ္းမ်ိဳးစုံ (၁၅၉) ကီလိုေက်ာ္၊ ဒီတိုေနတာ မ်ိဳးစုံ (၁,၁၅၇,၆၃၄) ခုနဲ႔ ဆက္စပ္ပစၥည္းတို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္”ဟု ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ဝင္းေဇာ္မိုးကေျပာၾကားခဲ့သည္။
ထို႔ျပင္ ၂၀၂၁ ခုႏွစ္တြင္ (၁,၀၆၈.၆၆) ဘီလ်ံေက်ာ္၊ ၂၀၂၂ ခုႏွစ္တြင္ (၁,၁၈၈.၈၂၈) ဘီလ်ံေက်ာ္၊ ၂၀၂၃ ခုႏွစ္တြင္ (၉၃၆.၇၂၃) ဘီလ်ံေက်ာ္၊ ၂၀၂၄ ခုႏွစ္တြင္ (၁,၁၆၃.၆၄၈) ဘီလ်ံေက်ာ္၊ ၂၀၂၅ ခုႏွစ္တြင္ (၉၇၁.၇၉) ဘီလ်ံေက်ာ္၊ စုစုေပါင္းတန္ဖိုးေငြက်ပ္ (၅,၃၂၉) ဘီလ်ံေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးႏွင့္ ဓာတုပစၥည္းမ်ား မီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္းလည္း ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ဝင္းေဇာ္မိုးကေျပာၾကားခဲ့သည္။
ယင္း (၅)ႏွစ္အတြင္း ႏိုင္ငံေတာ္ဘ႑ာသိမ္းဆည္းမႈ (၄,၁၉၇) မႈ တြင္ ျမန္မာေငြက်ပ္ (၄၈၈) သန္းေက်ာ္၊ ထိုင္းဘတ္ (၃,၆၁၂,၁၂၀) ဘတ္၊ တ႐ုတ္ယြမ္ (၅၀၀) ယြမ္၊ အေမရိကန္ေဒၚလာ (၂,၀၀၀) ၊ ေ႐ႊ (၂ ဒသမ ၅) က်ပ္သား၊ ေမာ္ေတာ္ယာဥ္ (၄၇၇) စီး၊ ဆိုင္ကယ္ (၂,၄၃၈) စီး၊ ဖုန္း (၅၉၆) လုံး၊ သုံးဘီးယာဥ္ (၇) စီး၊ သုံးဘီးဆိုင္ကယ္ (၅) စီး၊ စက္ဘီး (၁၉) စီး၊ ဘကၳရီဆိုင္ကယ္ (၁) စီး၊ ေဘးတြဲဆိုင္ကယ္ (၁) စီး၊ စက္ေလွ (၃၅) စီး၊ ေထာ္လာဂ်ီ (၁) စီး၊ Air Cooler (၂) လုံး၊ ေက်ာပိုးအိတ္ (၁) လုံး တို႔ကို စုစုေပါင္း တန္ဖိုးေငြက်ပ္ ၁၃,၀၄၄ သန္းေက်ာ္ကို မူးယစ္ေဆးဝါးမႈမ်ားႏွင့္ဆက္ႏႊယ္၍ ႏိုင္ငံေတာ္ဘ႑ာသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.