TNLA ခေါင်းဆောင်တို့၏ လုပ်ရပ်နောက်ဆက်တွဲကို ပလောင်ပြည်သူများ ခံစားနေကြရ

481

သုတကျော် (NP News)- ဒီဇင်ဘာ ၁၅
TNLA ခေါင်းဆောင်တို့၏ လုပ်ရပ်နောက်ဆက်တွဲကို ပလောင်ပြည်သူများခံစားနေကြရကြောင်း NP News က မြင်တွေ့ချက်နှင့် မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ပလောင် သတင်းမီဒီယာတစ်ခုက လားရှိုး-တာချီလိတ် ခရီးသွားသော ပလောင်လူမျိုးများအနေဖြင့် ကားခများစွာပေးနေရသည်ဆိုသောသတင်းကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင်ဖော်ပြခဲ့ရာ ယင်းနှင့်ပတ်သက်၍ TNLA ခေါင်းဆောင်တို့၏လုပ်ရပ် နောက်ဆက်တွဲ ကို ပလောင်ပြည်သူများခံစားနေကြရတို့၏ စစ်ဘုရင်ဝါဒအောက်တွင် နယ်မြေသိမ်းခံရဖူးသူ သို့မဟုတ် ဖိနှိပ်ခံရဖူးသူများက မှတ် ချက်များစွာ ရေးသားခဲ့ကြသည်။ မှတ်ချက်များစွာအနက် တစ်ဦးက “တစ်ခွန်း ပဲပြောချင်တယ်၊ နည်းတောင်နည်းသေးတယ်” ဟု မှတ်ချက်ပေးရေးသားခဲ့ပြီး ကျန်တစ်ဦးကလည်း လမ်းမှာရှိတဲ့ဂိတ်ကို ဘယ်လောက်ပေးရလဲသိချင်ရင် ကားဆရာနဲ့ လိုက်သွားပါ သိရလိမ့်မယ်။ ကားခ ဈေးကြီးတာကတော့ ဗိုလ်ချုပ်မှူးကြီး တားဘုန်းကျော်ကို မေးလိုက်ပါ သူစီစဉ်ပေးလိမ့်မယ်။ သူက တာအာင်းလူမျိုးကိုယ်စားပြုပြီး သူ့လုပ်ရပ်ကြောင့် အကျိုးဆက်ကို တအာင်းလူမျိုးတွေ ခံစားနေရတာလေ” ဟု မှတ်ချက်ပေးရေးသား ထားသည်။ ယခုကဲ့သို့ အွန်လိုင်းထက်တွင် ရေးသား ကြသောမှတ်ချက်မျိုးသည် ပလောင်လူမျိုးတို့ အနေဖြင့် TNLA လုပ်ခဲ့သောဆိုးကျိုးကို ခံစားနေ ကြရခြင်းဖြစ်ပြီး မြေပြင်တွင်လည်း အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းအရေး ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
“သီပေါကို ထိန်းချုပ်ထားတုန်းက မြို့ဆိုင်းဘုတ်က ရှမ်းအလံကို ပလောင်အလံ ပြောင်းတယ်။ သူတို့ထိန်းထားတဲ့နေရာတွေမှာ ပလောင်တွေကိုဦးစားပေးတယ်။ သူတို့သိမ်းတဲ့ ပလောင် ပြည်နယ်ထဲ ထည့်ချင်တယ်ဆိုတဲ့ မြို့တွေမှာ ပလောင် ဘယ်လောက်ရှိလို့လဲ။ ပြီးတော့ သူတို့ကပဲ မဟာမိတ် အချင်း ချင်းလည်း နယ်မြေလုတယ်။ ပြောရရင်အစုံပဲ။ ငါးတကာ ယိုတဲ့ချေးမဟုတ်ဘူး ပလောင်လက်နက်ကိုင် အဖွဲ့က ယိုတဲ့ချေးက ပလောင်ပြည်သူတွေ ခေါင်းပေါ်ကျတာပေါ့”ဟု ၎င်းက ဆိုသည်။ လက်ရှိ မြေပြင် တွင် ပလောင်လူမျိုးများအနေဖြင့် TNLA ထိန်းချုပ်နယ်မြေတွင် မော်ကြွားနိုင်သော်လည်း အခြားတိုင်း ရင်းသားနယ်မြေများတွင် မျက်နှာပျက်ရသောအခြေအနေဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရောက် ပလောင်တိုင်းရင်းသားတစ်ဦးက ဆိုသည်။
“မျက်နှာငယ်ရတယ်။ အရင်တုန်းက ဖေးမခဲ့ကြတဲ့သူတွေကို ပြန်အားနာရတယ်။ ဒါပဲ လော လောဆယ် ပြောနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
TNLA ေခါင္းေဆာင္တို႔၏ လုပ္ရပ္ေနာက္ဆက္တြဲကို ပေလာင္ျပည္သူမ်ား ခံစားေနၾကရ
သုတေက်ာ္ (NP News)- ဒီဇင္ဘာ ၁၅
TNLA ေခါင္းေဆာင္တို႔၏ လုပ္ရပ္ေနာက္ဆက္တြဲကို ပေလာင္ျပည္သူမ်ားခံစားေနၾကရေၾကာင္း NP News က ျမင္ေတြ႕ခ်က္ႏွင့္ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ပေလာင္ သတင္းမီဒီယာတစ္ခုက လားရႈိး-တာခ်ီလိတ္ ခရီးသြားေသာ ပေလာင္လူမ်ိဳးမ်ားအေနျဖင့္ ကားခမ်ားစြာေပးေနရသည္ဆိုေသာသတင္းကို လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ေဖာ္ျပခဲ့ရာ ယင္းႏွင့္ပတ္သက္၍ TNLA ေခါင္းေဆာင္တို႔၏လုပ္ရပ္ ေနာက္ဆက္တြဲ ကို ပေလာင္ျပည္သူမ်ားခံစားေနၾကရတို႔၏ စစ္ဘုရင္ဝါဒေအာက္တြင္ နယ္ေျမသိမ္းခံရဖူးသူ သို႔မဟုတ္ ဖိႏွိပ္ခံရဖူးသူမ်ားက မွတ္ ခ်က္မ်ားစြာ ေရးသားခဲ့ၾကသည္။ မွတ္ခ်က္မ်ားစြာအနက္ တစ္ဦးက “တစ္ခြန္း ပဲေျပာခ်င္တယ္၊ နည္းေတာင္နည္းေသးတယ္” ဟု မွတ္ခ်က္ေပးေရးသားခဲ့ၿပီး က်န္တစ္ဦးကလည္း လမ္းမွာရွိတဲ့ဂိတ္ကို ဘယ္ေလာက္ေပးရလဲသိခ်င္ရင္ ကားဆရာနဲ႔ လိုက္သြားပါ သိရလိမ့္မယ္။ ကားခ ေဈးႀကီးတာကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး တားဘုန္းေက်ာ္ကို ေမးလိုက္ပါ သူစီစဥ္ေပးလိမ့္မယ္။ သူက တာအာင္းလူမ်ိဳးကိုယ္စားျပဳၿပီး သူ႔လုပ္ရပ္ေၾကာင့္ အက်ိဳးဆက္ကို တအာင္းလူမ်ိဳးေတြ ခံစားေနရတာေလ” ဟု မွတ္ခ်က္ေပးေရးသား ထားသည္။ ယခုကဲ့သို႔ အြန္လိုင္းထက္တြင္ ေရးသား ၾကေသာမွတ္ခ်က္မ်ိဳးသည္ ပေလာင္လူမ်ိဳးတို႔ အေနျဖင့္ TNLA လုပ္ခဲ့ေသာဆိုးက်ိဳးကို ခံစားေန ၾကရျခင္းျဖစ္ၿပီး ေျမျပင္တြင္လည္း အခက္အခဲမ်ား ျဖစ္လာႏိုင္ေၾကာင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းအေရး ကြၽမ္းက်င္သူတစ္ဦးက ဆိုသည္။
“သီေပါကို ထိန္းခ်ဳပ္ထားတုန္းက ၿမိဳ႕ဆိုင္းဘုတ္က ရွမ္းအလံကို ပေလာင္အလံ ေျပာင္းတယ္။ သူတို႔ထိန္းထားတဲ့ေနရာေတြမွာ ပေလာင္ေတြကိုဦးစားေပးတယ္။ သူတို႔သိမ္းတဲ့ ပေလာင္ ျပည္နယ္ထဲ ထည့္ခ်င္တယ္ဆိုတဲ့ ၿမိဳ႕ေတြမွာ ပေလာင္ ဘယ္ေလာက္ရွိလို႔လဲ။ ၿပီးေတာ့ သူတို႔ကပဲ မဟာမိတ္ အခ်င္း ခ်င္းလည္း နယ္ေျမလုတယ္။ ေျပာရရင္အစုံပဲ။ ငါးတကာ ယိုတဲ့ေခ်းမဟုတ္ဘူး ပေလာင္လက္နက္ကိုင္ အဖြဲ႕က ယိုတဲ့ေခ်းက ပေလာင္ျပည္သူေတြ ေခါင္းေပၚက်တာေပါ့”ဟု ၎က ဆိုသည္။ လက္ရွိ ေျမျပင္ တြင္ ပေလာင္လူမ်ိဳးမ်ားအေနျဖင့္ TNLA ထိန္းခ်ဳပ္နယ္ေျမတြင္ ေမာ္ႂကြားႏိုင္ေသာ္လည္း အျခားတိုင္း ရင္းသားနယ္ေျမမ်ားတြင္ မ်က္ႏွာပ်က္ရေသာအေျခအေနျဖစ္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေရာက္ ပေလာင္တိုင္းရင္းသားတစ္ဦးက ဆိုသည္။
“မ်က္ႏွာငယ္ရတယ္။ အရင္တုန္းက ေဖးမခဲ့ၾကတဲ့သူေတြကို ျပန္အားနာရတယ္။ ဒါပဲ ေလာ ေလာဆယ္ ေျပာႏိုင္ပါတယ္” ဟု ၎က ဆိုသည္။